မန္တလေးဂေဇက်သည် လူထုကို ဘယ်တော့မှ တပါတ်မရိုက်..။ :)

ဒါကြောင့် စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်..။
မဲပေးသူများကို မှတ်တမ်းမတင်ထားပါ။ မန်င်ဘာမဟုတ်သူများလည်း လုပ်ပေးကြစေလိုပါတယ်။
အမှန်တကယ်သေချာစဉ်းစားပြီမှ ဖြေစေလိုပါတယ်..။
တခါဖြေ တခုနှုန်းနဲ့ မိဘဆွေမျိုးမောင်နှမ ကိုယ်စားပါ ၀င်ဖြေပေးနိုင်ပါတယ်။ Poll က ၅မိနစ်တခါ ပြန်ပွင့်မှာမို့ ပါ။
ဘယ်လိုဖြစ်ဖြစ် နိုဝင်ဘာ ၁၀ ရက်လောက်ဆို အဖြေထွက်နေမှာ ဖြစ်တာမို့ မန္တလေးဂေဇက်ပရိသတ်က မြန်မာလူထုကို ဘယ်လောက်ကိုယ်စားပြုနိုင်သလဲ ပေါ်လွင်မှာဖြစ်ပါတယ်။

ကွင်းထဲက ဟာတွေက ခုံနေရာတွေပါ..။
ပထမတခုက (ပြည်သူ့လွှတ်တော်)၊ ဒုတိယက (အမျိုးသားလွှတ်တော်) ထိုင်ခုံနေရာတွေပါ..။
ဆိုင်ရာပါတီတွေ ၀င်ပြိုင်ထားတဲ့ ခုံနေရာဆိုပါတော့..။ သိပ်တော့ မပြည့်စုံသေးပါဘူး..။

အင်တာနက်တွေ၊ ဂျာနယ်တွေထဲ နည်းနည်းပါးပါး မွှေနှောက်လိုက်ပါဦးမယ်..။ ပြီးမှ ရတဲ့အချက်အလက်တွေ လာရေးပါမယ်..။ သိချင်တာတွေ ရေးချင်တာတွေ။ ဆဲချင်တာတွေ … အောက်မှာ ကော်မန့်နဲ့ မန်းနိုင်ပါကြောင်း..။

====

အချက်အလက်များ ( http://www.myanmarelection2010.info  http://www.networkmyanmar.org

မှရယူသည်)

  • ပြည်ထောင်စုတစ်ဝန်းလုံးရှိ လူဦးရေစုစုပေါင်း – ၅၇,၅၀၄,၃၆၈ (၂၀၀၈)
  • ဆန္ဒမဲပေးခွင့်ရှိသူဦးရေ – ၂၇,၃၆၉,၉၅၇ (၂၀၀၈)
  • ရွေးကောက်တင်မြှောက်သည့်ကိုယ်စားလှယ်စုစုပေါင်း – ၄၉၈
  • 1. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – ၃၃၀
  • 2. အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ၁၆၈
  • တပ်မတော်သားကိုယ်စားလှယ်(လွှတ်တော်နှစ်ရပ်ပေါင်း) – ၁၁၀+၅၆ = ၁၆၆

[page_polls]

kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.