တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ်
ပြီးတော့
တန်းဖိုးနည်း အစားစာ
တန်ဖိုးနည်း အသွားအလာ
တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့
တန်ဖိုးနည်း ရောဂါကို
တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့
တန်ဖိုးနည်း အဖော်အချွတ်တွေမှာ
တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့
တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ်
တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ
တကယ်က
တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ်
တန်ဖိုးနည်း နားတွေ
တန်ဖိုးနည်း မျက်စိတွေ
တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍
တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ်
ဆိုတော့ကာ
အရေးကြီးတာ
တန်ဖိုးနည်း အိမ်ယာ မဟုတ်
တန်ဖိုးနည်း အစားစာ မဟုတ်
တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ်
အမှန်က
တန်ဖိုးနည်း ရှင်သန်နေရလည်း
တန်ဖိုးနည်း မသေဆုံးသွားဖို့က အဓိကပါ ကိုယ့်လူရယ်။
ကိုစစ်(ရူပဗေဒ)

ko six

About ko six

ko six has written 98 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014