ပြင်ဦးလွင်မှရက်ရက်စက်စက်လူသက် အနုကြမ်းစီးတဲ့အမှုကြီးပါ..လွန်ခဲ့တဲ့ ၂၅.၉.၂၀၁၀ ည ၇း၀၀ လောက်မှာဖြစ်ခဲ့တာပါ… ဖြစ်ပုံမှာ အသက် ( ၅၂ )အရွယ်အမျိုးသမီးကြီးတစ်ယောက်ကို ရက်ရက်စက်စက် ဓားနှင့်အချက်ပေါင်းများစွာ ထိုးပြီးတော့ ပစ္စည်းများကိုယူသွားတာပါ… ပြင်ဦးလွင်ရဲ့မြို့လယ်ခေါင် မြို့ပတ်လမ်းနံဘေး စာပန်းအိမ် ဘော်ဒါဆောင် ရုံးချုပ်နားက အိမ်ကြီးတစ်အိမ်မှာပါ … အသက် (၅၂ )အရွယ်အမျိုးသမီး တစ်ဦးတည်းနေထိုင်တဲ့ အိမ်ကြီးမှာဖြစ်ပျက်ခဲ့တာပါ .. အမျိုးသမီးဟာ ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရပါတယ်.. ထိုမိန်းမကြီးကိုသတ်သွားတဲ့တရားခံဟာ .. အသက်က (၃၂)အရပ်ရှည်ရှည်နဲ့ဖြစ်ပါတယ်… တရားခံ၏ထွက်ဆိုချက်အရ ည ၇း၀၀ လောက်အချိန်တွင်ဖြစ်ပါသည်… သူသည်အုတ်နံရံကိုကျော်တက်ပြီးအိမ်ထဲကို ၀င်ရောက်ခဲ့ခြင်းဖြစ်ပါတယ် … သေဆုံးသူအမျိုးသမီးသည် အိမ်တံခါးများကိုပိတ်ပြီးတော့ တီဗီကြည့်နေတာပါ.. အိမ်ရဲ့နောက်ဖေးအပေါက်မှာ အသံကြားလို့ ထပြီးတံခါးဖွင့်ပြီး ကြည့်လိုက်ရာ တရားခံကအမျိုးသမီးကိုဆောင့်ထွန်းလိုက်ရာ လှဲကြသွားပါသည်… အမျိုးသမီးက ကယ်ကြပါဦး ဟုအော်ဟစ်အကူအညီတောင်းရာ တရားခံသည် အသင့်ပါလာသည့် ဓားဖြင့်ထိုးသတ်လိုက်ပါသည်… အဘယ်ကြောင့်အချက်ပေါင်းများစွာထိုးသတ်သွားသည်ကိုတော့ မေးမြန်းဆဲဖြစ်ပါတယ်… တရားခံသည် အိမ်အတွင်းမှာရှိတဲ့ သေတ္တာများကို တစ်လုံးခြင်းလိုက်လဲဖွင့်ပြီး ပစ္စည်းများကို လိုက်လံရှာပါတယ် …. ဘာပစ္စည်းမှရှာလို့မတွေ့တော့ တရားခံသည် လက်ကိုင်ဖုန်းတစ်လုံးနှင့် အိမ်ရှိဆိုင်ကယ်အား ယူပြီး မိထ္ထီလာဘက်ကိုသွားပြီး လက်ကိုင်ဖုန်းကို လိုက်လဲရောင်းချနေရာ ဖုန်းနံပါတ်အားမသိသဖြင့် နယ်မြေခံရဲများက မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ဖုန်းနံပါတ်များကို ဆက်သွယ်ကြည့်ရာ အမှုမှန်ပေါ်ပေါက်ခဲ့ပါတယ်….

သေဆုံးသူအမျိုးသမီးသည် ပြင်ဦးလွင်ကော်ဖီခြံတွင် အရာရှိတစ်ယောက်ဖြစ်ပါသည်.. သူသည်သားကောင်းမိခင်တစ်ယောက်လည်းဖြစ်ပါသည် … သူတွင်သားသုံးယောက်ရှိပါသည် …. အကြီးဆုံးသားသည် စစ်ဗိုလ်တစ်ယောက်ဖြစ်ပါသည် … နိုင်ငံတော်မှ ဗီယက်နမ်သို့ ပညာတော်သင် စေလွှက်ခြင်းကို ခံထားရသူဖြစ်ပါသည်….သားအလတ်သည် လည်း စစ်ဗိုလ် တစ်ယောက်ပင်ဖြစ်ပါသည် …. တိုက်ကြီးမြို့နယ် အမြှောက်တပ်တွင် တာဝန်ထမ်းဆောင်နေပါသည်… သားအငယ်ကတော့ မန်းတလေး အိုင်စီကျောင်းမှာ တက်နေပါတယ်… ထိုအမျိုးသမီးကို ရက်ရက်စက်စက်သတ်သွားတဲ့ တရားခံဟာ အမျိုးသမီး အား ဓားဖြင့် (၁၂)ချက်ထိုးသတ်ခဲ့ပါသည်.. သေလောက်သည့်ဓားချက်မှာ (၉)ချက်ပါဝင်နေပါသည်….သူသည် ပိုက်ဆံနှင့် ရတနာများထားရှိ သေတ္တာကို မတွေ့သဖြင့် တွေ့ရာကိုယူကာ ထွက်ပြေးသွားခြင်းဖြစ်ပါသည်… သေဆုံးသူအမျိုးသမီးအား ၂၇.၉.၂၀၁၀ ရက်နေ့တွင် ဂူသွင်းသဂြိုလ်လိုက်ပါသည်…..

မှတ်ချက်။   ။ လူမျိုးရေး၊ဘာသာရေးထိခိုက်နိုင်သည့် အချက်အလက်တချို့ အယ်ဒီတာမှ ဖြတ်တောက်ထားသည်။ ( 9/29/2010 8:00pm PST)

About thihayarzar

thiha yarzar has written 76 post in this Website..