အလင်းပြပေးကြပါ အရပ်ကတို့…

ကုိ ထြဋ္July 25, 20162min93350

Path_to_Enlightenment_by_yawgmothdisciple

– ဒီတခါ ရေးတာကို ရေမြေ့သနင်းတယောက် လိုင်းပြောင်းတယ် ထင်မှာပဲ… တကယ်တော့ ဂျန်နဝါရီနောလစ်(General Knowledge) ကနေ မသွေဖီပါဘူးဗျာ…

-သိချင်တာလေးကို သေချာလေ့လာရင် ခေါင်းတလုံးတည်းထက်စာရင် အများနဲ့က ပိုကောင်းမလားလို့ပါ… ပြီးတော့ ဒီရွာလေးက ကွန်မန့်ကအစ သေချာမန့်ကြတော့ ဖတ်ရတာရော ပေးရတဲ့ အချိန်ရော မျက်လုံးရော အားလုံး အိုကေတယ်ဗျ…

-ဖေ့စ်ဘွတ်မှာဆို အကြောင်းအရာတခုတင်တယ် ကြိုက်ရင် စွတ်ကြိုက် စွတ်ကို ချီးကျူးပြီး၊ မကြိုက်ရင် ရစရာတောင် မရှိဘူး မန့်ကြတယ်…တခါတလေ ယုတ်ယုတ်ညံ့ညံ့ကို မန့်ကြတယ်… ကောင်းတဲ့ မန့်က ရှားတယ်…

-တခါတလေတော့လဲ ပါတတ်တယ်.. ကိုယ်မသိသေးတဲ့ အကြောင်းအရာလေးတွေကို မှီငြမ်းပုံစံ ဒါမှမဟုတ် ကိုယ့်ဘဝ အတွေ့အကြုံနဲ့ ယှဉ်ပြီး မန့်ပေးကြတယ်… ဖတ်ရတာ သိပ်ကောင်းတယ်…

-တခါ… Debate လုပ်တဲ့ ဂရုလေးတွေ ရှိပါတယ်… ဘာမကြိုက်လဲဆိုတော့ အက်ဒမင်တွေက အဆုံးအဖြတ်ပေးကြတယ်… ကျွန်တော်မကြိုက်ဘူး သူတို့ကရော ဘယ်လောက်မှန်မှာလဲ… (ကိုယ်ပိုင်အမြင်ပါ…)

-ဘာဖြစ်စေချင်လဲဆိုတော့ ကျွန်တော် အရင်က ရှိခဲ့ဖူးတဲ့ ပုံစံလေးတွေကို ပြန်တွေ့ချင်တာဗျ…

-ဆိုကြပါစို့ အောင်ရင်ညိမ်း စာအုပ်ထွက်ပြီးစမှာ အပြာရောင်စကားဝိုင်းလိုမျိုး…တခါ IQ EQ တွေ အကြောင်း ပြောကြဆိုကြသေးတယ်…အရီးရဲ့ သင်ပုန်းလဲ ကြိုက်တယ်…

-ပြီးတော့ သူကြီးရဲ့ အယ်ဒီတာ့သင်ပုန်းပေါ့…(https://myanmargazette.net/205709) ဆို အကြိုက်ဆုံးပဲ… ဒါတွေကတော့ မပျောက်ပါဘူး…  အဲဒီပို့စ်ထဲက ဆရာနဲ့ တပည့် ဆက်ဆံရေးလေးကို ရေးထားတာ အရမ်းသဘောကျတယ်… အဲဒီပို့စ်တုန်းကလဲ သိပ်ဆွေးနွေးထားတာ မတွေ့ရဘူး… တကယ်ဆို သွေဖီတယ်လေ… အနော်ဦးဆုံး မန့်ထားတာ မှတ်မှတ်ရရပဲ… 🙂

-ဒီခေတ် (ဖွဘုတ်) ခေတ်မှာပေါ့ လူတွေ စာဖတ်ရတာ တွေးရတာ ကြိုက်လာကြပါတယ်… ဥပမာ နည်းစနစ်ကျကျ အတွေးအခေါ်တို့ မှတ်စုကြမ်းတို့ မြန်မာလီဒါတို့ ဖြိုးသုတတို့ ဖတ်လာကြပါပြီ… တခုပဲ အကြောင်းအရာပေါ်မှာ ထပ်ဆင့်တွေးတာ ကိုယ့်အတွေ့အကြုံနဲ့ နှိုင်းပြတာ မမန့်ကြဘူးလားလို့… တကယ်ကောင်းတဲ့ ခေါင်းစဉ်ဆိုလဲ လိုရင် တမျိုး မလိုရင် တမျိုးလားလို့… မန့်ကြတာ ပြောပါတယ်… တကယ်ကောင်းရင်ရော သူက ဘယ်သူဘယ်ဝါ (နောက်ကွယ်မှာ သူ့အကြောင်းရှိသေးတယ်လေ) မသိဘူး…

-အချုပ်အားဖြင့်ကတော့ ကျွန်တော် ဒီမှာ Debate လေး လုပ်စေချင်ပါတယ်… ဒီရွာထဲမှာ နေရာစုံ အတွေ့အကြုံအစုံ အသက်အရွယ်စုံ… လုံးဝ ကျိန်းသေတာက ကွန်မန့်ကို အဆင့်ရှိရှိ ဖတ်ပြီးရင် မျက်လုံးညောင်းရ အချိန်ပေးရကျိုးနပ်စေတယ်… အာဝါသလဲ ကင်းသလားလို့… ခေါင်းစဉ်ကိုလဲ သူကြီး ပေးရင် ပိုကောင်းပေါ့… မဟုတ်လဲ နောက်တလှည့် တယောက်ယောက်က ခေါင်းစဉ်ပေးမယ်ဆိုတာမျိုးလေးလဲ မျှော်လင့်တယ်ဗျာ… မန့်တာကလဲ ကိုယ်ပိုင်မဟုတ်လဲ မှီငြမ်းပေါ့ ဒါမှမဟုတ် ကူးလာတာပေါ့ ရပါတယ်… ဘာကြောင့်လဲ ဆိုတော့ အပြာရောင်စကားဝိုင်းလိုမျိုးထပ်လုပ်ဖို့က အချိန်ပေးရမှာဗျ… နှုတ်တရာ စာတလုံး တာဝန်ကြီးတယ်… မအားလဲ မအားကြတော့ ပိုဆိုးပေါ့နော့… မန့်တာကြတော့ ဘာပဲပြောပြော သူ့ထက်စာရင် တာဝန်ပေါ့မလားပေါ့… IQ EQ တုန်းကဆို အောက်ကမန့်မှာ ဆရာမကြီးတယောက်ပြောထားတာ လင့်ပေးလိုက်မှ နည်းနည်း နားလည်ပြီး အပေါ်ကဟာတွေ လိုက်ဖတ်နိုင်တာ… ဒါကြောင့် ပို့စ်နဲ့ဆိုင်တယ် ကိုယ်ဖတ်ဖူးတဲ့ဟာဆိုလဲ ကူးလာတင်ပါ ရပါတယ်… အဲဒီသဘောလေးနဲ့ အောက်က ကျွန်တော့ ရှယ်တာလေးကို ပြောပေးမန့်ပေးကြပါဗျာ…

 

-“Comfort Zone” တဲ့

-A place or situation where one feels safe or at ease and without stress.

life-begins-at-the-end-of-your-comfort-zone-quote-1

nothing-ever-grows-comfort-zone-inspirational-quotes-sayings-pictures

Step-Out-of-Your-Comfort-Zone-Inspirational-Quotes7

Comfort+Zone+Quote

-ဒီပုံတွေက ခေါင်းစဉ်ကို ဖော်ဆောင်ပေးထားတာပေါ့နော့… မြန်မာလိုဆိုရင် ရေကြည်ရာ မြက်နုရာ သို့မဟုတ် တရွာမပြောင်း သူကောင်းမဖြစ်ပေါ့… (နီးစပ်မယ်ထင်တာ ပြောတာပါ) အဲဒါကိုပဲ သေချင်တဲ့ ကျား၊ တောပြောင်း အတွေးအခေါ်နဲ့ ကော်မန့်လေး တွေလဲ လက်ခံပါတယ်…

 

-ဒါကတော့ သူနဲ့ဆိုင်တဲ့ ပုံပြင်လေးပါ…

-“နွား”ကိုချောက်ထဲတွန်းချလိုက်ပါ
————————————
-တစ်ခါက.. ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလိုဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ဝင်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်

-“တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး”

-အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုတ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုတ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။

-အဲဒီလို စုတ်ချာလှတဲ့တဲပုတ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်

-“ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ” လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က

-“အိုး..ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ” လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။

-အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။

-အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။

-အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်

-“ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ”

-အဲဒီအခါ အိမ်ရှင်ယောက်ျားက

-“ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အဝတ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး”

-အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်

“ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား” လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက

-“မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား”လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က

“ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ” လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက

-“ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်” လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က

-“မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့” လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက

-“တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ” လို့ပြန်ပြောလိုက်တယ်။

-အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။


-အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အဝတ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်

-“အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘဝ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို” လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-။

-“ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ဝယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ”

-ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘဝကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘဝကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘဝရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။ အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။

-လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို ၊ လောကလူသားတိုင်းဟာ “ဘဝတဏှာ”လို့ခေါ်တဲ့ လက်ရှိဘဝကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘဝရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့ သဘာဝကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်။ လူသားတွေဟာ မိမိရဲ့ဘဝ၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာဝနာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘဝသံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်။

-လောကီအမြင်အရလည်း– လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘဝနဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘဝကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။

-ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်။ “ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘဝကို ဦးတည်နေသူလား၊ ဒီဘဝနဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား” ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။

-Comfort zone is a beautiful place, but nothing ever grows there.

သက်တောင့်သက်သာနေထိုင်ရတဲ့ဘဝဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး”

-ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘဝနေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘဝကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘဝမှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

တကယ်တော့လည်း ကျွန်တော်တို့ဟာ “နွား”ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်
လက်ရှိဘဝမှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ
(ဖြိုးသုတ)

 

ကျွန်တော် တကယ်ကို လက်ရှိစိတ်ဝင်စားနေတဲ့ ခေါင်းစဉ်လေးပါ… မြန်မာတွေ အများစု ကျွန်တော်ပါပါတယ် သာယာနေသလားလို့… အပြင်မှာလဲ ဆွေးနွေးဖြစ်ပါတယ်… တယောက်တမျိုးစီတွေ ထွက်ပါတယ်… ကိစ်စမရှိပါဘူး… နောက်ထပ်တွေးစရာ စဉ်းစားစရာ ထပ်ရတာပေါ့… ကူပါဦးနော်… 🙂

 

 

ရေမြေ့သနင်း

 

50 comments

  • ဂျက်စပဲရိုး

    July 25, 2016 at 3:18 pm

    စဉ်းစားရမှာက ကိုယ့် အခု အခြေအနေ ကို ကိုယ် ကျေနပ် သလား ကိုယ့် အတွက် အဆင်ပြေနေသလားပေါ့။
    ကိုယ့် အခြေအနေ ကို ကိုယ် ကျေနပ်နေရင် ထပ် မတိုးတက်လဲ ဘာ အရေးလဲလေ။
    ကိုယ့်ဟာကိုယ် comfort zone ထဲ အေးဆေး နှပ်နေမှာပေါ့။
    အခု လက်ရှိကို မကျေနပ်ဘူး ထပ်လိုချင်သေးတယ် ထပ်တိုးတက် ချင်သေးတယ် ဆိုရင်တော့ စွန့်စားရမှာပဲကိုး

    • မမချွိ

      July 25, 2016 at 3:25 pm

      ဟိ။
      ထောက်ခံတယ်။
      သက်သာရတုန်း သက်သာသလိုမနေပဲ ပင်ပန်းခံနေတာတွေ နားမလည်ဘူးး
      ရုန်းကန်ရချိန် ရုန်းကန်ပေါ့။
      အဓိက က ကိုယ်ဘာလိုသလဲပဲ။
      စာထဲက ပြောတဲ့ ဘဝ ဒက်ဖနေးရှင်းတွေက ကိုယ့် ဘဝ အတွက်တော့ သိပ် အလုပ်မဖြစ်လှဘူးး

      :k:

      • ဂျက်စပဲရိုး

        July 25, 2016 at 3:33 pm

        The day the earth stood still ဆိုတဲ့ ဇာတ်ကားထဲမှာ
        ကမ္ဘာကြီးကို ကယ်တင်ဖို့ ကမ္ဘာပေါ်က လူတွေ ကို မျိုးတုန်းအောင် ရှင်းမယ့် ဂြိုဟ်သား နဲ့ ပရော်ဖက်ဆာ နဲ့ စကားပြောတဲ့ အခန်းမှာ
        Professor Barnhardt: Well that’s where we are. You say we’re on the brink of destruction and you’re right. But it’s only on the brink that people find the will to change. Only at the precipice do we evolve. This is our moment. Don’t take it from us, we are close to an answer.

