ခေတ်ပေါ် မြန်မာ အီဒီယမ် စကားလုံးများ

CharTooLanApril 1, 20111min37051

ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။

ကျွေးလိုက်ရ= ချလိ်ုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။

ကြီးပေါ= ကြီးမှပေါသောသူ။

ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။

ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို
ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။
ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်)

ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ-
ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)

ကြူသည်= အီစီကလီပြောသည်။

ကူလီကူမာ = မကောင်းကြံစည်ခြင်း။

ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက္ခရောက်အောင် လုပ်သည်။
ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။

ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း
(မောင်မောင်၏ ဗလကို မြင်ရသောအခါ မမမှာ ကျွတ်ကျဲသွားလေတော့သည်
(မည်သို့ကြောင့်မှန်း မောင်နတ် မသိ)

ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို ကလော်တုတ်
ပစ်လိုက်တာပေါ့.. ဟင်း)

ကလိန်ကကျစ် = သူတစ်ပါး ဒုက်ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။ (ဟိုမှာလေ
ဟိုချတ်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ ဟိုကောင်မလေးတော့
ဟိုဒင်းဖြစ်တော့မယ်)

ကြွက် = ဟိုလူတွေလေ။

ကျွဲ = သင်္ဘောသား လောကမှ ကပ္ပလီ မလေးများကို ခေါ်သော နာမည်။

ကြောင်တောင်နှိုက် = ပိုင်ရှင်ရှိသော ပစ်စည်းကို ယူခြင်း။ ယူသောသူ။ (တောက်
ဟိုကောင် ငါ့ရည်းစားကို ကြောင်တောင်နှိုက် သွားလေ ခြင်း
(မျက်ရည်စက်ကလေးများနှင့်) )

ကြားကားဆွဲ= သူတစ်ပါးရည်းစားကို ဖြတ်ခုတ်သည်။

ကလေကချေ= အပေအတေကောင်။

ခိုက်သည်= ကြိုက်သည် ( ဥပမာ- မောင်နတ် ဟို စာအရမ်းရေးတဲ့ ကောင်မလေးကို
ခိုက်နေတယ် )

ချီးပေါက်သည် = ပစိပစပ်များသည်။

ချီးထုတ်ပဲ = အရှုပ်ထုတ်တွေပဲ။

ချီးကြီးသည် = -ကျယ်သည်။ ဘဝင်မြင့်သည်။

ခေါက်ထားလိ်ုက်ပါ= အေးအေးဆေးဆေးထားလိုက်ပါ။

ခိုကြီး= ရေသာခိုလွန်းသောသူ။

ခေါင်း= ပြည့်တန်ဆာမှုလုပ်စားသူ ခေါင်းဆောင်။

ဂေါက်သီး= ကြောင်နေ ဂေါက်နေသောသူ။

ဂျီပုန်း = အခြောက်။ ( ပုန်းနေသော ဂျီကလေး ဟု အဓိပါယ်ရ၏။ ထပ်ကာ အနက်
မဖွင့်ပါရစေနှင့်တော့)

ဂေါ်လီ = ခေတ်မီသော ခေတ်ဆန်သော ဆိုရှယ်ကျသောသူ။ မှတ်ချက်စကား။ (ဟို
ကောင်မလေးကတော့ ဂေါ်လီပဲ)

ဂွင် = အခွင့်အရေး။ (ဒါကတော့ တကယ့် ဂွင်ပဲကွာ)

ငဝိုင်း=ငဝက်= ပိုက်ဆံ ( လက်ညှိုးနှင့်လက်မကို ကွင်းပြသည် )

ငလောင် = သူများတစ်ကာကို လူပုံအလယ် အရှက်ကွဲလောက်အောင် နောက်ပြောင်တတ်သူ။

ငပွေး= နေရာတကာ ပါသောလူငယ်။

စော်= ကောင်မလေး ( လူငယ်အချင်းချင်း သုံးသောစကား )

စရိုက်ပဲ= အပေအတေကောင်ပဲ။

ဆားပုလင်း= အိမ်ဖော်။ အိမ်စေ။

ဆားပုလင်းနှင်းမောင်= ကိုယ့်အိမ်က အိမ်ဖော်ကို ပြန်ကြံသူကြီး။ ( မင်းသိင်္ခတော့
ရင်ကျိူးတော့မှာဘဲ .. တတ်နိုင်ဘူး ပြောနေကြတာကို )

ဆတ်ဆလူး = နန် ့သည် နှင့် အတူတူပင်။

ဇယား = အရှုတ်ထုပ်။ ကောင်မလေး။ (သုံးစွဲသူကို လိုက်ကာ၊ အချိန်ကိုလိုက်ကာ ကွာ၏)

ဉာဏ်တိမ်တယ် = အတွေးအခေါ် ညံ့ခြင်း စဉ်းစားဉာဏ် မရှိခြင်း။

တေတယ်ကွာ= ရုပ်ဆိုးတယ်။ စုတ်ပြတ်တယ်။

တင်းတယ်= စိတ်ဆိုးတယ်။

ထမင်းစားပြီး ချီးမပါ= ဝသောသူများကို ခေါ်၏။

ထိတယ်ကွာ= ချက်ကောင်းကို ထိသည်။

ဒူတယ်ကွာ ( အတော်ထုံအခြင်းကို ကိုယ်စားပြု၏ )

ဓါတ်ကြိုး = အနာ္တရာယ်ပေးနိုင်တဲ့သူ။ (အဲဒီမိန်းခလေးကတော့ ဓါတ်ကြိုးပဲ)

ဓါတ်တိုင်သေးပန်း = ကြုံရာ လုပ်တတ်တဲ့ကောင်။ အခြေအမြစ်မရှိတဲ့ကောင်။

ဓါတ်ကျသည်= စိတ်ဓါတ်ကျသည်။ အာရုံရောက်လွန်းသည်။

နလပိန်းတုန်း = ဘာမှမသိတဲ့ကောင်။ အသိဉာဏ် မရှိတဲ့ကောင်။

နွားပလာတာကျွေး= အသိဉာဏ် မရှိသောသူကို ပြောနေ သင်နေရခြင်း။

နံ့ = နန့်နန့် တက်သည်။ ဆတ်ဆလူးခါသည်။ ( ဥပမာ မပေးတော့ပါ )

နားကားသည် = ပြသနာတက်သည်။

နင်တယ် = ပြန်မပြော နိုင်လောက်အောင် ခံစားရခက်သွားသည်။ (တောက်.. နင်တယ်ကွာ
(မခံချည့် မခံသာ မျက်နှာပေးလေးနှင့်))

နောက်မီးလင်း = တိတ်တိတ်ပုန်း မိန်းမ၊ ယောက်ျား ရှိနေခြင်း။

ပိန်းတယ်= တုံးတယ်။ အတယ်။ ထူတယ်။

ပေါက်တူး= သွားခေါနေသောသူ။

ပေခေါက်တယ်= ကပ်စီးနဲသည်။ စီးပွားရှာသည်။ ကတ်သည်။ ( ဥပမာ- ဟိုကုမ္ပဏီက
အက်ဒမင်ကြီးပေါ့ သိပ်ပေခေါက်တယ်)

ပဲများ= ဟန်ပန်အမူအယာ များသည်။ (ပဲအလွန်များလျှင် သောက်ရမ်းနှင့် တွဲသုံးပါ။
သောက်ရမ်းပဲများ၏)

ပွားသည်= စကားများသည်။

ပိုက်ဘောမိ= သူများရည်းစား ကိုယ်နဲ့ ယူယူပြီးချင်း မျက်နှာမြင်ခြင်းဟု အနက်ယူ။

ပလီစိ ချောက်ချက် = (ပုတီးစေ့ ချောက်ချက်မှ လာသည်ဟု မောင်နတ် ထင်မိ၏။
ပုတီးစိပ်သောအခါ တခါတရံ မတူညီသော သစ်သား အတိုင်းအဆကြောင့်
တစ်လုံးနှင့်တစ်လုံးထိသံမှာ ချောက်ဟုမြည်လိုက် ချက်ဟုမြည်လိုက် ဖြစ်နေတတ်သည်။
ဟိုတစ်မျိုး ဒီတစ်မျိုး ပြောခြင်း)

ပစ္စည်း= မကောင်းသော မိန်းခလေး။ ဆေးခြောက် ဘိန်းဘင်း။ (ဟင်းဟင်း ဒီပစ္စည်းလေးက
ဘယ်လောက်လဲဗျ ဟင်( ဦးကျောက်လုံး မျက်နှာပေး အသံလေးနှင့်))

ပွကြီး = နေရာတကာ ဝင်ပါတဲ့ကောင်။ (ဘုရင်ကြီးမေး- နတ်ဆိုး မင်းက ဖိုရမ်မှာ
ပွကြီးလားကွ ဟေ) (နတ်ဆိုးဖြေ- မဟုတ်ရကြောင်းပါဘုရာ့၊ ဘုရာ့တပည့်တော်
ဗျူးတီးအန်ဟဲ့တို့ ဘစ်ဇစ်နက် တို့မှာ မပါပါ့ဘုရာ့။ ဒါကြောင့် ဒီဘွဲ ့ထူးကို
တပည့်တော် လက်မခံပါရစေနဲ့ဘုရာ့။ ပိုပြီး နှံစပ် တတ်ကျွမ်း စုံလင် သူများကို သာ
ချီးမြှင့်တော်မူပါ့)

ပတ်ကြမ်းတိုက် = ပြသနာကြီးကြီးရှာသည်။ (မိန်းမများတွင် အသုံးများ၏)

ပါလေရာလချီး = နေရာတကာ ပါတဲ့ကောင်။

ပေါက်သွားပြီ= နားလည်သွားပြီ (အင်း ငါပေါက်သွားပြီ)

ဖို့ရတယ်= ပေးရတယ်။ ကမ်းရတယ်။

ဖောသည် = အပိုစကားပြောသည်။ မဟုတ်တရုတ်ပြောသည်။

ဗုံးခွဲ = အတင်းတုတ်သည်။ ဖွသည်။ (ဟင်းဟင်း သိမယ်… အဲဒီအကြောင်းတွေတော့
ဗုံးပြန်ခွဲ ပစ်လိုက်ဦးမယ် ဟင်းဟင်း)

ဘတ်တီးရိုက် = လိမ်သည်။ ညာသည်။

ဘဲဥ=ပရုတ်လုံး=အဖြူကောင်= ယာဉ်ထိန်းရဲ (နေရာဒေသလိုက်ပြီး အခေါ်အဝေါ်
ကွဲပြားကြသည်)

ဘဲ = ကောင်လေး။ ရည်းစား ( လူငယ်အချင်းချင်း သုံးသောစကား )

ဘိ= မကောင်းသောနေရာ။ (ခင်ရေ ကိုယ်တော့ ဘိလေးသွားလိုက်ဦးမယ် ဆိုလျှင်
ပင်လယ်ကမ်းခြေဟု မထင်လိုက်ပါနှင့် လိုက်မည်ဟုလည်း မပြောလိုက်ပါနှင့် ။
ဤကားစကားချပ်)

ဘူသည် = ကံမကောင်းခြင်း။ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။

ဘိုင်ကျ = သုံးစွဲစရာပင် ပိုက်ဆံမရှိခြင်း။

မျက်စိအစာကျွေး= မိန်းခလေးများကို အငမ်းမရ ကြည့်ခြင်း။ (ဟဲဟဲ ဒဂုံ
စင်တာသွားပြီး မျက်စိအစာ သွားကျွေးလိုက်ဦးမယ်)

