ကျောင်းသားတပ်မတော်သားများ

ဘယ်လောက်ထိတိကျမှန်ကန်လဲတော့ မသိဘူးဗျို့။ http://komoethee.blogspot.com/ မှာတွေ့လို့ ရွာသူရွာသားများ အထုပ်အပိုးပြင်ချိန်ရအောင် အသိပေးနိုးဆော်တာပါ။

ဒီကေဘီအေခေါင်းဆောင် စောလှဘယ်၏ ထုတ်ပြန်ချက်
ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကိုလက်ခံဘူး။ ဘောဒါဂတ်မလုပ်နိင်ဘူး။ ပြည်သူလူထုတွေငတ်ကုန်တာကိုလက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက်မရမချင်းဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။

at 01:09 0 comments

Labels: က

ကချင်နဲ့  ၀ ဘာလုပ်နေကြသလဲ
ဝ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။ ၀ သဖ ၊ ကချင် ဘာလုပ်နေကြသလဲ ။ ဖယ်ဒရယ်မူက နဖအ ဆီက တောင်းလို့  တိုက်ယူမှရတယ်။
Monday, 8 November 2010
နအဖ စစ်တပ် မြ၀တီလူထုကို မြို့ ထဲမှာ စတင်မောင်းထုတ်နေပြီ
နအဖ စစ်တပ်က ၄၅ မိနစ်အတွင်း မြ၀တီ မြို့အတွင်းက ထွက်ခွာ ရန် အမိန်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ် ။လူထုများကို စတင်မောင်းထုတ်နေပြီဖြစ်ပါတယ်။

at 00:27 0 comments

ဘုရားသုံးဆူမှာ သေနတ်ပေါက်ပြီ
ဘုရားသုံးဆူမှာ နအဖ တပ်နဲ့  ဒီကေဘီအေ တပ်ဖွဲ့ များ ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ခုဆိုတိုက်ပွဲဖြစ်တာ မနစ် သုံးဆယ်ခန့် ရှိသွားပြီဖြစ်ပါတယ်။နအဖစစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ နဲ့ တို့ အပြန်အလှန် စတင် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ သူမူ ဟဲ (ငြိမ်းချမ်းရေး အဖွဲ )့  ၊ ဗိုလ်ထိန်မောင်အဖွဲ့ ၊ မောင်ချစ်သူ အောက်ခြေတပ်များပါ ပူးပေါင်း တိုက်ခိုက်ကြတယ်လို့ သိရတယ်။
Sunday, 7 November 2010
မဲလိမ် မဲခိုး မှုတွေ အတွက် ဆန္ဒပြဖို့ လူထုလှုပ်ရှားမှု စတင်နေပြီ
ှနအဖ မဲ ဘယ်လိုလိမ်နေလဲ ဆိုတော့ ညကထိ NDF နိုင်တယ်။ ကြိုတင်မဲတွေ ပေါင်းတော့ ရှုံးသွားတယ် လို့ NDF ပါတီက ထုတ်ဖော်ပြောဆိုခဲ့တယ်။ နအဖက အကြီးအကျယ် မဲလိမ်နေပြီ လို့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီများက စွပ်စွဲမှုတွေရှိခဲ့ပြီးနောက် တရားဥပဒေ အရ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်းကြားမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ တကယ်လို့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုချိုးဖောက်ခဲ့တဲ့ သက်ဆိုင်ရာပါတီတွေ က ကိုယ်စလှယ်တွေနဲ့ တာဝန်ရှိသူတွေကို ကို အရေးယူမှုမရှိရင် လူထု က လမ်းမတွေပေါ်မှာ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောဆိုနေကြောင်း ပြည်တွင်း က ပေးပို့တဲ့ သတင်းများအရ သိရှိရပါတယ်။

at 23:15 0 comments

လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ကြ။ လူထုတိုက်ပွဲ တွေကိုဖေါ်ထုတ်ကြ။ လူထုတိုက်ပွဲတွေကိုဖေါ်ထုတ်ကြ။
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ကြ။ လူထုတိုက်ပွဲ တွေကိုဖေါ်ထုတ်ကြ။
လူထုတိုက်ပွဲတွေကိုဖေါ်ထုတ်ကြ။
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ကြ။ လူထုတိုက်ပွဲ တွေကိုဖေါ်ထုတ်ကြ။
လူထုတိုက်ပွဲတွေကိုဖေါ်ထုတ်ကြ။
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ကြ။ လူထုတိုက်ပွဲ တွေကိုဖေါ်ထုတ်ကြ။
လူထုတိုက်ပွဲတွေကိုဖေါ်ထုတ်ကြ။
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီပေါင်းစပ်ကြ။ လူထုတိုက်ပွဲ တွေကိုဖေါ်ထုတ်ကြ။
လူထုတိုက်ပွဲတွေကိုဖေါ်ထုတ်ကြ။

