ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ပစ္စည်းများ ခုနစ်ကြိမ် အလိုအလျောက် မီးလောင်ကျွမ်းသည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နေအိမ် ဘေးပတ်ဝန်းကျင်တွင် သက်ဆိုင်ရာက စောင့်ကြည့်ပေးနေ

ဦးကောက်March 30, 20111min8712

411aရန်ကုန်မြို့ကမာရွတ်မြို့နယ် ထန်းတစ်ပင်လမ်းရှိ နေအိမ်တစ်အိမ် မှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေအိမ်ဘေးပတ်ဝန်းကျင်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် အချို့နှင့် သက်ဆိုင်ရာ ရ.ယ.ကရုံး မှ တာဝန်ရှိသူအချို့က စောင့်ကြည့်ပေးနေကြောင်း သတင်းရရှိသည်။ ထူးခြားဖြစ်စဉ် ထပ်မံဖြစ်ပွားမှုရှိမှသာ သက်ဆိုင်ရာ မီးသတ်ဌာနသို့  ရ.ယ.ကရုံးမှတစ်ဆင့် အကြောင်းကြားရန် ညွှန်ကြားထားသည်ဟု သိရှိရသည်။

411

“လောလောဆယ်တော့ ထူးခြားဖြစ်စဉ်အနေနဲ့ ထပ်ဖြစ်တာ မရှိသေးပါဘူး။ ၂၆ ရက်နေ့မှာ လောင်ပြီးတဲ့နောက်ပိုင်း အခုချိန်ထိ ထပ်လောင်တာမျိုးတော့ မကြုံရသေးဘူး။ ၂၄  ရက်နေ့ကတော့ မြို့နယ်အဆင့် မီးသတ်အရာရှိ ကိုယ်တိုင်လာပါတယ်။ သူတို့ ကိုယ်တိုင်လည်း ကိုယ်တွေ့ တွေ့သွားတဲ့အတွက် ထူးခြားဖြစ်စဉ် အနေနဲ့ မှတ်တမ်းရေးယူသွားပါတယ်။ ကျွန်မတို့ ကိုယ်တိုင်ကတော့ လောလောဆယ် ထိတ်လန့်တာရယ်၊ ပစ္စည်းတွေဆုံးရှုံးတာကြောင့် စိတ်ညစ်တာရယ်ပဲ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်က အထင်အမြင်လွဲမှာလည်း စိုးရိမ်မိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုသွားပြီး အကျိုးအကြောင်းပြောထားတဲ့အတွက် အခုလို စောင့်ကြည့်ပေးတာမျိုး တွေလုပ်ပေးတာပါ။ လူအင်အားလေးရှိနေတော့ ကျွန်မတို့တစ်စုံတစ်ခု ထပ်ဖြစ်လည်း အင်အားရှိတာပေါ့လေ။ ကျွန်မတို့ ဒီအိမ်မှာနေလာတာ အနှစ်နှစ်ဆယ်ကျော်နေပါပြီ။ ကန်ထရိုက်တိုက် ဆောက်ဖြစ်တာကတော့ သိပ်မကြာသေးဘူးပေါ့လေ။ အခုလိုဖြစ်ရပ်မျိုး ကြုံရတာ အရမ်းကို အံ့ဩပါတယ်။ စိုးရိမ်ပူပန်တဲ့စိတ်ကတော့ ပိုများပါတယ်”ဟု ကာယကံရှင် တစ်ဦးဖြစ်သူ မဖြူဖြူက ပြောပြခဲ့သည်။

မတ်လ ၂၄ ရက်နေ့ ဖြစ်စဉ်တွင် ကိုယ်တွေ့မြင်တွေ့ခဲ့ရသည့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဦးမျိုး တို့ အခုမီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဇာတ်ကားရိုက်နေတာပါ၊၊ အဲဒီအတွက် မီးလောင်တဲ့နေရာတိုင်းကို ချက်ချင်းသွားပြီး ရိုက်ကူးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီနေ့ကလည်း မီးလောင်တယ် သတင်းကြားလို့ လိုက်သွားတော့ အံ့ဩစရာ အဲဒီသတင်းကြားလိုက်ရတာပါ။ အလိုလိုနေရင်း ဟိုနေရာက မီးထလောင်လိုက်၊ ရေတွေလောင်းထား ရင်းကပဲ မီးထလောင်လိုက်ဆိုတော့ တော်တော်ထူးဆန်းပါတယ်။ ဒါမျိုးကတော့ အရင်ကလည်း ကြားဖူးပါတယ်။ မျက်မြင်ကိုယ်တွေ့ဆိုတော့ ပိုစိတ်ဝင်စားတာပေါ့လေ။ ဦးမျိုး ကိုယ်တိုင်လည်း အဲဒီလိုဖြစ်ရပ်မျိုး ဆန်ဆန် ဇာတ်ကားတစ်ကား ရိုက်ခဲ့ဖူးပါတယ်။ အခုလိုဖြစ်ရပ်မျိုးတွေ့တော့လည်း အရမ်းစိတ်ဝင်စားပါတယ်။ ဇာတ်ကားဖန်တီးဖို့ ဆိုတာကတော့ ဆင်ဆာစည်းကမ်းအရ အဆင်ပြေနိုင်မယ် မထင်ဘူး”ဟု သူ တွေ့ကြုံခဲ့ရမှု နှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

