ရုပ်ရှင်ပွဲတော်ဆိုတာ..သိပ်မသိသေးသူတွေအတွက်ရည်ရွယ်တာပါ။ အဲဒီတော့ အဲဒီခေါင်းစဉ်တတ်တယ်ဆိုပါစို့..။

အဦးဆုံး..ဆက်စပ်သတင်းလေးတခု တင်ပေးပါမယ်။အီလဲဗာန်းမီဒီယာရဲ့ ၀က်ဘ်ဆိုက်မှာဖတ်မိတာပါ။
http://www.news-eleven.com/index.php?option=com_content&view=article&id=4696:2010-09-06-06-34-04&catid=61:local&Itemid=133

အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသရန် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးအား ဖိတ်ခေါ်

ထိုရုပ်ရှင်ပွဲတော်သို့ ပါဝင်ပြသရန်အတွက် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ‘မြစ်’ ဗီဒီယိုဇာတ်ကားအား ပြင်ဆင်လျက်ရှိ ပြီး စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် သတ်မှတ်ထားသည်ဟု သိရသည်။ ‘မြစ်’ ဗီဒီ ယိုဇာတ်ကားသည် ဆာတိုရီ၏ဇာတ် လမ်းဇာတ်ညွှန်းကို ဒါရိုက်တာရီဇော်ရိုက်ကူး၍  ရဲတိုက်၊ ပြေဇင်၊ စိုးမြတ်သူဇာ၊ ချစ်သုဝေတို့ အဓိက ပါဝင်ထားသည်ဟု သိရသည်။ ဇာတ်ကားသည် ဧရာဝတီမြစ်ကမ်းနံဘေး မကွေးမြို့တွင် ရှင်သန်ကြီးပြင်းလာရသည့် လူငယ်လေးတစ်ဦး၏ ချစ်ခြင်းဖွဲ့ဇာတ်လမ်းအား ရိုက်ကူးထားခြင်း ဖြစ်သည်ဟု သိရသည်။ ဇာတ်ကား ၏နောက်ခံတေးဂီတကို တေးရေး မြင့်မိုးအောင်၏ ကိုယ်ပိုင်သံစဉ်တီး လုံးကို အသုံးပြုကာ တီးခတ်ဖန်တီးခဲ့ပြီး အင်္ဂလိပ်စာတန်းရေးထိုးထား ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံ၌ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသရန် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ဇာတ်ကားတစ်ကားအား ဖိတ်ခေါ်ထားသောကြောင့် ပေးပို့ပြသနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်း ရရှိသည်။

အဲဒါ ဘာရုပ်ရှင်ပွဲတော်လည်းဆိုတာ သတင်းမှာမေ၇းထားပေမဲ့ ကျုပ်ကပဲဖေါ်ကောာင်လုပ်ပြောပါ့မယ်။ Minnesota Film Arts / Minneapolis-St. Paul Asian Film Festival ဖြစ်ပါတယ်။အဲဒီပွဲတော်ကို ၀င်ခွင့်ရဖို့ ..အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်မြန်မာရုပ်ရှင်ပွဲတော်ကို ဦးဆောင်လုပ်ပေးနေတဲ့ မြန်မာ-အမေရိကန်ကွန်ယက် (NetMAA) ကပဲ ပဏာမရွေးချယ်စီစဉ်ပေးလိုက်တာပါ။ သိပ်အကြီးအကျယ်ကြီး မဟုတ်ပေမဲ့ အေရှန်းတွေထဲမှာ မြန်မာက (ရုပ်ရှင်ကဏ္ဍမှာ)တနေရာစာ အဦးဆုံးရလာတယ်ပဲဆိုပါတော့။ ဒီလိုဖြစ်တာကလည်း ဒီနှစ်ဆန်းပိုင်းနဲ့ မနှစ်က ယူအက်စ်မှာ ဆုတွေရ။ နော်မနိတ်တွေဖြစ်ခဲ့တဲ့ မြန်မာတွေရဲ့ ဒေါ့ကျူမန်ထရီကားတွေရဲ့ အရှိန်ကြောင့်လည်း ပါတယ်လို့ ထင်မိတာပါပဲ။ အောက်မှာ အတိအကျ သိရအောင် အဲဒီကားတွေအကြောင်း ကုတ်လုပ်ထားပေးပါတယ်။

ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။

Burma VJ (English: Burma VJ: Reporting from a Closed Country) is a 2009 documentary film directed by Anders Østergaard. It follows the September 2007 uprisings against the military regime in Burma.[2] Some of it was filmed on hand-held cameras, and the footage was smuggled out of the country.[3] Other parts of it were reconstructed, which caused controversy.

