ချစ်ခြင်းရဲ. အဆုံးဟာ အမုန်းလားကွယ်

သည်သီချင်းစာသားလေးက ဆိုင်မောဝ်ရဲ. သီချင်းထဲကစာသားလေးပါ။
သိပ်ကိုခံစားရတဲ. စာသားလေးပါ၊ အချစ်ကြီးပြီးမှ မုန်းသွားကြတဲ.သူတွေရဲ. ရင်နာစရာအဖြစ်ပေါ.လေ။
အပျိုလူပျိုတွေချစ်ပြီးမုန်းတာတော. ဘာဆန်းသလဲဗျာ။
သူတို.နှစ်ယောက်ထဲ အသဲကွဲတာဘဲဥစ္စာ ခုခေတ်မှာ ရင်ကွဲနာကျလို. ဘဝပြောင်းတယ်ဆိုတာ မကြားဘူးတော.ပါဘူး။
ဒါပေမဲ. သားသမီးများ ပွားစည်းထားကြတဲ. အိမ်ထောင်သည်တွေ ခွဲခွာကြရင်တော.နောက်တွဲဆွဲလဲလေးတွေမှာ မိဘတွေ.ရဲ. အကွဲအပြဲကြောင်.ဖြစ်လာတဲ.နောက်ဆက်တွဲတွေကို အမွေဆက်ခံ ကြရတော.တာပေါ.။
တစ်နေ.ကလမ်းမှာ ငယ်ငယ်က ကျွန်တော် လက်ပေါ်မှာကြီးပြင်းလာခဲ.တဲ. ကလေးကလေးကိုတွေ.လိုက်ရလို. ဒီအကြောင်းအရာလေးကိုတင်ပြလိုက်တာပါ။
ဒီကလေးမလေးက ငယ်ငယ်က အတော်ကို သွက်လက်တဲ. ရွှင်မြူးနေတဲ. အမြဲပြုံးနေတဲ. ကလေးမလေးပါ။
ဉာဏ်လဲအတော်ထက်ပါတယ်။လိမ်မာ ယဉ်ကျေးတဲ. ကလေးလေးပါ။
အခုမတွေ.တဲ.နှစ်အတောအတွင်းမှာ အတော်ကိုပြောင်းလဲသွားတယ်။
သူ.မှာ ဘာခံစားချက်မှမရှိတဲ. မျက်နှာပေးလေးဖြစ်နေပါတယ်။
ဒါပေမဲ့မျက်နှာအမူအရာကလေးက ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ.မထီတရီပုံလည်းပေါက်နေပါတယ်။
ကျွန်တော်မိတ်ဆွေ (မိတ်ဆွေလို.သုံးရတာက သူတို.စုံတွဲက ကျွန်တော်ထက်ငယ်လို.ပါ) သူ.မိဘနှစ်ပါးက
လမ်းခွဲလိုက်ကြလို.ပါ။
မိဘတွေလမ်းခွဲလို. ဒုက္ခရောက်ကြရတဲ.သူတွေ အများထဲမှာ ကျွန်တော်လည်းတစ်ယောက်ပါပါတယ်။
ကျွန်တော်(4)တန်းအရောက်မှာ ကျွန်တော်.ရဲ. မိဘနှစ်ပါးက လမ်းခွဲလိုက်ကြလို.ပါ၊
အခုလိုပြောပြနေတာ ငိုပြနေတာ မဟုတ်ဘူးနော်။ သိထားသင်.တယ်ထင်လို.ပါ။
ကျွန်တော်တို. အဖေနဲ.အိမ်ထောင်ပြု ကြတော. နှစ်ဖက်စလုံးက သဘောမတူကြပါဘူးတဲ.။
အဖေဘက်က ပညာတတ် တွေများတယ် ပညာနဲ.လုပ်စားပြီး စစ်စစ်စီစီနဲ. ဘဝကို စံနစ်တကျ စီမံကြတဲ.လူတန်းစားတွေဖြစ်ကြပါသတဲ.။
အမေ.ဘက်ကတော. ပညာရေးကိုစိတ်မဝင်စားပါ ဈေးသည် မျိုးရိုးဆိုတော. ငွေရှာဘို.သာ စိတ်ဝင်စားပါသတဲ.။
သူတို.နှစ်ယောက် တူနှစ်ကိုယ် တိုင်းပြည်ကို ကိုယ်.သဘောနဲ.ကိုထူထောင်ခဲ.ကြပါသတဲ.။
နောက်ပိုင်း ဘဝရဲ. ဒါဏ်ရာဒါဏ်ချက်တွေ လောကဧံလှိုင်းတံပိုးတွေနဲ.ဆုံကြတဲ. အခါမှာ ခံနိုင်ရည်စွမ်းတွေ မဲ.ကုန်တယ်ထင်ပါတယ်။နောက် အစကတည်းကသဘောမတူတဲ. ဆွေမျိုးများက လမ်းခွဲကြတာကို လက်ခုပ်တီးလို.
အားပေးခ.ဲကြပါသတဲ.။
အဲဒီအချိန်တုံးက လူကြီးတွေရဲ.စိတ်တဲမှာ ကျွန်တော်မရှိပါဘူး။
