ပြိုတော့မဲ့မိုး


ချစ်သူက ပြောတယ်
ဘယ်တော့မှ မခွဲ
သေတပန် သက်တဆုံး
တမိုးအောက် တယောက်
ပိတောက်ဆို ပိတောက်တဲ့၊

ချစ်သူက နှစ်သိမ့်တယ်
ကိုကလွဲ ဖွဲနဲ့ဆန်ကွဲ
ရွှေငွေဒေါ်လာ မမက်
တူနှစ်ကိုယ် တဲအိုပျက်
မြေးမြစ်တွေ ထိတိုင်တဲ့၊

ချစ်သူက ကတိပေးတယ်
ဘယ်တော့မှ မရက်စက်
ကြားစကား မယုံနဲ့
သူ့အတွက်ကြောင့်
ကိုဘယ်တော့မှ မငိုရတဲ့၊

ချစ်သူက ရယ်တယ်
အစိုးရိမ်ကြီးလွန်းသူကြီး
မိုးပြိုမှ ပင်လယ်ရေခမ်းမှ
သူ့အချစ် ပျက်ပျယ်မယ်
ကမ္ဘာဆုံး ထိတိုင်တဲ့၊

အဲဒီနေ့ ညက
ကမ္ဘာဂြိုလ်ကို
ဥက္ကာပျံကြီးတစင်း
ဝင်တိုက်ခဲ့တယ်
မိုးပြိုပါရောလား။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF