nano tech: cover အင်္ကျီ

notsyntheticsApril 24, 20101min1073

ဂျာမဏီမှ သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် သိပ္ပံပညာရပ်တွေမှာ အရေးပါအရာရောက်မဲ့ အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ တချိန်က စိတ်ကူးယဉ်ဆန် တဲ့ ဟယ်ရီပေါ်တာရဲ့ ကိူယ်ပျောက်ဝတ်ရုံဟာဆိုရင် အခုဆို
တကယ်ရှိလာပြီးဖြစ်ပါတယ်။ Karlsruhe နည်းပညာဌာနမှ သုတေသီများဟာ ပထမဆုံး 3D
ကိုယ်ပျောက် ပစ္စည်းတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ ထိုဝတ်ရုံမှာ 0.00004
လက္မအရွယ်သာရှိသော ရွှေမှုံများကိုဆက်ပြီးအသုံးပြုကာ အလင်းပြန်နိယာမကို
အခြေခံထားခြင်းရှိပါတယ်။ ပထမတီထွင်ခဲ့တဲ့ ပစ္စည်းဟာ အမြင်တဖက်တည်းမှသာ
ပျောက်ခြင်းဖြစ်ပြီး အခြားအဖက်ဖက်မှ လှည့်ပါတ်ကြည့်ပါက
ပြန်လည်မြင်တွေ့ရပါတယ်။ သို့သော် အခု 3D ကိုယ်ပျောက်ပစ္စည်းကတော့ အဖက်ဖက်

မှ ကြည့်လျှင်လည်း မမြင်ရဘဲ ကိုယ်ပျောက်ထားနိုင်ပါတယ်။ photonic
လို့ခေါ်တဲ့ ပစ္စည်းနဲ့ပြုလုပ်တာဖြစ်ပြီး ထိုအရာဟာလဲ

အလင်းကို စုပ်နိုင်တဲ့ အစွမ်းရှိတဲ့အတွက် မျက်နှာပြင်မှာ စီဆင်းတဲ့အလင်းကို
ညီညာအောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာ-မြစ်ထဲမှ ရေများဟာ တပြေးညီရှိနေတဲ့
သဘောတရားကဲ့သို့ပင်ဖြစ်ပါသည်။ ထိုအဖွဲ့အားဦးဆောင်နေသူဖြစ်တဲ့ Tolga Ergin
ဆိုသူက US သိပ္ပံဂျာနယ်ကို ထိုနည်းပညာကို အသုံးပြုပြီး ကျွန်တော်တို့
အလွန်ကြီးမားတဲ့ အရာတွေကို လည်း ကွယ်ပျောက်အောင် ပြုလုပ်နိုင်တယ်လို့
မနေ့ကပြောကြားခဲ့ပါတယ်။ (စစ်ရေးမှာသာ
ကိုယ်ပျောက်နည်းပညာကိုသုံးရင်တော့…..)။ ရလာဒ်ကတော့အလင်းနဲ့ပါတ်သက်တဲ့

ပျောင်းလည်းမှု့များ၊ အယူအဆများကို လက်တွေ့ကွင်းဆင်း
ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်ပျောက် ဝတ်ရုံဟာ အလွန်လှပပြီး
ဆွဲမက်ဖို့ကောင်းပါတယ်။ (ကိုယ်ပျောက်ဝတ်ရုံကလှတယ်တဲ့… ဟုတ်မှာပါ သူကတော့
မြင်ကောင်းမြင်ရမှာပေါ့) အခြားကဲ့သို့မဟုတ်ဘဲ အလင်းရောင်နဲ့ပါတ်သက်ပြီး
ပြောင်းလဲစေတဲ့စက်ကွင်းဖြစ်ပါတယ်။ ဝတ်ရုံဒီဇိုင်းနှင့်
ရည်ရွယ်ချက်အခြေခံကိုတော့ လန်ဒန်မြို့ Imperial ကောလိ်ပ်က ပရောဖက်ဆာ Sir
John Pendry မှစတင်ခဲ့တာဖြစ်ပါတယ်။ ထိုဝတ်ရုံဟာ
ကောဇောမှန်များကဲ့သို့ဖြစ်ပြီး သင် ပျောက်စေခြင်တဲ့ ပစ္စည်းကို ထိုအရာဖြင့်
အုပ်ထားပါက ပျောက်ကွယ်နေမှာဖြစ်ပါတယ်။

အလင်းပြန်မှု့ကိုပြောင်းလဲထားတာသာဖြစ်ပြီး တိုက်မိ ထိမိ
နိုင်သောအရာဘဲဖြစ်ပါတယ်။ အင်္ဂလန် Surrey တက္ကသိုလ်မှ ပရောဖက်ဆာ Ortwin Hess
ကတော့ ထိုနည်းပညာကို လေလာခြင်းဟာ ရှေ့ဆက်ဖို့အတွက် အလွန်ကြီးမားတဲ့
အဆင့်ဖြစ်တယ်လို့ပြောပါတယ်။

http://crazybag.ning.com/ မှ ကိုကျော်စွာအောင်ရဲ ့ပို ့စ်ကို ပြန်လည်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

3 comments

  • susunosuki

    April 24, 2010 at 11:45 am

    ဒီသတင်းအမှန်သာဆိုရင် သိပ္ပံ တိုးတတ်မှု့အတွက်ဝမ်းသာစရာပါ
    မသမာသူတွေလက်ထဲ မရောက်အောင်တော့ဂရုစိုက်ရမယ်

  • intro

    April 24, 2010 at 12:41 pm

    အဲသည့်ဝတ်စုံနဲ့ ဘောလုံးကန်ကြရင် ကောင်းမယ်နော်… 😛

  • bolay

    August 16, 2010 at 2:30 pm

    ဈေးကြီးမှာပဲနော်…..

Leave a Reply