ပြီးခဲ့တဲ့တစ်ပတ်အတွင်း အပြင်က မန်ဘာမဟုတ်ပဲဝင်ရေးတဲ့လူတွေကြောင့် ပို့စ်ပိုင်ရှင်တွေအတော်လေး စိတ်ပျက်၊ စိတ်အနှောက်ယှက်ဖြစ်ရပါတယ် ။ ဒါကြောင့် မန်ဘာမလုပ်ပဲ ၀င်မန်းလို့ရအောင်လုပ်ထားတဲ့နေရာလေး အခုပျောက်သွားတော့ တော်တော်လေး ကောင်းသွားတယ် ။ အရင်လိုပဲ တို့ရွာလေးတစ်ခါ ပြန်  ငြိမ်းချမ်းပြန်ပြီပေါ့ ။

နောက်တစ်ခုကောင်းတာက အရင်က ကိုယ့်ပိုစ့်မှာလာမန်းရင် လာမန်းတဲ့လူရဲ့ email address ရယ်၊ nick ရယ်ပါတယ် …ip address တောင်ပါသေး ။ဘာမန်းလည်း အကြောင်းရာလေးလည်း ပါတယ်ပေါ့ ..။ အဲ့ဒါက privacy မရှိပါဘူး ။ လာမန်းတဲ့ လူရဲ့   email address ကို ပို့စ်ပိုင်ရှင်က သိနိုင်တာကြောင့်ပါ..။ အခုတော့ ကောင်းပါတယ် လာမန်းတဲ့လူရဲ့ email adress ကို မသိနိုင်အောင်လုပ်ပေးထားတာလေး တစ်ခု တော်တော်ကောင်းပါတယ် ။

သို့သော်လည်း … ဘယ်သူလာမန်းလဲဆိုတာလေး ပါမလာပါဘူး ..အဲ့ဒါလေးပါလာရင် ပိုကောင်းမှာပါ … ။ အခုတော့ ပို့စ်ပေါ်မှာ မန်းတာတစ်ခုရှိတာသိရတယ် ..မန်းတဲ့ အပြည့်စုံလည်းသိရတယ် သို့သော်… ဘယ်သူကများမန်းပါလိမ့်သိချင်ရင် ကိုယ့်ပို့စ်ကိုယ် ပြန်ဝင်ကြည့်ရပါတယ် … တောင်းဆိုပါတယ် မန်းတဲ့လူနာမည် / nick လေးလည်း ၀င်လာတဲ့စာမှာ ပေါ်အောင်လုပ်ပေးပါဦး ။ ကျေးဇူးတင်ပါတယ် ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!