နန်းသွင်းစေတီတော်မြတ်ကြီး သမိုင်း အကျဉ်း

ဆူးMarch 29, 20111min1929

နေပြည်တော် ပုဗ္ဗသိရိမြို့ ရာဇာဌာနီ လမ်းမကြီး လက်လုပ်တောင် တောရ တွင်ရှိသော နန်းသွင်းစေတီတော် မြတ်ကြီး၏ သမိုင်းအကျဉ်းဖြစ်ပါသည်။


ရှေးလွန်လေပြီးသော ကာလက မဏိပူရပြည့်ကြီးရှင် ဘုရင်ကြီး၏ တောင်နန်းစံ မိဖုရားကြီးမှ သားတော် သုံးပါး ထွန်းကားခဲ့၏။ ညီတော် နောင်တော် နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်း အစ လက်လုပ်တောင် ဒေသသို့ ရောက်ခဲ့ကြ၏။ အကိုက လွမ်းတောင် တွင်နေ၏ ညီက လက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံးက အဘိဓမ္မရာဇာ က မင်းပြုလေသည်။

လက်လုပ်တောင်ဟုသည် ယင်းတောင်၏ မြောက်ဘက် တမိုက်ခွဲခန့်က မြေများကို သယ်ဆောင်၍ ညတွင်းပြီးတောင်ဖို့ ယူခဲ့ကြ၏။ ညီတော် နောင်တော်တို့၏ သိဒ္ဓိ မဟိဒ္ဓိ အစွမ်းများလည်း ပါ၏။ လက်ခုပ်များဖြင့် သယ်ယူ၍ ယူသောကြောင့် လက်ခုပ်တောင် ဟု အမည်တွင်ရာမှ ကာလရွေ့လျား၍ လက်လုပ်တောင် ဟု အမည်တွင်ကျယ်ခဲ့သည်။

ထိုမြေယူရာ အရပ်၌ ညတွင်းချင်း ကန်ကြီးဖြစ်သွားခဲ့၏ နောင်တွင် ထိုကန် အနီးတွင် ရွာတည်သဖြင့် ထိုရွာကို ကန်လှရွာ ဟု ခေါ်ဝေါ်ကာ ယနေ့တိုင် တည်ရှိနေသည်။

လက်လုပ်တောင်ရှိ ညီအငယ်က နောင်ပွင့်လတ္တံသော အရိမေတ္တယျ မြတ်စွာဘုရားပွင့်သော အခါ ကျောင်းဆောက်လှူဒါန်းလိုသော ဆန္ဒရှိသဖြင့် ရွှေတိုက် ငွေတိုက် ကျောက်သံပတ္တမြားတိုက် ပြဒါးတိုက် ဟူ၍ တိုက်ကြီး လေးခုတည်၍ မြေမြုပ်ဖိအုပ်ထားခဲ့သည်။ ထိုတိုက်တို့ကို စောင့်ရှောက်ရန် ရွှေကို နဂါးရုပ်ထုလုပ်၍ မျက်စိကို ပြဒါးရှင်လုံး တပ်ဆင်ထားခဲ့ပြီး သိဒ္ဓိ မဟိဒ္ဓိ အစွမ်းအတက်ဖြင့် စီမံ၍ အစောင့် အရှောက်ထားလေသည်။

ဦးရီးတော် တွေဆီ အလည်လာရောက် သော ညီ အငယ်ဆုံး အဘိဓမ္မရာဇာ မင်းကြီး၏ သမီးတော်ကြီး ကလျာဏမိတ္တ အစရှိသော ညီမ ငါးဦးနှင့် သားတော် ဇေယျပတ္တ (အောင်ဘိသိတ်ခံ မင်းသား) တို့သည် လက်လုပ်တောင်၏ တောင်ဘက် (ယခု ငွေလျှံကုန်းရွာ) တောထဲတွင် ခတ္တနေစဉ် နှင့် ဇေယျပတ္တ မင်းသားသည်လည်း ထိုအချိန်တွက် စစ်ကိုင်းဘက်တွက် ပညာသင် ထွက်နေချိန် ပြန်အလာ စောင့်နေခိုက်ဖြစ်သည်။ တောထဲတွင် ခေတ္တနေသော မင်းသမီး ငါးဦးတို့ကို သိုက်ဆရာ ငါးယောက်က ဥစ္စာစောင့် အမှတ်ဖြင့် လက်လုပ်တောင်မှ ရွှေနဂါးရုပ်၏ ပြဒါးရှင်မျက်လုံး ကို တောင်းယူကြ၏။ ဦးရီးတော် ဝိဇ္ဇာ နှစ်ပါးက ထိုအချိန်တွက် ပုပ္ပါးတောင်သို့ ခရီးထွက်ခိုက်လည်း ဖြစ်ခဲ့သည်။