        သူ ပြောချင်တာက လူတွေဟာ (အထူးသဖြင့် ကိုယ်တွေပေါ့ ဟိဟိ)
        မပြောင်းဘဲ နေလို့ ရသလောက် မပြောင်းဘဲ နေကြတယ်။
        မပြောင်းလို့ မရတော့ဘူး ပြောင်းကို ပြောင်းမှ ဖြစ်မယ် ဆိုတဲ့ အခြေအနေမျိုး မှသာ ပြောင်းလဲကြတာ တဲ့။

        ဟုတ်တော့လဲ ဟုတ်ပါတယ်။ တော်ရုံ တန်ရုံ ပြဿနာလောက် ကတော့ ဘာမှ အရေးလုပ်မနေပါဘူး။
        do or die အခြေအနေ မျိုး လောက် ရောက်မှ သာ ပြောင်းလဲကြတာကိုး။
        အခု အခြေအနေ က အဆင်လေးပြေနေတယ်
        တစ်ခုခု အသစ်အဆန်း လုပ်လိုက်ရင် ပိုပြီးလဲ ကောင်းသွားနိုင်တယ် ပိုပြီးလဲ ဆိုးသွားနိုင်တယ် ဆိုရင်
        တော်တော်တန်တန် ဘယ် လုပ်တော့မလဲ။

        ဒါကို လုပ်မှကို ရတော့မယ် မလုပ်ရင် မဖြစ်တော့ဘူး ဒုက္ခရောက်တော့မယ် ဆိုတဲ့ အချိန်မျိုးမှသာ အပြောင်းအလဲ တွေ ဖြစ်လာကြတာ။

        အဲ့လိုနဲ့ပဲ ကိုယ် ပြောင်း ရမှာကို ပျင်းတာကို အကြောင်းပြချက်တွေ ပေးပြီး ဟီးဟီးဟီး

        • မမချွိ

          July 25, 2016 at 3:38 pm

          နာ့ နွားတော့ ချောက်ထဲ လာမတွန်းချဂျနဲ့နော်။
          :k:

        • Yae Myae Tha Ninn

          July 25, 2016 at 4:00 pm

          ဂျက်ရေ… ပွင့်လင်းပေးတာ ကျေးဇူးနော်… အောက်ဆုံးက အကြောင်းမှာ လက်ရှိဗမာစိတ်ဓာတ်လေး တွေ့လိုက်ရတယ် ဟီး… ကိုယ်လဲ အပါအဝင်ပါ … အကို့မှာ ကြွေးသစ်လေးတွေ ထပ်ရောက်လာတာရယ်… ကြွေးဟောင်းတွေကလဲ အိုပြီး နာလာမှာရယ်ကို တွေးလိုက်တော့ ဇုန်ထဲက ခုန်မလားလို့ပေါ့… 🙂

      • Yae Myae Tha Ninn

        July 25, 2016 at 4:04 pm

        ပထမ ပင်ပန်းတယ်… အဆင်မပြေရင် ဒါနဲ့ ဆုံးချင်ဆုံးသွားမယ်… သို့သော် တနေ့တော့ အောင်ပွဲတွေ့မယ် ထင်ပါတယ်… ဒါဆို သက်သာဖူးတာလေး ပြန်ခံစားရမယ် ထင်ပါတယ်… အသီးအပွင့်ကတော့ နဂိုထက် သာမယ်လို့လဲ ထင်ပါတယ်… ကိုယ်ဘာလိုလဲဆိုတာက ရေရှည်လိုအပ်ချက်မှာ နဂိုထက် တော်တော်သာမှ ရမယ်ဆိုရင်တော့ ခုန်ဖို့သင့်တယ် ထင်ပါ့… မမချွိ… အကြံလေးတွေ ထပ်ပေးဦးနော်… 🙂

        မမချွိ ရဲ့ နွားကို ချောက်ထဲ တွန်းဖို့ နေနေသာသာ ကိုယ့်နွားလေးတောင် ကြောက်ဒူးတုန်နေလို့ အားဆေး လာယူကြည့်တာ… ဟီး…

    • Yae Myae Tha Ninn

      July 25, 2016 at 3:39 pm

      ဆိုကြပါစို့… လက်ရှိမှာတော့ ကုမ်ပဏီတွေမှာ ရာထူးတိုးမှပဲ လစာက တော်တော်များများ တိုးတယ်… ရာထူးမတိုးဘူးဆိုရင် ပုံမှန်တိုးမယ်… ကုန်ဈေးနှုန်းက ကိုယ်တိုးတာထက် ပိုရှေ့ပြေးနေမယ်… ရာထူးကလဲ တိုးစရာကုန်ပြီ… ကိုယ်တွေကလဲ အသက်ထပ်ကြီးလာမယ်… ပါးစပ်ပေါက်တိုးလာမယ်… တခြားကုမ်ပဏီသွားလဲ သိပ်မထူးဘူး… ဒါဆို လိုင်းချိန်းမလား… လက်ရှိကို ကျေနပ်တယ်နော်… ရေရှည်မှာကျတော့ အိုလာတယ် စုမိဆောင်းမိမရှိဘူး… ဒါဆို ဇုန်ထဲ အေးဆေးနေကြမလား… မြန်မာပြည်အနေနဲ့ကို ပိုပြီး အကြံပေးပါနော်… 🙂

      • ဂျက်စပဲရိုး

        July 25, 2016 at 3:40 pm

        အဲ့ဒါ ကျေနပ်နေရမယ့် အခြေအနေ မဟုတ်တော့ဘူး ကွီး 😛
        နွားကို ချောက်ထဲ တွန်းချဖို့တော့ မဟုတ်ဘူး။
        ဒင်း ကို ပေါ်ပြီး အရင်းအနှီး လုပ်စားဖို့တောင် ကောင်းနေပြီ။ 😛 😛 😛

        • Yae Myae Tha Ninn

          July 25, 2016 at 4:09 pm

          ဒါဆို ဂျက်ရေ… အဲဒီနွားပေါ်စားပြီး မကုန်မချင်းမှိန်းနေဦးမယ် သဘောရှိတယ်… ဒါကုန်မှ ဂျက်ပြောသလို မလုပ်လို့ မဖြစ်တော့တဲ့ အခြေအနေဖြစ်ပြီး ထ လုပ်မှာ… 🙂

      • ဂျက်စပဲရိုး

        July 25, 2016 at 3:43 pm

        Professor Barnhardt: There must be alternatives. You must have some technology that could solve our problem.
        Klaatu: Your problem is not technology. The problem is you. You lack the will to change.
        Professor Barnhardt: Then help us change.
        Klaatu: I cannot change your nature. You treat the world as you treat each other.
        Professor Barnhardt: But every civilization reaches a crisis point eventually.
        Klaatu: Most of them don’t make it.
        Professor Barnhardt: Yours did. How?
        Klaatu: Our sun was dying. We had to evolve in order to survive.
        Professor Barnhardt: So it was only when your world was threated with destruction that you became what you are now.
        Klaatu: Yes.
        Professor Barnhardt: Well that’s where we are. You say we’re on the brink of destruction and you’re right. But it’s only on the brink that people find the will to change. Only at the precipice do we evolve. This is our moment. Don’t take it from us, we are close to an answer.

      • မြစပဲရိုး

        July 26, 2016 at 2:29 am

        နင်းနင်း ကို အကြံပု ရရင် အခုလက်ရှိ Confort Zone က နေ Stretch zone ထဲ ကို အရင် ရအောင်သွားပါ။

        အလုပ်ထဲ မှာ သူများခိုင်းမှ လုပ်တာထက် ကိုယ်က ကနဦး အသိ ယူပြီး လုပ်ပြပါ။
        အလုပ် ကို ပိုက်ဆံ နဲ့ မတိုင်းဘဲ ကိုယ့်ဆန္ဒ စေတနာ နဲ့ လုပ်ပါ။
        နောက်က လူတွေ ကို လဲ ကိုယ့်လို လုပ်ဖို့ ဆွဲဆောင်တိုက်တွန်းပါ။
        မသိတာ ကို ရှာပြီး ပို သိ အောင်လုပ်ပါ။

        Pro Certificate စာမေးပွဲ တွေဖြေပါ။
        ဘာသာစကား ပိုကျွမ်းအောင် လုပ်ပါ။
        အလုပ် အင်တာဗျူး တွေ စမ်းဝင်ကြည့်ပါ။

        အလုပ်ထဲ က အခြေအနေ နဲ့ ကိုယ့် ရဲ့ Stretch zone ထဲ က အရည်အချင်း ဆကြည့်ပါ့။
        ကိုယ့် အရည်အချင်းက ပိုမြင့် နေပြီး အလုပ် က နိမ့်နေရင် ပြောင်းဖို့ ကောင်းသပေါ့။
        သဘောက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရလာလို့ Risk zone ထဲ ကို အရောက်သွားလိုက်တာ။
        အဲဒီကနေ ထပ်ပြီး ကိုယ့်အရည်အချင်း ကို ကိုယ် ဆက်ပြီး ထပ်ယုံ ရင် Danger Zone ကို ဆက်တိုး ပေါ့။
        အရည်အချင်း စစ်မှန်ပြီး သူများတွေထက် ခေါင်းတစ်လုံးမြင့် နေလို့ ကတော့ ရိုက်ချတောင် ပြုတ်ကျဖို့ မရှိနိုင်ပါဘူး။

        တကယ်တော့ ဒါတွေ က အစောက ပြောခဲ့သလိုဘဲ ကိုယ့် ဟာကိုယ် ဆုံးဖြတ်ဖို့သာသင့်ပါတယ်။
        အကြံပု တယ် ဆိုတာက ပု ရုံသာ ပု တာ။ အရှည် မမြင်ရဘူး။
        အရေးကြီး တာ က ကိုယ့် Quality ကိုသာ ရနိုင်သလောက် သွေး နေနိုင်ဖို့ သာ ကြိုးစားပါလေ။
        အခွင့်အရေးဆိုတာ ရှာရင် ပေါ်ပါတယ်။ ရှိပါတယ်။ ပေါ်ချိန်မှာ ယူလိုက်နိုင်ဖို့အတွက် ခွန်အား ရှိဖို့/အသင့်ဖြစ်ဖို့ လိုတာပါ။

        ရွှေပြည်မှာအခု ကလေးများ ကိုယ့် အရည်အချင်း ရှိအောင် လုပ်ဖို့ မကြိုးစားဘဲ ပိုမြင့်တဲ့ နေရာမျိုး လိုချင်နေတော့ ပြုတ်ကျဖို့ လွယ်တော့တာပေါ့။
        အလုပ်ရဲ့ Quality တွေလဲ နိမ့်လာတော့တာ မဆန်းတော့။

  • Ma Ei

    July 25, 2016 at 4:50 pm

    .အရမ်းကို ကောင်းတဲ့ ပိုစ့်လေးပါလို့ အရင်ဆုံးကျေးဇူးတင်ပျစီ….
    .မြန်မာပြည်နဲ့ယှဉ်ပြောတတ်ပါဘူး ကိုယ့်ဘွမှာဘဲ ဥပမာထဲက စကားနဲ့ပြောရရင် ကိုယ့်နွားလေးကို ကိုယ်တိုင် တွန်းချလိုက်ဆွဲတင်လိုက်နဲ့ အကြိမ်ကြိမ် မပြတ်သားနိုင်ဘဲ ဖြစ်နေလို့ပါ… ခုဇုန်ထဲမှာ သာယာနေတယ်ဆိုပါတော့ မသာယာတဲ့ချိန်လဲ ဒိလောက်တော့ ကိုယ့်ထက်ဆိုးသူတွေ အပုံဆိုပြီး ဖြေနေတာကိုး… ဒီလောက်ရနေတာ .နောင်ချိန်တွက် စုလဲစု သုံးလဲသုံး ပေါ့ အပြင်မှာ ကိုယ်လုပ်ချင်တာလုပ်ရင် ဒိလောက်ရဖို့ ဘယ်လိုလုပ်ရမှာ ဘာတွေရင်ဆိုင်ရမှာ စသည်ဖြင့်…
    .သူများက လာတွန်းချသွားရင်တော့ ပြတ်ပီပေါ့ မဖြစ်မနေ လုပ်ရတော့မှာကိုး အဲ့တွက် အင်အားရှိဘို့ ခုတော့ ဒီဇုန်လေးထဲမှာဘဲ………

    • Yae Myae Tha Ninn

      July 25, 2016 at 5:16 pm

      အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ မအိ…
      ကျွန်တော်လဲ ပြတ်သားချင်ပေမဲ့ မပြတ်သားလို့ လူမိုက်လာရှာတာပါ… 😛 မဖြစ်မနေလုပ်ရမယ့် အလုပ်ဆိုရင်တော့ ဂျက်ပြောသလို အချိန်ထိမစောင့်တော့တာ ပိုကောင်းမယ်…
      ကလေး ယူဖို့တုန်းကလဲ ဝိုင်းတိုက်တွန်းလိုက်တော့ ယူဖြစ်သွားတယ်… တကယ်တော့ ယူဖို့ စဉ်းစားနေတာပါ… အားပေးမယ့်သူရှိတော့ လုပ်ရဲသွားတယ်…

      ကျွန်တော်ဆိုလိုချင်တာက တကယ်တော့ မလုပ်ရဲတာထက် လုပ်ပြီးမှ လူအပြစ်တင်ခံရမှာကို ပိုကြောက်နေသလားပေါ့… အနီးဆုံး အိမ်ထောင်ဖက် သို့မဟုတ် မိဘ အကြံယူလိုက်ရင်တော့ ကိုယ့်ဘက်သား များလာရင် လုပ်ရဲလာမလားပေါ့… ဒါဆို တကယ်လို့ ခုန်မိရင်တောင် ကြုံမယ့် ပြသာနာကို ရင်ဆိုင်နိုင်လာမှာပါ… ကြာတာ မြန်တာပဲ ရှိမယ် အချိန်တန်ရင်တော့ မမချွိကို ပြောသလို သက်သာမယ့် နောက်တချိန်ရောက်လာမှာပါ… အဲလိုပဲ ကျွန်တော်လဲ အားမွေးနေပါတယ်… 🙂

      • ဂျက်စပဲရိုး

        July 25, 2016 at 5:39 pm

        ဒီမိန်းမ ကွာပလိုက်ပါတော့ နင်းနင်းရယ် 😛
        တိုက်တွန်းဒါဘာာာာ ဟိဟိ 🙂

        • Yae Myae Tha Ninn

          July 26, 2016 at 9:15 am

          ငင့် ဆိုင်ဘူးလားလို့ ဂျက်… မိန်းမ နဲ့ Comfort Zone နဲ့… Zone ထဲ ထည့်ချင်သပါ့ဆိုရင် ဒါလေးက Essence Zone လေးပါ… LoL..

