တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး

အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့………တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့…..မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀ တောင်းသတဲ့…. ……မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့………

မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀၀ဆိုတော့…ခက်တော့တာပေါ့………
မန်နေဂျာက ဒီလိုရှင်းပြသတဲ့……..
ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာ၇ာအိုကေတွေ……..ဘားတွေ……..ရှိတယ်…. အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် …..ဆိုတော့..
မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့……….
မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……လို့ပြောလိုက်သတဲ့…..

နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့………..
မင်းတို့ရေကူးတာမကူးတာ….ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်  အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့…..

ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက်…ဂြိုလ်တု ရေခဲသောက်တာတို့အတွက်ပေါ့……..လို့မန်နေဂျာက ရှင်းပြပြန်သတဲ့………
မောင်ဘကလည်း ……….ရေခဲသေတ်တာမပြောနဲ့ ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့……….
မန်နေဂျာကလည်း…………….သောက်တာမသောက်တာမင်းတို့တာဝန်ကွာ…….ငါတို့က အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀ ယူရမှာပဲလို့ရှင်းပြသတဲ့……..

မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့………..ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀ ကျပ်ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့…….မန်နေဂျာကပိုက်ဆံကို  ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့……..
မောင်ဘကလည်း ” ကျွန်တော့်မိန်းမကို ခင်ဗျားနမ်းခက ….၉၀၀၀၀ ကျတယ်….ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ ” လို့ပြောလိုက်တော့
.မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့……” ခင်ဗျားမိန်းမကို နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး” ပေါ့…… မောင်ဘကလည်း ” နမ်းတာမနမ်းတာ ခင်ဗျားတာဝန်ပါ…….ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ” လို့ပြောလိုက်သတဲ့………….

About nyimalay

nyimalay has written 61 post in this Website..