ကျွန်တော်တို့ဘ၀တွေမှာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ ပြီးခါနီးကျရင် မြန်မြန်လုပ်ပေးစမ်းပါ မပြီးသေးဘူးလားနဲ့ လောတတ်သူတွေနဲ့ ကြုံရတတ်တယ် ဒီနေ့လဲတစ်ခါကြုံလိုက်ရလို့ ကြားခဲ့ဘူးတဲ့ပုံပြင်လေးတစ်ခုကို သွားသတိယမိတယ် တစ်ခါတုန်းက ကမ္ဘာမြေက လူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ (အဖွဲ့တစ်ခုရဲ့အသင်းဝင်ဖြစ်လို့) တစ်ခြားဂြိုလ်တစ်ခုကို သွားလေ့လာခွင့်ရတယ် အဲဒီဂြိုလ်ကိုရောက်တော့ ဂြိုလ်တာဝန်ရှိသူတွေက သူတို့ဂြိုလ်ရဲ့ခမ်းနားကြီးကျယ်ပုံ စက်ရုံတွေ ထုတ်ကုန်တွေကို လိုက်ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဆီက သိပ္ပံပညာရှင်တွေ အထူးတီထွင်ထားတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေ၊ အမြန်လမ်းမကြီးတွေ ဆိုပြီးတော့ပေါ့ လူသားနှစ်ဦးလုံးကလည်း ဘာရေအားလျှပ်စစ်စက်ရုံ ဘာကျောက်မီးသွေးစက်ရုံ ဘာကြက်ဆူပင်မှမတွေ့ဘဲ မီးတွေထိန်ထိန်လင်းနေတာတွေ တွေ့တော့ တအံ့တသြနဲ့ပေါ့ နောက်ဆုံး စက်ရုံတစ်ခုကိုရောက်လာတော့ တာဝန်ရှိသူက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သူတို့စက်ရုံအကြောင်းကို ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဂြိုလ်ကြီးတစ်ခုလုံးအတွက် အရမ်းအရေးကြီးတဲ့ စက်ရုံကြီးပါ ဒီဂြိုလ်အတွက်လိုအပ်တဲ့ သိပ္ပံပညာရှင်တွေ လုပ်သားတွေ အားလုံးကိုဒီစက်ရုံကဘဲ ထုတ်လုပ်ပေးပါတယ် ဂြိုလ်သားစွမ်းအင်အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ဒီစက်ရုံမှာပဲ လေ့ကျင့်ပေးပါတယ် တာဝန်ရှိသူကြီး ဂုဏ်ယူရလောက်အောင်လည်း စက်ရုံကကြီးမား စက်တွေကများ စက်ရုပ်လုပ်သားတွေကလည်း နေ့မအား ညမနား အလုပ်လုပ် နေကြတာတွေ့နေရတယ် ရှင်းပြတာတွေလဲပြီးရော စက်ရုံမှူးကြီးက သူသိချင်တာတစ်ခုကို ပြန်မေးတယ် မင်းတို့ ကမ္ဘာမြေမှာရော မင်းလိုလူသားတွေကို ဒီလိုစက်ရုံမျိုးနဲ့ရော ထုတ်လုပ်နိုင်ရဲ့လားဆိုပြီး အထင်သေးတဲ့ပုံစံနဲ့ မေးလိုက်တယ် လူအမျိုးသားက ပြန်ရှင်းပြတယ် ငါတို့ဆီမှာ လူတစ်ယောက်ရဘို့အတွက် ဘာစက်ရုံမှမလိုဘူး လူအမျိုးသားတစ်ယောက်နဲ့ လူအမျိုးသမီးတစ်ယောက်ရှိရင် နောက်ထပ်လူသားတစ်ယောက်ဖြစ်လာရော