  • မြစပဲရိုး

    July 25, 2016 at 11:17 pm

    ရွာ ထဲ မယ် သိပ်ပြီး ဆူဆူပူပူ မလုပ်ရတာကြာလေတော့ ဒီ မှာ ဝင်ပြီး သောင်းကျန်းဦးမှပါလေ။ 😉
    Thanks Ninn Ninn. :-)))

    ပုံပြင်ဖတ်ပြီး အဲ့ ပညာရှိ ကို အလေးဘဲပြုရမလား? ခေါင်းဘဲခေါက်ရမလား? တွေးနေမိတယ်။
    ဘဲ့နှဲ့ သူများ တွေကို ထမင်းကျွေးနေတဲ့ နွား ကို ချောက်ထဲ တွန်းချခိုင်းရတယ်လို့။
    ဒါထက်ကောင်းတဲ့ ဝင်း-ဝင်းနည်း မရှာနိုင်ဘူးလားမသိ။
    ပြီးတော့လဲ နွားမရှိရင် ဒီမိသားစု အဆင်မှပြပါ့မလားလို့လဲ မသိမသာ ပြန်မကြည့်။
    နှစ်ပေါင်းများစွာ မှ လမ်းကြုံဝင် သတဲ့။
    ကြားမှာ ငတ်ပြီး ဒုက္ခရောက်ကုန် ရင်ဘဲ့နှဲ့လုပ်ပါ့။
    ဒါကြောင့်ပြောတာ စွန့်စားပြီး အောင်မြင်တဲ့ ပုံပြင်တွေ ဆိုတာ အောင်မြင် မှ သာ လူရှေ့ချပြကြတာ ပါလို့။
    စွန့်စားရက် နဲ့ မအောင်မြင် တဲ့ သူ ကို ဘယ်သူမှ အင်တာဗျူးတာမှ မဟုတ်တာလေ။
    အသုံးမကျလို့ မအောင်မြင်တာလို့ ပြောကြမှာပေါ့။
    ဤကား စကားချီး။
    (ဖွဘုတ် ထဲ အဲဒီလို ဆုံးမစာ Meme တွေ ကို အပျော်ဝင်ပြီး ကန့်လန့်တိုက်နေကြမို့ပါ)

    အတည် ဝင်ဆွေးနွေး ရရင် Comfort zone ဆိုတာ နားလည်မိသလောက်တော့ (အမှန်လို့ မပြောပါ) ကောင်းတာလို့ ချည်းမဟုတ် မကောင်းတာလဲ ဖြစ်နိုင်ပါတယ်။
    နေ့စဉ်ဒူဝ အလေ့အကျင့် ဖြစ်နေတဲ့ အခြေမှာ ရှိနေတာမို့ ဒီလို နေဖို့ ထပ်အားစိုက်ဖို့မလိုဘူးထင်ရတဲ့၊ ထပ် ခေါင်းရှုပ်ဖို့ မလိုဘူးထင်ရတဲ့၊ ထပ်ပြီး အန္တရာယ်မရှိဘူးထင်ရတဲ့ အခြေအနေ နေရာမျိုး လို့ ဆောင်းပါးတစ်ချို့မှာ ဖတ်ဖူးပါတယ်။
    အလုပ်အကိုင်ပြောင်းမှ၊ နေထိုင်ရာ နေရာပြောင်းမှ Comfort zone က နေ ဖောက်ထွက်တာလို့ မပြောနိုင်ပါဘူး။
    ဆိုလိုချင်တာက Comfort zone က ဖောက်ထွက်တယ် ဆိုတာ ကိုယ့်ရဲ့ ပုံမှန်အသားကျ နေတဲ့ စွမ်းဆောင်ရည် တစ်ရပ် ကို ပုံမှန်မဖြစ်တဲ့ အခြေအနေ ထဲ ကို သွင်းပြီး ပြောင်းလုပ်ခိုင်းတာပါ။
    အဲဒီလိုမျိုး ကို နေ့စဉ် လုပ်နေတဲ့ သာမာန် အလုပ်မျိုးလေး တွေ နဲ့လဲ လေ့ကျင့်ပေးနိုင်ပါတယ်။

    ဥပမာ – ဇီကလေး အတွက် ဆိုရင် ပုံမှန် အကြိုက် ချက်နေ တဲ့ အသားဟင်းချက် နည်း တွေ ကနေ မကြိုက်တဲ့ အသီးအရွက် တွေ ကို စမ်းချက်ကြည့်တာမျိုး။
    မောင်ဂျက် အတွက် ဆိုရင် ရုံး ကို သွားနေကျ လမ်း အတိုင်း မသွားဘဲ တစ်ခြားလမ်း ကသွားတာမျိုး၊ လမ်းလျှောက်သွားတာမျိုး ၊ အားရက်မှာ ပါတ်ပြေးတာမျိုး၊
    နင်းနင်း အတွက် ကတော့ ကလေး ကို အချိန်ယူ မထိန်းဘဲ နေခဲ့ရင် အားချိန် မရှိတောင် ရှိ အောင်လုပ်ပြီး ကလေးကို စကားပြော သင်ပေးတာ၊ အရုပ် တွေပြပြီး မှတ်မိပေးစေတာ မျိုး၊
    မအိ ဆို တရားထိုင်လေ့ရှိရင် ၁ဝမိနစ် ကနေ မိနစ်၂ဝ ကို တိုးထိုင်တာမျိုး ၊ မအားလို့ လေ့ကျင့်ခန်း မလုပ်နိုင်လို့ ထင်တာကို မရရအောင် အချိန်ယူပြီး နဲနဲ စလုပ်တာမျိုး
    (သများ တွေကို ပြောတိုင်း ပြောသူ လုပ်သည် မဟုတ် ဆိုသည် ကို သိကြပါလော့၊ အပြောက လွယ်သကိုး) 😀 :-)))

    အဲဒီလို (အချိန်မရှိ/ မဖြစ်နိုင်) အလေ့အကျင့်လေးတွေ ကို အမြဲ ပြောင်းပြီး အာရုံ နဲနဲ အရှုပ်ခံပြီး နေနေ၊ လုပ်နေတာ က Comfort zone ကနေ Stretch zone ကို ကူးတာလို့ ဆိုနိုင်ပါတယ်။
    တကယ်တော့ Comfort zone ဟာ အကြောက်တရား လွှမ်းတာ ခံနေရတာပါ။
    ဒါကြောင့် အပြောင်းအလဲမလုပ်ရဲ ခဲ့တဲ့ သဘောပေါ့။
    Stretch zone မှာတော့ မသိမသာ အပြောင်းအလဲ လုပ်တာမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးလာပြီး အကြောက်တရား လျော့ကျပါတယ်။
    အဲဒီ Stretch zone ကို တစ်ချို့ က Learning zone လို့ သတ်မှတ်ပြီး လက်ရှိ ထက် ပိုမြင့်တဲ့ အရည်အချင်း တွေ ရအောင် လုပ်ကြပါတယ်။
    ဥပမာ – အဆင့်မြင့် ဘွဲ့ယူတာတို့၊ ပရို စာမေးပွဲ တွေ ဖြေတာတို့၊ ဘာသာစကား အသစ် တွေ သင်တာတို့ပေါ့။
    အဲဒီ အလေ့အကျင့် တွေ ကနေ ကိုယ့်ရဲ့ စွမ်းဆောင်ရည် တိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တွေ ရနေတာမို့ တကဲ့ အခက်အခဲ ကြုံ လာရင် အလွယ် ကျော်လွှားနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
    Stretch zone ကနေ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု တိုးလာရင် နောက် တစ်ခု ကို တိုးကြည့်နိုင်ပါတယ်။
    အဲဒီ နေရာကို Panic zone/ Risk zone လို့ ခေါ်ပါတယ်။
    အဲဒီက နေ ဆက်သွားရင်တော့ Danger zone ပေါ့။
    အဲဒီ နောက် ကတော့ အောင်မြင်မှု လို့ ပုံကားချပ် တွေမှာ ပြထားတာဘဲ။
    သို့ပေမဲ့ သေမြေကြီး၊ ရှင်ရွှေထီး။ ဘယ်သူပြောနိုင်မလဲ။

    ကလေး တွေ ကို အောင်မြင်အောင် ပံ့ပိုးပေးချင်ရင် Panic zone ကို မရောက်ခင် Learning Zone နဲ့ Comfort Zone မှာဘဲ အပြန်အလှန်ပေါင်းကူး လေ့ကျင့်ပေးသင့်တယ် လို့ဆိုတာပါဘဲ။
    ဒါကြောင့် Comfort Zone ဆိုတာက တော့ မရှိမဖြစ် လို တဲ့ သဘော ခေါ်မလားဘဲ။

    သို့ပေမဲ့ အရေးကြီးဆုံး တာကတော့
    Comfort Zone မှာတောင် လူ တစ်ယောက် နဲ့ တစ်ယောက် မတူပါ။ ဒါကြောင့် ထပ်ချဲ့ရတဲ့ ပုံစံ လဲ ကွဲပါမယ်။
    ဒါကြောင့် Zone တွေ ကို တိုး ရာမှာ ပုံသေနည်း အသေ ထားပြီး သူများ လို လိုက်တုနေဖို့ မသင့်ပါဘူး။
    သူများ နည်းထက် ကိုယ့်ဟာကိုယ် ချင့်ချိန်ရမှာပါ။
    Stretch zone အထိလောက် က လူတိုင်း တိုးသင့်ပေမဲ့ Panic zone ကို တက်ဖို့ က ကိုယ့်ရဲ့ အခြေအနေမှန် ကို သိဖို့ လိုပါတယ်။
    လူတစ်ယောက် နဲ့ တစ်ယောက် ရဲ့ မွေးဖွားလာရာ အခြေအနေ မိသားစု နောက်ခံ က စလို့ စိတ်ဓာတ်ဗီဇ တွေ ဟာလဲ ပုံသေနည်း ထဲ မှာ ထည့်သွင်း ရမဲ့ အရာတွေပါ။

    နောက်ပြီး မောင်ဂျက် ပြောတဲ့ လူတွေရဲ့ ဘဝ မှာ value ထားတာချင်းလဲ မတူနိုင်တော့ တစ်ယောက် အခြေအနေ နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။
    အဲဒီ ကွဲပြားမှု တွေ ကိုလဲ လေးစားတတ်ဖို့ စိတ်ထားသင့်ပါတယ်။
    (ဒါကြောင့်ပြောတာ သူများ နွား ကို သွားတွန်းချတိုင်း မှန်/မမှန်) :-)))

    လွန်ခဲ့တဲ့ နှစ်အနည်းငယ် က Facebook COO Sheryl Sandberg ရဲ့ “why a smaller percentage of women than men reach the top of their professions” ဆိုတဲ့ TED conference မှာ ပြောခဲ့တဲ့ အကြောင်းလေး ကို ဖတ်ဖူးခဲ့တယ်။
    နာနာကျင်ကျင် ပြုံးခဲ့ဖူးတယ်။
    အိမ်ထောင်ရှင်မိခင် ဘဝ မှာ ကလေး အပေါ် တာဝန် ကျေချင်တဲ့ မိခင် ဆိုတဲ့ value ကို ရှေ့ထားလိုက်တော့ Stretch zone ကို ပြန်ဆုတ်ပြီး ဆက်ကာ ရှေ့မတိုး နိုင်ခဲ့သူ ရဲ့ ဘဝ။
    အင်မတန်ချမ်းသာပြီး ကလေးတွေ ကို နာနီ အကောင်းစား နဲ့ ထားနိုင်သူ ဆီ က ဒီလို စကား ကြားရတာ စိတ်ထဲ တကယ်ဘဲ ထိခိုက်ခဲ့ဘူးတယ်။
    သူတို့ အတွက်ကတော့ ဘာလုပ်လုပ် မှားလိုက်ရင် အောက်က အခုအခံ တွေ နဲ့ သက်တောင့်သက်သာပေါ့။
    သို့ပေမဲ့ မိန်းမ တစ်ယောက် ရဲ့ အောင်မြင်မှု ဆိုတာဟာ အလုပ်ထဲ မှာ ကျား တွေနဲ့ တန်းတူ ထိပ်ကနေ အမြဲ ဦးစီး နေနိုင်တဲ့ မိန်းမ တစ်ယောက် လို့ သတ်မှတ်ရင်လဲ ရှိစေတော့ပေါ့။
    ကျား တွေ ထိပ်မှာ နေပြီး ဆောင်းဖူးတဲ့ ရွှေထီး တစ်လက် ဆိုတာ ဘဝ အကွေ့တစ်ကွေ့မှာ လေထဲ လွှင့်သွားတတ်တယ် ဆိုတာ သူ ကို သိအောင်တော့ အခွင့်ရခဲ့ရင် ပြောပြချင်သား။ :-(((