Nominated : Oscar 2010 – Best Documentary Feature

တကယ်တော့ ရုပ်ရှင်ပွဲတော်တွေဆိုတာ..အင်ဒီခေါ်တဲ့ independent films တွေ။ ပြည်တွင်းနိုင်ငံလေးကနေ နိုင်ငံတကာကို ခြေလှမ်းချင်သူတွေ။ ကျောင်းဆင်းပြီးကာစ အလုပ်ကောင်းရှာနေသူတွေ။ တပွဲတိုးဆေးမန်းနဲ့ ခုန်ပျံတက်ချင်သူတွေ။ ဟောလိဝုဒ်က ရုပ်ရှင်ကုမ်ပဏီကြီးတွေက တော်ကောက်လာမှာကို စောင့်ချင်သူတွေ။…ဈာန်ဝင်နေတဲ့ အနုပညာရဲ့အိပ်မက်တွေအတွက် .. ထင်ရှားမြင်သာနေတဲ့ ၀င်ရောက်ရာ တံခါးပေါက်ကြီးပါပဲလို့ ပြောချင်တာပါ။
အဲဒီကနေ… တက်လှမ်းလို့ရတယ်ပေါ့။ အဲဒီင်္ပွဲတွေဝင်ဖို့ခက်သလို..တင်ကြိုရွေးဆု(နောမနိတ်)ရဖို့လည်းခက်ပါတယ်။ ဆုရရွေးခံရဖို့တော့ သာခက်သပေါ့။ ဆုရပြီဆိုရင် ငွေထုတ်ပိုက်ထားတဲ့ သူတွေ။ ပရိုဂျူဆာတွေ မနက်အိမ်ပေါက်ရောက်နေလေ့ရှိတယ်လို့ ဆိုကြတာပါ။

ဆိုတော့..
မြန်မာရုပ်ရှင်တွေ နိုင်ငံတကာလှမ်းချင်ရင် အဲဒီလမ်းပေါက်ကစ၀င်ရမှာပါပဲ။ ယူအက်စ်ဆိုတာက ရုပ်ရှင်သရဲ( ရုပ်ရှင်ကို ခုံမင်မြတ်နိုးပြီး ပုံမှန်ကြည့်ကြသူ)တွေ အလွန်များတဲ့တိုင်းပြည်မဟုတ်ပါလား။ နောက်..အဲဒီကနေ ..တကမ္ဘာလုံး လှမ်းလို့ရတယ်မဟုတ်ပါလား..။
အင်မတန်ကြီးမားတဲ့ ဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။ The Blair Witch Project ဆို ဒေါ်လာ ၂သောင်းခွဲလောက်ရင်းရိုက်လိုက်တာ.. အမြတ် ဒေါ်လာသန်း၂၅၀ ၀င်လာခဲ့တဲ့ ရုပ်ရှင်မျိုးတွေရဲ့ ဇာတိမြေလည်းဖြစ်ပါတယ်။
နည်းနည်းရှင်းပြပါ့မယ်..။အမေရိကရဲ့ ကျောရိုးလူတန်းစားဖြစ်တဲ့ လူဖြူများဟာ ရုပ်ရှင်အလွန်စုံမက်၊ခုံမင်ကြတာပါ။ အဲဒါကြောင့်လည်း တီဗီတွေ ၊ဗီဒီယိုတွေ။ အင်တာနက်တွေ။ ဖိုင်ဒေါင်းလုပ်တွေကြားထဲ..ရုပ်ရှင်ကားကောင်းတွေဟာ ရုံတင်ပြီးပထမ-ဒုတိယအပါတ်တွေအထိ တန်းစီလက်မှတ်စောင့်ရဆဲ။ လက်မှတ်ကုန်လို့ အိမ်ပြန်ရဆဲအခြေအနေအထိ ဖြစ်နေကြဖြစ်တာပေါ့။ အဲလိုဆိုတော့..ကိုယ်တိုင်ရုံမှာ ကြည့်ပြီးသားကို ဒီဗီဒီ၊ ဘလူးရေးတွေထွက်လာရင်လည်း အမြတ်တနိုးဝယ်သိမ်းထားပြန်ပါေ၇ာ။ အဲဒီင်္လို လူတွေပါ။

