ဆူးApril 8, 20111min1569
တနေ့က အလုပ်မှာ ဝန်ထမ်း နှစ်ယောက် အမှတ်မထင် ပြောတဲ့ စကားကို ကြားပြီး ခဲ့ပါတယ်။ နယ်က လာတဲ့ ဝန်ထမ်း ကောင်မလေးက သူအထက်လူကြီး စီးတဲ့ ဖိနပ်ကို သဘောကျပြီး ကိုယ်တိုင်လည်း မမေးရဲတော့ ဘယ်မှာ ဝယ်ရမလဲ ဆိုပြီး ရန်ကုန်မှာ နေတဲ့ တခြား လုပ်ဖော်ကိုင်ဖက်ကို သွားမေးပါတယ်။ အမ ဟိုလို နောက်ပိတ်လေးပါတဲ့ ဖိနပ်လေး စီးချင်တယ် အဲဒါ ဘယ်မှာ ဝယ်ရမလဲ နင်က စီးနိုင်လို့လား အေ.. ရှင်.. ပိုက်ဆံ ရှိရင်ဝယ်စီးလို့ရတာဘဲ ဟာ.. ဘာများ မစီးနိုင်ရမှာလဲ.. နင်မသိဘူးလား.. မင်းကြီးမင်းလေး ကိုးကွယ်တဲ့ လူတွေ ဒါမျိုး မစီးရဘူး.. ကိုယ်တော်ကြီး ကိုယ်တော်လေးနဲ့ အမျိုးတော်တဲ့ လူမှ ဒီလို […]


ဆူးMarch 29, 20111min1919
နေပြည်တော် ပုဗ္ဗသိရိမြို့ ရာဇာဌာနီ လမ်းမကြီး လက်လုပ်တောင် တောရ တွင်ရှိသော နန်းသွင်းစေတီတော် မြတ်ကြီး၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ ရှေးလွန်လေပြီးသော ကာလက မဏိပူရပြည့်ကြီးရှင် ဘုရင်ကြီး၏ တောင်နန်းစံ မိဖုရားကြီးမှ သားတော် သုံးပါး ထွန်းကားခဲ့၏။ ညီတော် နောင်တော် နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်း အစ လက်လုပ်တောင် ဒေသသို့ ရောက်ခဲ့ကြ၏။ အကိုက လွမ်းတောင် တွင်နေ၏ ညီက လက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံးက အဘိဓမ္မရာဇာ က မင်းပြုလေသည်။ လက်လုပ်တောင်ဟုသည် ယင်းတောင်၏ မြောက်ဘက် တမိုက်ခွဲခန့်က မြေများကို သယ်ဆောင်၍ ညတွင်းပြီးတောင်ဖို့ ယူခဲ့ကြ၏။ ညီတော် နောင်တော်တို့၏ သိဒ္ဓိ မဟိဒ္ဓိ အစွမ်းများလည်း ပါ၏။ လက်ခုပ်များဖြင့် သယ်ယူ၍ ယူသောကြောင့် […]


ဆူးOctober 19, 20101min22411
ဒီအပင်ကိုအိမ်တွေ၊ရုံးတွေဟော်တယ်….နေရာတော်တော်များများမှာတွေ့ဖူးကြမှာပါ။နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။ ၎င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ သင့်မိတ်ဆွေတွေကို တော့ လက်တို့အသိပေးစေလိုပါတယ်။ မေးထဲက နေရတာပါ။ ဘယ်သူမှ တင်တာမတွေ့သေးလို့ တင်လိုက်ပါတယ်။


ဆူးOctober 18, 20101min27216
သိလို့တော့ မဟုတ်ပေမဲ့ ကင်ချီနဲ့ ပတ်သတ်ပြီး ကြားဘူးနားဝ ချရေးပေးလိုက်တယ်။ ကင်ချီ အလွယ်လုပ်နည်း တင်တဲ့ သူက တင်တော့ ကင်ချီ ဘာလို့ ကိုရီးယားတွေ စားသလဲ ဆိုတာ သိသင့်တယ် ထင်လို့ပါ။ ကိုရီးယား သမိုင်းမှာ စစ်ဖြစ်နေတဲ့ အတိုင်းအတာ တော်တော် ရှည်လျားပါတယ်။ စစ်ကြောင့် လူတွေ စားနပ်ရိက္ခာ ရှားပါးမှုတွေ မဖူလုံမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ရှိတဲ့ စစ်ဘေး စစ်ဒဏ် သင့်တဲ့ နေရာတိုင်းမှာ ဒီလို ခံစားခဲ့ရတာ ကြီးပါဘဲ။ တောင် ကိုရီးယား ရုပ်ရှင်တွေ ကြည့်တာ များတော့ အိုပါးတို့ ဘာတို့တွေတောင် စကားထဲပါလာကြတယ် လူငယ်တွေ အသုံးထဲမှာ ထိုနည်းတူပင် ရုပ်ရှင်ထဲမှာ အားရပါးရ စားပြတော့ ကြည့်တဲ့ လူတွေက စားချင်စိတ်ပေါက်လာကြပြီး […]