ခရီးတစ်ခုသွားမယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းလေယာဉ်လက်မှတ်က ဈေးအကြီးဆုံးပါ ပြီးရင်တော့အများအားဖြင့် တည်းခိုစရိတ်တွေကဈေးကြီးတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေလိုလူငယ်တွေ ပိုက်ဆံလည်းအများကြီးမသုံးနိုင်ဘူး ကြာကြာလည်းနေချင်တယ် ဆိုတဲ့သူတွေအတွက် တည်းခိုစရိတ်တွေမှာချွေတာလို့ရနိုင်တဲ့နည်းလမ်းလေးပြောပြချင်ပါတယ်။
အဲ့ဒါကတော့ Hostel/Dorm တွေမှာနေတာပါ။ နောက်ပြီး တစ်ယောက်တည်းခရီးသွားရလို့ ဟိုတယ်ခန်းမှာ တစ်ယောက်တည်းမနေရဲတဲ့ ကိုယ်လိုလူတွေအတွက်လည်းအဆင်ပြေတာပေါ့ :D

အဲ့တော့ Hostel တွေမှာနေရခြင်းရဲ့ကောင်းကျိုးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိသလောက် sharing လုပ်ပေးပါမယ်နော်။

ဟုတ်ပါတယ် စောစောကပြောခဲ့သလိုပဲ ငွေကုန်သက်သာပါတယ်။ နေရာတော်တော်များများမှာ Hostelအများစုက တစ်ညကိုတည်းခိုစရိတ် ၁၀ဒေါ်လာမကျော်ပါဘူး တစ်ချို့တွေဆိုမနက်စာတောင်ပါသေးတယ်။၃စတားဟိုတယ်မှာတည်းတာရဲ့တစ်ဝက်လောက်သက်သာတာကြောင့် ရက်အကြာကြီးနေမဲ့သူတွေအတွက့်ကုန်ကြစရိတ်ကိုလျှော့ချနိုင်မှာပါ။နောက်ပြီး hostel မှာလာတည်းတဲ့နိုင်ငံအသီးသီးကခရီးသွားတွေနဲ့လည်းမိတ်တွေဖွဲ့နိုင်ပါသေးတယ်။ တစ်ယောက်တည်းသွားလည်း သူငယ်ချင်းရသွားမှာမို့လို့မပူနဲ့နော် :D
locker တွေလည်း hostel တော်တော်များများမှာရှိတဲ့အတွက် အပြင်သွားရင်သယ်မသွားချင်တဲ့ပစ္စည်းတွေကိုလည်း locker ထဲသော့ခတ်ပြီးထည့်သွားရုံပါပဲ တစ်ချို့ hostel တွေမှာတော့ luggage size အကြီးတွေထည့်လို့ရတဲ့ locker တွေရှိပေမယ့် တစ်ချို့မှာမရှိပါဘူး ဒါပေမယ့် မပူပါနဲ့ luggage တွေ backpack တွေအတွက် သီးသန့်ထားရမယ့်နေရာတွေထားပေးတတ်ကြပါတယ်။ ရေချိုးခန်း အိမ်သာတွေကတော့ share ပြီးသုံးရတာဖြစ်တဲ့အတွက် အခန်းမအားရင်ခဏစောင့်ရတာလေးတွေတော့ရှိတတ်ပါတယ်။ အများစုကတော့ရေချိုးခန်းအိမ်သာလုံလုံလောက်လောက်ထားပေးတတ်ကြလို့ no worries ပါ ပြီးတော့ သူများနဲ့နေရတာဖြစ်တဲ့အတွက် သူများတွေကိုအနှောင့်အယှက်ဖြစ်စေမဲ့အပြုအမူမျိုးလေးတွေ ဥပမာ သူများတွေအိပ်နေချိန်စကားအကျယ်ကြီးပြောတာတိ၊ု့ မုန့်တွေစားစရာတွေအခန်းထဲယူစားတာတို့ ကိုတော့ရှောင်ရပါမယ်ရှင့်။
တစ်ခုရှိတာကလူအမျိုးမျိုးစိတ်အထွေထွေဆိုတော့နည်းနည်းတော့သတိထားရမယ်ပေါ့နော်။

Bangkok, Phuket နဲ့ Vietnam က location အရရော တစ်ခြား facilities တွေပါကောင်းတဲ့ hostel လေးတွေလည်းသိချင်ရင်လည်း မွန်လေးကို

လက်တို့မေးမြန်းနိုင်ပါတယ်လို့…ရှာပြီးသားပါလို့.
Shar Thet Man

About Shar Thet Man

Shar Thet Man has written 195 post in this Website..