Learning to Write in English – Prof: Myo Kyaw Myint

kaiJuly 30, 20193min1511

ယခင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် လေ့ကျင့်ခဲ့ကြတယ်နော်။ နမူနာအဖြစ် Winners and Loser နဲ့ Givers and Takers ဆိုတဲ့ Paragraph လေးနှစ်ပုဒ်တိတိ ရေးသားဖော်ပြခဲ့ပါတယ်။ Givers and Takers မှာ conclusion လေးကိုချန်ထားခဲ့ပြီး စာဖတ်သူများကိုယ်တိုင် ရေးကြည့်ကြဖို့ မှာကြားခဲ့ပါတယ်။ ယခုလမှာ ဖော်ပြပေးမဲ့ conclusion လေးနဲ့ ယှဉ်ကြည့်ကြပေါ့နော်။

ယခုလမှာတော့ narrative paragraph လေးတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ Narrative ဆိုတာကတော့ ဇာတ်လမ်းသဘောမျိုးပေါ့။ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သို့မဟုတ် ကြားဘူးတဲ့ အဖြစ်အပျက်လေးတွေအကြောင်း ရေးသားရတာပါ။ ဒီ narrative paragraph ရဲ့ထူးခြားချက်ကတော့ အခြား paragraph လေးတွေလို Supporting sentences,topic sentence နဲ့ conclusion ရယ်လို့ ရေးသားလေ့ မရှိပါ။ အဖြစ်အပျက်တစ်ခု တနည်းအားဖြင့် experience တစ်ခုကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြရမှာဆိုတော့ ဇာတ်လမ်းလေးကို ခပ်သွက်သွက်လေး ဖော်ပြနိုင်ဖို့ လိုပါတယ်။ narrative paragraph နောက်ထူးခြားချက် တခုကတော့ climax လို့ခေါ်တဲ့ ဇာတ်လမ်းရဲ့စိတ်ဝင်စားစရာ အကောင်းဆုံးကို ရောက်အောင် ဇာတ်သယ်ပေးသွားရပါတယ်။ ဒီစိတ်ဝင်စားစရာ အကောင်းဆုံး အခန်းကို ရောက်ပြီးသည့် အခါမှာ တော့ typing up loose ends လို့ခေါ်တဲ့ ဇာတ်ရည်လည်အောင် ရှင်းလင်းပေးရတဲ့ သဘောရှိပါသေးတယ်။ တနည်းအားဖြင့် ဇာတ်လမ်းအဆုံးမှာ ဇာတ်ကောင်အားလုံးဘာဖြစ်သွားသလဲဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြပြီးမှ ဇာတ်သိမ်းပေးရပါတယ်။ ဒီလို narrative paragraph ကို ကောင်းကောင်းရေးတတ်သူများက မထင်မှတ်တဲ့၊မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းခန်းမျိုးနဲ့ ဇာတ်သိမ်းပေးလေ့ရှိပါတယ်။ နောက်ဆုံးဝါကျလေးက စာဖတ်သူရဲ့ရင်ထဲမှာစွဲသွားပြီး ၊မှတ်သားစရာလေးတွေကျန်နေခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။

