Marina Bay Sand Hotel ကို ခရီးသွားခုံမင်တဲ့သူတွေက အကုန်သိဖူး၊ ကြားဖူးတယ်ထင်ပါတယ်နော်။ သူကစင်ကာပူနိုင်ငံရဲ့ 5 star အဆင့်ရှိတဲ့ဟိုတယ်တွေထဲက တစ်ခုဖြစ်ပြီး သူရဲ့ထူးခြားချက်က သင်္ဘောပုံစံဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ တာ၀◌ါ၂ခုပါတယ်။ သူ့ရဲ့အရှေ့ဘက်မှာဆို နာမည်ကြီးbrand တွေရောင်းချတဲ့mall နဲ့ ကန်အလှနဲ့။ အနောက်ဘက်မှာဆိုရင်လည်း Gardens by the bay တို့က ၀◌န်းရံထား တာပေါ့။

သူ့ရဲ့ သင်္ဘောပုံစံဆောက်လုပ်ထားတဲ့ အထပ်ကတော့ ၅၇ ထပ်မြောက်မှာရှိတာပါ။ သူ့မှာတည်းတဲ့ ဧည့်သည်တွေကတော့ ရေကူးကန်နဲ့ အခုလို sky park ကနေအပေါ်စီးရူခင်း ကြည့်ဖို့ free ရပေမယ့် အဲ့ဟိုတယ်မှာမတည်းတဲ့ အပြင်လူတွေကတော့ sky park ကနေ အပေါ်စီးရူခင်းကြည့်ဖို့ ၀◌င်ကြေးလိုပါတယ်။

ဖွင့်တဲ့ရက်တွေကတော့ တနင်္လာကနေ သောကြာအထိဖွင့်ပြီး မနက် (၉)နာရီကနေ ည(၁၀)အထိပါ။ သောကြာနေ့ဆိုရင်တော့ တစ်နာရီပိုနောက်ပြီး ည(၁၁)အထိဖွင့်ပါတယ်။ လက်မှတ်တွေကိုရောက်မှ၀◌ယ်တာမျိုးမလုပ်စေချင်ဘဲ ကြိုတင်ပြီး ၀◌ယ်သွားဖို့ပြောချင်ပါ တယ်။ လက်မှတ်၀◌ယ်ချင်လည်းပြောနော်..ရောင်းပါတယ်။

အထူးသတိပြုဖို့က အဲ့ sky park ကိုသွားမယ်ဆိုရင် ၀◌ယ်စရာရှိတာတွေကိုအရင်၀◌ယ်ပြီးမှ သွားပါနော်။ ဘာလို့ဆို sky park ရောက်ပြီးမှ ပြန်၀◌င်ပြန်ထွက် ထပ်တလဲလဲလုပ်လို့မရလို့ပါ။

ပြီးတော့ rooftop bar ကိုသွားမယ်ဆိုရင်လည်း သေချာဆုံးဖြတ်ပြီးမှသွားပါ။ rooftop bar ကို၀◌င်ပြီးတာနဲ့ sky park ဘက်ကို ပြန်သွားလို့မရလို့ပါ။

အဲ့ sky park ပေါ်ကနေ မြင်ခဲ့ရတဲ့ရူခင်းတွေက အရမ်းကိုကြည်နုးဖို့ကောင်းတယ်။ ညဘက်သွားရင်ပိုလှပါတယ်။ ပတ်၀◌န်းကျင်ကမီးရောင်စုံထိန်ထိန်ညီးနေတဲ့အချိန် ရေကန်ကနေ ရေပန်းတွေဖြာထွက်ပုံက တကယ့်ကို amazing ပါ။ အဲ့မြင်ကွင်းကို ဒီတစ်သက်မေ့လို့ရမယ်မထင်တော့ပါဘူး။

စင်ကာပူကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်..‌ေ၀ဟင်အပေါ်စီးကနေ မြင်ကွင်းတွေကိုကြည့်ဖို့ သင်္ဘောပုံဆောက်လုပ်ထားတဲ့ Marina Bay Sand Hotel က Skypark ကိုသွားဖြစ်အောင်

သွားကြည့်ပါနော်။ တကယ်ကို ထိုက်တန်တဲ့ရူခင်းကိုရမယ်ဆိုတာ သေချာပါတယ်။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 383 post in this Website..

   Send article as PDF