မင်းလောက်တော့ (ဟာသ)

koyegyiOctober 9, 20101min450

တစ်ခါက မောင်ပုဟာ ကြက်တူရွေးတစ်ကောင်နဲ့ သာလိကာတစ်ကောင် မွေးထားပြီးလူစကားလည်းသင်ပေးထားသတဲ့။ တစ်နေ့တော့ သူတို့အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာတယ်။ ဧည့်သည်ရောက်လာတဲ့အချိန်မှာ မောင်ပုဟာ အိမ်နောက်ဖေးဘက်ကိုရောက်နေသတဲ့။ ဧည့်သည်အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ ကြက်တူရွေးလေးက ဝင်ပါခင်ဗျာ ဝင်ပါ၊ ရေအိုးစင်ကရေကိုအမောပြေသောက်ပါခင်ဗျာ၊ ပြီးရင်ထိုင်ခုံမှာထိုင်ပါခင်ဗျာ လို့ ဧည့်ဝတ်ပြုလိုက်သတဲ့။ သာလိကာလေးကတော့ သူနဲ့မဆိုင်သလိုပဲ တိတ်တိတ်ကလေးနေသတဲ့။ အိမ်ရှေ့ကိုမောင်ပုထွက်လာတဲ့အခါ ဧည့်သည်က ပြောသတဲ့။ ခင်ဗျားမွေးထားတဲ့ကြက်တူရွေးလေးကလိမ်မာလိုက်တာဗျာ။ ကျွန်တော့်ကိုနှုတ်ဆက်နေတာများလူတစ်ယောက်ပြောနေသလားမှတ်ရတယ်၊ ဒီဘက်ကသာလိကာကြီးကတော့ ဘာမှမတတ်ဘူးထင်တယ်၊ အအကြီးလိုပဲ လို့ဆိုတော့ သာလိကာကြီးကစကားတစ်ခွန်းပဲပြန်ပြောလိုက်သတဲ့။ မင်းအဘက မင်းထက်တောင်တတ်သေး……။