ကိုကျော်သူက ဒေါ်စုအတွက်ရည်ရွယ်ရေးဆွဲထားတဲ့ ကိုယ်တိုင်ရေးပန်းချီကားကို မနေ့က သွားပေးခဲ့တဲ့ပုံပါ။ လူထုခေါင်းဆောင်နဲ့ အကယ်ဒမီသုဘရာဇာလို့ အမည်ပေးလိုက်တယ်ဗျာ။
Ref:အညနွေတမာမြေ
https://i2.wp.com/www.quigonjinn02.appspot.com/3.bp.blogspot.com/_A59OnwjMMGE/TN9o2AEdMOI/AAAAAAAAHng/Ed3C1dY_3OM/s400/5.jpg
https://i0.wp.com/www.quigonjinn02.appspot.com/2.bp.blogspot.com/_MvLMV1oMqOc/TN9MXTOTUsI/AAAAAAAABfo/2i1utocNNU0/s320/1.jpg

https://i0.wp.com/www.naytthit.net/wp-content/uploads/2010/11/21-300x225.jpg?resize=300%2C225
https://i0.wp.com/www.naytthit.net/wp-content/uploads/2010/11/31-300x225.jpg?resize=300%2C225
https://i0.wp.com/www.naytthit.net/wp-content/uploads/2010/11/7-300x225.jpg?resize=300%2C225

ဒါလေးဖတ်ကြည့်ပါဦး..နေ့ သစ် ကတင်ထားတာလေးပါ။

“မြန်မာပြည်သူတွေဟာ တယောက်နဲ့ တယောက် သည်းငြီးခံတတ်ကြတယ် ဟုတ်တယ် မလား”
ပြည်သူများ

“ဟုတ်ပါတယ်”
အမေစု

“တကယ်ရော ဟုတ်ရဲ့လား”
ပြည်သူများ

“ဟုတ်ပါတယ်”

အမေစု

“ဒါဆိုစမ်းကြည့်ရမလား”
ပြည်သူများ

“စမ်းကြည့်ပါ”
အမေစု

“ဒါဆိုရင် စမ်းမယ်နော်
ဒီရှေ့က(စင်ရှေ့က) လူတွေက ကျမ အသံကို ထိုင်ပြီး တော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက် (ရွှေဂုံတိုင်ဘက်ခြမ်း) က လူတွေရယ် နောက်က
လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ်ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား”

“အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ
အမေစု အဲလိုပဲ ပြောလိုက်ရော…”

“ချက်ခြင်းပဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ….
အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ… ထောင်သောင်းချီနေတဲ့ လူအုပ်ကြီး ချက်ချင်း နေရာ လဲပေးကြတာဗျာ… အံ့သြဖို့ ကောင်းလိုက်တာ”….

“ဒါပဲဗျ…. ခေါင်းဆောင်ကောင်းဆိုတာ…
လူတွေရဲ့ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီး အုပ်ချုပ်နေစရာမ လိုဘူး…. ထောင်နဲ့ ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး…
စကားလေး တခွန်းပြောပြီး ညင်ညင်သာသာ ခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားပဲဗျ… လေးစားဖို့ကောင်းလိုက်တာဗျာ”….

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး