ီနေ့ မန္တလေးဂေဇက်မှာ ဆူးရဲ့ ပိုက်ဆံမသစ်ရင် လက်မခံတဲ့ ရိုးမဘဏ်ဆိုတဲ့ ပို့စ်လေးဖတ်ပီး လွန်ခဲ့တဲ့ ၁၀ လကျော်လောက်က ကျနော်ရေးထားပြီး ဘယ်သူ့ကိုမှ ပေးမဖတ်ရသေးတဲ့ ကျနော့ စိတ်ကူးလေးကို မျှဝေချင်တာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ။ ကျနော်ကတော့ ငွေကြေးနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယနေ့ ကျနော်တိုင်နိုင်ငံမှာ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားကြည့် မိတာပါ။ ဘယ်သူမဆို မိမိငွေကြေးကို တန်းဖိုးရှိရှိ ထိထိရောက်ရောက် အလေအလွင့်မရှိအောင် သုံးချင်ကြပါတယ်။ ဈေးဝယ်တဲ့ အခါ ကြုံတွေ့ရတဲ့ အကြွေမရှိလို့ ပြန်အမ်းတဲ့ သကြားလုံး တစ်ရှူး ဘောလ်ပင် စသည့် မိမိတို့ မလိုချင်သော မလိုအပ်သော ပစ္စည်းများကို မလိုချင်ဘဲ လက်ခံရပါတယ်။ ပြန်အမ်းနိုင်ရင်လဲ အသေးစားငွေစက္ကူတွေဆို တော်တော်လေးကို စုတ်ပြတ်သတ် ညစ်ပတ်နေပါပြီ။ ကိုင်ချင်စရာကိုမရှိပါ။ တန်ဖိုးတစ်ခုရှိနေလို့သာ လက်ခံရတာပါ။ ပိုက်ဆံလို့တောင် ပြောဖို့မကောင်းတော့ပါဘူး။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေပါ ဒါတွေကို ကြုံတွေ့နေရတာပါ။ သူတို့ပေးတဲ့ ဒေါ်လာကြတော့ နဲနဲပါးပါး နွမ်းနေရင်တောင် ဒီကလူတွေက လက်မခံချင်ကြပါဘူး။ ကိုယ်ကျတော့ ညစ်ပတ်စုတ်ပြတ်သတ် နေတဲ့ ပိုက်ဆံတွေပြန်အမ်း သူတို့လဲ ဘယ်လက်ခံချင်မှာလဲ။ ရှက်စရာ အလွန်ကောင်းပါတယ်။ ပိုက်ဆံ ကြည့်လိုက်တာနဲ့ တန်းဖိုးထားချင်စရာမကောင်းအောင်ဖြစ်နေတာ။ သူ့ရဲ့ ဂုဏ်ဒြဗ်နဲ့ မလိုက်ဘက်အောင် ဖြစ်နေတာ ဘယ်လောက်တောင် စိတ်ပျက်ဝမ်းနည်းစရာကောင်းနေပြီလဲဗျာ။

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.