at 23:03 0 comments

လူထု တိုက်ပွဲကော်မတီ – တိုက်ပွဲဝင် ကရင်ရဲဘော်များကို ကူညီ
လူုထုတိုက်ပွဲံ ကော်မတီ ( People Action Committee – PAC) က တိုက်ပွဲဝင် ကရင်ရဲဘော်များအတွက် ငါးသေတ္တာနဲ့  ခေါက်ဆွဲခြောက် ဘတ်ငွေ ၅ထောင်ဖိုး ကို ကူညီလိုက် ပါတယ်။ ကရင်ရဲဘော်များကို အမျိုးသားရေးစိတ်ဓါတ်နဲ့ ဝိုင်းဝန်းကူညီကြဖို့  မေတ္တာရပ်ခံပါတယ်။

at 22:59 0 comments

ဒီကေဘီအေ ရွေးကောက်ပွဲရလဒ်ကို ဆန်ကျင့် ခြင်းဖြစ်
ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ ဒီကေဘီအေနဲ့ နအဖတပ်တွေကြားမှာ ဒီနေ မနက်က စပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တယ်။ မြ၀တီ မိုးကုတ် ဂိတ် အနီါး်ပ်တိုက်ပွဲများစတင်ဖြစ်ပြီးနောက်ပိုင်းမှာ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပါ အပြန်အလှန်ပြစ်ခတ်ခဲ့တယ်။ ပြသနာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ရမှာနဲ့ ရွေးကောက်ပွဲကိုလက်မခံကြောင်း ဖြစ်ပါတယ်။မနက်က စပြီး နအဖ တပ်တွေက မြ၀တီ မြို့ မှာ လူတွေကိုပေါ်တာဆွဲတာက လတ်တလောအကြောင်းရင်းလာလို့ ယူဆလို့ ရတယ်။
ထိုင်းနိင်ငံကို အလုပ်လာလုပ်ကြတဲအတွက် တမြို့ လုံးမှာအရွယ်ရောက်တဲ့ယေက်ကျားတွေရှားသွားတယ်။
ဒီတော့ ၁၂ နစ် ၁၃ နစ်အရွယ်ယောက်ကျားလေးတွေကို ပေါ်တာဆွဲတာကနေ တင်းမာမှု တွေစတင်ဖြစ်ပွားလာပြီး ဒီကေဘီအေ ပေါက်ကွဲ သွားတာဖြစ်တယ်လို့  မျက်မြင်သက်သေတဦး က သတင်းပို့ ပါတယ်။ လက်ရှိမြင်ကွင်းကတော့ မြ၀တီဖက်ကိုသွားတဲ့ ကားလမ်းကိုထိုင်းစစ်တပ်ကပိတ်လိုက်တယ်။
ထိုင်း ရဲနဲ့ စစ်သားတွေအများကြီါ်ချလာတယ် ။ နယ်စပ်မြစ်ကို ဖြတ်ပြီး လူ ၅ ထောင်လောက် ထွက်ပြေးလာတယ် ။ ကလေးတွေ၊ မိန်းမ တွေက အများစြုဖစ်တယ်။ အော်ဟစ်ငိုကြွေးသံတွေနဲ ကမ္ဘာပျက်သလိုဖြစ်နေတယ်။ ထိုင်း ဘုန်းကြီး ကျောင်းတကျောင်းက ဒုက္ခသည်တွေက ယာယီ နေရာချပေးထားတယ်။

at 22:51 0 comments

ဒီကေဘီအေ တိုက်ပွဲသတင်း Live Report
မြ၀တီ ဗျူဟာကုန်းကို ဒီကေဘီအေ သိမ်းလိုက်ပြီ၊ နအဖ တပ်က ဂျီ – တူး အဆင့်ရှိ သူကိုအရှင်မိထားပြီလို ကသတင်းပို့ ပါတယ်။ နအဖ ဗျူဟာ မှုး ခွေးပြေးဝက်ပြေးပြေး။ ထိုင်းစစ်သားများလည်း ဒီဖက်ကမ်းကနေ ကြတယ်။ ကုန်းကုန်းကွကွ နဲ့  သေနပ်သံကြားရင် ထုံးစံအတိုင်း ပြားပြားမှောက် ဖြစ်နေကြတယ်။

at 21:49 0 comments

ဒီကေဘီအေနဲ့ ကေအင်ယူ ပေါင်းသွား ပြီ
ဒီကေဘီအေ ကို ကေအင်ယူ က စစ်ကူ ပေး နေပြီ။ ဗိုလ်နန္ဒမြ ၂၀၁။ တပ်မဟာ ၇ ဗိုလ်မှုးကြီးအောင်ဦးဆောင်ပြီး ဝေါခွေင်မှ့ ကနဲလေး ရှိ နအဖ တပ်ကို အလှစ်ဝင်တိုက်ခိုက်လိုက်ပါတယ်။
ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းမိနေကြပါတယ်။