    PS –
    (မြန်မာပြည် က မိန်းမ တွေ ထိပ်တန်း အုပ်ချုပ်ရေးပိုင်း ထဲ မှာ နည်းလွန်း တယ်လို့ ဝေဖန်သူများ
    Sheryl Sandberg ရဲ့ အနောက်တိုင်းက မိန်းမ များ ကို အားမလိုအားမရ ပြောသံ
    “Why we have too few women leaders” ကို နားထောင် စေလိုပါရဲ့
    တစ်ခုခု ဆို မြန်မာပြည် မှာ ချည်းဘဲ အထူးအဆန်းလို လာလာပြောနေကြတာ မို့)
    My generation really, sadly, is not going to change the numbers at the top.
    They’re just not moving.
    We are not going to get to where 50 percent of the population —
    in my generation, there will not be 50 percent of [women] at the top of any industry.
    But I’m hopeful that future generations can.
    (Sheryl Sandberg)

    • Yae Myae Tha Ninn

      July 26, 2016 at 9:41 am

      တကယ်တော့ ဒီပို့စ်မှာ ကျွန်တော်က ခုန်ထွက်ချင်တာ မှန်ပေမယ့် တိုးတက်ချင်လို့ ခုန်တာထက် ရှေ့ရေးကို စဉ်းစားပြီး ဖြစ်သင့်တယ်ထင်လို့ ခုန်ဖို့ကြိုးစားတာဗျ… အခြေအနေတခုကို ပြောင်းဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ရော၊ မှီခိုနေတဲ့ မိသားစု၊ ကောင်းခြင်းဆိုးခြင်းတွေ မျှဝေပေးတဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းတွေကလဲ အရေးကြီးမယ်လို့ ထင်ပါတယ်… ဒါတွေပြီးရင်တော့ လယ်ဗယ် တခုချင်းစီရဲ့ သဘောတရားကို လေ့လာသုံးသပ်ပြီး ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆုံးဖြတ်ရမယ်လို့ မြင်မိပါတယ်ခင်ဗျာ…

  • kai

    July 26, 2016 at 12:26 am

    လစ်ဘရယ်နဲ ကွန်ဆာဗေးတစ်တွေးပုံခြင်းတူမှာမဟုတ်..။
    တွေးပုံခြင်းမတူတဲ့နောက်.. လုပ်ပုံလည်းတူမှမဟုတ်….

    လစ်ဘရယ်သမားက.. အသစ်တွေ ချဲလင်န့်လုပ်ချင်သမို့.. နွားကိုတွန်းချမယ်…။
    နွားချောက်ထဲကျသွားရင်လည်း.. ပြန်ကျိုးစားအလုပ်လုပ်မယ်..။ နွားတွေထပ်ဝယ်မယ်.. စသဖြင့်…။

    ကွန်ဆာဗေးတစ်သမားက.. အဟောင်းအတိုင်းငြိမ်နေမယ်..။
    သေချာတဲ့အလုပ်ပဲလုပ်မယ်..။ မစွန့်စား..
    သူများနွားကိုတွန်းချမှာမဟုတ်..။
    ကို့ယ်နွားကိုသေသေချာချာစောင့်ရှောက်ထားမယ်..။ တွန်းချခံရပြီးေချောက်ထဲကျသွားရင်လည်း… တွန်းချသူကို ရအောင်ရှာမယ်..။ တရားစွဲမယ်.. လျှော်ကြေးတောင်းမယ်…

    • မြစပဲရိုး

      July 26, 2016 at 2:39 am

      အစောက နင်းနင်း ကို ပြောတဲ့
      အခွင့်အရေးဆိုတာ ပေါ်လာစေဖို့
      Comfort zone ထဲက ဖောက်ထွက်ပြီး
      သတ်သတ်လွတ်စားပါ။
      တရားထိုင် ပုတီးစိတ်ပါ။
      ဘုရားမှာ ဆုတောင်းပါ။
      မိဘ ဆရာ ညတိုင်း ဦးချကန်တော့ ပြီး အိပ်ပါ။

      ပုံ
      ဖောက်ထွက်ရေးသမား ကွန်မြ

      PS –
      ကိုယ့်နွားမဟုတ်တဲ့ သူများနွား တွန်းချ သတ် လို့ ငရဲကျမှာ ကြောက်ပါတယ်။
      ဆီပူ နဲ့ ကြော်ခံရမှာကို။
      ခိုးမှု ရော သတ်မှု ရော ဆိုတော့ နှစ်ပြန်ကြော်ကျွပ်ကျွပ်လေး တောင် ဖြစ်မလားဘဲ။ 🙄

    • Yae Myae Tha Ninn

      July 26, 2016 at 9:30 am

      သူကြီးရေ အစိမ်း ၂ခါ ပြလို့ ရအောင် လုပ်ပေးပါလားဗျာ… သူကြီးပြောတာကို အရမ်းသဘောကျတာ အပေါ်မှာ ပြထားတဲ့ ပို့စ်ပြီးရင် ဒီတခါ မန့်တာပေါ့… ဟုတ်တယ်ဗျ… တွေးပုံမတူရင် လုပ်ပုံလဲ တူမှာမဟုတ်ဘူး… ခက်တာက ကိုယ်က ဘယ်လိုလူစားလဲ သိဖို့ အရင်လို့ ထင်မိတာပဲ… လေတိုက်တိုင်း ယိမ်းပြီး တကယ်တမ်း ခုန်မိပြီးမှ ခံနိုင်ရည် မရှိရင်တော့ မောျက်သစ်ကိုင်းလွတ်ပြီး အခြေအနေ ပိုဆိုးသွားမှာပဲ… ဟီး… အဲတော့မှ လူတွေက သေချင်တဲ့ကျား တောပြောင်းဟဲ့ဆိုပြီး အားကြီး လက်ခုပ်တီးကြမှာ… 🙂

  • မြစပဲရိုး

    July 26, 2016 at 3:29 am

    လိုရင်းကို အတည် ပြောရရင်
    အောင်မြင်ဖို့အတွက် Comfort Zone က နေ Danger Zone ကို သွားရာ/ပို့ရာမှာ Streatch zone/Learning zone ကို မဖြတ်ဘဲ တန်း မသွားသင့်/တွန်းမပို့သင့် လို့ အဆိုပြု တာပါ။
    ဒီတော့ နွားကို ချောက်ထဲတွန်းချတာဟာ နွား ကို မှီနေတဲ့ Comfort zone မိသားစု ကို Danger zone ထဲ တန်းပို့ တာ မို့ အဆင့်ကျော်တာ ကို ထောက်ပြပါတယ်။

    Comfort Zone ကို မှီနေပုံ ဟာ လူတစ်ယောက် နဲ့ တစ်ယောက် မတူလို့ ပြောထားတာမို့
    Happy Ending မဟုတ်နိုင်တဲ့ နောက် scenario တစ်ခု က
    နွားလေးမရှိချိန် ဘာမှ မလုပ်တတ်လို့ ကလေး တွေ ကို ရောင်းစားပစ်ရင် အဲဒီ နွား ကို ချောက်ထဲ တွန်းချလိုက်ချတဲ့ ပညာရှိ က သိနိုင်မတဲ့လား။
    ဒီလို အဆင့်ကျော်တာဟာ ကံယုံလို့ အကာအကွယ်မဲ့ ဆူးပုံနင်းခိုင်းသလိုပါ လို့ပြောရင်၊ ကိုယ့်လက်က လွတ် ပလွတ် ဆိုတဲ့ အကြံ လို့ ပြောရင် သူကြီးမင်း ဘာပြောမည်နည်း။

    • Yae Myae Tha Ninn

      July 26, 2016 at 9:25 am

      အရီးပြောသွားတာလေးကို အရမ်းသဘောကျမိပါတယ်… ဇုန်ထဲက ထွက်မယ် ဟေ့ဆိုရင်လဲ… ဘာမှ မကြည့်တော့ဘူး အချိန်တန်ရင် အောင်မြင်မှု ရမယ်လို့ ထင်ခဲ့မိတယ်… ရမယ်လို့လဲ ထင်ပါသေးတယ်… သို့သော် အခြေအနေ အချိန်အခါ ပြီးရင် အကြောင်းတရား ရှိသေးတာကို ရုတ်တရက်မေ့သွားတယ်ဗျ… အသုံးများတာလဲ Time & Situation ပဲ အသုံးများကြတာလေ… တကယ်တော့ ဘာသာမှာ အကြောင်းတရား ပါ သင်ထားတာ မေ့နေကြတယ်… တကယ်လို့သာ အကြောင်းမလှခဲ့ရင် …. ဟူးးးးး ကျေးဇူးပါဗျာ… Case & Effect ကို သိဖို့ အရီးပြောသလို တရားထိုင် ပုတီးစိပ်ပြီး Concentration ယူ… ဆုံးဖြတ်ချက်မှန်လာမှ Confidence တည်ဆောက်ပြီး တဆင့်ချင်းစီကို ဉာဏ်နဲ့ဆင်ခြင်ပြီး ထိုးဖောက်သွားရင် တနေ့ ပိုပြီးကောင်းမွန်တဲ့ Comfort Zone ကို ထပ်ရောက်သွားမယ်လို့ အတွေးပေါက်မိပါတယ်… အရီး… လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… 🙂

      • sorrow

        July 28, 2016 at 10:54 pm

        Seven digit business လုပ်ငန်းရှင်တစ်ယောက်အမြင်နဲ့ပြောရရင် …Beyond the ivy hill, there’s always a higher hill တဲ့ဗျ..ရပ်မနေပဲ.. နွားသတ်ပစ်ဖို့ပဲ အားပေးတယ်..

        တရားထိုင်..ပုတီးစိတ်နေတုန်း…ကမ္ဘာကြီးကပြောင်းသွားရင် ဘယ့်နှယ့်လုပ်မတုန်း…
        ရေနံတွေဈေးကျလို့ အိတောင်မအော်နိုင်တဲ့လူတွေက ရုတ်တရက်ကြီးလပိုင်းအတွင်းဖြစ်တာနော်..
        ခုထိဖြစ်တုန်း..သဘောပြောပါတယ်..
        ဘာမှမစဉ်းစားနဲ့ ..ဝါသနာပါတဲ့အလုပ်ကို လုပ်ငန်းရှင်အနေနဲ့ စလိုက်ခင်ဗျ…
        သူဌေးတွေကသိပ်မတွေးဘူး ..ဝန်ထမ်းတွေကသာတွေးတာ …
        သူဌေးတွေက ဖြစ်နိုင်သည် မဖြစ်နိုင်ဘူး မစဉ်းစားဘူး .လုပ်ချင်တာကိုပဲပြောလိုက်တာ …
        ကျန်တာဝန်ထမ်းတွေအလုပ်..
        ံHow ,ဘယ်လိုလုပ်ရမလဲ
        Why , ဘာကြောင့်လဲ
        who , ဘယ်သူအကောင်းဆုံးလုပ်နိုင်လဲ …အဲ့သုံးခုပဲလည်သလိုသုံးစမ်းပါ ခင်ဗျ ။ ဝန်ထမ်းတွေဖြေလိမ့်မယ် ။
        သူဌေးဆိုတာ သင်ယူဖို့အကောင်းဆုံးအခွင့်အရေးရထားတဲ့သူတွေခင်ဗျ..

        • မြစပဲရိုး

          July 29, 2016 at 2:42 am

          သူဌေး ဆိုတာ ဝန်ထမ်းကောင်း အောက်ခြေက နေ ဖြစ်တာ တွေ အများကြီးရှိပါတယ်။
          ဒါမျိုးကတော့ မြင့်တဲ့တောင် ကို ရောက်ဖို့ နိမ့်တဲ့ တောင်လေးတွေ က နေ တစ်ဆင့်ချင်း တက်လာတဲ့ သဘော။
          တစ်ချို့ ကျတော့လဲ ဟယ်လီကော်ပတာ ရှိတာမို့ အမြင့်ဆုံး ရှာပြီး ကြိုးနဲ့ ဆင်းချလိုက်ရုံ သာမို့
          တောင် အနိမ့် တွေ ကို ဂရုစိုက်ဖို့ မလို။ မရှိလဲ ပြသနာမဟုတ်။
          ပိုမြင့် တဲ့ တောင် ကို ရောက်ဖို့ အတွက် ရှိပြီး တောင် ကို ဖြို ခိုင်း တဲ့ ပညာရှိများ မရှိဘူးလား မောင်စော? 😀 :-)))

        • Yae Myae Tha Ninn

          July 29, 2016 at 9:40 am

          ကိုစောရေ… သူဌေးဆိုတာ သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးရထားတဲ့သူ မှန်ပါတယ်… သို့သော် အမြဲတမ်း အမြတ်မရှိသမို့ ကိုယ့်ပိုက်ပိုက်နဲ့ အတွေ့အကြုံရရင် မဟန်ဘူးဗျ… တနည်း ဝန်ထမ်းဆိုတာ သူများ ပိုက်ပိုက်နဲ့ အတွေ့အကြုံ ဖရီးရတဲ့ သူတွေဗျ… ဟီး… တွေးနည်း နောက်တမျိုး နဲ့ ပုံစံနောက်တမျိုးအတွက်တော့ ဝဲကမ်းလ်ပါခင်ဗျာ… ဒီဆိုက်က အော်သာ တော်တော်များများက ဝန်ထမ်းလို့ ထင်မိလို့ပါ…
          ကျွန်တော့ သူငယ်ချင်းတယောက်ရှိတယ်ဗျ… အားကျရတဲ့သူလို့ ပြောလဲရတယ်… ၂၅ ၂ရ လောက်မှာ ကိုယ့်ခွန်ကိုယ့်အားနဲ့ပဲ လျှမ်းလျှမ်းတောက်ခဲ့တယ် ဆိုပါတော့… သူလုပ်နေကျ ကျွမ်းတဲ့လိုင်းကနေ နောက်တလိုင်းကို စဉ်းစားပြီး ခုန်ခဲ့တယ်… အဲမှာ တဖက်မှာလဲ မနိုင် နောက်တဖက်မှာလဲ အရှုံးပေါ်ပြီး နဂိုမူရင်းလေးပါ ပျောက်သွားတယ်ဗျ… သူ့ဆီက စကားတခွန်းတော့ ကြိုက်တယ်… တခုခုဆို လက်ကုန်ထိ နှိုက်ပြီးမှ နောက်တခုကို နှိုက်ပါတဲ့… သူဇုန်ထဲမှာ မျှောနေတယ်.. တိုးတက်ချင်တယ်… တိုးချဲ့ချင်တယ်… လာမယ့် စထရပ်ဇုန်ကို ကြိုမတွက်လိုက်ဘူး… ဒိန်းဂျားဇုန်ထဲ တန်းတိုးဆင်းသလိုဖြစ်သွားတယ်… တကယ်ဆို သူဒီဆိုင်ကို ထပ်တိုးချဲ့ ဒါမှမဟုတ် အဲသည့်အချိန်က ဖုန်းတွေခေတ်စားဖို့ စပ်ကူးမတ်ကူးဗျ… စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဂျက်အခု ခုန်တဲ့ ပုံစံလေးမျိုးလေး ခုန်လိုက်ရင် သူအဆင် သင့်မှာ(နဂိုမူရင်းစွဲလိုင်းကနေ မသွေဖီဘဲ) … ဆိုလိုချင်တာက စီးပွားရေးမှာ လက်ဦးတာ ကောင်းပေမဲ့ သူငယ်ချင်းလိုမျိုး မကျွမ်းကျင်တဲ့ထဲကို ခုန်ဖို့ အခြေအနေရယ် အချိန်အခါလေးရယ် တွက်လိုက်လဲ မမှားဘူးလားလို့…
          ရေနံတွေ အသာထားပါ… ရွှေဈေး ဒေါ်လာဈေးတောင် မကပ်နိုင်ပါဘူးဗျာ… ပြီးတော့ ဒါလဲ သူ့သဘာဝ ရှိနေသေးတော့ ဒါလဲ ဇုန်ထဲက ခုန်နည်းတမျိုးပြောမလားဘဲ… သေချာလေ့လာပြီးမှ ခုန်ရင် ပိုအဆင်ပြေမလားဘဲ…
          မခုန်ဘူးတော့ မပြောဘူးနော်… အရီးပြောသလို ဖြစ်ပေါ်လာမယ့်ဟာတွေ ကြိုတွက် ကိုယ့် ခံနိုင်ရည်ပါအပါပေါ့… အဲအတွက် ဆုံးဖြတ်ချက်မှန်ဖို့ တကယ်တော့ ဟုတ်ပါတယ် အားလုံး ကိုယ့်အပေါ်ကိုယ်ကိုယ်တိုင် အပေါ်မှာ မူတည်တာပါ… ကိုယ့်ဘာသာပြတ်သားဖို့ စိတ်တည်ငြိမ်စူးစိုက်မှုရအောင် တရားထိုင်တာလဲ မမှားဘူးလို့ ထင်ပါတယ်… ဒါမှ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဖြစ်မှာမဟုတ်လား… 🙂
          တခါမှားပြီးရင် တခါပြန်စဖို့ အချိန်ကို တော်တော်ပင်ပန်းတယ်ဆိုတာ သူငယ်ချင်းကို လက်ရှိအားပေးခဲ့ရလို့ တော်တော်ကို နားလည်သလို သံဝေဂရသလို ဆင်ခြင်နိုင်ဖို့လဲ ကြိုးစားရဦးမယ်ဗျာ…
          လာဆွေးနွေးလို့ ကျေးကျေးပါ… 🙂

        • sorrow

          July 29, 2016 at 1:36 pm

          အရီးလေး ..နှင်းနှင်းအနေနဲ့ .အခုလိုတွေးမိပြီဆိုကတဲ့က သူအတော်တိုးတက်တဲ့အမြင်ရှိလာတာခင်ဗျ .ရဲရင့်တဲ့အတွေးအခေါ်ရှိလာပေမယ့် မပြတ်သားသေးတာ။.. ဆိုလိုတာက ဝန်ထမ်းဘဝမှာ သိပ်မကြာတော့ဘူးဆိုတော့သဘောပဲ .. လွန်ခဲ့တဲ့သုံးလေးနှစ်က ကျော်ဖြစ်နေ ခံစားနေရသလိုတစ်ထပ်ထဲပဲခင်ဗျ…

          လွန်ခဲ့တဲ့ဆယ်နှစ်က ကျောပိုးအိတ်ထဲ အဝတ်အစားလေးစုံလောက်နဲ့ ငွေသုံးသောင်းလောက်နဲ့ ..ရန်ကုန်ကိုဆင်းလာတဲ့ မလယ်မဝယ် ကချင် တစ်ယောက်ထက်တော့ သူ့မှာ ရေခံမြေခံများကြီးသာတယ်ခင်ဗျ ..မန်နေဂျာ..Operation Manager နဲ့ General Manager လုပ်သက် ၁၂ နှစ်နဲ့ ကိုယ်ပိုင်ပိုက်ဆံ(​ဟယ်လီကော်ပတာမပါ ) ဒေါ်လာငါးထောင်နဲ့လုပ်ငန်းတခုစလိုက်တာမို့ .သူ့ကိုလဲ. ဖြစ်စေချင်ပါတယ် အရီးလေးရယ် ။

          လူဆိုတာရွေးချယ်စရာရှိရင် ရွေးချယ်မိတဲ့သဘောခင်ဗျ…ရွေးချယ်စရာမရှိတဲ့လမ်းထဲကိုအရင်ဝင်တိုးဖို့ပဲလိုတယ်လို့ ထင်မိကြောင်း..

          နောက်တခုက မန်နေဂျာတစ်ယောက်နဲ့ သူဌေးတစ်ယောက်အမြင်လုံးဝမတူတော့တဲ့အကြောင်း…

          အရီးလေးရဲ့စေတနာစကားကိုလဲနားလည်ပါတယ် ။ သူ့မသိစိတ်မှာ စွန့်စားချင်နေတာကို မြင်နေရလို့ အားပေးလိုက်ရအောင်ပါ ။
          ရဲရင့်သူသာ အောင်နိုင်ရာခင်ဗျ … ကျွန်တော့်အမြင်ကတော့ သူ့ကို အားပေးမယ့်သူလိုနေတာမဟုတ်ဘူးခင်ဗျ…တွန်းချမယ့်သူပဲလိုနေတာ ။

        • မြစပဲရိုး

          July 29, 2016 at 9:23 pm

          မောင်စော စေတနာကိုလဲ သိပါတယ်။
          အခု Post ရဲ့ အနှစ်ဖြစ်တဲ့ Comfort zone က နေ ထွက်ဖို့ ကိုလဲ သဘောတူ ရုံ မက တိုက်လဲ တိုက်တွန်းပါတယ်။
          မလိုဘူး ထင်ရင်တောင် လုပ်ဖို့ လူတိုင်း ကိုလဲ တိုက်တွန်းခဲ့ပါတယ်။

          မကြိုက်တာက ပုံပြင်ထဲ က နွားကို သတ်တဲ့ နမူနာပြ ကို ပါ။
          လက်တွေ့မှာ ကိုယ်ကျင့်တရား တွေကို ထိခိုက်စေတဲ့ အကြောင်းမျိုး နဲ့ လူတွေကို မဆွဲသင့်ဘူးလို့ ယူဆမိလို့ပါ။
          စေတနာဘယ်လောက်ပါပါ တစ်ပါးသူ ရဲ့ စိတ်ဆန္ဒ ကို မမေးဘဲ/သဘောတူညီမှု မယူဘဲ ကိုယ့်သဘော နဲ့ ကိုယ် ဘာကိုမှ မလုပ်သင့်ပါဘူး။
          ဒါဟာ တစ်စိမ်းတင်မက ကိုယ့်သားသမီး၊ ကိုယ့် ဇနီး ခင်ပွန်း ကိုတောင် မလုပ်ရပါဘူး။
          တကယ်တော့ ပညာရှိ အစစ် ဆိုရင် ခိုးကြောင်ခိုးဝှက် မလုပ်တဲ့ နည်း နဲ့ ကောင်းတဲ့လမ်း ကို ညွန်ပြတတ်ရမှာ မဟုတ်လား။

          အရီး ထင်ပါတယ်။
          တကယ်လို့ များ
          နင်းနင်း က ဒီအချိန်မှာသာ လူလွတ် တစ်ယောက် ဖြစ်နေရင် သူ တွေဝေ မှာ မဟုတ်ပါဘူး။
          သူ လူလွတ် ဆိုလဲ လုပ်သာလုပ်လို့ တွန်းမှာပါ။
          ဒီလိုဘဲ မောင်စော မှာလဲကိုယ့်နောက်မှာ ကိုယ့်ကိုယ်ဘဲ အားကိုးပြီး မှီခိုသူနေသူ မိသားစု ရှိနေရင် ဒီလောက် သွေးနီမယ် မထင်မိဘူး။
          အခြေအနေ မတူတာလေး ကို ပြောတာပါ။

          ကာယကံရှင် ကသာ အချက်အလက် တွေ နဲ့ ဆင်ခြင် တွက်ဆကြည့်ပါ လို့ သာ ပြောလိုပါတယ်။
          ကိုယ်လုပ်မဲ့ လုပ်ငန်း နဲ့ ဆင်တူ လုပ်ငန်းများ ဒီအချိန်မှာ ဘာဖြစ်နေလဲ။
          အနာဂါတ်အတွက် ခိုင်မာတဲ့ Market/Demand ရှိနေသေးရဲ့လား စတဲ့ မေးခွန်း တွေ အပြင် what-if analysis ပုံစံ လေး ချပြီး စဉ်းစားကြည့်ပါ။
          Risk မများဘဲ လက်ရှိ အလုပ် လုပ်နေရင်း အသစ် ကို အသာတွဲ လုပ်တာမျိုး ကြိုးစားကြည့်ပါ။
          လူ နည်းနည်း ပင်ပန်းမှာဖြစ်ပေမဲ့ အခြေမပျက်တဲ့ နည်းပေါ့။
          နွားကို တော့ ဒီလိုအချိန်မှာ တွန်းချဖို့ မလုပ်စေချင်ဘူး။
          လက်ရှိ အခြေအနေက အလုပ် တစ်ခု ရဖို့ ခက်လား/လွယ်လား အားလုံးသိကြတဲ့ အတိုင်းဘဲကိုး။

          သူဘာလုပ်မယ်မှန်း မသိဘဲ ထင်ကြေး နဲ့ ပြောနေတာမို့ ကိုယ့် အကြံပြူချက်ကလဲ reliable မဟုတ်ပါလေ။ :-))))

  • .ဇုံ မျိုးစုံဝင်ထွက်ခဲ့ဖူးပါပြီ…အဲ့အတွေ့အကြုံအရပြောရရင်…အပေါ်က ကိုဂျက်ပြောပြသလို
    “သူ ပြောချင်တာက လူတွေဟာ (အထူးသဖြင့် ကိုယ်တွေပေါ့ ဟိဟိ)
    မပြောင်းဘဲ နေလို့ ရသလောက် မပြောင်းဘဲ နေကြတယ်။
    မပြောင်းလို့ မရတော့ဘူး ပြောင်းကို ပြောင်းမှ ဖြစ်မယ် ဆိုတဲ့ အခြေအနေမျိုး မှသာ ပြောင်းလဲကြတာ တဲ့။”
    ဆိုတာကိုသွားတွေ့တယ်….ကိုယ့်အရည်အချင်းတက်သထက်တက်လာအောင်
    .အမြဲလုပ်နေကြိုးစားနေရမှာကတော့ လူတိုင်းအတွက်အရေးကြီးတာပဲ…

  • Comfort zone ထဲနေတယ်ဆိုတာ ကိုယ့်အတတ်ပညာကို ရောက်ရာနေရာမှာ
    .ရပ်ပစ်လိုက်ပြီး မျှောနေတာကိုဆိုတယ်…အသက်အရွယ်အရကြိုးစားတက်နိုင်တဲ့သင်တန်းတွေ
    .ဒီပလိုမာတွေ..ဒီကရီတွေ..မာစတာဘွဲ့တွေ…ရှိနေပါရဲ့နဲ့ ဆက်မကြိုးစားတော့တာကိုပြောချင်တာ…

    .

