Delta United ရှုံးထွက်တွင် Viva အားအနိုင်ရ

BurmaSeptember 16, 20101min560

ဒယ်တာယူနိုက်တက်အသင်းသည် ယနေ့ 15.9.2010 တွင် ကစားခဲ့သော VIVA FC နှင့်ပြိုင်ပွဲတွင် 2-1 ဂိုးနှင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ဒယ်တာယူနိုက်တက်သည် ယနေ့ပွဲတွင် အဓိကကစားသမားများကိုအနားပေးထားပြီး အရန်များဖြင့်သာ ကစားသွားကြောင်းတွေ့ရသည်။ ယခုပွဲတွင် ပထမပိုင်းတွင်သာ ဒယ်တာသည် အကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပြီး 2 ဂိ်ုး ဆက်တိုက်သွင်းနိုင်ခဲ့သည်။ ယင်းဂိုးများကို ပွဲချိန် ၂၆ မိနစ်တွင် မင်းမင်းထွန်းက လည်းကောင်း၊ ပွဲချိန် ၃၆ မိနစ်တွင် စိုင်းသန်းအောင်က လည်းကောင်း သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ချမ်းချမ်းအား လူစားလဲခဲ့ပြီး ဒုတိယပိုင်းတွင် ဒယ်တာယူနိုက်တက်ခြေစွမ်းမှာ သိသိသာသာ ကျဆင်းသွားပြီး VIVA ကိုခက်ခက်ခဲခဲ ကစားခဲ့ရသည်။ VIVA အသင်းမှ ရှေ့တန်းတယောက်အား ဖျက်ထုတ်မှုနှင့် VIVA အသင်းမှ ပင်နယ်တီရခဲ့သည်။ ထိုဂိုးကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သဖြင့် VIVA အသင်း ချေပဂိုးရရှိခဲ့သည်။ နောက်ပိုင်းတွင် ဒယ်တာယူနိုက်တက်ရဲ့ ထုံးစံအတိုင်း အချိန်ဆွဲနေခဲ့ပြီး ပွဲကိုထိန်းကာ ပွဲပြီးဆုံးချိန်တွင် 2-1 ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။အခြားပွဲစဉ်အဖြစ် ဇွဲကပင်အသင်းက ဆက်သွယ်ရေးအသင်းကို 3-2 ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဒယ်တာယူနိုက်တက်သည် နောက်တဆင့်တက်သွားပြီး ဇေယျာရွှေမြေအသင်းနှင့်ဆုံတွေ့ရမည်ဖြစ်သည်။