^^^^^^^^^^^^^^^^^^^

ဆိုက်ကလုံးကို
ဆာဟာရက အမြဲ ကြိုဆိုနေသလောက်
ပင်လယ်မှာပဲ အသေခံတယ်
မွန်းကြပ်လာတိုင်း
ခေါင်းမော့ပြီးရှူခဲ့တယ်
ငဲ့ညှာမှုသမိုင်းမှာ
အောက်ဆီဂျင်ကတော့
ယောက်ျားချင်းဆုံသလို ခပ်ပါးပါး
ခြေဖျားထောက်ပြီး ခူးခဲ့တယ်
ဓူဝံကြယ်ဟာ
မြောက်အရပ်ကို သစ္စာရှိနေတုန်း
ဆရာဝန်ကတော့
တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။
ဒီလိုပါပဲ
အမြန်လမ်းမကြီးပဲဖြစ်ဖြစ်
ရိုးမတောပဲဖြစ်ဖြစ်
မြစ်ဆုံအရပ်ပဲဖြစ်ဖြစ်
ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။
အိပ်မက်ကတော့
ယပ်တောင်တစ်ချက် ယပ်တိုင်း
အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။

ကိုစစ်

ko six

About ko six

ko six has written 107 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014

   Send article as PDF