ဒီ narrative paragraph မှာ ဇာတ်ကောင် နှစ်ယောက် သုံးယောက်ထက် မပိုသင့်ပါ။ ဇာတ်ကောင်လို့ခေါ်တဲ့ Character တွေသိပ်များနေရင် စာဖတ်သူအတွက် ရှုပ်ထွေးသွားစေခဲ့ပါတယ်။ ယခု The Day I Fell In Love ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Narrative Paragraph တစ်ပုဒ်ကို နမူနာအဖြစ် ဖေါ်ပြပေးပါ့မယ်။ ဒီ paragraph လေးဟာ စာရေးသူ Thailand မှာ နေစဉ်က ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ paragraph လေးဟာ Holiday Inn Crowne Plaza Hotel က ကျင်းပခဲ့တဲ့ contest တစ်ခုမှာ အနိုင်ရရှိခဲ့တဲ့ paragraphလေးဖြစ် ပါတယ်။ စာရေးသူအတွက် မြန်မာပြည်ပတွင် ပထမဦးဆုံးသော စာပေနှင့်ပတ်သတ်တဲ့ အောင်မြင်မှုဆိုရင် မမှားပါဘူး။ The Day I Fell In Love ဆိုတဲ့ ခေါင်းစဉ်ကြောင့် တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာလေးများကိုသာ ဖော်ပြထားတာ သတိ ထားမိပါစေ။ paragraph ရေးတဲ့အခါ ဘောင်လွတ်မသွားစေဖို့ သိပ်ကိုအရေးကြီးပါတယ်။ တစ်နေ့တာအကြောင်း အစား နှစ်တွေလတွေချီပြီး ရေးသားဖော်ပြနေရင် ဘောင်လွတ်သွားပါပြီ။
A dear friend asked me for a favor, would I please pick his sister up at her apartment and drive her to a function this evening. Apparently, her car was at a workshop and he was too busy. I was glad to do it, especially so since I have been interested in her for a while. I had hight hopes that she might be the one. I got there a bit early so I waited downstairs while she got herself ready upstairs in her bedroom. After awhile, she came down looking radiant in a blue evening gown. She gave me a lovely smile and went into the kitchen perhaps to get a glass of water, perhaps to get me some snacks. Suddenly, I heard her utter a stifled cry and I rushed into the kitchen. I saw her standing near the sink with blood on her hand and broken glass at her feet. Before I knew what happening, I was holding her in my arms and pressing down hard with a handkerchief on her cut to stop the bleeding. As we looked into each other’s eyes at that moment, we both knew that love had entered our lives right then and there and that our lives would never be the same again.
Character လို့ခေါ်တဲ့ ဇာတ်ကောင်သုံးယောက်စလုံးကို ပထမဆုံးဝါကျ၌ပင်ဖော်ပြထားတာ သတိပြုမိပါလိမ့်မယ်။ ဒီလို narrative paragraph မျိုးမှာ character လို့ခေါ်တဲ့ ဇာတ်ကောင်သုံးကောင်ထက် မပိုသင့်ပါ။ ဒီအပြင် ဒီဇာတ်ကောင် Character တွေ ကို အလျှင်အမြန်ဖော်ပြပေးဖို့ အထူးအရေးကြီးပါတယ်။

ဒီ paragraph လေးမှာ climax လေးကတော့ လက်ရှတဲ့အခန်းလေး ပေါ့နော်။ ဒီနေရာမှာ ဘယ်လိုရှသွားတယ် ဖန်ခွက်ကဘယ်လိုကွဲသွားလဲဆိုတဲ့ ဇာတ်လမ်းအတွက် အရေးမပါတဲ့ အကြောင်းအရာလေးတွေ ကို ဖယ်ထားပြီး ဇာတ်ကောင်တွေရဲ့လှုပ်ရှားမှုကိုသာ အသားပေးဖော်ပြထားပါတယ်။ အရှေ့ပိုင်းမှာလဲဖော်ပြပြီးပါပြီ။ Paragraph ဆိုတာ တိုတောင်းတယ်။ ဒီတော့ မလိုအပ်တာတွေကို အချိန်ကုန်ခံဖော်ပြနေစရာမလိုပါ။ လိုအပ်တဲ့ အပိုင်းကိုသာ ထိထိမိမိ တိုတိုတုတ် တုတ်ဖော်ပြရမှာ ဖြစ်ပါတယ်။ အချို့ကိစ္စများကိုတော့ စာဖတ်သူများ စိတ်ကူးထဲမှာ အကောင်အထည်ဖော်ယူကြပါစေ။ မိမိတင်ပြနေတာထက် ပိုမိုကောင်းမွန်ပါတယ်။ အဆုံးသတ်ပြီဆိုတော့ typing up loose ends ဆိုတဲ့စကားလေးကို မမေ့ပါစေနဲ့။

