စစ်မှု့ထမ်းဥပဒေ နှင့် ပက်သက်၍ ကြားရသိရတွေ့ရသမျှဟာသ……..

အမျိုးသမီးထဲက အသံများ

ဝက်ဘ်ဆိုဒ်တစ်ချို့လှန်ကြည့်ရင်း ကောင်မလေးတစ်ယောက်ပြောထားတာကို သဘောကျလို့ တင်ပေးထားတာပါ..။

အင်း…. ဒို့နိုင်ငံကတော့ လုပ်လိုက်ရင်…. တလွဲ

ကြားမကြားဖူးပေါင်….. ၁၈-၃၅ ကြားမိန်းမတွေပါ စစ်မှုထမ်းရမယ်တဲ့

ဘယ်နိုင်ငံမှ ဒီလိုဥပဒေစည်းကမ်းမျိုးမရှိပါဘူး

အသက် ၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း စစ်မှုထမ်းရမည်လို့ပဲရှိပါတယ်။

အခုက အသက် ၁၈နှစ် မှ ၃၅နှစ်ကြား အမျိုးသမီးများ၊ (မသန်မစွမ်းသူများမှလွဲ၍ ဆိုတော့) ကိုယ်ဝန်လပိုင်းရှိသေးတဲ့သူကော

စစ်မှုထမ်းရမယ်ထင်တယ်။ မဖြစ်သင့်တာကို … တိုင်းပြည်ကိုတော့လူတိုင်းချစ်တာပေါ့၊ စစ်ပညာက မိန်းကလေးတွေနဲ့မအပ်စပ်တာကို၊ ခေတ်အဆက်ဆက်က “မိန်းမစစ်သည်” ဆိုတာမှ မရှိတာ။

စစ်ပညာသင်ပြီး နိုင်ငံကိုကာကွယ်ရမယ်ဆိုတော့… နိုင်ငံကအန္တရာယ်ဝိုင်းနေတာလည်းမဟုတ်။

ကိုယ်ကောင်းရင် ဘယ်သူကရန်စမှာလည်းလို့၊ ဒီဥပဒေထွက်လာမှပဲ မိန်းကလေးတွေတောင် အိမ်ထောင်သားမွေးလုပ်ရမယ့် အရွယ်ကောင်းမှာ စစ်မှုထမ်းရမယ်ပေါ့…. အဟင့်။ သတ်မှတ်ထားတာ အသက် ၁၈ မှ ၃၅ ကြားဆိုတော့ ၃၅ ကျော်မှတော့ ဘယ်လိုလုပ် အိမ်ထောင်သားမွေးလုပ်နိုင်မှာလည်း…… ကိုယ့်လူမျိုးတုန်းအောင် လုပ်နေရော့သလား……

အော်…. ရက်စက်လေစွ… စက်ရက်လေစွ …..

တွက်ရေးနှင့်စက်သူဌေးလုပ်ဖို့ ချိန်နေသူများ

၁။ကောင်းတာပေါ့ ဗျာ အလုပ်မရှိတဲ့ သူအတွက်တော့ 

တခါတည်း (၂) နှစ်လောက်ကတော့ နေလိုက်စားလိုက် လုပ်ရမှာပဲလေ

၂။အဲဒီလိုဆို သေချာတာက မိန်းကလေးတွေ အားလုံးတော်တော်များများ အိမ်ထောင်ပြုကုန်မှာပေါ့နော်။

၃။လစာဝင်ဝင်ခြင်း ၁၀ သိန်းပေးမယ်ထင်တယ် မဝင်ဘူး

၎။Hay hay

Pwa tar pe

Youk Kyar U pho a kyaung Pya lo ya p

၅။

ဥပဒေကိုလေ့လာကြည့်သောအခါ ..

