ကိုယ့်အတွက် Hit အဖြစ်ခဲ့ဆုံးသော post

Mon LaySeptember 9, 20192min2010

2016ကနေခုချိန်ထိစာရေးလာတာ ပို့စ်တွေလည်းတော်တော်များပါပြီ။ အဲထဲကမှ တော်တော်လေး hit ဖြစ်ခဲ့တဲ့ပို့စ်ကိုပြန်ရွေးမယ်ဆို….စဉ်းစားကြည့်ရင်..ကော်မန့်တွေလည်းရှိသင့်သလောက်ရှိ၊ like လည်း အတော်အသင့်ရ၊ ကိုယ်တခါမှမကြုံဖူးတဲ့ ပုံစံမျိုးကြုံခဲ့တဲ့ water boom post ကိုပဲ hit ဖြစ်ခဲ့တယ်လို့ပဲမွန်လေးကတော့ပြောချင်ပါတယ်။

ဘယ်လိုတောင်Hit ဖြစ်ခဲ့သလဲဆိုရင် ကို်ယ်က water boom ကိုသွားပြီး ပြန်ပြီးreview ရေးတဲ့သူပါ။ ဘယ်လိုတွေစီးကောင်းခဲ့တယ်။ ဘယ် Slide တွေကဘယ်လိုဆိုပြီး သွားချင်အောင်ပြန်ရေးတာကို water boom ကလား၊ အမက water boom ကလား။ လက်မှတ်ဝယ်ချင်လို့ပါ။ တချို့ဆို ဘောလုံးလာကန်ချင်လို့ booking လုပ်ပေးပါ။ ဈေးကော ဘယ်လောက်ရှိပြီလဲ။ သူတို့ ၅ယောက်လာမှာ ဈေးမလျှော့ပေးဘူးလားနဲ့ မွန်လေးက water boom ကမဟုတ်ပါဘူး၊စာ ရေးပေးတဲ့သူလို့ပြန်ပြောလည်းမရဘူး။ ဖုန်းတွေ တကွမ်ကွမ်ဆက်၊ မကိုင်မချင်းကိုဆက်တာ။ ပြီးတော့ရှိသေးတယ်။ ခုစကားပြောတဲ့ မွန်လေးအသံကိုအရင်က water boom ကိုလာရင်ဖုန်းဆက် ဘွတ်ကင်တင်ဖူးနေကြအသံဆိုပြီးလုပ်လိုက်သေးတယ်။ ဒီအသံပါပဲတဲ့။ မွန်လေးကို water boom မှာအရင်ကအလုပ်လုပ်ပြီး ခုမှအစ်မက အဲ့ကအလုပ်ထွက်လိုက်တာလားတဲ့..သေရောပဲ။ တခါမှတောင် water boom မှာ အလုပ်မလုပ်ခဲ့ဖူးတဲ့အပြင် ၂ခါပဲရောက်ဖူးသေးတာပါ။ တကယ်ပါ။ စာစရေးတဲ့နောက်နေ့ကစပြီး ခုချိန်ထိဖုန်းတွေဝင်ခဲ့တာလည်းတော်တော်များတယ်။ စိတ်အနှောင့်အယှက်ဖြစ်ခဲ့သလို ပြန်တွေးကြည့်ရင်လည်း အော်..ငါစာရေးတာလူတွေသိသားပဲလို့ ဆိုပြီးပြန်လည်းပျော်ခဲ့ရပါတယ်။ အနှောင့်အယှက်က ရုံးချိန်အတွင်းဖုန်းဆက်ရင်တော့ တေ်ာတ်ာလေးစိတ်ဆိုးတယ်။ အာရုံနောက်ရတယ။် ကျန်တဲ့အချိ်န်ကတော့ မဖြစ်ပါဘူး။

ဒီတော့ထပ်ပြောပါမယ်..မွန်လေးက စာရေးတဲ့သူပါ..water boom ကမဟုုတ်ပါဘူး။

water boom အကြောင်းဖတ်ချင်ရင်တော့  https://www.facebook.com/permalink.php?story_fbid=1960574200892258&id=1796057874010559

https://www.facebook.com/permalink.php?story_fbid=1971157293167282&id=1796057874010559

စာတွေလည်းဆက်ရေးဥိီးမှာပါ။ ခရီးတွေလည်းဆက်သွားပါဦးမယ်။