ဘာကြောင့် Hostel မှာတည်းသင့်လဲ????
ခရီးတစ်ခုသွားမယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းလေယာဉ်လက်မှတ်က ဈေးအကြီးဆုံးပါ ပြီးရင်တော့အများအားဖြင့် တည်းခိုစရိတ်တွေကဈေးကြီးတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေလိုလူငယ်တွေ ပိုက်ဆံလည်းအများကြီးမသုံးနိုင်ဘူး ကြာကြာလည်းနေချင်တယ် ဆိုတဲ့သူတွေအတွက် တည်းခိုစရိတ်တွေမှာချွေတာလို့ရနိုင်တဲ့နည်းလမ်းလေးပြောပြချင်ပါတယ်။
အဲ့ဒါကတော့ Hostel/Dorm တွေမှာနေတာပါ။ နောက်ပြီး တစ်ယောက်တည်းခရီးသွားရလို့ ဟိုတယ်ခန်းမှာ တစ်ယောက်တည်းမနေရဲတဲ့ ကိုယ်လိုလူတွေအတွက်လည်းအဆင်ပြေတာပေါ့
😀

အဲ့တော့ Hostel တွေမှာနေရခြင်းရဲ့ကောင်းကျိုးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိသလောက် sharing လုပ်ပေးပါမယ်နော်။
ဟုတ်ပါတယ် စောစောကပြောခဲ့သလိုပဲ ငွေကုန်သက်သာပါတယ်။ နေရာတော်တော်များများမှာ Hostelအများစုက တစ်ညကိုတည်းခိုစရိတ် ၁ဝဒေါ်လာမကျော်ပါဘူး တစ်ချို့တွေဆိုမနက်စာတောင်ပါသေးတယ်။၃စတားဟိုတယ်မှာတည်းတာရဲ့တစ်ဝက်လောက်သက်သာတာကြောင့် ရက်အကြာကြီးနေမဲ့သူတွေအတွက့်ကုန်ကြစရိတ်ကိုလျှော့ချနိုင်မှာပါ။နောက်ပြီး hostel မှာလာတည်းတဲ့နိုင်ငံအသီးသီးကခရီးသွားတွေနဲ့လည်းမိတ်တွေဖွဲ့နိုင်ပါသေးတယ်။ တစ်ယောက်တည်းသွားလည်း သူငယ်ချင်းရသွားမှာမို့လို့မပူနဲ့နော်

locker တွေလည်း hostel တော်တော်များများမှာရှိတဲ့အတွက် အပြင်သွားရင်သယ်မသွားချင်တဲ့ပစ္စည်းတွေကိုလည်း locker ထဲသော့ခတ်ပြီးထည့်သွားရုံပါပဲ တစ်ချိုု့ hostel တွေမှာတော့ luggage size အကြီးတွေထည့်လို့ရတဲ့ locker တွေရှိပေမယ့် တစ်ချို့မှာမရှိပါဘူး ဒါပေမယ့် မပူပါနဲ့ luggage တွေ backpack တွေအတွက် သီးသန့်ထားရမယ့်နေရာတွေထားပေးတတ်ကြပါတယ်။ ရေချိုးခန်း အိမ်သာတွေကတော့ share ပြီးသုံးရတာဖြစ်တဲ့အတွက် အခန်းမအားရင်ခဏစောင့်ရတာလေးတွေတော့ရှိတတ်ပါတယ်။ အများစုကတော့ရေချိုးခန်းအိမ်သာလုံလုံလောက်လောက်ထားပေးတတ်ကြလို့ no worries ပါ ပြီးတော့ သူများနဲ့နေရတာဖြစ်တဲ့အတွက် သူများတွေကိုအနှောင့်အယှက်ဖြစ်စေမဲ့အပြုအမူမျိုးလေးတွေ ဥပမာ သူများတွေအိပ်နေချိ်န်စကားအကျယ်ကြီးပြောတာတိ၊ု့ မုန့်တွေစားစရာတွေအခန်းထဲယူစားတာတို့ ကိုတော့ရှောင်ရပါမယ်ရှင့်။
တစ်ခုရှိတာကလူအမျိုးမျိုးစိတ်အထွေထွေဆိုတော့နည်းနည်းတော့သတိထားရမယ်ပေါ့နော်။
Bangkok, Phuket နဲ့ Vietnam က location အရရော တစ်ခြား facilities တွေပါကောင်းတဲ့ hostel လေးတွေလည်းသိချင်ရင်လည်း မွန်လေးကို
လက်တို့မေးမြန်းနိုင်ပါတယ်လို့…ရှာပြီးသားပါလို့.