(1)ယောကျာ်းများ ဈေးကောင်းနိုင်ဖွယ်ရှိ ၊

(2)အပျိုကြီး လူပျိုကြီး ရာခိုင်နုန်းလျော့ကျနိုင်ကြောင်းတွေ့ရှိ ၊

(3)အခန့်မသင့်လျှင် အမည်ခံလင်ယောကျာ်း များ ပေါ်ပေါက်နိုင်၊

(4)ယာယီရှောင်လွဲရန်အတွက် လူအိုရုံမှ သက်ကြီးရွယ်အိုများအား မွေးစားမည့်သူများ ပေါ်ပေါက်လာနိုင်၊

(5)ဆရာဝန်များလည်း လက်ရှိထက်ပိုပြီး ကြီးပွားချမ်းသာရန် အလားအလာများရှိ၊

(6)သာသနာကို မြှင့်တင်မည့် ပုဂ္ဂိုလ်များ များပြားလာနိုင်။

(7)မိဘမဲ့ကလေး ဂေဟာများ ချောက်ကပ်သွားဖွယ်ရှိ။

စိတ်ကူးယဉ်ကြသူများ

၁။ကောင်မလေးတွေပါ…စစ်မှုထမ်းရမယ်ဆိုတော့…စော်ကြောင်လို့ ရလားဟင်…အဲဒီမှာ…ဟိဟိ

၂။သူများနိုင်ငံတွေလို စစ်ဝတ်စုံလှလှလေးနဲ့၊ စစ်လေ့ကျင့်တဲ့နေရာကောင်းကောင်းနဲ့ဆိုရင်တော့ မီးလည်းထမ်းမယ်

အဲလိုမဟုတ်ပဲ မြေနီကွင်းဆိုရင်တော့ ထမ်းချင်ဘူးနော်………

၃။၇က်တိုသင်တန်းမရှိဘူးလား… ကိုယ်ကြိုက်တာပဲ သင်လို့ မရဘူးလား….နူးကီးလာဆိုလာပါဆိုလာ နူးဘာယားဆိုတာတွေ ..လေယာဉ်မောင်းပြီး ဗုန်းကြဲတာ မျိုး…စနူက်ဘာတို . ပြောက်ကြား လေထီးခုန်တာတို့ လေ…စပယ်ရှယ် တစ်ဦးချင်းသင်လို့ရမလား

နည်းပြ တွေကော ဒီကပဲလား နိုင်ငံခြားကလာမှာလား…Ram Bo ..ကော

.လာ သင်မှာလား

၎။မြန်မာပြည်ကတော်တော်ကိုချမ်းသာတဲ့တိုင်းပြည်ဖြစ်နေပြီထင်တယ်။

အရွယ်ရောက်တဲ့သူတွေကိုစစ်မှုထမ်းခိုင်းပြီး ကျန်ခဲ့တဲ့မိသားစုကို

ထောက်ပံ့ကြေးပေးထားမယ်ထင်တယ်နော်။

၅။စစ်မှုထမ်းရင်..အင်တာနက်ကောသုံးလို့ရသေးလား..ချက်တင်ထိုင်လို့ရသေးလား..facebook ကောသုံးလို့ရသေးလား..

Dota ကောခုတ်လို့ရသေးလား. တောထဲသွားရင် laptop သယ်သွားလို့ရလား… အဲဒါတွေ အကုန်ရရင်လိုက်မယ်….တိန်..

ချောင်းကြည့်ရတာဝါသနာပါသူများ

ဒါဆိုမင်းသားမင်းသမီးအဆိုတော်တွေကိုတွေ့ရမယ်ထင်တယ်

မာနကြီးသူများ

ရူးနေတာမှမဟုတ်တာ။

ဒီကောင်တွေလက်တိုလက်တောင်းခိုင်းစရာလူတွေတော်တော်ရှားနေလို့လား။

ဗိုလ်ချုပ်ရာထူးလောက်ရရင်စဉ်းစားမယ်။

မရရင်တော့ // ၅နှစ်ပဲ

ရှောင်လင်မင်းသား၊ရှောင်လင်မင်းသမီးများ

၁။အင်း မြန်မာပြည်ကို ဘယ်တော့များမှ ပြန်ရောက်ပါ့မလဲနော် ၄၅ နှစ်ပြည့်မှပဲပြန်လာတော့မယ်

ပြန်မလာတော့ဘူးကွယ်… ကိုယ်ထွက်သွားတော့မယ်… ကိုယ့်နိုင်ငံတော်ရဲ့ ဝေးရာ အဝေး အဝေးးး ရက်စက်တဲ့  ကံကြမ္မာကိုဘဲ ကိုယ် သိပ်နာကြည်းတယ်….