ဒီ Paragraph လေးမှာ အဓိက ဇာတ်ကောင်နှစ်ယောက်ဟာ ချစ်သူဘဝ ကူးပြောင်းသွားတာလေးနဲ့ ဇာတ်သိမ်းထားပါတယ်။ လိုအပ်ရင် လိုအပ်သလို ရှင်းပြပေးဖို့ အရေးကြီးပါတယ်။ ဒီ paragraph လေးမှာတော့ မလိုအပ်တော့ပါ။ ဒီ narrative paragraph လေးကို ရွေးချယ်ပေး လိုက်တဲ့ judges တွေက အထူးအားဖြင့် “Simple but effective and very romantic” လို့မှတ်ချက်ပေးထားပါတယ်။ စာရေးသူတိုင်း စာဖတ်သူတိုင်းဒီလို narrative paragraph လေးတွေ ရေးကြတဲ့အခါ Simple but effective ဖြစ်ဖို့ကြိုးစားဖို့လိုပါတယ်။ စိတ်ဝင် စားစရာ ဇာတ်လမ်းတွေကတော့ လူတိုင်းမှာ ရှိနေပါတယ်။ မိမိရဲ့ရင်ထဲမှာပဲထာဝရသိမ်းဆည်းထားမလား အများလည်းမိမိလိုခံစားရအောင် ဝေမျှပေးမလားလို့ မေးချင်ပါတယ်။ ဝေမျှပေးချင်ရင်တော့ Narrative Paragraph လေးတွေ ကြိုးစားပြီး ရေးကြည်ကဖို့ လို အပ်လာပါပြီ။ ရေးခါစကတော့ အခက်အခဲလေးတွေ တွေ့ရမှာပါ။ သဘာဝကျပါတယ်။ စိတ်ဓာတ်မကျဘဲ ဆက်လက်ရေးခဲ့ရင် အဆင်ပြေလာမှာပါ။ practice make perfect လို့ဆိုလေ့ရှိတယ် မဟုတ်လား။

နမူနာလေးတွေကိုကြည့်လိုသေးတယ်ဆိုရင် Appointment Samarra ဆိုတဲ့ story လေးကို internet မှာ ဖတ်ကြည့်ကြပါ။ narrative paragraph ပုံစံမျိုးမဟုတ်ဘဲ story ပုံစံရေးထားပေမယ့် မှတ်သားစရာလေးတွေ တွေ့ရပါလိမ့်မယ်။ ဒီ story လေးကို ဖတ်လို့အားမရသေးရင် ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ သင့်လျှော်တဲ့ Two Monks and a lady ဆိုတဲ့ story လေးကို ဖတ်ကြည့်လိုက်ပါအုံး။ တိုတိုရှင်းရှင်းလေးနဲ့ အရမ်းကိုလေးနက်ပါတယ်။ ကဲ three-line poem လေးတစ်ပုဒ် ဖော်ပြပေးလိုပါတယ်။ ယခုလကဗျာလေးကတော့ Milpitas က ကိုအောင်မြင့်သောင်းရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
သူ Mission Collge က AA Degree ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ တင်ဆက်လာတာပါတဲ့။
Two years of hard work
And the result?
This AA degree and a new journey at San Jose State
ရိုးရိုးလေးနဲ့ ထိရောက်လှပါတယ်နော်။ ဂုဏ်ယူပါတယ် ကိုအောင်မြင့်သောင်းရယ်။ အရင်လက ဖော်ပြခဲ့တဲ့ Givers and Takers ဆိုတဲ့ paragraph လေးကို ယခုလို Conclusion လေးနဲ့နိဂုံးချုပ်လိုပါတယ်။
We should remember that while there are differences between givers and takers, we need both In our society.
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။