ဂြိုလ်သားတွေအားလုံး မယုံကြည်တဲ့မျက်နှာတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ် မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ငြင်းကြရင်းနဲ့ လက်တွေ့ လူဖြစ်အောင်လုပ်ပြမယ်ရမယ်ဆိုတာနဲ့ အမျိုးသားကလည်း မခံချင်ဖြစ်ပြီး လက်တွေ့လုပ်ပြမယ်ဖြစ်ရော ဒီသတင်းကြားတာနဲ့ ဂြိုလ်သားအားလုံး ဘာစက်ကိရိယာမှမပါဘဲ လူသားတစ်ယောက်ဖြစ်အောင်လုပ်ပြမဲ့ ခန်းမကြီးဆီကို စိတ်ဝင်တစားနဲ့ရောက်လာကြတယ် …. ဂြိုလ်သားအားလုံးရဲ့အလည်က စင်မြင့်ထက်မှာတော့ လူသားနှစ်ဦး လူသားနှစ်ဦးရဲ့လှုပ်ရှားမူက ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့လေး စလှုပ်ရှားလာတယ် သူတို့ရဲ့ကိုယ်မှာရှိတဲ့ အ၀တ်တွေကို တစ်ခုချင်း ချွတ်ချလိုက်တယ် ဂြိုလ်သားတွေအားလုံးကလည်း ဘယ်အချိန် လူသားနောက်တစ်ယောက် ဖြစ်လာမလဲဆိုပြီး မျက်တောင်မခတ်ကြည့်နေကြတယ် တချို့ကလည်းပိုသေချာအောင် အနီးကပ်လာကြည့်ကြတယ် လူသားနှစ်ဦးကလည်း လှုပ်ရှားမူကမြန်လာလိုက် နှေးလာလိုက် အသက်ရှူသံတွေမြန်လာလိုက်နဲ့ ဖြစ်နေရာကနေ တစ်ချိန်မှာ လှုပ်ရှားမူတွေမြန်လာပြီး နောက်ဆုံးမှာငြိမ်ကြသွားတယ် ဘာလှုပ်ရှားမှုမှမရှိတော့ဘူး ဂြိုလ်သားတွေကလည်း သူတို့လှုပ်ရှားမူကို ကြည့်ရင်းကနေ မျှော်လင့်တကြီးနဲ့ ဖြစ်လာမဲ့လူလေးကိုကြည့်ဘို့ အားလုံးက စိတ်လှုပ်ရှားစွားနဲ့ မတ်တပ်ရပ်လိုက်ကြတယ် အချိန်တော်တော်ကြာတဲ့အထိ လှုပ်ရှားမှုကိုမတွေ့ နောက်ထပ်လူသားတစ်ယောက်ကို မတွေ့သေးတာနဲ့ စိတ်မရှည်နိုင်တဲ့ဂြိုလ်သားတစ်ဦးက မင်းတို့လုပ်တဲ့လူက ဘယ်မှာလဲဆိုတော့ အမျိုးသားက ငါတို့လုပ်တဲ့လူက အခုချက်ချင်းမဖြစ်ဘူး နောက် (၉)လ လောက်နေမှ ဖြစ်လာမှာလို့လဲဆိုရော ဂြိုလ်သားအားလုံးရဲ့ ဟာ ဆိုတဲ့အသံကြီးက တပြိုင်တည်းထွက်လာတယ် အဲဒါနဲ့စောစောကဂြိုလ်သားကဘဲ ဒီတခါတော့ဒေါသထွက်တဲ့လေသံနဲ့ မင်းကွာ နောက် ၉ လ ကြာမှ လူဖြစ်မှကို ပြီးခါနီးမှ လောနေရသေးတယ် တဲ့…… အဲဒါကြောင့်အားလုံးကိုမေတ္တာရပ်ခံချင်တာ သိပ်မလောကြပါနဲ့ခင်ဗျာ ဖြေးဖြေးမှန်မှန်လေးဘဲကောင်းပါတယ်

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