၂။dar so thar thar par p pot naw

:(

ma par ag bal lo loke ya ma lae

pyaw pya par naw

thar thar ka kyout tal

die mar ko

main ma ma ya tey ***** par

:P

၃။ဘာခက်တာမှတ်လို့ ကျောင်းကို Phdအထိဆက်တက်လိုက်ရင်လွတ်နိုင်တယ်။ ဟဲဟဲ ကျောင်းဘဲတက်စားတော့မယ်ဗျို့။

သတ္တိပြောင်မြောက်သော်ကိုကိုများ

၁။အနော်တို့Dotaတို့၊Counterထဲမှာပဲပစ်ရဲခတ်ရဲသတ်ရဲတာ….အပြင်မှာတီကယ်လုပ်ရဲဘူးးးးး

၂။ခြောက်တိုင်းလည်း မကြောက်ဘူး ဒါပေမယ့် တကယ်ဆိုရင်တော့ ……….

၃။အီး– တိုတော့သေပြီပဲ။ သေနတ်ဆိုရေသေနတ်တောင်ကိုင်ချင်တာဟုတ်ဘူး–

မဖြစ်နိုင်ဘူး ထင်သူများ

ဒီဥပဒေက ဖြစ်လာမယ်လို့ ( အကျိုးအကြောင်းကျကျ စဉ်းစားရင် ) မထင်ပါဘူးခင်ဗျာ။ သို့သော်လည်း ကျနော်တို့ ဘိုးတော်တွေက ရွှေဥာဏ်တော်စူးရောက်တယ်။

မဖြစ်နိုင်ဘူးထင်တာတွေကို တလွဲတချော်လုပ်တဲ့နေရာမှာ တော်လွန်းလို့ မဖြစ်နိုင်ဘူးလို့လဲ မပြောရဲဘူးဗျ။

၁။ စစ်မှုထမ်းမယ့်လူငယ် သန်းချီအရေအတွက်အတွက် အစိုးရက လစာ၊ ရိက္ခာအစရှိတဲ့ ၀န်ဆောင်မှုတွေပေးနိုင်လား။

၂။ လက်သီးဗလာနဲ့တောင် ထွက်ထွက်ဆန္ဒပြတဲ့ လူထုကို သူတို့ လက်နက်နဲ့ စစ်ပညာသင်ပေးရဲလား။

၃။ စစ်မှုထမ်းဖို့ အသက်သတ်မှတ်ထားတာက ဆယ့်ရှစ်ကနေ လေးဆယ့်ငါးဆိုတော့ အဲ့အရွယ်က အလုပ်အကိုင်လုပ်နေကြတဲ့အရွယ်တွေချည်းပဲ

စစ်မှုထမ်းဖို့တပ်ထဲဝင်သွားရင် ပုဂ္ဂလိကကုမ္ပဏီတွေက ၀န်ထမ်းတွေအများကြီး လစ်ဟာသွားတဲ့နေရာမှာ ဘယ်သူတွေက အစားထိုးလုပ်ကိုင်မလဲ

၎။ အဓိက ၀င်ငွေရှာနေတဲ့ အသက်အရွယ်အပိုင်းအခြားတွေ အကုန်တပ်ထဲရောက်ကုန်ရင် ကျန်ရစ်ခဲ့တဲ့မိသားစုအတွက် အစိုးရကဘာတာဝန်ယူမလဲ

(ကျန်ရစ်ခဲ့မယ့်မိသားစုဝင်တွေက ကလေးတွေနဲ့ ငါးဆယ်ကျော်ခြောက်ဆယ်တွေလေ )