11 comments
သင့်အေးရိပ်
October 9, 2017 at 5:27 pm
https://www.youtube.com/watch?v=DLxonzr9Iew
အဲ့ဒီလင့်ခ်ထဲက ဇာတ်ကားထဲကလိုမျိုး Hostel တွေမှာသာ တည်းမိမှာတော့ ကြောက်တယ်ကွယ်
:k:
A mar nyo
October 10, 2017 at 1:04 pm
ပထမအကြိမ် Hostelမှာတည်းတာတော်တော်အဆင်ပြေတယ်ဈေးလည်းသက်သာတယ် နိုင်ငံအသီးသီးကလူတွေလည်းတွေ့တာနဲ့တမ်းနုှတ်ဆက်တယ် ဟိုတယ်မှာလိုအဆင့်မြင့်မြင့်မဟုတ်ပေမဲ့ လူငယ်တွေဆိုရင်တော့ hostel မှာနေသင့်တယ် အတွေ့အကြုံလည်းရတယ် ပိုက်ဆံလည်းသက်သာတယ်
ko six
October 11, 2017 at 9:52 am
တည်းကြည့်ဦးမယ်
manawphyulay
October 13, 2017 at 4:46 pm
တချို့ကျပြန်တော့ Hostel ဆိုရင် အမြင်နည်းနည်းများ မြင်နေသလားလို့လေ…
A mar nyo
October 24, 2017 at 5:08 pm
ဘယ်လိုမြင်မလဲတော့မသိဘူး ရုံးက ကကြိီးဆရာပြောတာတော့အနောက်တိုင်းကhostelကတစ်မျ ိုးပဲလို့တော့ပြောတယ် ခုသွားခဲ့တဲ့နေရာကတော့မဆိုးပါဘူး အရှေ့တိုင်းမိုလို့လားတော့မသိဘူး အဆင်ပြေတယ်
Shar Thet Man
October 14, 2017 at 10:35 am
A mar nyo >> ဟုတ်ပါတယ်…တော်တော်လေးသက်သာပြီး ကိုယ်လိုစကားအိုးဆိုတော့ပိုပြီးမိတ်ဆွေရပါတယ်
Shar Thet Man
October 14, 2017 at 10:37 am
ko six >> တည်းကြည့်ပါ
ko six
October 16, 2017 at 12:44 am
ဟုတ်ကဲ့ပါဗျ
Shar Thet Man
October 14, 2017 at 10:38 am
manawphyulay >> ဖန်ခွက်ထဲမှာ ရေရှိနေသလိုမျိုးပေါ့..တချို့ကတဝက်တောင်ရှိသေးပါလား..တချို့ တဝက်ပဲရှိတော့ပါလားပေါ့
kai
October 25, 2017 at 12:53 pm
လူတွေနေတာက.. အိမ်တွေမှာ..။
. တချို့အိမ်တွေက… အခန်းပို..အခန်းလွတ်တွေရှိတယ်..။ တချို့ကအိမ်တလုံးလုံးကို.. လွတ်နေတတ်တယ်ပေါ့..။
ဆိုတော့.. မြို့ရွာနယ်ဒေသတခုကို အလယ်လာသူတွေက.. ဟော်တယ်ရှိရင်ဟော်တယ်..။ မော်တယ်.. ဟော်စတယ်.. စသဖြင့်.. ငွေပေး.. ရှာတည်းကြရတာပါပဲ..။
အဲလို.. လွတ်နေတဲ့အခန်း.. အိမ်ကိုဝင်တည်းနိူင်ရင်.. အဆင်မပြေလား..။
ဒါကို.. အကျိုးရှိစွာ အသုံးချရင်း.. ပိုက်ပိုက်လဲရ.. တည်းသူလည်းအဆင်ပြေအောင်.. ဆားဗစ်(ဝက်ဘ်ဆိုက်) ရှိပါတယ်..။
မြန်မာပြည်အတွက်မယ်.. အဲဒီဝက်ဘ်ဆိုက်က.. အလုပ်လုပ်ပါတယ်..။
ဆိုတော့.. တောရွာတွေအထိ.. မရှိသေးရင်လည်း.. မြန်မာတွေထဲက.. အဲလိုလုပ်နိုင်ကြရင်ဖြင့်.. ဒေါ်လာလေးများရမယ်ဖြစ်လို့.. လိုချင်ကြမှာဖြစ်ကြောင်း..။
=
Rent Out Your Room, House or Apartment on Airbnb (2017)
https://www.airbnb.com/host/homes
Earn money as an Airbnb host. … Sign up to become an Airbnb host. … Host controls and calendar settings can help make hosting easier.
Foreign Resident
October 26, 2017 at 3:44 pm
A mar nyo says : ” အနောက်တိုင်းက hostel က တစ်မျ ိုးပဲ ”
ကိုယ်တွေက ကမာ္ဘပါတ်နေသူ Hotel မျိုးစုံ တည်းဘူးသူ ဆိုပေမယ့် ၊
Back Packer Hostel တွေကိုတော့ မတည်းဖူးဘူးကွယ် ။
အနောက်တိုင်းက hostel က တစ်မျ ိုးပဲ ဆိုတာကို သိချင်မိသား ။