အကယ်ဒမီဆုများရှင် ချိုပြုံးတယောက် နေပြည်တော်မှာ သင်္ကြန်သွားရင်း ကွယ်လွန်တယ် ဆိုနေကြပါတယ်။
အကယ်ဒမီချိုပြုံးဟာ ပြိးခဲ့တဲ့ ၂နှစ်ကအမေရိကလည်း အလည်လာခဲ့ဖူးတာမို့ ယူအက်စ်နေသူ့ပရိတ်သတ်တွေ စိတ်ပူပြီးမေးကြပါတယ်။မန္တလေးဂေဇက်မှ လှမ်းစုံစမ်းသလောက်တော့..
ကျမ်းမာချမ်းသာစွာနှင့် နေပြည်တော်၊ မြန်မာပြည်တွင် ရှိနေကြောင်းပါတဲ့..ခင်ဗျား..။
အဲဒီတော့..အဲဒါ ..ကောလဟာသ ဖြစ်ပါတယ်လို့။

မြစ်ကြီးနားအနီး မြစ်ဆုံမှာလျှပ်စစ်ဓါတ်အားထုတ်တဲ့ စက်ရုံ အမိဧရာဝတီကို ပိတ်ပြီး လုပ်နေကြတာ သိကြမှာပါ။ အဲဒီမှာ စနေနေ့(ဒီနေ့) ဗုံးပေါက်တယ် ကြားပါတယ်။
ဟုတ်သလားစုံစမ်းတော့ ဟုတ်တယ်တဲ့ခင်ဗျား။ လူအသေအပျောက်မရှိပါတဲ့။
ထူးထူးဆန်းဆန်း ၃ လုံးတွဲပဲလို့တော့ ပြောနေကြပါတယ်။ အဲဒီပရောဂျက်က အေရှဝေါ ဆိုတဲ့ လောစစ်ဟန်အမျိုတည်ထောင်ထားတဲ့ ကုမ်မဏီနဲ့ တရုတ်ပြည်မကကုမ်မဏီတို့ တွဲလုပ်နေတာပါ။

ဂျပန်က မိတ်ဆွေတယောက်က မေးလာပါတယ်။ သီးလေးသီးအဖွဲ့ ကွဲပြီဆိုတာဟုတ်သလားတဲ့။
အဲဒါကြားတာတော့ နည်းနည်းကြာပါပြီ။ ဘယ်သူတွေဘယ်မှာ တင်ထားကြသလည်းတော့ မသိ။ ခေါင်းစဉ်ပဲပြောရရင်” ဆေးရောင်စုံခရီးဆက်ကြမည်” ပေါ့။
သူတို့ရဲ့ စာအရ…
ကိုဂေါ်နှင့်ချောစုမျိုးတို့ သည် အကြောင်းအမျိုးတို့ ကြောင့် အော်ဇီ ပွဲမှစပြီး မည်သည့်ပွဲကိုမျှ အဖွဲ့ နှင့်လက်တွဲဖြော်ဖြေတော့မည်မဟုတ်ကြောင်း…
ဆိုထားပြီး ကျန်သူများ ” ဆေးရောင်စုံခရီးဆက်ကြမည်”လို့ရေးပါတယ်။ စာက မတ်လ ၂၇ ကရတာပါ။
ကောလဟာလ ဟုတ်ပုံမရပါကြောင်း…။

kai

About kai

Kai has written 919 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.