သိတယ်မဟုတ်လား..။ယူအက်စ်ရုပ်ရှင်ရုံတွေဟာ တခါလက်မှတ်ဖြတ်ပြီးရင် ရုံထဲရောက်သွားပြီးနောက် ကြည့်ချင်တဲ့ ကားကို ရွေးကြည့်လို့ရတဲ့ ရုံတွဲရုံများ…အများစုဖြစ်ကြတာမို့ .. တရက်ထဲအချိနယူနိုင်ရင် မတူတဲ့ရုပ်ရှင် ၂-၃ကားကြည့်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ဝါသနာအိုးများရဲ့ စကားလေးပြောပြရရင်တော့… “နှမြောသတဲ့လေ။”
ဘာကိုနှမြောသလည်း..ဆိုတော့..တခါတည်းနဲ့ ကားတွေအကုန်ရောထွေးကြည့်လိုက်ရမှာကို နှမြောတယ် ဆိုတာပါ။
အေးအေးဆေးဆေး..တရက်ဆီ။ တပါတ်ဆီ အချိန်ယူ အရသာယူကြည့်တတ်ကြတာပါ။

ဆိုတော့…။
အဲဒီလို လူများနေထိုင်တဲ့ တိုင်းပြည်ကြီးလို့ပဲ ပြောပါရစေတော့..။
အင်း..တော့ပစ်ခေါင်းစဉ်နဲ့လွဲနေပါပြီ။

ပြန်တည့်ပါ့မယ်..။
မြန်မာပြည်က ထုတ်လုပ်သူတွေ။ ကမ္ဘာတန်းဝင်ချင်ရင်။ ငွေမျိုးမျက်မျက်ကလေး ရချင်ရင်..ရုပ်ရှင်ပွဲတော်တွေကို ရည်ရွယ်ပါ။ တားဂက်ထားရိုက်ပါ။
မူပိုင်ခွင့်တွေလေးစားပါ။ အမေရိက ရုပ်၇ှင်ပွဲတော်တွေ တင်ဖို့ကြိုးစားကြပါလို့ပဲ..။

ကျန်တာတော့..ကောမန့်နဲ့ဆွေးနွေးကြပါ။
အမေရိကရဲ့ ရုပ်ရှင်ပွဲတော် ၀င်သင့်တဲ့ကားတွေ။ သရုပ်ဆောင်တွေ။ ကောင်းတဲ့ဒါရိုက်တာတွေလည်း သိသလောက် တင်ပေးကြပါ။၊
နောက်နောင်နှစ်တွေအတွက်လည်း အကြံပေးကြပါလို့ ပြောချင်တာပါ။ တတ်နိုင်သူတွေတော့ ရုပ်ရှင်သွားကြည့်ပြီးရင် ဝေဖန်ရေးဆောင်းပါးမျိုး ရေးကြစေချင်တာပါပဲ။ အဲဒါမျိုးကို ပွိုင့်၃၀၀ ပေးဖို့လည်း ထောက်ခံပါတယ်။

အဲ..ဒီမှာ ဝေဖန်ပြီး ဆန်းစစ်လိုက်တဲ့ရုပ်ရှင်ကား..ယူအက်စ်ကရုပ်ရှင်ပွဲတော် တင်ခွင့်ရတယ်ဆိုရင်တော့.. အဲဒီရုပ်ရှင် ထုတ်လုပ်သူ၊ ဒါရိုက်တာဆီသွားပြီး.. ကော်မရှင်(သီးသန့်) သွားတောင်းပေါ့နော..။

kai

About kai

Kai has written 919 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.