စမ်းချောင်းမြို့နယ်မီးသတ်မှ ဌာနမှူး ဦးရဲအောင်က “ကျွန်တော်တို့ ၂၄ ရက်နေ့က ဘေးပတ်ဝန်းကျင်ကလည်း ဖုန်းဆက်လာတာနဲ့ ဖြစ်တဲ့နေရာကို သွားခဲ့ကြပါတယ်။ မီးက သိပ်အများကြီး မဟုတ်ပေမယ့် မီးတော့ငြှိမ်းသတ်ခဲ့ရပါတယ်။ အဲဒီနေ့က ပထမတော့ဖြစ်စဉ်ကို ပေါ့ဆမီးလို့ သတ်မှတ်ထားပေမယ့် ငြှိမ်းသတ်ပြီးထားတဲ့ အဝတ်တွေမှာမှ မီးထပ်လောင်တာမျိုး၊ လူမနေတဲ့ သုံးလွှာအခန်းက အဝတ်စက မီးထလောင်တာမျိုးတွေကျတော့ ဘေးပတ်ဝန်းကျင် သက်သေတွေလည်း ရှိနေတဲ့အတွက် ထူးခြားဖြစ်စဉ်အနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ လောလောဆယ်ကတော့ ရပ်ကွက် ရ.ယ.က ရုံး က တာဝန်ရှိသူတွေရော၊ အရန်မီးသတ် တပ်ဖွဲ့တွေရောကို စောင့်ကြည့်ခိုင်းထားပါတယ်၊၊ သူတို့ကိုယ်တိုင် က ထူးခြားဖြစ်စဉ်အနေနဲ့ တွေ့မှပဲ ကျွန်တော်တို့ စမ်းချောင်းမီးသတ်ကို အကြောင်းကြားဖို့တော့ ညှိနှိုင်းထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ ထူးဆန်းတယ်လို့ပဲ ပြောရမှာပါပဲ။ မနှစ်ကတုန်းကလည်း စမ်းချောင်း မြို့နယ်အတွင်းမှာ ဒီလိုထူးခြား ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးတယ်လို့ ကြား ဖူးတယ်”ဟု လတ်တလော ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

ထန်းတစ်ပင်လမ်းအတွင်းရှိ အသက် ၅ဝ အရွယ် အိမ်နီးချင်း တစ်ဦးကလည်း “ကျွန်မတို့ကဖြစ်ဖြစ်ချင်းတော့ ထိတ်လန့်တာပဲရှိတယ်။ ညှော်နံ့တွေ ထွက်လာလိုက်၊ မီးလန့်သလိုဖြစ်လိုက်နဲ့ ဆိုတော့စိတ်ပူတာပေါ့နော်။ နောက်တော့ ကာယကံရှင်တွေ ရ.ယ.က ရုံးကိုသွားနေပြီး အိမ်မှာတစ်ယောက်မှ မရှိတဲ့အချိန်တို့၊ သူတို့ အခန်းရဲ့အပေါ်သုံးလွှာက လူမနေတဲ့ အခန်းတို့မှာ ဖြစ်တဲ့အခါကျမှ တော်တော်လေး ထူးဆန်းနေတာ ကို သတိထားမိတာ။ တစ်ခါမှလည်း မကြုံဖူးဘူး။ အသက် ၅ဝ မှာ ဒါပထမဆုံးမြင်ဖူးတာပဲ။ ဗုဒ္ဓဘာသာတရားတော်အရ ပရိတ်တွေ ဘာတွေရွတ်ဖို့တော့ အကြံဉာဏ်ပေးဖြစ်တယ်။ အခုတော့ ဘာမှဆက်မဖြစ်တော့ တော်သေးတာပေါ့လေ” ဟု သူတွေ့ကြုံခဲ့ရသည်များကို ရှင်းပြခဲ့ပါသည်။

ရန်ကုန်မြို့ လှည်းတန်းဈေးအနီး ထန်းတစ်ပင်လမ်းရှိ နေအိမ်မှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းမှုဖြစ်စဉ် မဖြစ်ပွားမီ တခြားထူးခြားသည့် ဖြစ်စဉ်မျိုး မရှိကြောင်း၊ နေအိမ်တွင် ကိုသိန်းထွန်းအောင်၊ မဖြူဖြူနှင့် ကလေး ငယ်တစ်ဦးနေထိုင်ပြီး မတ်လ ရ ရက်နေ့မှ စတင်ကာ အိမ်တွင်းရှိပစ္စည်း အချို့ စတင်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ မတ်လ ၈ ရက်နေ့တွင် တစ်ကြိမ်ဖြစ်ပွားပြီး မတ်လ ၂၄ ရက်နေ့တွင်ဖြစ်ပွားရာ၌ စမ်းချောင်းမြို့နယ်မီးသတ် မှ တာဝန်ရှိသူအချို့ သွားရောက် ငြှိမ်းသတ်ခဲ့ပြီးနောက် မတ်လ ၂၆ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

12 comments

  • bigcat

    March 30, 2011 at 12:59 am

    အဲဒီအိမ်မှာ မင်းလောင်းပေါ်နေပြီ ထင်တယ်။ အခုနေ သူတို့နဲ့ မိတ်ဆွေဖွဲ့ထားဖို့ နောက်မကျသေးဘူးဗျို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2011 at 1:39 am

    ( ဘေးပတ်ဝန်းကျင်က အထင်အမြင်လွဲမှာလည်း စိုးရိမ်မိပါတယ်။ လူအင်အားလေးရှိနေတော့ ကျွန်မတို့တစ်စုံတစ်ခု ထပ်ဖြစ်လည်း အင်အားရှိတာပေါ့လေ။
    ကျွန်မတို့ ကိုယ်တိုင်ကတော့ လောလောဆယ် ထိတ်လန့်တာရယ်၊ ပစ္စည်းတွေဆုံးရှုံးတာကြောင့် စိတ်ညစ်တာရယ်ပဲ ရှိပါတယ်။ )
    အိမ်ရှင်ဖြစ်သူရဲ ့ စကားပေါ်မှာ
    အသိမှတ်ပြုတယ်ဗျို ့
    တတ်နိုင်ကြရင်
    ရုပ်ဝါဒ သမားတွေလက်မခံတဲ့
    ဘယ်လို ဘာသာ ကိုးကွယ်မှုတွေရှိတယ်ဆိုတာကို လေ့လာသင့်ပါတယ်
    ဒါဟာ အခွင့်ရေးတစ်ရပ်ပါ
    ဒီလို သတင်းတွေကို အပီပြင်တင်ပြပေးတဲ့
    မူရင်း ဆိုက်တွေကို
    အူလှိုက်သည်းလှိုက် ကျေးဇူးကမ္ဘာ ဂေါ်ဇီလာပါခည 🙂

  • researcher

    March 30, 2011 at 3:17 am

    ကိုကြောင်ကြီးရေ..

    အလောင်းမင်းတရား ဦးအောင်ဇေယျက နေ့ခင်း အိပ်နေရင်း လက်ရုံးက မီးထတောက်တာမျိုး နှစ်ကြိမ် လောက်ကြုံခဲ့တယ်။ ဒါတွေဟာ မင်းဖြစ်လာမယ့် အတိတ်နမိတ်တွေ ဆိုပေမယ့် အခု ဖြစ်တဲ့ ကိစ္စကိုတော့ လောကီအောက်လမ်းနည်း ယုံကြည်တဲ့သူတွေက ဒီလိုမြင်ကြမှာ မဟုတ်ပါဘူး။ တမျိုးပြောကြပါလိမ့်မယ်။ သိပ္ပံနည်း နဲ့ ရှာဖွေဖေါ် ထုတ်နို်င်သူတွေကြတော့လဲ နောက်တမျိုးပြောကြမှာပေါ့လေ။ ကိုယ် သန်ရာ သန်ရာပေါ့လေ။