ဒီထက်အဓိကကျမယ့် မေးခွန်းတွေရှိပါသေးတယ် … ဒါကအကြမ်းဖျင်းမေးခွန်းလေးတွေ

ကျနော်ထင်ပါတယ် စစ်မှုထမ်းဥပဒေထုတ်ပီးလည်း သေနတ်မီးကျိုးမောင်းပျက်လောက်ပဲကိုင်ရမှာပါ .. ပီးရင် စစ်မှုထမ်းကာလနှစ်နှစ်အတွင်း လမ်းဖောက် လမ်းခင်းလုပ်ရမယ်၊ အတင်းအကြပ်လုပ်အားပေးခေါ်တာမဟုတ်တော့ဘူးလေ တပ်အနေနဲ့လုပ်တာကိုး

ဒါမှမဟုတ် အိမ်ကြက်ချင်းအိုးမဲသုတ်ပီးခွပ်ခိုင်းတဲ့အနေနဲ့ တခြားအဖွဲ့အစည်းတွေကို တိုက်တဲ့နေရာမှာသုံးလိမ့်မယ်

စကာၤပူက အသံမ်ား

လက်ရှိအခြေအနေတွင် ဟော့တော့ပစ်ဖြစ်၍နေသော၊ စစ်မှုမထမ်း မနေရဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုများအကြား ကြွက်စီ ကြွက်စီ ပြောဆိုနေကြကြောင်း ကြာသိရသည်။ စင်္ကာပူနိုင်ငံ မြန်မာများစုဝေးရာ ပင်နီဆူလာ ပလာဇာတစ်ဝိုက်ကောက်ယူရရှိသည့် စစ်တမ်းများအရ ၅၀% ကျော်က ၄င်းဥပဒေကို ထောက်ခံကြသည်ဟုသတင်းရရှိသည်။

ထောက်ခံသူများ၏သဘောထားအမြင်များကိုမေးမြန်းကြည့်ရာတွင်၊

စစ်တပ်ထဲမှာ ဦးနှောက်ရှိတဲ့သူတွေ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကြိုဆိုရမှာဖြစ်ပါတယ် ဟု၊ စင်္ကာပူတွင် domestic worker အဖြစ်အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးကပြောကြားခဲ့ပြီး၊

လက်ထဲသေနတ်တော့ရောက်မှာပဲလေ၊ သူပြစ်ကိုယ်ပြစ်ပေါ့၊ ခုလိုတစ်ဘက်သတ်ခံနေရတာထက်တော့ ကောင်းတယ် ဟု ကားပတ်တွင်း အရက်ဝိုင်းမှ ကာလသားတစ်စုက ဖြေကြားလိုက်သည်။

အသက် ၃၅နှစ်အရွယ် မိန်းမလျှာတစ်ဦးကလည်း ငယ်ငယ်ကတည်းက တပ်ထဲဝင်ချင်ခဲ့တာလေ၊ တောင်ပြုံးပွဲမှာ အလုပ်ကောင်းနေတာနဲ့ မဝင်ဖြစ်တော့တာ။ ယောက်ျားတွေချည်းရှိတဲ့နေရာမှာ နေရတာလောက် စိတ်ချမ်းသာစရာကောင်းတာ ဘယ်ရှိတော့မလည်းလေ..ဟု ဖွင့်ဟပြောဆို၍ ၄င်းဥပဒေကို လှိုက်လှိုက်လှဲလှဲထောက်ခံခဲသည်။

တစ်ချိန်တည်းမှာပင် ၄င်းဥပဒေကို မထောက်ခံသူများဘက်မှလည်း ဝေဖန်ပြောဆိုမှုများနှင့် ရှောင်လွှဲနိုင်စရာနည်းလမ်းများကို ရှာဖွေနေကြကြောင်း ကြားသိရသည်။

မိန်းမတွေအတွက် အကောင်းဆုံးနည်းကတော့ မိန်းကလေးတစ်ယောက် ၁၈နှစ်ပြည့်တာနဲ့ လင်ယူပေါ့။ ပြီးတော့ တစ်နှစ် တစ်သားမွေး.။ ၃၅ နှစ်ပြည့်မှ ကလေးမွေးတာရပ်လေ။ ဒါဆိုရင်တော့ အေးဆေးပဲဟု၊ သားဖွားဆရာမတစ်ဦးက အကြံပြုတင်ပြသည်။

အင်း… ကူးစက်ရောဂါရအောင် ဂနေ့ကစပြီး ဂေလမ်းသွားတိုင်း ကွန်ဒုံးမဆောင် ပဲနေရတော့မလိုဖြစ်နေပါလား ဟု အသက် ၃၅နှစ်အရွယ် လူပျိုကြီးတစ်ဦးကလည်း ငြီးညူပြောကြားသည်။

ဒို့ကတော့ လွတ်နိုင်သေးတယ်။ ထိုင်းသွားပြီ ဖြတ်၊ဖေါက်၊ချုပ် လိုက်ရင်ဟု၊ အသက် ၃၅နှစ်ကျော်ပြီးဖြစ်သော အမျိုးသားများဘက်မှ အသံများထွက်ပေါ်လာခဲ့သော်လည်း၊ ၄င်း နည်းလမ်းမှာ အသက် ၃၅နှစ်အောက်အမျိုးသားများအနေဖြင့် (အမျိုးသမီးအနေဖြင့် စစ်မှုထမ်းရဦးမည်ဖြစ်သဖြင့်) မလွတ်နိုင်သေး၍တစ်ကြောင်း၊ အရင်းအနှီးများလွန်း၍တစ်ကြောင်း ထောက်ခံသူနည်းပါးခဲ့သည်။

ကျမတို့က ပီအာလေ။ ကျမယောက်ျားက ၄၀၊ ကျမသားက ၁၈။ အဖေ လုပ်သူကို ဗမာတပ်ကခေါ်၊ သားကို စလုံးတပ်ကခေါ်၊ နှစ်ယောက်လုံး တပ်ထဲဝင်တော့ ကျမက နောက်လင်ယူရတော့မှာပေါ့ ဟု၊ ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ ခပ်ရွတ်ရွတ်ပြောကြားသည်။

ဒါထက်ဆိုးတာရှိသေးတယ်၊ ဥပမာ၊ စလုံး နှင့် ဗမာပြည် စစ်ဖြစ်ပါပြီးတဲ့ သား နှင့် အဖေ ရှေ့တမ်းမှာပြန်တွေ့တော့ မခက်လားဟု သူကပင် ဆက်လက်ပြောပြန်သည်။

ထို့အပြင် ပီအာများ၏ သား များ ၁၈နှစ်ပြည့်ခဲ့လျှင်၊ မြန်မာပြည်အတွက် ၃ နှစ်၊ စင်္ကာပူအတွက် ၂နှစ် စုစုပေါင်း ၅နှစ် ဖြစ်နိုင်သည်ဟူသော သတင်းများထွက်ပေါ်လာသဖြင့် ပီအာများ၊ စီဒဇင်ပြောင်းရန် တာစူနေကြောင်းသတင်းရရှိသည်။

ထိုသို့သော သတင်းများကြားသိနေရမှုအတွက် လွန်စွာစိုးရိမ်မကင်းဖြစ်မိပါကြောင်း ပင်နီဆူလာမှ ဆိုင်ပိုင်ရှင် အသက် ၆၀ကျော် ဇနီးမောင်နှံတို့က ထုတ်ဖေါ်ပြောဆိုကြသည်။ ၄င်းတို့ဇနီးမောင်နှံတွင် သား၊ သမီး မထွန်းကားသေးကြောင်း၊ နောင်နှစ်အနည်းငယ်အကြာတွင် သား၊ သမီး ယူဖွယ်ရှိနေသဖြင့် ပူပန်မိကြောင်းဆက်လက်ပြောပြသည်။

တစ်ဘက်မှလည်း၊ ၄င်းဥပဒေထွက်ပေါ်လာမည့်အချိန်နဲ့မရှေးမနှောင်းတွင် စင်္ကာပူ၏ စီဒဇင်၊ လက်ခံစဉ်းစားမှုများကို ထပ်မံတင်းကြပ်တော့မည်ဟူသောသတင်းများ၊ ကုလ၏ ဒုက္ခသည်စခန်းများတိုးချဲ့တည်ဆောင်နေပြီဟူသော သတင်းများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာနေခဲ့သည်။