သူတို.က ကျွန်တော်.ကို ပညာတတ်ဖြစ်အောင်သင်ပေးနိုင်တယ် လူ.အောက်မကျအောင် ဆင်ပေးနိုင်တယ်ဆိုတယ်ဆိုရင် တာဝန်တွေကျေပြီလို.ထင်တာကိုး။
မိဘရဲ.ချစ်ခင်ယုယခြင်းဆိုတာကိုတော. မာနတရားတွေနဲ.ဖုံးလွှမ်းပြီး မေ.သွားကြတယ်နဲ.တူပါတယ်။
ကျွန်တော်ဟာ မိစုံဘစုံ မနေခဲ.ရတဲ.အတွက် ရလဒ်ကတော. လူစိတ်က ခပ်ကြမ်းကြမ်းဖြစ်သွားပါတယ်။
ယုယခြင်းကိုမခံရတဲ.အတွက် ခပ်ကြမ်းကြမ်းဖြစ်သွားတာပါ။
ကျွန်တော်က အဖေနဲ.လို်က်နေရပါတယ်။
အဖေဆိုတာ စားဝတ်နေရေးဆိုတဲ. ရုပ်ပိုင်းဆိုင်ရာကို ပြည်.စုံအောင်ဖြည်.ဆည်းပေးပြီး၊
အမေကတော.ယုယမှု.တွေကိုအသုံးပြုပြီး လိမ္မာယဉ်ကျေးအောင် စိတ်ထားနုးညံ.အောင် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည်.ဆည်းပေးသူပါ။
ကျွန်တော်ငယ်ငယ်က ကလေးချင်းကစားကြတဲ.အခါ တစ်ခါတစ်ရံ ကလေးသဘာဝ ငြင်းကြခုံကြ ရန်ဖြစ်တတ်ကြပါတယ်။
ဒီအခါမှာ တစ်ချို.သောမိဘတွေက ကျွန်တော်ကို. “မိမဆုံးမ၊ဖမဆုံးမ”လို.အပြောခံရတဲ.အခါမျိုးမှာ မခံမရပ်နိုင်အောင်နာကျည်းခဲ.ရပါတယ်။
ဒါမျိုးကိုကြုံရတာများလာတဲ.အခါကြတော.ကျွန်တော်ဟာ ရွယ်တူကလေးတွေနဲ. မကစားဖြစ်တော.ပါဘူး။
ကျွန်တော်.ဘဝမှာ ကံအကောင်းဆုံးလို.ထင်မှတ်ရတာကတော. ကျွန်တော် “စာဖတ်ခြင်း”ဆိုတဲ.မိတ်ဆွေကောင်းနဲ.
ဆုံတွေ.လိုက်ရခြင်းပါ။
ဘာတွေညာတွေကို သိလို.တော.မဟုတ်ပါဘူး။
သက်ရှိတွေနဲ.မပေါင်းချင်တော.လို.သက်မဲ.တွေနဲ.ပေါင်းကြည်.ရာကနေကောင်းသောလမ်းပေါ်ကိုရောက်သွားမိတာပါ၊
ကျွန်တော်ဟာ မိဘမစုံတဲ.အတွက် ဘဝမှာ ကောင်းလာနိုင်ရဲ.သားနဲ.ပျက်သွားကြတဲ.ကလေးတွေ အများကြီးပါ။
ကျွန်တော်ကတော. စာဖတ်ခြင်းဆိုတဲ. လမ်းညွှန်သူကို တွေ.လိုက်တဲ.အတွက် ကံကောင်းသွားပါတယ်။
ဆရာမကြီးခင်ဆွေဦးရဲ.စာတွေကိုဖတ်ရတဲ.အခါမှာ လူ.လောကမှာ ယောက်ျားကောင်းတယောက်မှာရှိသင်.သောစိတ်ထားတွေကို သိလာရသလို ထားနိုင်အောင်လဲ ကြီုးစားမိလာပါတယ်။
ဆရာမ မစန္ဒာရဲ. “ကွက်လပ်ကလေးဖြည်.ပေးပါ”ကိုဖတ်ရင်း လူမသိအောင်ငိုကြွေးခဲ.ရဘူးပါတယ်။
ဆရာငြိ်မ်းကျော်ရဲ. အချစ်ဝတ္တုတွေထဲမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတို.ရဲ. မွန်မြတ်သော အတုယူစရာကောင်းသော မြင်.မြတ်တဲ.စိတ်ဓါတ်တွေကို ဖတ်ရတဲ.အခါမှာ တော.
လူတွေကို အကြောင်းမဲ.မုန်းတတ်သောစိတ်ကလေးကို ဖျောက်ထားနိုင်ခဲ.ပါတယ်။
ဆရာရန်ကုန်ဘဆွေရဲ.”ချစ် ဇနီးသို.”ဆိုတဲ. စာအုပ်ကိုဖတ်ရတော. လူ.အဆင်.အတန်းမှီအောင်နေနည်းကိုသိလာပါတယ်။
ဒီလိုနဲဘဲ ကျွန်တော်ဟာ ဘွဲ.တစ်ခုရခဲ.သလို သမ္မာအာဇီဝနဲ. အသက်မွေးနိုင်သော အတတ်ပညာတစ်ခုကို