  • char too lan

    March 30, 2011 at 4:34 am

    အဘပု ဆယ့်တစ်မီဒီယာဂရု မှာကိုယ်တော်တိုင် သွားမမန်းဒေါ့ဘူးလားဗျ !! 🙂

  • good

    March 30, 2011 at 4:35 am

    ကန်ထရိုက် တိုက် တွေ က ပြိုမှာ စိုးလို့ အိုင်ဘင်း နဲ့ ပိုင် ရိုက် ထားတာ လား ဘဲ ၊ ပိုင် အရိုက် လွန်၊ ချော်ရည် ပူ စီးကြောင်း တွေ ထိ ရောက် ပြီး အပူလျောက် ကူး မှု ကြောင့် ဖြစ်နိုင်တယ် နော်။ မြေလွှာ လှုပ်ရှား တာနဲ့ ချော် ပူတွေ ပန်း ထွက် လာ နိင်တာ မို့ ၊အနီးနား က လူတွေ ကို ဘေး လွတ် ရာ ကို ရွှေ့ ပြောင်း ထားပေး သင့်ပြီ။

    { ယုန်ကောင် ငုံ ၍ ……ယုန် ရုပ် ရေးပြသော် လည်း…..

    အန်တီ မာမာအေး သီချင်း ပါ။ }

  • ယောလေး

    March 30, 2011 at 5:10 am

    အခုမှပဲပုံတွေတက်လာတော့တယ် ဒါတောင် မီးလောင်နေတာလေး မပါသေးဘူးး မီးလောင်နေတာလေးပါမြင်ရတော့ မြင်ဖူးတာပေါ့…:P

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2011 at 6:15 am

    ဪ…
    သူတို ့ကို နစ်နာစေလိုတဲ့ စိတ်မရှိရပါဘူးဗျာ
    အဟုတ် မိုးဂျိုးပြစ်
    ( တကယ်တမ်းဆို မြန်မာပြည်ထဲက သတင်းဆိုက်တွေဟာ( အားလုံးမဟုတ် )
    အန္တရယ်တွေနဲ ့နပန်းလုံးပြီး ရှင်သန်နေကြရတယ် ဆိုတာကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်ဗျာ
    အထူးသဖြင့် သူတို ့ဆိုက်တွေဟာ ဝေဖန်မှုတွေကို ကြံ ့ကြံ ့ခံပြီး ရုန်းကန်နေကြတာပါ
    ကျွန်တော်ကတော့ အင်တာနက်ထဲကနေသာ အော်နေတာပါ ကျွန်တော်တို ့က မဆင်မခြင် ဝေဖန်လိုက်တာ
    နိုင်ငံရေးနဲ ့ပတ်သက်ရင် သူတို ့တော်တော် အကြပ်အတည်းထဲရောက်သွားတာတွေကို
    နားလည်မိပါတယ်ဗျာ
    သူတို ့နေရာမှာ ကျွန်တော်ဆို ဒီလို ခေါင်းတည်းပြီး လူတွေကို လွပ်လွပ်လပ်လပ်
    ဝေဖန်ခွင့်ပေးဘို ့ဆိုတာ မလွယ်ပါဘူး )

  • pasi

    March 30, 2011 at 8:07 am

    ထူးဆန်းတာကတော့ မယုံရခက် ယုံရခက်ပဲ ပေစိဉာဏ်နဲ့မမီလို့မစဉ်းစားချင်တော့ဘူး ငှက်သွားပစ်တော့မယ်

  • juttue.gyi

    March 30, 2011 at 12:00 pm

    ကြားတောင်မကြားဘူးဖူး ဟီးးးးးးးး

  • ဆူး

    March 30, 2011 at 2:06 pm

    ပုံကြည့်မှဘဲ ၃လွာဆိုတော့ ၃ခန်းဘဲ ထင်မထားတာ ၆ခန်းဖြစ်နေတယ်။ အဲဒီက အခန်းမှာ နေတဲ့ လူတွေ မနေရဲဘဲ ပြောင်းကြမှာပါဘဲ။ ကပ်ရပ် နဲ့ တလမ်းထဲ အိမ်တွေလည်း မျက်ခုံးလှုပ်နေကြလိမ့်မယ်။

  • shan

    March 30, 2011 at 3:26 pm

    ကျွန်တော် ………..ကို သေသေခြာခြာဖုန်းနဲ့ဆက်မေးတဲ့အခါကြတော့ အိမ်ရှင်လုပ်သူတွေမှာ ဖေါစဖရပ် တွေကြောင့်မီးထလောင်တာ၊ရေနဲ့ထိလေမီးလောင်လေဆိုတာသူတိုမသိတာကြောင့်ကတကြောင်း၊ဥပဒေ အရရင်ဆိုင်ရမှာဆိုးတာကြောင့်ဟုပြန်လည်ဖြေဆိုသွားပါတယ်…

Leave a Reply