ပြီးခဲ့တဲ့ နွေရာသီတုန်းက အဖေ အမေတို့နဲ့ အတူတူ တရုတ်ပြည်ထဲလျှောက်လည်ရင်း အမေ့ကို စိတ်ဝင်စားစရာတစ်ခု ပြခဲ့ဖူးတယ်။ လူစည်ကားရာ စူပါမတ်ကတ်တွေ၊ လမ်းဘေးပလက်ဖောင်းတွေနဲ့ ဘက်စ်ကားတွေပေါ်မှာ တရုတ်စုံတွဲတွေ အများကြီး တွေ့ရတယ်။ အမေ့ကိုပြောပြလိုက်တယ် … သူတို့ကိုကြည့်တာနဲ့ လက်မထပ်မှီလား လက်ထပ်ပြီးလားဆိုတာ သိနိုင်တယ်လို့ဆိုတော့  အမေက စိတ်ဝင်စားသွားတယ် …

ခွဲရတာ သိပ်လွယ်ပါတယ် … အမျိုးသမီးကိုင် စလင်းဘတ်အိပ်ကို အမျိုးသားကလွယ်ထားမယ်၊ အထုပ်အပိုးတွေအားလုံးကို ကိုင်ထားမယ်၊ အမျိုးသမီးလက်ထဲမှာတော့ စားစရာမုန့်တစ်ခုပဲ ရှိမယ်ဆိုရင် သမီးရည်းစားပါလို့ …. အဲဒါနဲ့ ပြောင်းပြန်ဆိုရင်တော့ လင်မယားပါပဲ …

အဲဒီလို အမြင်မတော်အောင် စလင်းဘတ်အိတ်လွယ်တဲ့ ယောက်ျားတွေက တရုတ်ပြည်မှာ အလွန်ပေါပါတယ် … တရုတ်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တော့မှ ပိုဆိုးတော့တယ် … တရုတ်ကောင်လေးတွေက ရည်းစားထားရင် ကောင်မလေးကို အစွမ်းကုန် အလိုလိုက်ရတယ်တဲ့ … မနက်စာမုန့်ဝယ်ပြီး အဆောင်ကို သွားပို့ပေးရတယ် … အတန်းတူရင် ကျောင်းအတူတူသွားရတယ် .. စာတွေကူးပေးရတယ် .. အိမ်စာလဲ လုပ်ပေးရတယ် … ဖုန်းအချိန်မှန်ဆက်ရတယ် … ကျောင်းပိတ်ရက် ဈေးဝယ်ထွက်ရင် အကုန်လိုက်သယ်ပေးတဲ့အပြင် ပိုက်ဆံလဲလိုက်ရှင်းရတယ် … အဆိုးဆုံးကတော့ ကောင်မလေးအ၀တ်တွေပါလျှော်ပေးရတယ်တဲ့ …

ဒါပေမယ့် လက်ထပ်ပြီးရင်တော့ အားလုံးပြောင်းပြန်ဖြစ်သွားပါတယ် …

ဓါတ်ပုံရိုက်ပြီးမှ ဒီပို့စ်ကို တင်မလို့ စိတ်ကူးပေမယ့် ဓါတ်ပုံထွက်ရိုက်ဖို့ အဆင်မပြေတာနဲ့ ဒီအတိုင်းပဲ တင်လိုက်ပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....