ရခဲ.တဲ.အတွက် သူများဆီမှာ အလုပ်လုပ်ရင်း အရမ်းမချမ်းသာသော်လည်း စိတ်အေးလက်အေးနဲ. နေနိုင်တဲ.ဘဝတစ်
ခုကို ကံကောင်းစွာ ပိုင်ဆိုင်ခဲ.ပါတယ်။
ငယ်စဉ်တစ်ချိန်က လုပ်ငန်းနေရာ တစ်ခုအတွက် ဝင်ရောက်ဖြေဆိုတဲ.အခါမှာ ကျွန်တော်.လို မိဘကွဲနေတဲ.ကလေးများကို ” ပြသနာရှိသောကလေးများ “လို. အမည်တပ်လို.ဝင်ခွင်.ငြင်းပယ်ခံ လိုက်ရတဲ.အချိန်မှာ
ဆောက်တည်ရာ မရလောက်အောင် ကြေကွဲခဲ.ရဘူးပါတယ်။
ကျွန်တော်တို.လို ဘဝတူတွေ အများကြီးထဲမှာ ကျွန်တော်လို ကံမကောင်းတဲ.သူတွေ အများကြီးရှိမှာပါ။
နည်းကျည်းမှူ.တွေကို မှားယွင်းသောနည်းလမ်းတွေနဲ. တုန်.ပြန်ကြလို.ဘဝပေါင်းများစွာ ပျက်စီးခဲ.ကြမယ်ဆိုတာ အမှန်ပါဘဲ။
အခုကျွန်တော်ပြောပြတဲ.မိတ်ဆွေလင်မယားဟာ နှစ်ယောက်လုံးပညာတတ်တွေပါ။သာမန်ဘွဲ.ရမဟုတ်ပါဘူး အမှတ်ကောင်းမှ ဝင်ခွင်.ရတဲ.ပညာတွေကိုသာ သင်ထားတဲ.သူတွေပါ။
ကိုယ်ကျင်.တစ်ရားကလဲကောင်းမှကောင်းပါ။ထက်မြက်တဲ.သူတွေထဲမှာ ပါသလို ငွေကြေးလည်းပြည်.စုံလို.ပူစရာမရှိကြတဲ.သူတွေပါ။
သူတို.ကိုဒုက္ခပေးသွားတာက မာနတရားရယ် လူမျိုးရဲ.ဓလေ.ထုံးစံရယ်ပါ။
သူတို.လူမျိုးအိမ်ထောင်ကြရင် မိန်းကလေးက ယောက်ျားဘက်လိုက်နေရတယ်။
သူတို.ကတော. တစ်စုံတစ်ခုသော အကြောင်းကြောင်.ပြောင်းပြန်ဖြစ်သွားပါတယ်။
နောက် ထက်မြက်တဲ.သူချင်းဆိုတော. စီးပွားအတူရှာကြရမှာ မတူညီတဲ. အယူအဆတွေ ကြုံရတဲ.အခါမှာ
မိုးမိုး လို “ငါ မှားလာ မင်းမှန်လား”လို.မတွေးတော.ဘဲ ငါဘဲမှန်တယ်ဆိုတဲ.အယူအဆကို ဆုပ်ကိုင်ရင်းကြေကွဲစရာ
ဇာတ်လမ်းတပုဒ် ညှိနိုင်းလို.မရသော လမ်းခွဲလေးကို ရောက်သွားကြပါတယ်။
ကျွန်တော်ဘယ်လိုဘဲပြောပြော “မဖြစ်နိုင်တော.ပါဘူး “ဆိုတာနဲ.ပဲ ပွဲပြီးသွားပါတယ်။
ကျန်ခဲ.တဲ. ကလေးနှစ်ယောက်ရဲ. ဘဝဘယ်လိုဖြစ်မလဲဆိုတာ ကံကောင်းမှာလား ဆိုးမှာလားလဲ မပြောတတ်တော.ပါဘူး။
ဒီစာကို ဖတ်မိတဲ.မိတ်ဆွေများကို တိုက်တွန်းချင်တာကတော. နှစ်ကိုယ်တူ ဘဝတစ်ခုကို ထူထောင်လို.ပြီးတဲ.အခါမှာ
ဆိုင်မောဝ်ရဲ. သီချင်းထဲကလို မဖြစ်အောင် နေကြပါလို.မေတ္တာ ရပ်ခံချင်ပါတယ်။
ဒါမှသာ မိမိရဲ. ခံစားမူ.ကို ဖြေဖျောက်ခြင်းကြောင်. လူ.လောကထဲကိုရောက်လာကြတဲ. အပြစ်မရှိသော ကလေးတွေမှာ
ဆိုးဝါးသော ဘဝတွေနဲ. မကြုံရမှာပါ။
ကျွန်တော်တို.နေရာတကာမှာ တွေ.ရတဲ.စာတန်းလေးရှိပါတယ်၊လူတိုင်းဖတ်ဘူးပါတယ်။
” သင်.ကြောင်.မီးမလောင်ပါစေနဲ.”ပါ။
ကျွန်တော်က တော.“သင်.ကြောင်.ကလေးတွေဘဝမပျက်ပါစေနှင်.”လို. နေရာအနှံ.မှာစာကပ်လို.သတိပေးလိုက်ချင်ပါတယ်ခင်ဗျာ။

5 comments

  • susunosuki

    April 20, 2010 at 1:21 pm

    Broking Family ကပေါက်ဖွားလာတဲ့ကလေး တစ်ယောက်က ဘာကိုမှာ သက်တောင်သက်သာရှိမနေတာ
    ဆက်ဆံရေးမှာ ရော တွေးပုံခေါ်ပုံ မှာရော ပဲ
    သူတို့ စိတ်တွေက ထိလွယ်ရှလွယ်တယ်

  • thwe zin aung

    April 21, 2010 at 4:04 am

    ko pouk mandalay ,အကိုရေ…အကိုဘဝကအဲ့လိုမိူးကြုံခဲ့တယ်ဆို ညီမ လဲစိတ်မကောင်းဖြစ်မိပါတယ် ….ဒါတွေကိုတကယ်တန်းတော့ဘယ်သူမှမကြုံချင်ကြပါဘူး ချစ်လို့ကြိုက်လို့ယူပြီးမှတော့ ကလေးတွေအတွက်တော့ အကိုပြောသလိုဘဲ ဘယ်လိုရင်ဆိုင်ရတော့မလဲပေါ့ …မိဘတွေဆိုတာကလဲကိုမသိတဲ့အကြောင်းအရာတွေကြောင့်သာဒီလို ဖြစ်သွားကြတာ ညီမလည်းအသက်ကငယ်သေးတယ်ဆိုတော့ ဒီကိစ္စတွေကိုနားမလည်သေးဘူး အကို ညီမသိတာတစ်ခုတော့ရှိတယ် လောကကြီးမှာ အဖေ(အမေ)ဆိုတာမရှိတော့တာထက်စာရင် ကွဲသွားကြတဲ့အဖေ (အမေ)ဆိုတာ ခေါ်ပိုင်ခွင့်ရှိသေးတယ် ။ ခုလောလောဆယ် မိသားစုကိုအိမ်မက် မက်ပြီ ဆိုရင်ညတရေးနိူးရင် အော် ငါ့ဖေဖေ လူ့လောကကြီးမှာ အပြီးအပိုင် ထွက်ခွါသွားပါးလားဆိုတဲ့အတွေးတွေဝင်ဝင်လာခဲ့တယ် အကို အဲ့ဒီညဆိုဘယ်လိုမှအိပ်မပျော်တော့ဘူး ဘဝမှာအဖေဆိုတာလဲအရေးပါတယ်လေ ရှိနေတဲ့အဖေကို အဖေလိုခေါ်ရင် ပြန်ထူးမှာသေချာတယ် စာလဲရှည်သွားပြီအကို ညီမလဲသိပ်မရေးတတ်ဘူး ဘာဘဲဖြစ်ဖြစ်ဒီလောက်လေးရင်ဖွင့်လိုက်ရတော့နည်းနည်းသက်သာသွားတယ်…………..

  • nyi

    April 21, 2010 at 10:15 am

    ဒီစာတွေဖတ်ပြီးမှ အဖေကိုပိုသတိရမိတယ်…ဗျာ..။
    သားသမီးဆိုတာ မိဘတွေအတွက် ရတနာတစ်ပါး ဆိုသလို..။
    မိဘဆိုတာ သားသမီးတွေအတွက်လည်း မရှိမဖြစ်ပါ..။
    မိစုံ ဖစုံနေရတာ ပျော်စရာကောင်းမှာပဲနော်…။
    ကမာ္ဘပေါ်မှာ ရှိတဲလူးသားတိုင်း မိသားစု စုံစုံလင်လင် ပျော်ရွှင်စွာနေရပါစေ…လို

  • HayMonChan

    September 9, 2010 at 6:11 pm

    အကို ့လိုဘဲ ညီမလဲ
    မိစုံဖစုံ မနေခဲ့ရပါဘူး
    အကိုရေးထားတာ
    အရမ်းကောင်းတယ်
    အယားပေးနေမယ်နော်

  • thethtet87

    September 28, 2010 at 5:26 am

    ကိုပေါက်ရေကျွန်တော်ကလူမှုဝန်ထမ်းအဖွဲ့အစည်းတစ်ခု
    မှာနှစ်တော်တော်ကြာအောင်လုပ်ခဲ့ဖူးတယ်။ကျွန်တော်
    မြင်ခဲ့ရတာတော့ပြိုကွဲပျက်စီးနေတဲ့မိသားစုကဆင်းသက်
    လာတဲ့ခလေးတွေကစိတ်ပိုင်းဆိုင်ရာခံစားမှုများတယ်လို့
    ထင်ပါတယ်။သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးပိုင်းကထက်
    မြက်ကြပါတယ်။ဒါပေမဲ့မူးယစ်ဆေးဝါးစွဲတာတို့ရာဇဝတ်
    မှုကျူးလွန်တာတို့တော်တော်များများတွေ့ခဲ့ရတယ်။
    ဒါပေမဲ့အကုန်လုံးတော့မဟုတ်ပါဘူး။ဒါတွေကငွေကြေး
    ချမ်းသာမှုနဲ့မဆိုင်ဘူး။နွေးထွေးတဲ့မိသားစုဘဝနဲ့ဆိုင်တာ
    ပေါ့။ကျွန်တော်ပါတ်ဝန်ကျင်မှာတော့အတတ်နိုင်ဆုံး
    ပြောပြတယ်။မိသားစုမပြိုကွဲဘဲနဲ့လည်းဖြစ်နေကြတယ်
    မိဘကမိုးလင်းမိုးချုပ်အလုပ်လုပ်။သားသမီးကတစ်နေ
    ရာပြီးတော့နွေးထွေးမှုမရှိနဲ့။ဒီလမ်းကြောင်းပေါ်ရောက်
    သွားတယ်လေ။ဒါတွေကတစ်ယောက်ချင်းစီရဲ့စိတ်ခံ
    စားမှုနဲ့ဆိုင်တယ်လို့ထင်တယ်။အကောင်းဆုံးကတော့
    သဘောထားချင်းတိုက်ဆိုင်တဲ့အိမ်ထောင်တစ်ခုကို
    တည်ဆောက်၊တင့်တိမ်ရောင်ရဲ့ပြီးနွေးထွေးတဲ့မိသား
    စုဘဝကိုတည်ဆောက်နိုင်ရင်တော့စိတ်ဓါတ်ခွန်အား
    ပြည့်ဝတဲ့ခလေးတွေဖြစ်လာမှာဘဲထင်တယ်။

Leave a Reply