ထိုမင်းသမီး ငါးဦးတို့ကို သိုက်ဆရာများ တောင်းမရသဖြင့် ရိုက်နှက်ကြလေ၏ ထို့အပြင် သူတို့နေတဲ့ တဲပေါ်မှ အသပြာ ငွေများကို တွေ့၍ ကောက်ယူကြရာ ငွေများ ပျံထွက်ပြီး လက်လုပ်တောင်သို့ ချည်းသာ ကျကုန်၏။ ငွေများ ပျံကျထွက်သွားသည့် နေရာ ရွာတည်သောကြောင့် ငွေပျံကုန်းရွာဟု အမည်တွင်၏။ ထိုငွေပျံကုန်း နေရာတွင် မင်းတုန်းမင်းကြီး ငွေလှံစိုက်ထူခဲ့၍ ငွေလှံကုန်းဟု ပြောင်းခဲ ခေါ်ခဲ့ပြန်၏။ နောင်လူများက ငွေလှန်ပစ်တဲ့ ရွာ မဟုတ် ငွေတွေ လျှံတဲ့ ရွာဟု ဆိုကာ ငွေလျှံကုန်း ဟု ယခု အချိန်အထိ ခေါ်ဝေါ်နေကြသည်။ ယခု အခါ ထိုရွာသည် လက်လုပ်တောင် နှင့် ရာဇဌာနီ လမ်းမကြီး ခြားနေ၏

ထိုအခါ သိုက်ဆရာများက ဥစ္စာစောင့်များဟု လုံးဝ ယုံကြည်ကြပြီး မင်းသမီးများကို ကြိုးတုတ်၍ လက်လုပ်တောင်ရှိ ရွှေနဂါး၏ ပြဒါးရှင် မျက်လုံးကို တောင်းကြပြန်ရာ အကြီးဆုံး ကလျာမိတ္တက လွမ်းတောင်က ဘကြီးတော် ယူပေးနိုင်ကောင်းရာ၏ဟု ဆိုသဖြင့် လွမ်းတောင်သို့ ဘကြီးတော် အခေါ်လွတ်ရန် သိုက်ဆရာ တစ်ဦးနှင့် အတူ လွမ်းတောင်သို့ သွားခဲ့သည်။ ဘကြီးတော်လည်း မရှိသည့် သိုက်ဆရာ၏ ရိုက်နှက်မှုများ ခံရပြီးသည့်အပြင် လက်လုပ်တောင်သို့ မပြန်နိုင်ဘဲ ညီမတော်များကို လွမ်းပြီး သေဆုံးသွားသဖြင့် လွမ်းတောင်ဟု အမည်တွင်သည်။ယခု လွမ်းတောင်တွင် အမတော် နတ်နန်းရှိပါသည်။

ကျန်နေခဲ့သော ညီမတော် ၄ယောက်တို့သည်လည်း သိုက်ဆရာတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။ ဘကြီးတော် ညီနောင်တို့ ရောက်လာသော အခါ အကြောင်းစုံ သိ၍ သိုက်ဆရာငါးဦးတို့သည်လည်း ဘကြီးတော်တို့၏ တန်ပြန်ချက်ဖြင့် သေကြကုန်၏။ ထို့နောက် တောင်ပိုင်၏ တပည့်လေးယောက် အဖြစ် အရပ်လေးမျက်နှာ အစောင့် အဖြစ် ထားလိုက်ပြီး တူမတော် (ညီမ ၄ယောက်) တို့ကိုလည်း တောင်တွင်းတိုက်လေးတိုက် တို့ကို စောင့်ရှောက်စေခဲ့၏။