    • Yae Myae Tha Ninn

      July 28, 2016 at 11:32 am

      အဲမှာ နည်းနည်း လည်နေတယ် ဦးမိုက်ရေ… တချို့ကတော့ ကိုယ်နဲ့ဆက်စပ်မှုတော့ ရှိတယ် သို့သော် လိုင်းပြောင်းသွားတာကို ဇုန်ခုန်တယ် ပြောတယ်… အခု ဂျက် နဲ့ ဦးမိုက် အထင်က ဒီလိုင်းပေါ်မှာပဲ ထပ်တက်လို့ရတာကို မတက်ပဲ မျောနေတာကို လို့ထင်တယ်.. အရီး ကူရမယ် ထင်တယ်… ဟီး… 🙂

      • ကျော်လွင်ဖြိုး

        July 28, 2016 at 12:24 pm

        ရှင်းပါတယ် ဗျ။
        ကိုယ် ရောက်တဲ့ နေရာမှာ ကိုယ် ကျွမ်းကျင် ပြီးသား အလုပ် တစ်ခု မှာ တိုးတက်မှု ဆုတ်ယုတ်မှု မရှိဘဲ အလိုက်သင့် မျော နေတာကို comfort zone ခေါ်မပေါ့။
        အဲဒီ ထဲကနေ အပြောင်းအလဲ တစ်ခုခု လုပ်တာနဲ့ ဇုန်က ပြောင်းသွားပြီ။

  • uncle gyi

    July 28, 2016 at 9:05 am

    ရွာထဲဒီလိုလှုပ်လှုပ် လှုပ်လှုပ်မဖြစ်တာကြာပေါ့.
    ရွာစားလုှပ်လိုက်တာတကယ်ကိုလှုပ်ပ
    ရွာက်ိုအသက်ဝင်သွားစိုပြေသွားတာပဲ
    လူဆိုတာအသက်ရှင်ရပ်တည်ဖို့ဆိုရုန်းကန်တတ်သူမ ျားဖြစ်ကြပေမဲ့
    တယောက်နဲ့တယောက်အရည်အခ ျင်းမတူကြပါ
    ဒီတယောက်ဒီလိုလုပ်လို့ဖြစ်ပေမဲ့နောက်တယောက်ဒီလိုလုပ်လို့မဖြစ်တာတွေလဲအမ ျားကြီးပါ
    ပြောင်းလဲဖို့ဆိုကိုယ့်အင်ကိုယ့်အားကိုယ့်လုပ်နိုင်စွမ်းကိုကိုယ်တိုင်သေခ ျာသိသင့်ပါတယ်

    • Yae Myae Tha Ninn

      July 28, 2016 at 11:40 am

      အရီးပြောသလို Streatch Zone ပြီးရင် Risk Zone အဆင့်ဆင့် ဖြတ်နိုင်ဖို့ ကိုယ်စွမ်းမလား သေချာ သုံးသပ်… ဒါမျိုးကို အာရုံစူးစိုက်မှု ရအောင် တရားထိုင် စိတ်တည်ငြိမ်မှု ရမှာတွေ လုပ်… ဒါဆိုရင် ပြောင်းသင့် မပြောင်းသင့် ဆုံးဖြတ်လို့ရပြီထင်ပါတယ်… အန်ကယ်ကြီးရေ… ဝင်ရောက်ပါဝင်ပေးလို့ ကျေးဇူးပါနော်… 🙂

  • Thint Aye Yeik

    July 28, 2016 at 6:38 pm

    ဒီလို ပိုုစ့်ကောင်းလေးတွေ ပြန် ဖတ်ရပြီဆိုမှတော့
    ရွာထဲ ပြန် ဝင်အုန်းမှပါ
    :k:
    ၈သောင်းနဲ့မှ၆ထောင် ကျော်ပြီဆိုတော့ တသိန်းကလည်း နီးပကိုးးး
    :k:

    ဒါနဲ့ နွားတစ်ကောင်ကို ချောက်ထဲတွန်းချတာက
    အဲ့နွားအတွက် သေခြင်း ပိုကောင်း မကောင်း
    .ချောက်ထဲတွန်းချ သတ်တာနဲ့ လည်ပင်းသွေကြောလေးတွေ လှီး သတ်တာ ဘယ်ဟာ ပို မြင့်မြတ်တဲ့သေခြင်း ဖြစ်မဖြစ်နဲ့
    သတ်သူရဲ့ကဏ္ဍ ဆိုတာတွေပဲ ထိုင်တွေးနေမိ

    အခုတလော အစ်စလာမ် ဘာသာရေးကို စိတ်ဝင်စားနေတယ်တို့ ဘာတို့

    :k:

    • Yae Myae Tha Ninn

      July 29, 2016 at 9:44 am

      ဒီပုံပြင်လေးက အရီးပြောသလို တရုတ်ပုံပြင်လေးဆိုတော့… ဂဟေဆော်တဲ့ဟာနဲ့ သတ်မယ်ထင်တယ်ဗျ… ဟီး… တော်တော် တောက်မြင်ကပ်သွားတယ်… အဲမူဗီကြည့်လိုက်တုန်းက…
      ဘယ်လိုသတ်သတ်ပါ သေသွားရင်ပဲ သူတို့မိသားစု ဇုန်က ကျော်ဖို့ ဖြစ်သွားပြီလေ… ပုံပြင်ထဲမယ် ပြောပါတယ်… 🙂
      ပို့စ်ကောင်းတွေ ပျောက်တဲ့အထဲမယ် ဆက်ဆက်တို့ တာဝန်လဲ မကင်းဘူးနော်… စတာပါ… စတာပါ… 😛
      ပြန်လုပ်ကြပါလားလို့ ဆက်ဆက်ရယ်…

    • kai

      August 2, 2016 at 1:40 pm

      နွားကိုချောက်ထဲတွန်းချရင်.. နွားကမသေပဲ… ကျိုးပဲ့ပြီး..အော်နေမှဖြစ်.. ကြားသူအကုန်..စိတ်မချမ်းမသာ… မငြိမ်းချမ်းဖြစ်ကုန်ပါမယ်..။
      သဘောက.. နွားရဲ့နာနာကျင်ကျင်အော်သံက… ကြားသူတွေကို.. တုံ့ပြန်မှုအများကြီးဖြစ်စေတာမို့…။

      လည်ပင်းသွေးကြောလှီးဖြတ်ရင်.. နွားက.. သာမန်အားဖြင့်.. မိနစ်ပိုင်းလောက်ပဲခံစားရတတ်တယ်..။
      ပိုသေချာအောင်.. အသံထွက်တဲ့လေပြွန်ကိုပါ.. ဖြတ်လှီးလိုက်ရင်.. ပိုကောင်းပေါ့…။
      အဲလိုနဲ့သေတဲ့.. နွားရဲ့အသားက… သွေးတွေပန်းထွက်ကုန်သမို့.. သွေးမပါ.. ပိုစားကောင်းပါတယ်..။
      ဆိုလိုတာက..
      နွားကိုလယ်လှီးသတ်တာက…. အသင့်လျှော်ဆုံးလို့ထင်..။
      ပြီးမှ.. စား.. လိုက်… ကြ… ပေါ့…။ :k:

      • Yae Myae Tha Ninn

        August 4, 2016 at 9:20 am

        တဂျီးလဲ… ဦးကြောင်ပြောလဲ ပြောချင်စရာပဲ လည်လှီးဖို့ကို စိတ်သန်နေတယ်… 😛

  • Yae Myae Tha Ninn

    July 29, 2016 at 3:39 pm

    “လူဆိုတာရွေးချယ်စရာရှိရင် ရွေးချယ်မိတဲ့သဘောခင်ဗျ…ရွေးချယ်စရာမရှိတဲ့လမ်းထဲကိုအရင်ဝင်တိုးဖို့ပဲလိုတယ်လို့ ထင်မိကြောင်း..” အဲဒါလေးကို သိပ်မရှင်းဘူးဗျ… နည်းနည်း ပြန်ရှင်းပေးပါလား… ရွေးချယ်စရာမရှိတဲ့ လမ်းထဲဆိုတာ ဘယ်လိုမျိုးလဲ… ကိုစောရဲ့… လင်းပေးပါဦး… 🙂
    ပထမကတော့ ဇုန်ခုန်တာပဲဗျ… မန့်ရင်း ပြန်ဖတ်ရင်း အနုလုံ ပဋိလုံလာရာမှာ… နွားဆိုတာ တကယ်တော့ Ego ကို ပြောတာပဲဆိုတာ သဘောပေါက်လာတယ်… ကျွန်တော် တော်တော် ပိန်းတာပဲ နော်… ဟီး…

    • sorrow

      July 29, 2016 at 4:11 pm

      ..ကွယ်..အလုပ်ထွက်ပြီး. ကုန်ပဏီထောင်ပစ်ဖို့ပြောနေတာ ကိုယ်ပိုင်စီးပွားရေးတခုခုစလိုက်ဖို့ပြောနေတာ …ငယ်လေးရေ….ရုံးခန်းဌား.. ဝန်ထမ်းဌား..ရှိသမျှငွေ အပြင်ချေးဌားထားတာအကုန်အဲ့ထဲရောက်ပြီးမှတော့ ရွေးချယ်စရာရှိအုံးမလား ….အကောင်းဆုံးရင်ဆိုင်ပစ်ဖို့ပဲရှိတော့တာ…

      ..ရဲရင့်သူသာ အောင်နိုင်ရာ….
      မအောင်မြင်ဘူးလား…တစ်ကပြန်စ…အကြင်နာအများကြီးနဲ့ တွန်းချတာ …ကိုယ်တွေတုန်းက GM လစာကြီးနဲ့​လူတကာ (​ချစ်သူအပါအဝင် ) လူတိုင်းတားနေရက်နဲ့ ခုန်ချတာ…မသေဘူး…

      • Yae Myae Tha Ninn

        July 29, 2016 at 5:25 pm

        ဟီး… ဇွတ်ကို တွန်းချနေတာပဲဗျ… နဂိုကတည်းကလဲ ခုန်ချဖို့ပါ… အားပေးမယ့်သူ ဝါ လူမိုက်လိုက်ဌားနေတာ… အချိန်တော့ ယူဦးမယ်ဗျ… ကျေးဇူးပါ… မသေလောက်ပါဘူးနော့… 🙂

        • မြစပဲရိုး

          July 29, 2016 at 9:38 pm

          ရေကူးနိုင်ရင်၊ အသက်ကယ်ဘော ရှိနေရင်၊ ကိုယ့်ကိုယ်ကို ယုံကြည်ရင် (ကံကောင်းရင်) မသေပါဘူး။ :-)))) 😉

        • sorrow

          July 30, 2016 at 1:36 am

          အရီး​လေး​ရေ..​​ကျော်​ကအငြိမ်​းစားဝန်​ထမ်​းမိဘ​တွေနဲ့ တမိသားစုလုံးကို​ထောက်​ပံ့​နေရသူမို့လို့ကို ခုန်​ချတာပါ…..

          သက်​​သေအ​နေနဲ့က ညီအရင်​းလိုဖြစ်​​နေတဲ့ တ​ဇောက်​ကန်​း​လေး တဂျားသာ​မေးပါ​တော့…

          နှင်​းနှင်​း​ရေ…ခုန်​ချရဲရင်​ကို မ​သေဘူး..မခုန်​ချရဲမှ အခါခါ​သေမှာ..ဒီ​လောကရဲ့​နောက်​ဆယ်​စုနှစ်​များကို
          ​​တ​ဇောက်​ကန်​းနဲ့ ​မိုက်​ရူးရဲ​တွေကြီးစိုးမှာ …လွန်​​လေပြီး​သောနှစ်​များက ဗမာပြည်​မှာ​ရေကိုဘူးနဲ့ထည်​့​ရောင်​းမယ်​ကြံလို့ လူတကာ​လှောင်​ခံရတဲ့​ရေသန်​့သူ​​ဌေးကြီးကို သတိရပါ….

