ဗြိတိန်နိုင်ငံရဲ့ ပါလီမန်က လွန်ခဲ့တဲ့စနေနေ့မှာ ပထမဦးဆုံးလိင်တူချင်း
လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားကို ဗြိတိန်ပါလီမန်ရုံးစိုက်ရာ ဝက်မင်စတာ
(Westminster)နန်းတော်မှာ အောင်မြင်စွာကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲဒီလက်ထပ်ထိမ်းမြားပွဲဟာ ဥရောပသမဂ္ဂဝန်ကြီး ခရစ်ဘိုင်ရယ်(Chris Bryant)နဲ့

သူ့ရဲ့လက်တွဲဖော် ဂျရတ်ခရင်နီ(Jared Cranney) တို့ရဲ့ လက်ထပ်ထိမ်းမြား
ပွဲပဲ့ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို လန်ဒန်မြို့ရဲ့ကျက်သရေဆောင် သီးမ်စ်မြစ်(Thames)ကို
မျက်နှာမူထားတဲ့ ပါလီမန်အဖွဲ့ဝင်တွေရဲ့ ညစာခမ်းမထဲမှာ ကျင်းပပြုလုပ်ပေးခဲ့တာ
ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီအခမ်းအနားနဲ့ပတ်သက်လို့ မင်္ဂလာမောင်နှံရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ
အခုလိုထုတ်ဖော် ပြောဆိုထားပါတယ်။ ထုတ်ပြန်ကြေညာချက်ထဲမှာ လွန်ခဲ့တဲ့နှစ်တွေက
ကျနော်တို့နိုင်ငံမှာ လိင်တူချင်းချစ်တဲ့သူတွေဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကို
လုပ်ကျွေးပြုခွင့်မရခဲ့ကြဘူး။ ငြင်းပယ်ခံခဲ့ကြရတယ်။ လိင်တူချင်းချစ်တဲ့သူတွေဟာ
လက်ထပ်ထိမ်းမြားခွင့်မရခဲ့ကြဘူး။ ကလေးမွေးစားခွင့်တွေလည်း
ငြင်းပယ်ခြင်းကိုခံခဲ့ကြရတယ်။ ဒါပေမယ့် အခုအဲဒါတွေမရှိတော့ဘူး။ ဒါကြောင့် အခုလို
ကျနော်တို့နှစ်ယောက်စလုံး လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေးကိုတိုက်ပွဲဝင်နေတဲ့
အင်္ဂလန်နိုင်ငံသူ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အထူးပဲလေးစားပါကြောင်း၊ အရမ်းလဲ
အသိအမှတ်ပြုပါကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Source: http://advocate.com

About intro

Lionel Intro has written 162 post in this Website..