အင်တာနက်ဟာသများ

panpanSeptember 30, 20101min1530

” ပူမနေစမ်းပါနဲ ့ ”

“ဟေ ့လူတွေ လိုက်မယ်ဆို မြန်မြန်လုပ်ကြလေ … ဟိုမှာ သဘောင်္က ဥဩ ဆွဲနေပြီ ”
” အိုကွာ… သူ ့ဟာသူဘယ်လောက် ဥဩဆွဲဆွဲ .. လက်မှတ်က ငါ ့ဆီ မှာပဲဟာ ”

” ဟယ်…. လောက ”

” လောကကြီး က တကယ် ့ကို မတရားဘူး ….ကျွန်မ အဖို ့ နေ ့တိုင်း မီးဖိုချောင်ထဲ ဝင်ပြီး မချက်ချင်ပဲနဲ ့ ချက်နေရတယ် ”
” ဟုတ်တယ် လောကကြီး က မတရား ဘူး…. ငါလည်း နေ ့တိုင်း မင်းချက်ကျွေးတာတွေ မစားချင်ပဲ စားနေရတယ် ”

” ရန်သူမှန်ရင် ”

” ဒေါက်တာ ဆီမှာ ရန်သူမရှိဘူး လားဟင် ”
” ဟင် ့အင်း မရှိပါဘူး …. သူတို ့ အားလုံး ကိစ္စ ချောကုန်ကြပါပြီ ”

” သူဌေး ၏ ဖြောင် ့ချက် ”

” တောကနေပြီး ဒီမြို ့ ကို ကျွန်တော် ရောက်စမှာတော ့လက်ထဲမှာ ငါးဆယ်တန် တစ်ရွက်ပဲ ရှိတယ် ဗျ…အဲဒါနဲ ့ ဈေးထဲမှာ အာလူးနည်းနည်း ၊ ခရမ်းသီးနည်းနည်း ၊ ကုလားပဲ နည်းနည်း စီဝယ်ပြီး ဟင်းချက်ရောင်းတာ တစ်ရာရတယ် …ရလာတဲ ့ ငွေတစ်ရာနဲ ့ ကုလားပဲ၊ အာလူး ၊ ခရမ်းသီး ဝယ်ပြီး ဟင်းချက်တာ ငွေနှစ်ရာ ဖြစ်လာတယ် …..
” အော် သိပြီ သိပြီ …အခုလို ဆပြန်တိုး အရင်းပြုပြီး ဟင်းချက်ရောင်းရင်း ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်လာတာပေါ ့နော် ”
” ဟင် ့အင်း … အဲလို ဟင်းချက်ရောင်းနေတုန်း တစ်နှစ်လောက် ကြာတော ့ ကျွန်တော် ့ ဦးလေး ဆုံးသွားတယ်..သူက လူပျိုကြီးဆိုတော ့ အမွေဆက်ခံသူအဖြစ် ကျွန်တော် ့ ကို သူပိုင်တဲ ့ ကုမ္ပဏီ လွှဲပေးသွားတယ်လေ.”

” ပြောမိတာ မှားပါတယ် ”

“မင်းကို မနေ ့က မင်းသမီး ဧည် ့ခံပွဲအကြောင်း သတင်းယူခိုင်းလိုက်တာ တစ်နေကုန် ပြန်ပေါ်မလာဘူး…. ဘာဖြစ်လို ့လဲ ”
” ဒီလိုပါ အယ်ဒီတာ ကြီးရယ် …မွေးနေ ့ပွဲ ကျင်းပမယ် ့ ဟိုတယ် အသွားမှာ ကားချင်း တို်က်မိလို ့ ဆေးရုံတင်လိုက်ရတယ် …. အဲဒါ ဧည့်ခံပွဲ မကျင်းပတော ့လို ့ ဘာမှ သတင်း ယူစရာ မရှိတော ့လို ့ တိုက်ကို ပြန်မလာဖြစ်တော ့တာပါ ”

” အပူ ကိုယ်စားလှယ် ”

” အခုတလော ကျုပ်မှာ ပူပင်စရာ တွေ များလွန်းလို ့ ကျူပ်အစားပူပေးမယ် ့ ရှိရင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ ့ ဗျာ”
” ကိုင်း…ဒါဆို ကျုပ်ပူပေးပါ ့မယ် …ငွေတစ်သိန်းသာ မစပါ ”
” အဲဒါ ပထမဦးဆုံး အနေနဲ ့ ခင်ဗျား ပူရမယ် ့ အပူပဲ ”

” အခုမှ သိတယ် “.

” ကိုင်း အမှ ု ့ကတော ့ ကွင်းလုံးကျွတ်လာပြီ… ငါ ့ကို အမှန်အတိုင်းပြောစမ်း…..အများပိုင်ငွေတွေ မင်းအလွဲသုံးစားလုပ်ခဲ ့သလား မလုပ်ခဲ ့ဘူးလား ”
” ဟင်း …ကျွန်တော် ့အမှ ု ့အတွက် ရှေ ့နေကြီး ရဲ ့ လျှောက်လဲ ချက်ကြားရတော ့မှပဲ ကျွန်တော် ကျုးလွန်ခဲ ့မိတာ အလွဲသုံးစားမှ ု ့ မဟုတ်တော ့မှန်း သိရတော ့တယ် ဗျာ ”

” သူမရဲ ့ ဖြစ်ပုံ ”

” ဟဲလို …ရဲစခန်းပါလား ရှင် ”
” ဟုတ်ပါတယ် …. ဘာများ ကူညီပေးရမလဲ ခင်ဗျာ ”
” ဒီလိုပါ ရှင် … အခုလို ညကြီး အချိန်မတော်မှာ ကျွန်မရဲ ့ ခြံဝင်းထဲ ကို လူနှစ်ယောက် တစ်ပြိုင်တည်း ရောက်နေပါတယ် …အဲဒါ တစ်ယောက် ကို ထွက်သွားအောင်ကူညီပါရှင် ”

” ပေးချင်လို ့ပါ ”

” မေမေ သမီးကို ငွေငါးကျပ်လောက် ပေးပါ ..အိမ်ရှေ ့မှာအော်နေတဲ ့ လူကို ပေးချင်လို ့ ”
“သူက ဘယ်လို အော်နေလို ့လဲ သမီးရဲ ့ ”
” အကြော်စုံ ရမယ် …တစ်ခု ငါးကျပ် တဲ ့ “