          အဟီဟီ ဒီမယ်​ ..ကိုမျိုးသန့်ကြီး.​ဆောရိုး​လေး ​​ ..​​ စော်​ ကြည်​တာလဲ​မ​ပြောနဲ့..ပြန်​ကြိုက်​မယ်​မ​သေချာ​သေးပဲနဲ့ကို လက်​ဖမ်​းကိုင်​ပစ်​တာ .အခု.ချစ်​သူ့နှစ်​ပတ်​လည်​သုံးခါကျင်​းပြပြီးြပြီ…ရဲရင်​့သူသာ​အောင်​နိုင်​ရာ…​ဆောရိုးကရုပ်​​ချောတာကိုးလို့ဆိုတဲ့ဆင်​​ခြေလာမ​ပေးနဲ့ ..အ​​ရေးကြီးတာ ဇပဲ ..အ ​ချွန်​နဲ့မလက်​စနဲ့ တခါထဲမလိုက်​တာ …အဟိဟိ

  • Yae Myae Tha Ninn

    July 30, 2016 at 1:20 pm

    အရီး နဲ့ ကိုစောရေ… အကြံပေးတာထက်ကို စေတနာထားပြီး သွေးရင်းသားရင်းလို ဆွေးနွေးပေးတာကို တွေ့ရတော့ အရမ်းဝမ်းသာတယ်ဗျာ… ကျန်သူများလဲ ထိုနည်းတူစွာပါ ကျေးဇူးလဲတင် ဝမ်းလဲသာပါတယ်ဗျာ…
    ကျွန်တော့် ကိုယ်ပိုင်အခြေအနေလေးတင်ပြပီး ဆွေးနွေးရင် တယောက်စာပဲ ရမယ်… ဒီတော့ တော်တော်များများလဲ အလားတူ ဖြစ်နေတာ တွေ့ရတော့ ခေါင်းစီးတခုအနေနဲ့ တင်လိုက်တာပါ…
    တကယ်တော့ ကျွန်တော်ဟာ ဇုန်ထဲက ခုန်မို့ပါ… လိုင်းမတူတာကိုပေါ့… ဘာလို့လဲမေးရင် အဲဒီ လိုင်းက အလုပ်ရှာရပိုလွယ်တယ်… အိမ်နီးတာကို လိုချင်တာကြောင့်လဲပါတယ်… ရာထူးလဲ တက်လွယ်တယ်… အသက်ကြီးတဲ့အထိလဲ လုပ်လို့ရတယ်… သင်တန်းကြေးကလဲ ဈေးသက်သာတယ်… လူတွေနဲ့လဲ ပိုနီးစပ်တယ်ပေါ့… ကိုယ်တိုင်ကလဲ အဲလိုင်းကို နဂိုနှစ်သက်တယ်… စကန်ဒရီ အနေနဲ့ကို ထားထားတာလဲပါတယ်…
    အခုတော့ သူငယ်ချင်းတယောက်ဆီကနေ အဲဒီလိုင်းကို ပြန်သင်ဖို့ အဆင်ပြေလာတယ်… ရသေ့စိတ်ဖြေ မဟုတ်လဲ တခြားဟာတွေ အပန်းဖြေတာထက် ပညာရပ်တခုကို ထပ်လေ့လာတာက ဝါသနာလဲ ပါတာ ပါမှာပေါ့ ကျွန်တော့်အတွက်မဆိုးဘူးလားပေါ့…ပြီးတော့ နှစ်ပေါင်းများစွာ ရင်းခဲ့တဲ့ အလုပ်ကိုပဲ မော်ဒီဖိုင်းလုပ်ဖို့ ဂျက်အပြော ဇုန်ကအထွက် ကျွန်တော့် အထင် အရွေ့တခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်…မိန်းမကလဲ သင်တန်းတက်ဖို့ကို တိုက်တွန်းပါတယ်… ကျွန်တော်ပြောတဲ့ မိသားစု ပတ်ဝန်းကျင်ရဲ့ အားပေးမှုလဲ ရတယ် ဆိုပါတော့… တကယ်ကိုမျောနေတာကတော့ ၄ နှစ်ရှိပြီဗျ… အကြောင်းကြောင်းကြောင့်လဲပါတာပေါ့ဗျာ… အသက်လေး ၃ဝ ကျော်လာတော့ မန်းနစ်ရှမန့်လိုင်းကို ကူးဖို့ စဉ်းစားတာလဲပါတယ်… ရာထူးနဲ့အတူ လစာကလဲ ပါတာကိုး… ကလေးထပ်ယူဖို့လဲ ပါတယ်…ဒါနဲ့ အဘက်ဘက်ကို ပြန်လိုက်ကြည့်တော့ နောက် ၃ ၄ နှစ်ဆို ထူးခြားမှုတွေ တိုးတက်မှုတွေနဲ့အတူ ကျွန်တော်လက်ရှိလိုင်းက ရေရှည်လုပ်စားလို့ရလာတာ တွေ့လာတယ်… ဒါကလဲ ကိုယ့်ကိုယ်ကို သုံးသပ်ပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာလို့ရတဲ့ အကျိုးရလာဒ်ပေါ့… ကိုယ်ကသာ အရည်အချင်းပြည့်အောင် လုပ်ထား ပိုက်ဆံက နောက်ကနေလိုက်လာမယ်ထင်ပါတယ်… လခစားမို့ မချမ်းသာလာပေမဲ့ ကလေးကို လူတန်းစေ့ထားနိုင်ရင် တော်ပါပြီ… အခုက ၂ ယောက်မွေးမယ် တွေးထားဆိုတော့ မလာခင် ကြိုစဉ်းစားထားတဲ့ သဘောပါ…
    တဖက်တလမ်းကလဲ ကုမဏီတွေကို ပတ်တိုင်း လိုက်ပြင်ပြီး ထပ်ဖြည့်ရင်း ကိုယ်ပိုင်လုပ်နိုင်လောက်တဲ့ မိတ် ရအောင် လုပ်နေပါတယ်… လုံလောက်တဲ့ မိတ် ရရင်တော့ တန်းပြီး ဒိန်းဂျားကိုခုန်လဲ ကြောက်စရာမရှိပါဘူး… ပိုင်နေပြီကိုး… အဲ့အချိန်ပဲ တခါ ခေါင်းပြန်စားမှာ ဘာကိုရွေးမလဲဆိုပြီး(နောက် ၃ ၄ နှစ်ကြာရင်ပြောပါတယ်)… ကိုယ်ပိုင်လား ?? လခစားလား ?? သာတာပဲ ယူမှာပေါ့နော့… ဘယ်လိုခုန်ခုန် ကိုယ်က ရေကူးတတ်နေပြီကိုး…
    နောက် ၃ ၄ နှစ်ထိလဲ မလောက်မှာ မကြောက်ရသေးတော့ အချိန်ယူ အရှိန်ယူလို့ ရဦးမယ် ထင်ပါတယ် (သင်တန်းတက်ဖို့ ဇုန်ကခုန်ဖို့)… ပြီးမှ အဲအချိန် ရာထူးတိုး လစာတိုးမှာနဲ့ဆို ကလေးထပ်တိုးရင်လဲ ခံနိုင်ရည်ရှိလောက်ပါပြီ… အမွေကတော့ ကလေးကို ပညာအမွေပေါ့… 🙂 ဒီပို့စ်ကနေ ရလာဒ်က လိုင်းကူးအခုန်ကနေ လိုင်းတူ အရွေ့(အခုန်) ကို ရွေးဖြစ်သွားတာပဲ… ကျေးဇူးတင်ပါတယ် အားလုံးအားလုံးကို…. 🙂
    အခုန်တခုတော့ ကျန်တယ်… ဒါကတော့ မလုပ်ဖြစ်ဖို့ များသွားပါပြီ… ဇုန်ထဲပဲ ထားလိုက်ပါတော့မယ်… အဟဲ ဒါက ငွေတိုးချထားတာကို ကားဝယ်ဖို့ အခုန်ပါ(ခိုင်းစားဖို့ နောက်ထပ် အင်ကမ်းအတွက်ပါ)… တော်ပြီ ခုနက ခေတ်အခြေအနေကြည့်ထားမိလိုက်တော့ ဟန်ဘူးဗျ… ဒါကတော့ လုံးဝ ပုံမှန်နို့ညှစ်တာပဲ ကောင်းတယ်… အိုင်တီသမားဆိုတော့ Back Up ထားရမှ စိတ်ချတတ်တာလေ…
    နောက်ဆုံးတခုကတော့ နောက် တပတ်လောက်ဆိုရင် ဒီပို့စ်ကို ကျွန်တော် Summary ထုတ်ချင်တယ်… အရီးကူပေးပါနော်… တယောက်ချင်းစီ အမြင်ကိုမှ ဘယ်လို ချိန်ထိုး လုပ်သင့်တယ်… ဘယ်လို အချိန်မျိုးမှာဆိုတာလေးကိုပေါ့… ကူပါဦးနော်… 🙂

  • Yae Myae Tha Ninn

    July 30, 2016 at 1:25 pm

    What- If Annalysis လေးကို ပို့စ်အနေဲ့ တင်ပေးပါလားဗျာ… သိသူများ ကျေးဇူးပြုပြီး… ဘူမှ မတင်ရင် အရီးတင်ပေးနော်… တင်တတ်သလိုသာ တင်… ဟီး… ပုံတိုပတ်စလေးနဲ့ဆို ပိုကြိုက်မိမှာ… 🙂

  • မြစပဲရိုး

    July 30, 2016 at 9:36 pm

    တကယ်တော့ ဒီလို ရှိတယ် နင်းနင်း ရဲ့။
    ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်/တတ်တယ် ဆိုတာ သူ့ဟာသူ ဗီဇ သွေးထဲ ကကို ပါလာတာများလားလို့။

    အရီးလို ပေါက်ကရ စကားလုံးကြီးကြီး တွေ နဲ့ လျှောက်ပြောနေတိုင်းသာ စွန့်ဦးတီထွင် လုပ်နိုင်ကြေးဆို စီးပွါးရေးတက္ကသိုလ် က ဆရာ/မ တွေ အားလုံး လုပ်ငန်းရှင်ဖြစ်ကုန်ပြီ။
    သို့ပေမဲ့ သူတို့ဆီက ပညာ တွေ ကို လုပ်ငန်းရှင်တွေ က ဘာလို့ လိုလဲ ဆိုတာက တော့ နောက်ထပ် ကဏ္ဍ တစ်ခု ဖြစ်သွားတာမို့ ထားတော့။

    အရီး ရဲ့ နှစ်ဖက် ဘိုးဘွား တွေ က အောင်မြင်ခဲ့တဲ့ ကုန်သည် ပွဲစား ပွဲရုံလုပ်ငန်း စီးပွါးရေးသမား တွေ ဆိုပါတော့။
    သူတို့ မှာ ပညာ အရည်အချင်းက ဆိုတာဝေးလို့ အတန်းပညာတောင် မတတ်ကြပါလေ။
    ဒါပေမဲ့ သူတို့ ဘာလုပ်ရမယ် ဆိုတာ သူတို့ ရဲ့ အာရုံ က ကောင်းကောင်းသိခဲ့တယ်။
    ဘာလို့လဲ ဆိုတော့ သူတို့ အလုပ်လုပ်နေတဲ့ အကြောင်းအရာတွေ ကို အသေးစိတ် ခရေစေ့တွင်းကျ နားလည်ကြတယ်။
    အနာဂါတ် မှာ ဘာဖြစ်မယ် ဆိုတာကို မှန်းဆတတ်ကြတယ်။
    အဲဒီ ကောင်းတာရော၊ ဆိုးတာပါ ဖြစ်လာနိုင်မဲ့ မှန်းလိုက်တဲ့ အနာဂါတ် အတွက် ပြင်သင့်တာတွေ ကို ပစ္စုပန် မှာ ပြင်ဆင်ထားခဲ့ ကြတယ်။
    ဥပမာ – လာမဲ့ နှစ်မှာ ပဲလှောင်ဖို့ ရည်ရွယ်ပေမဲ့ ပဲ အထွက်မကောင်းနိုင်တဲ့ ရာသီမျိုး ဖြစ်ခဲ့ရင် ကြက်သွန်လိုမျိုး ကို စာချုပ်လိုက်တာမျိုး ပေါ့။
    အဲဒီလို အနာဂါတ်မှန်းဆ ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ နိုင်မှု တွေ ကို ကြိုပြီး စီစစ် ပြင်ဆင်ထားတာမျိုး ကို What-If Analysis လို့ ခေါ်နိုင်သပေါ့။
    ရှေးကတော့ ဒီစကား ဘယ်ရှိဦးမလဲ။
    သူတို့ ဟာသူတို့ သိ နေခဲ့တာလို့ ဆိုရမှာဘဲ။
    တောက ထွက်တာတွေ ကို မြို့ပို့ဖို့ ကိုယ်ပိုင် ရေယာဉ် တွေ ရှိရင် ပိုပြီး အဆင်ပြေမှာလဲ သိကြတာဘဲ။
    ဒီတော့ အတော်လေး အလုပ်ဖြစ်သပေါ့။

    သို့ပေသည့် ထူးဆန်းတာက သူတို့ သားတွေ ကိုတော့ ကုန်သည် ပွဲစား မလုပ်ခိုင်းဘဲ မြို့ပို့ပြီး ဘွဲ့ယူခိုင်း၊ အစိုးရ အရာရှိကြီး တွေ၊ တက္ကသိုလ် ကထိကကြီး တွေ လုပ်ခိုင်းတော့တာဘဲ။
    အစိုးရကားစီးရတာ က သူတို့ ပိုင်တဲ့ ရေယာဉ်စီးရတာ ထက် ပို ဂုဏ်တင့်တယ် ထင်ကြတာ။
    သားတွေကလဲ အဲဒီခေတ်မှာ မြို့ပိုင် ဆိုပြီး နာမည်တပ် နိုင်ရင် ကို မိန်းကလေးရှင် တွေ ဝိုင်းနေတော့တာမို့ အဲဒီ ဂုဏ်ကို ပိုလိုချင်တာလဲ ရှိ မို့ မိဘ လက်ငုတ် လက်ရင်း ဘယ်သူမှ မဆက်ခံ ခဲ့ ကြတော့ဘူး။
    ဒီတော့ မိဘ ထောက်ပံ့တာ နဲ့သာ လူတန်းစေ့ရုံ နေနိုင်ကြတော့တာပါဘဲ။
    တကယ်တော့ လုပ်ချင်ကြရင် ရေကန် အသင့် ကြာအသင့်လေ။
    သူများ တွန်းစရာမလို။ လုပ်နေပြီး /လုပ်ရဲပြီးသား ပါဘဲ။
    ကိုယ့်လုပ်ငန်း ကိုယ်ပိုင်လုပ်ရင် ပိုက်ဆံ ပိုရ တာ သိပေမဲ့ သူတို့ သွေးထဲ မှာ လုပ်ငန်းရှင်ဗီဇ သွေး မပါလာတာ နဲ့ ဦးဏှောက် က ဘယ်လို အခြမ်းဘက် က ပိုအားသာ နေခဲ့လဲမှ မသိတာမို့ မလုပ်နိုင်ကြတာ ထင်တာပါဘဲ။
    ဒီတော့ သူတို့ သန်ရာ သူတို့ ရွေးချယ်မှု ပါဘဲ။