ထိုင်းနိုင်ငံ ဆေးရုံများမှလည်း၊ ဖြတ်၊ဖေါတ်၊ချုပ် ကုထုံးခံယူမှုအတွက်၊ နှစ်ဦးဖြတ်လျှင်၊ တစ်ဦး အခမဲ့ ဖြတ်ပေးခြင်း၊ ဖြတ်၊ဖေါက်၊ချုပ် ကုထုံးတွင်၊ ရင်သားပြုပြင်ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးသော Package အဖြစ်ထည့်သွင်းခြင်း၊ စသော ပရိုမိုးရှင်းများ ပြုလုပ်လာကြသည်။

အဆိုပါသတင်းများပျံ့နှံ့နေခြင်းနဲ့ပတ်သက်စပ်လျှဉ်း၍ စင်္ကာပူ မြန်မာသံရုံးသို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းကြည့်ရာတွင်၊ ဖုန်းကိုင်မည့်သူ အလျှင်းမရှိခဲ့ပေ။

မိန်းမလျာများ ၏ အသံများ

ကျေ နပ် ပါ တယ် ..။ သေ ချာ ပေါင် စစ် မှု ထမ်း မှာ ပါ ..။ ကျ မ တို့  အ ၆ မ တွေ တော့  ..တပ် ကုန်း သူ တွေ ဖြစ် တော့  မှာ ပဲ ..။ ဟိဟိ…။

ဝင်း ဥိး တောင် စစ် မှု ထမ်း ခဲ့  သေး တာ ပဲ ..။ ပွဲ ကြိး ပွဲ ကောင်း တော့  နွှဲ ရ ချည် သေး ရဲ့  ..။ ဟိဟိ.။ဒါ နဲ့  ..ကြား ဖူး သ လောက် .. အ မေ ရီ ကား မှာ .. လိင် တူ စစ် မှု ထမ်း ခွင့် ရ ပြိ ဆို ..။ မြန် မာ ပြည် လဲ ..တိုး တက် လာ တာ ပေါ့ ..နော် ..။ ဟိဟိ..။

..((..စစ် မှု ထမ်း ရ တော့  မယ် ဟေ့  .. ပျော် လိုက် တာ . ပျော် လိုက် တာ ..။ စစ် မှု ထမ်း ရင် .. ယော င်္ကျား လေး တွေ ချည်း ..သီး သန့် .. နေ ရ မှာ ပေါ့ နော် ..။ ..ကျ မ ကိုယ် တိုင် က .. ယော င်္ကျား တွေ ကို စိတ် နာ လို့  .. ယော င်္ကျား တွ နဲ့  ဝေး ရာ စစ်တပ် ထဲ သွား နေ မယ် လို့  ခဏ ခဏ ..ကြုံး ၀ါး ထား တာ ..။ အ ခု တော့  .. လို အင် ဆန္ဒ ပြည့် ဘီ ပေါ့ ..။ ကောင်း လှောင့် တေး ..ကောင်း လှောင့် တေး ..ကောင်း လှောင့် တေး ..။..))..

အသက် ၃၅နှစ်အရွယ် မိန်းမလျှာတစ်ဦးကလည်း ငယ်ငယ်ကတည်းက

တပ်ထဲဝင်ချင်ခဲ့တာလေ၊ တောင်ပြုံးပွဲမှာ အလုပ်ကောင်းနေတာနဲ့

မဝင်ဖြစ်တော့တာ။ ယောက်ျားတွေချည်းရှိတဲ့နေရာမှာ နေရတာလောက်

စိတ်ချမ်းသာစရာကောင်းတာ ဘယ်ရှိတော့မလည်းလေ..ဟု ဖွင့်ဟပြောဆို၍

၎င်းဥပဒေကို လှိုက်လှိုက်လှဲလှဲထောက်ခံခဲသည်။

About ကြယ်လေး

ကြယ်လေး has written 44 post in this Website..