ထို့နောက်တွင် အကိုဖြစ်သူ ဇေယျပတ္တမင်းသား ပညာပြည့်ဝ၍ စစ်ကိုင်းမှ ပြန်ရောက်လာလေရာ နှမတော် နဲ့ အမတော် တို့၏ ဖြစ်ရပ်များကို သိမြင်ရသဖြင့် သံဝေဂရကာ စစ်ကိုင်းတောင်ပြန်၍ ရဟန်းပြုတော့မည်ဟု ဆို၏။ နှမတော်များက လက်လုပ်တောင်တွင် သာသနာပြုဖို့ ပြောကြ၏။

ထိုအခါ ဇေယျပတ္တမင်းသားက နောင်သာသနာတော် နှစ်ပေါင်း ၂၅၀ဝ ကျော်သော အခါ အရှေ့မြောက်တောင်ပေါ်သို လာရောက်ပင့်ကြလော့ ငါသည် စင်္ကြာယာဉ်စီး၍ ကြွလာမည်။ ငါသည် ရဟန်းအဖြစ်ဖြင့် ကြွလာပြီး နှမတော်တို့၏ ဆွမ်းကို ရှေးဦးစွာ ဆွမ်းခံမည်။ ပြီးမှ ရွာတို့ကို လှည့်လည်၍ ဆွမ်းခံမည်။ ထိုအချိန်ရောက်လျှင် သာသနာ ပွင့်လင်းအောင် သာသနာပြုမည်ဟု ဆိုတာ စစ်ကိုင်းတောင်သို့ ကြွ၍ ရဟန်းပြုခဲ့၏။

ထို့နောက် မန္တလေးနေပြည်တော်သစ်တည် မင်းတုန်းမင်းကြီးသည် လက်လုပ်တောင်၌ ၉ တောင် ပြည့် ဘုရားတည်ထားပူဇော်ခဲ့သည်။ မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် ကြွရောက် ဘုရားဖူးခဲ့သည်။အင်္ဂလိပ်တို့ လက်အောက်မှ လွတ်မြောက်ရန် တော်လှန်ရေး ဓါတ်ပန္နက်များ ဆောင်ရွက်ခဲ့သည်။

လက်လုပ်တောင်သည် အခြားတောင်များနှင့် ရောနှောခြင်းမရှိပဲ သီးခြားတောင်ဖြစ်ခြင်း မိမိတို့ နိုင်ငံသည် ဘယ်သူလက်အောက်ခံမှ မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံ အဖြစ် ကိုယ်စားပြုထား၏ လက်လုပ်တောင်သည် အင်္ဂလိပ်သိမ်းရာတွင် နယ်မြေကြမ်းသောကြောင့် နင်းကြမ်းနယ်ကျန်နေရာ အဖြစ်ဖြင့် မသိမ်းဆည်းနိုင်ဖြင့် အံတုပြခဲ့သည်။ တို့ရတနာ တို့သစ္စာ တို့သာသနာ ကို တို့မြန်မာမြေဖြင့်သာ တည်ဆောက်မည်ဟု ဖော်ကျူးပြထားပေ၏။

ထို့ကြောင့် မင်းတုန်းမင်းကြီးက နေမဝင် အင်ပါယာကို ထူထောင်နေသော အင်္ဂလိပ်ကို ယာယီမျှသာဟု လက်လုပ်တောင် ကိုယ်စားပြု အားဖြင့် တော်လှန်ပန္နက်ဓါတ်ဆင်ခြင်းဖြစ်ခဲ့လေ၏။ နေမဝင်ခင်တွင် တုန်းမောင်းရိုက်၍ နေမဝင် အင်ပါယာ အင်္ဂလိပ်ကို နှင်ထုတ်ခဲ့သည့် ဓလေ့များမှ (၁၃၀၀)ပြည့်နှစ်တိုင်သည် အထိ ရှိခဲ့၏။

9 comments

  • bigcat

    March 29, 2011 at 10:56 pm

    ပို့စ်ဦးတည်ချက်က ဘာလည်းဗျ။ မျိုးချစ်စိတ် ရှင်သန်ထက်မျက်ရေးလား၊ တိမ်မြှုပ်နေတဲ့ ဘုရားသမိုင်းကြောင်း ဖော်ထုတ်ရေးလား၊ ကိုယ်တွေ့သိဒ္ဓိမဟိဒ္ဓိဖြစ်ရပ်ဆန်း အကြိုခင်းတာလား။ အခုတလော အန်တီဆူးဖောင်းလ်တာ နှစ်ခါရှိပြီ မှတ်တယ်။ အာဏာရှင် တော်လှန်ရေးနဲ့ ပက်သက်လာရင် မိတ်ဆွေ၊ သူငယ်ချင်း ဆိုတာမရှိဘူးနော်…..

  • char too lan

    March 30, 2011 at 5:22 am

    ဆြာဆူးဟာကလဲ မူရင်းပျောက်ပျောက်သွားတာတွေချည်းပဲ သမိုင်းကြောင်းကတော့စိတ်ဝင်စားစရာ ကောင်းတယ် 🙂

  • weiwei

    March 30, 2011 at 5:44 am

    ဒေါ်ဆူးက အဲဒီက ဘုန်းကြီးကျောင်းကို သွားလည်ခဲ့ပြီး ကြားခဲ့ သိခဲ့တာတွေကို ပြန်ရေးထားတာပါ …
    နေပြည်တော်ရောက်ရင် စိတ်ဝင်စားရင် ဝင်ရောက်လေ့လာနိုင်ကြောင်း ကြော်ညာဝင်ခြင်းသာဖြစ်မည်ဟု ထင်ပါကြောင်း …

  • hmee

    March 30, 2011 at 9:30 am

    ဆူးရေ မှီဆရာဝင်လုပ်တာ ဟုတ်ဖူးနော် သိထားတာလေး ဝင်ပြီးဖြည့်ပေးတာ။ နင်းကြမ်းဆိုတာ နယ်မြေကြမ်းလို. ဟုတ်ဖူး။ အထက်ဗမာပြည် ဘုရင့်အာဏာစက်လည်းလွတ် အောက်ပြည်အင်္ဂလိပ်အာဏာစက်လည်း လွတ်တဲ. နယ်စပ်နေရာဖြစ်တာမို. ရာဇဝတ်သားတွေ ရှောင်ပုန်း ကျက်စားလို. နင်းကြမ်း(သို.) နယ်ကြမ်းလို. ခေါ်တာလို. ဖတ်ဖူးတယ်။

  • kai

    March 30, 2011 at 9:58 am

    ဆူးမမက ..အဲဒါတွေ..ထိုင်ရိုက်ထားတာဆိုရင်တော့.. တော်တော်လုပ်နိုင်တယ် ပြောရမှာပဲ..။
    လုပ်အားအတွက်တော့ ကျေးဇူးပါနော..။

    ကိုရင်ကြောင်ကြီးကိုခွင့်လွတ်လိုက်ပါ.. ။
    သူက.. အာဏာရှင်တော်လှန်ရေးကို အာဏာရှင်ပုံစံနဲ့လုပ်မဲ့သူမို ့လေ..။ 🙂

    ပြောတော့သက်သတ်လွတ်..။ ပြီးတော့.. ကြွတ်ကြွတ်ဝါးမယ်တဲ့..။

  • ဆူး

    March 30, 2011 at 1:30 pm

    ထိုနေရာကို ရောက်တုန်း သမိုင်းမှတ်တမ်း ဆိုတဲ့ စာအုပ်တွေ့လို့ စာသိပ်မများလို့ ရိုက်တင်ပေးလိုက်တာ.. နေပြည်တော် ရောက်ရင် သွားလည်ပေါ့။ လူ သိပ်မရောက်ဘူးနိုင်တဲ့ နေရာ ဖြစ်နေလို့ ဒီပိုစ်နဲ့ ဘုရားကို တင်ပေးလိုက်တာ.. ခရီးသွားမှတ်တမ်းပါဘဲ။
    ဦးကြောင်ကြီး ဘာတွေ တွေးပြီး ဘာတွေ ပြောချင်နေလဲတော့ မသိဘူး။
    သိဒ္ဒိမဟိဒိ္ဒ တွေ ကတော့ စာထဲ ပါတဲ့ အတိုင်းဘဲ စိတ်ဝင်စားရင် အဲဒီ သွားလည်ပြီး စမ်းကြည့်ပါလား.. ကိုယ်တွေ့ထူးဆန်းတာတွေ အများကြီးတွေ့ခဲ့တယ်။