    အရီး ရဲ့ မောင် တစ်ယောက် က တော့ သဘောင်္ က ဆင်းပြီး သူ့ကိုယ်ပိုင် အလုပ်လုပ်ပါတယ်။
    တီထွင် ကြံဆ ဉာဏ်မရှိတာ ရယ်၊
    အသုံးအဖြုန်းကြီးတာရယ်၊
    လေ့လာသင်ကြားမှု မရှိဘဲ ဆ ဆရာကြီး လိုဘဲ နေချင်တာရယ်၊
    ကိုယ့် အလုပ်ရဲ့ ရှေ့ရေး နဲ့ လက်ရှိဈေးကွက် နဲ့ Risk ကို မညှိတတ်တာရယ်၊
    တစ်နေရာမှာ အာရုံထား စိတ်မငြိမ်ဘဲ အခက်အခဲ တွေ့တာနဲ့ အဲဒါကို ချန်ထား နောက်တစ်ခု ကူး မို့ ဟိုပြောင်းဒီ ခုန် တွေ ရယ် နဲ့
    ပေါင်းလိုက်တော့ အရင်းပြုတ်ပါတယ်။
    နောက်ပိုင်း အရှုံး တွေများတော့ မလုပ်ပါနဲ့ တားရပါရော။ အေးအေးနေပြီး ဘဏ်တိုးစားတာကမှ အရင်းမပဲ့ ရှိသေးတာကို။

    ဆိုချင်တာက
    ကိုယ်ပိုင် အလုပ်ဆိုတာ လုပ်ရာမှာ ကိုယ်ပိုင်စဉ်းစားဉာဏ် နဲ့ ဆုံးဖြတ်နိုင်စွမ်းအား အတော်လေး အားကောင်းဖို့ လိုတာ အပြင် အခက်အခဲ ကိုလဲ လက်မလျှော့တတ်မှ လုပ်ဖို့ကောင်းတာပါ။
    အိုင်တီ ဆိုတာက လခစား အလုပ်ထွက်ဖို့ မလိုဘဲ ဘေးပေါက် လုပ်ငန်းခွဲ လုပ်နိုင်ပါတယ်။
    ဒီတော့ နင်းနင်း စမ်းချင်ရင် လခစားလုပ်ရင်း အချိန်ပိုလေး တွေရှာပြီး သေးသေးလေးတွေက ဘဲ စစေချင်ပါတယ်။

    အခု လောလောဆယ်မှာ နင်းနင်း သိချင်နေတဲ့ What-if analysis ကို လက်တွေ့ သုံးကြည့်ချင်ရင် မင်း နဲ့ လက်တကမ်း မှာဘဲ မှီ တဲ့ Excel မှာ ရှာကြည့်၊ ဖတ်ကြည့်၊ စမ်းကြည့်ပါ။
    ကိုယ့်ဟာကိုယ် စမ်းပြီး ရလာတဲ့ အကြောင်းက သူများ ပြောတာ ထက် ပို မှတ်မိပါတယ်။
    စမ်းရင်း အခက်အခဲရှိရင် ဇီကလေး ဆီမှာ အရီး ရဲ့ အီးမေးတောင်းပြီး မေးနိုင်ပါတယ်။
    သို့ပေမဲ့ အဲဒီထဲ မှာ Help file တွေ၊ Instruction တွေ အများကြီး အထောက်အကူ တွေရှိတာ ကို သုံးပြီး ကိုယ့် ဟာကိုယ်စမ်းကြည့်စေချင်ပါတယ်။
    ဒါဟာ Comfort zone ထဲ က တိုးထွက်ကြည့်ခြင်းပေါ့။

    အဲဒီလို Software လိုမျိုး တွေကို ကောင်းကောင်း ကျွမ်းကျွမ်းကျင်ကျင် သိလို့ ကတော့ ကိုယ်ပိုင်ကျောင်းတောင်ဖွင့်နိုင်သေးတာပေါ့ နင်းနင်း ရယ်။
    စက်တွေလဲ ပြင်၊ စာလဲသင် စနေ တနင်္ဂနွေမှာလုပ်ပေါ့။
    ဒီတော့ သူများ ကို စာမသင်ခင် အရင် ကိုယ်က ကျမ်းကြေအောင် လုပ်ပါလေ။
    စိတ်အင်အားသာရှိ၊ အောင်မြင်မှာပါ နင်းနင်း ရေ။
    အောင်မြင်ပါစေ။

    PS – သီအိုရီ သမား အရီး ထက် လက် တွေ့သမား မောင်စော ကို ပိုပြီး ဆရာတင် ပါ။
    သူ့က ပိုပြီး မှန်ကန်တဲ့ လမ်းကြောင်း ဖောက်ထားပြီးသူမို့ပါ။
    သို့ပေမဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတိုင်း ချမ်းသာဖို့/ချမ်းသာချင်လို့ မဟုတ်တာ ကိုလဲ သတိပြုပါလေ။
    သူတို့က သူများ ခိုင်းတာ လုပ်ရတာ မကြိုက်လို့တဲ့။
    ပိုက်ဆံ သိပ်မကျန်လဲ စိတ်လွတ်လပ်သတဲ့။
    အတွေး တစ်မျိုးစီပေါ့။ :-))

    • sorrow

      July 31, 2016 at 12:48 am

      ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်/တတ်တယ် ဆိုတာ သူ့ဟာသူ ဗီဇ သွေးထဲ ကကို ပါလာတာများလားလို့။

      ဟုတ်​တယ်​ အရီး​လေးရယ်​..သိပ်​​ကောင်​းတဲ့အချျက်​ကို​ထောက်​ပြလိုက်​တာပါပဲ…​ကျော်​.​စေတနာစကားမို့​လောသွားတယ်​. ​ကျော်​က လွန်​ခဲ့တဲ့ဆယ်​့ခုနှစ်​ နှစ်​ကတဲက ပြင်​ဆင်​ခဲ့တာ …အသက်​ ၂ဝ မှာမန်​​နေဂျာ .အသက်​ ၂၅မှာ operation manager အသက်​ ၂၈မှာ GM အသက်​၃၅ မှာလုပ်​ငန်​းရှင်​ ဖြစ်​်ရမယ်​ဆိုတဲ့ စိတ်​နဲကြိုးစားခဲ့တာ…ဆို​တော့ကာ နှင်​းနှင်​းအ​နေနဲ့ ပြင်​ဆင်ချိန်​ လုံ​လောက်​ရဲ့လားဆိုတာနဲ့ ဗီဇနဲ့တကယ်​ဖြစ်​ချင်​ရဲ့လားဆိုတာ​လေး ပြန်​စဉ်​းစား​စေချင်​တယ်​ …

      ရှင်​သန်​ခြင်​းသည်​​ငွေ​​​ကြောင်​့သက်​သက်​မဟုတ်​ …

      • Yae Myae Tha Ninn

        August 1, 2016 at 11:51 am

        ကိုစောရေ… ကျွန်တော်ကတော့ ဘောင်ကျဉ်းကျဉ်း နဲ့ မျိုးဆက်ကို အဆင့်မြှင့်ပေးရမယ့် တာဝန်ရှိနေတော့ အကျိုးအမြတ်ကိုပဲ ကြည့်ဖြစ်တယ်ဗျာ… ဒါကြောင့်လဲ ပရောဖက်ရှင် မရှိသေးတာ ပါမယ်… တနေ့တော့ တွေ့မယ် ထင်မိပါတယ်… မတွေ့လဲ သားလေးကို ကျွန်တော့်ထက် ပညာပိုတတ်အောင် ပရော်ဖက်ရှင် နဲ့ သူ့ဝါသနာ တထပ်တည်းကျအောင် လုပ်ပေးနိုင်ရင် နောက်တဆင့်မြှင့်နိုင်ပြီဆိုပြီး ဟင်းချ နိုင်မှာပါ… အကျိုးအမြတ်ကြည့်ရတာကလဲ သားလေးသင်မယ့် ပညာရွှေအိုးက အဖိုးကြီးနေလို့ပါ… စိတ်ရှည်လက်ရှည်ကို စေတနာထားပေးတာ ကျေးဇူး တကယ်တင်ပါတယ်ဗျာ… 🙂

    • Yae Myae Tha Ninn

      August 1, 2016 at 11:43 am

      ကျွန်တော့်မိဘတွေလဲ အရင်က ကုန်သည်တွေပါ… ကျွန်တော်က ရန်ကုန်မှာ ကျောင်းတက်ချင်တယ်လို့ ပူဆာလို့ ရန်ကုန်ရောက်လာတာပါ… တနည်း ပန်ကာအောက်မှာ အလုပ်လုပ်တာကို မြင်ချင်လို့ပါ… ကျွန်တော်က မြိတ်သားပါ ရေလုပ်ငန်းလုပ်ရင် ကျိန်းသေ ချမ်းသာမှာပါ… မိဘတွေကို မေးဖူးပါတယ်… သား အဲဒါတွေ ပြန်လုပ်ရမလားဆိုတော့ ဒါဆို မင်းကို ဒီမှာ ကျောင်းလာမထားဘူးတဲ့… နောက်တခုက အရင်က ကုန်သည်ဆိုတာက အစိုးရအလုပ်မလုပ်ချင်လို့ လုပ်ကြတာပါ… ကုမဏီတွေဆိုတာ အခုမှ ခေတ်စားလာတာပါ… ဒါက မိဘတွေ ကုန်သည် ဖြစ်ခြင်း အကြောင်းပါ… တခြား ကိုယ်ပိုင်လုပ်ဖို့ဆိုတာ အိုင်တီလိုင်းပဲ ကျွမ်းတော့ အဲဒါက စီးပွားသိပ်မဖြစ်ဘူးဆိုတာ နားလည်ထားပါတယ်ခင်ဗျာ… ဘီယာ ဆေးလိပ်ကျတော့လဲ ထပ်ပြီး ခွင့်မပြုတဲ့အထဲပါတော့… နည်းနည်းရင်း များများမြတ် ဒါမှမဟုတ် ဗီဇသွေးထဲက ကိုယ်ပိုင်အလုပ်ကတော့ ရေလုပ်ငန်းပဲ ဖြစ်နေတော့ ကျွန်တော်လဲ အိုင်တီပဲ လုပ်နေရတာပါခင်ဗျာ…
      အရီးကို ကျွန်တော် အင်ဗိုင်ထားပါတယ်… အရီး လက်မခံထားလို့ပါ… ၂ နှစ်လောက်ရှိတော့မယ်… ဟီး… muli.htut ဆိုတာ ကျွန်တော်ပါပဲ… မေးစရာတွေတော့ အများကြီးရှိပါတယ်… အချိန်ရရင် ပြန်ဖြေပေးပါနော်… 🙂

  • လောလောဆယ် ကိုယ်တိုင် comfort zone ထဲက ရုန်းထွက်နေတယ်.. အဘွားရော. အဖေရော..အမေရော.. ဒီအတိုင်းလေးပဲ နေတတ်ခဲ့ကြတော့.. ကိုယ်တိုင်ကလည်း စွန့်စားဖို့ကို သိပ်နှောင့်နေးခဲ့တာ.. ကိုယ့်ရဲ့ status quo လေး တစ်ခုခုဖြစ်သွားရင် ကိုယ့်ကို မှီခိုနေတဲ့ ကိုယ့်မိသားစုလည်း ဒုက္ခရောက်သွားနိုင်တာကိုး… နောက်ဆုံးတော့ change ဆိုတာကို ကိုယ့်ဘာသာကို အတင်းဆုံးဖြတ်ချက် ချလိုက်တယ်.. ပြင်ဆင်မှုတွေတော့ ကြိုလုပ်ရတာပေါ့လေ…အခုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားနေတယ်… အမေကို ပြန်ကြည့်တဲ့ငါ ဘယ်တော့မှဒုက္ခမရောက်ပါဘူးလေ ဆိုပြီး စိတ်အားတင်းထားရင်းနဲ့ပေါ့.. :mrgreen:

  • Yae Myae Tha Ninn

    August 2, 2016 at 9:42 am

    အဓိကစိုးရိမ်တာလဲ အဲဒါပဲ… ကိုယ်ကပြောင်းလိုက်လို့ အိုကေရင် ကိစမရှိဘူး… မဟုတ်ရင် မှီခိုနေတဲ့ မိသားစုလေး ယိမ်းယိုင်သွားမှာ… ဒါပေမဲ့ အလုပ်တခုကလဲ တကယ်ကို ၄ ၅ နှစ်အပြင် ပိုလုပ်လို့မကောင်းဘူး(လခစား) ပြောပါတယ်… နောက်ကုမဏီကို ပရိုမိုးရှင်းနဲ့ ပြောင်းနိုင်ရင် အကောင်းဆုံးပဲ… သေချာတာတခုက မိဘကို လုပ်ကျွေးတဲ့ သားသမီးက ဘယ်တော့မှ ဘေးမတွေ့ပါဘူး… အကိုလဲ လက်ရှိလက်ခံကျင်သုံးနေပါတယ်… မွန်မွန်ရေ… 🙂

Leave a Reply