ဟာသလေးတွေနော်..

badbabylay09@gmail.comOctober 7, 20101min760

ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား….

အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။
မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ
ရေးလိုက်တယ်။

မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့
ပြောင်းသွားကြပြီ။

မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀
လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။

အခု အမေတို့အိမ်အသစ်မှာ အဝတ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့
မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။
ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက
ပြန်မတွေ့ရတော့ပါဘူး။

သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့
အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား
အမေလည်း မပြောတတ်ဘူး။

ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က
အရက်ချက်စက်ရုံမှာ ဝီစကီကန်ထဲ ကျပြီးနစ်လို့
သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက
ကယ်တဲ့သူအားလုံးကို သတိ္တရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို
သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။

ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄
ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက
ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။

အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက
အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ရ ရက်အတွင်း မပေးရင်
မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။

ချစ်တဲ့ အမေ

P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က
ပိတ်ပြီးသွားပြီ။

ပြုံးပျော်နိုင်ပါစေ…………