at 21:41 0 comments

မြ၀တီတိုက်ပွဲ ကြောင့် လူတယောက်သေ ဆုံး
မြ၀တီဖက်မှာ ဒီကေအေ နဲ့  နအဖ အပြန်အလှန် ပြစ်ခတ်မှုကြောင့် ထိုင်းတဖက်ကမ်းရှိ ဟွေ့ မှုတ် ရွာမှာ
လက်နက်ကြီးလေးလုံးကျတဲ့အတွက် လူတယောက်သေဆုံးသွားတယ်။ ဒီရွာက ထိုင်းရွာဖြစ်ပေမဲ့ မြန်မာ ပြည်က ကရင်၊ မြန်မာ ပါနေထိုင်ကြပါတယ်။

at 21:07 0 comments

သဘ၀ဓါတ်ငွေ့ စက်ရုံ ပေါက်ကွဲ
ဒီနေ့ နံနက် ၄ နာရီ က ရွှေပြည်သာစက်မှုဇုံ အဖျောက်သဘာဝဓါတ်ငွေ့ ဂတ်စ်စက်ရုံ အတွင်း ပေါက်ကွဲမှုကြီး တခုဖြစ်ပွားခဲ့ပါတယ်။

at 21:01 0 comments

ဘုရားသုံးဆူမှာလည်း တင်းမာနေပြီ
ဘုရားသုံးဆူမှာလည်း ကေအင်ယူ၊ ဒီကေဘီအေနဲ့ မွန်တို့  နားလည်မှုရနေကြတယ်။ ဘုရားသုံးဆူက နအဖ တပ်နဲ့  သုံးဖွဲ့ ပေါင်းတို့ တင်းမာမှုဖြစ်နေတယ်လို့ သတင်းရပါတယ်။

at 20:58 0 comments

ရွေးကောက်ပွဲက အ တုအယောင်၊ မဲပေးသူလည်းနည်းတယ်။ ဒါကြောင့်ရွေးကောက်ပွဲရလဒ်တွေက မဲမပေးပဲနေခဲ့တဲ့လူထု အများစုရဲ့ ဆန္ဒကို ကိုယ်စားမပြုနိင်ဘူး။ အများစုကြီးက ၂၀၀၈ အခြေခံဥဒေကို လက်မခံနိင်လို့ ဆန်ကျင်ကြတာဖြစ်တယ်။

at 20:56 0 comments

မြ၀တီ က တိုက်ပွဲ လက်နက်ကြီး ထိုင်း Custom ရုံး အနီး ပေါက်ကွဲ
အခု မြ၀တီမြို့ မှာ ဘာကြောင်းမှန်းမသိ ဒီကေဘီအေနဲ့  နအဖ တပ်တွေအပြန်အလှန် ပြစ်ခတ်နေကြပါတယ်။
လက်နက်ကြီးနှစ်လုံးက ချစ်ကြည်ရေးတံတားထိပ် အနီး ထိုင်းကာစတန် ရုံး မှာ ကျပြီးပေါက်ကွဲသွားတယ်လို့ 
သတင်းရရှိပါတယ်။

at 20:46 0 comments

မြ၀တီ မြို့ က သေနပ်သံများ
ဒီနေ့ မနက်မှာ မြ၀တီဖက် က သေနပ်သံများထွက်ပေါ်နေပါတယ်။ မနေ့ ကလည်း မြ၀တီမှာ ဒီကေဘီအေ
စောကျော်သက် အဖွဲ့  က ဆန္ဒပြနေတဲ့အတွက် နအဖ နဲ့  ဒီကေဘီအေ အဖွဲ့ တို့  ကြားမှာ တင်းမာမှုတွေဖြစ်
နေတဲ့အတွက် မြ၀တီကို ဒီကေဘီအေ သိမ်းလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။
ပြသနာရဲံ အရင်းမြစ်ကိုမသိသေးပါ။ မနေ့ ညကတည်း တမြို့ လုံးတိတ် ပြီ ပြသနာတက်နေတယ်လို့  မြို့ ခံတွေက ဆိုပါတယ်။ ဒီနေ့ မနက်မှာတော့လက်နက်ကြီးပေါက်ကွဲသံတွေပါထွက်ပေါ်နေပါတယ်။ တချို့ သုံးသပ်သူတွေအဆိုအရ ကေအင်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး တိုက်နေတယ် လို့ လည်းသိရပါတယ်။

သေနပ်သံများကြောင့် နယ်စပ်တလျောက် အန်ဂျီအိုများဖွင့်လှစ်ထားတဲ့ မြန်မာ အလုပ်သမား များရဲ့ ကလေး ကျောင်းများကို ထိုင်းအာဏာပိုင်များက ပိတ်ရန် ညွန်ကြားထားပါတယ်။

at 20:28 0 comments

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး