mobile phone function တစ်မျိုး
အခုနောက်ပိုင်းကာလတွေမှာ မိုဘိုင်းဖုန်းအတွင်းအသံမျိုးစုံထည့်သွင်၍ ကြိုက်နှစ်သက်ရာ ring tone တွေသုံးစွဲကြတာ ခေတ်စားလာပါတယ် ။ တစ်ခါတစ်လေ အစ်ကိုရေ ဖုန်းလာတယ် ဆိုတာမျိုးတွေ ၊ ကလေးရယ်သံ တခစ်ခစ်တွေ ၊ အရေးပေါ်အချက်ပေးအသံလို အသံမျိုးတွေ ၊ သီချင်းသံတွေ အမျိုးမျိုးအစုံစုံကြားကြားနေတတ်ကြပါတယ် ။ နည်းပညာတိုးတက်လာတာနဲ့အမျှ မိုဘိုင်းဖုန်းဟမ်းဆက်တွေကလည်း ဈေးကွက်ကြားမှာ အမျိုးမျိုးနေရာယူလို့ပေါ့ ။ ဖန်ရှင်တွေကလည်း ကြာလေ တိုးတက်လာလေလေပါပဲ ။ အခုပြောပြချင်တာက ကိုယ့်ဖုန်းမှာ ဆေးကော်လာနိမ်းဆိုတဲ့ ဖန်ရှင်လေးအကြောင်းပါ ။ မော်ဒယ်အနိမ့်ဖုန်းတွေမှာရော ၊ အမြင့်ဖုန်းတွေမှာပါ ပါတတ်တဲ့ ဖန်ရှင်ပါ ။ ဆေးကော်လာနိမ်းဖန်ရှင်လေးပါတဲ့ ဖုန်းမှာ ဆက်တင်ထဲက သွား အွန်ထားရင် တစ်ဖက်က ခေါ်ဆိုတဲ့ နာမည်ကို ပြောပေးမှာပါ … ။ ဥပမာ ကိုယ့် ကွန်တန့်လစ်ထဲမှာ မေမေလို့ထည့်ထားရင် ၊ မေ့မေ့ဆီက ခေါ်တာနဲ့ ဖုန်းမြည်သံက မေမေလို့ ပြောပေးမှာပါ ။ လက်တွေ့ပဲ စမ်းသုံးကြည့်လိုက်ကြပါ ။
လက်တွေ့ စမ်းသုံး ဆိုပြီး လင့်လေး ပါလေး ပေးလေ.. စမ်းချင်တယ် ပေးပေး အထု ပေး.. စမ်းမယ်။
Was this answer helpful?
LikeDislikeဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ တိတိကျကျလဲ ရေးမထားဘူး
Was this answer helpful?
LikeDislikeအေးလေ ဟုတ်ပါ့ … ဘယ်မှာဘယ်လိုဘာသွားလုပ်ရမှာလဲဟ
Was this answer helpful?
LikeDislikeNokia မှာဆိုရင်တော့
setting>>general>>personalisation>>tone>>say caller’s name ကို ON ပေးရပါတယ်။
Was this answer helpful?
LikeDislikeဘယ်လို ဖုန်းတွေမှာ ပါလဲ။ ဘယ်လို setting ထားရလဲ အသေးစိတ်ရေးပေးရင်ပိုကောင်းမယ်ဗျာ။
Was this answer helpful?
LikeDislikeNokia smart ph တွေမှာပဲသုံးလို့ရပါတယ်။ Setting ထဲမှာရှာကြည့်လိုက်ပါ။ အထက်က ဖော်ပြထားတာက N series အတွက်ဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeHTC EVO 4G ထဲ ဇော်ဂျီကို Rootမလုပ်ပဲထည့်နည်းလေးများ သိမလားလို့ပါ..။.
Rootလုပ်ရင် Warranty Void တာမို ့.. လန့်နေတယ်..။
Was this answer helpful?
LikeDislikeတန်ခိုးရှင် ဇော်ဂျီကိုတောင် ရထားပြီးမှတော့ ဖုံးကို အဖုံးဖွင့်ပြီးသာ ထည့်လိုက်ပါ။ ပြီးရင် အဲဒီဆဲလ်ဖုံးကု ခွစီးပြီး ကမာ္ဘကိုပတ်ပေတော့။ း)
Was this answer helpful?
LikeDislikeနားမလည်ဘူး။
Was this answer helpful?
LikeDislikeSony Ericsson ဆိုရင်ရောဟင် သိသူများရှိရင်ပြောကြပါဦး
Was this answer helpful?
LikeDislike