ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
———————————————–

“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အ၀တ်အစားတွေ
ပါသွားလို့ အင်္ကျီတွေက အထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”

“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ”

“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။

+++++++++++++++++++++++

အာဂယောက္မ
——————

“ဟင်…..ခိုးရာလိုက်တယ်လည်းဆိုသေး
ဘာမှလည်းယူမလာပါလား ”

“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။

မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။

++++++++++++++++++++++++++

မေ့မတဲ့အကြောင်း
——————-

“မလွှဲသာလွန်းလို့သာ ကွာရှင်းလိုက်ရပေမဲ့
ငါ့မိန်းမကို တော်တော်နဲ့မေ့လို့ရမှာ မဟုတ်ဘူး
သူငယ်ချင်းရာ”

“အိုကွာ အချိန်က ကုစားသွားမှာပါ
သိပ်ပြီးစွဲလမ်း မနေပါနဲ့”

“ဒီလိုကွ သူ့ကိုမေ့လို့မရတဲ့ အကြောင်းက
ငါ့နာမည်နဲ့ သူယူထားတဲ့ အကြွေးတွေ နောက်
တစ်နှစ်လောက်ထိ ဆပ်ပေးရ ဦးမှာမို့ပါ..။”

++++++++++++++++++++++++++++++

ဘယ်သူ့လက်ချက်လဲ
———————-

“တောက်….နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တ၀ကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”

“ဟင်….ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”

++++++++++++++++++++++++++++++++++++

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!