  • manawphyulay

    March 30, 2011 at 2:07 pm

    သမိုင်းကြောင်း သိထားတော့ နေပြည်တော်ရောက်လို့ သွားဖူးရင် ပိုပြီး မှတ်မိလွယ်တာပေါ့နော်။

  • padonmar

    March 30, 2011 at 2:09 pm

    အဲဒီ ထူးဆန်းတဲ့ ကိုယ်တွေ့တွေ ရေးပါလားဆူး၊ ကိုယ်တို့မရောက်နိုင်ပေမယ့် ဆူးကိုယ်တိုင်တွေ့တာဆို ယုံပေးရမှာပေါ့။

  • ဆူး

    March 30, 2011 at 3:02 pm

    ထူးဆန်းတာ ရေးပေးပါလို့ တောင်းဆိုတဲ့ မမ အတွက်..
    လက်လုပ်တောင် ရဲ့ တောင်ပိုင် ဘိုးတော် က အသက် ၆၈နှစ် ရှိတဲ့ အဘွားကြီး တယောက်ကို ဝင်ပူးပြီး လူတွေ ကို ဆေးကုပေးနေတာ တွေ့ခဲ့တယ်။ အရှေ့ဆုံးတန်းကနေ ထိုင်ပြီး ဟုတ်ကဲ့လား ဆိုတဲ့ အကြည့်နဲ့ ထိုင်ကြည့်နေတာ.. မျက်စိရှေ့မှာတင် တယောက်ပြီး တယောက် အကြောင်းမျိုးစုံနဲ့ ကျန်းမာရေး ကြည့်ပေးပါအုန်း ဆိုပြီးမေးလိုက်.. တချို့ကတော့ ဝမ်းထဲမှာ မသန့်ဘူး ဆိုပြီး ဗိုက်ကို လက်အုပ်ချီလျက် အနေအထာနဲ့ ပွတ်လိုက်တယ်။ ပြီးတော့ လက်အုပ်ချီထားတဲ့ အနေအထားနဲ့ လက်နှစ်ခုပူး အနေနဲ့ ဗိုက်ကို ချတယ် ပြီးတော့ နောက်ဆုတ်တော့ ဆိုပြီး စက္ကူပေါ်ကို လက်ဝါးနှစ်ဘက်ကြားထဲက အစာဟောင်းတွေ ဝါးချေပြီးသား အစာတွေ ခါချတယ်။ ပြီးတော့ လက်ကို ဆပ်ပြာနဲ့ ဆေးတယ်။ ပြီးတော့ ထိုင်ရှိခိုးပြီး ထွက်သွားပြန်ကော.. ဒီလိုနဲ့ နောက်တယောက် အလှည့်နေရာယူပြီးတော့ အဘွားကြီး နောက်တကြိမ် လက်အုပ်ချီ လိုက်ပြီး ရှိခိုးလိုက်တယ်။ ရှိခိုးပြီး အထ မှာ ဘာများ အလိုရှိသလဲ ဆိုတဲ့ အသံ တမျိုးနဲ့ မေးတယ်။ အဲဒီက လူတွေက ဒီက ***နေ့သမီး ကျန်းမာရေး ကြည့်ပေးပါ။ အဲလိုနဲ့ တချို့ကျတော့ ဘာမှ မမြင်ဘူး သန့်တယ် ဆိုပြီး ပြောတယ်။ တချို့က အစာဟောင်းတွေ တယောက်နဲ့ တယောက် မတူကြဘူး။ နောက်မှ သိချင်ရင် အသေးစိတ်ရေးပေးမယ်။

Leave a Reply