မိုက်တယ် = လှတယ်၊ ချောတယ်။ ( အသံလေးလေးပင်ပင်နှင့် ပြော၏ )

မောင်းထု = သတင်းဖြန့်သည် (အထူးသဖြင့် သူများအတင်းအဖျင်း)

ယပက်လက်= ယိုးဒယားများကို မြန်မာတို့ ခေါ်သောနာမည်။

ရှဲလ်= သွား ( ရန်ဖြစ်တာ ရှဲလ်လေးချောင်း ကျွတ်သွားတယ် )

ရေမီးလင်း = ပိုက်ဆံမရှိခြင်း။ (ဥပမာ – ငါ့မှာ ရေမီးလင်းနေပြီကွာ ( ဝမ်းနည်းသော
မျက်နှာပေးလေးနှင့် )

ရစ်သည်= ပွစိပွစိပြောခြင်း။ ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ ပြောရင်း သူတစ်ပါး
စိတ်ညစ်အောင်လုပ်နေခြင်း။

ရွဲသည်= ၉၀-၂၀၀၂ ခုနှစ်များဆီက စကားဖြစ်သည်။ (ရုပ်ဆိုးလွန်းအားကြီးသည်။
ဆိုးလွန်းသည်ဟု အနက်ယူပါရန်)

လန်ထွက်နေတယ်= သူဝတ်တာ စားတာက လန်ထွက်နေတယ်။

လန်းသည်= စိတ်အားတက်ကြွသည်။ (မျိုးကျော့မြိုင်+ ဒိုးလုံး ရဲ့ ငါတို့လန်းတဲ့နေ့
သီချင်း )

လှည်းကြိုးထမ်း = တစ်ပါးသူအမှုကို ကိုယ်အပြစ်ခံသည်။ သူတစ်ပါးနှင့်ရသော
ကိုယ်ဝန်ကို ကိုယ်နှင့်ယူပြီးမှ မွေးဖွားခြင်း

ဝါးတီးဆွဲ = ထမင်းစားသည်။

ေ(သာ)က်ရမ်း (စ) = အလွန်အကျူးတင်စားခြင်း။ (ဥပမာ- သောက်ရမ်းကောင်းတယ်)

သွားလေသလပ်ခံ= လူမြင်တိုင်း ဖြီးပြသောသူ။

သွေးထွက်သွားပြီ= ဒေါသထွက်သွားပြီ။ (တောက် ဒီတစ်ခါတော့ ငါသွေးထွက်သွားပြီ)

သဝေထိုး= လျှောက်သွားသည်။ ဖမ်းလို့မရ။ (ငါ့ရည်းစားလေး ဘယ်တွေ သဝေထိုးနေပါလိမ့်
)

သွားချီးယိုးဒယားက= မေးချိတ်ကို ပယ်ပယ်နယ်နယ်အထိုးခံရခြင်း။ (ဟိုကောင်သမလိုက်တာ
ဟိုကောင် သွားချီးယိုးဒယား ကသွားတယ် )

အမှုပဲ = ပြသနာပဲ။ (ဟာ မင်းကတော့ အမှုပဲကွာ )

အပင်လိမ် = အရာနှစ်မျိုးရောလုပ်သူ။ (အရက် နှစ်မျိုးရောသောက်ခြင်း)

အီစီကလီ= သူငယ်ချင်းမက သမီးရည်းစားမကျ။

အိုင်စီ = ဦးနှောက် သိပ်မကောင်းတဲ့သူ (မင်းကတော့ အိုင်စီပဲ) (အိုင်စီဆိုသည်မှာ
စက်ပစ္စည်းများတွင် ဦးနှောက်လို့ သဘောထား၏)

အကောင်= လူယောက်ျားလေးများ၊ ပန်းပင်ကဲ့သို့ အပွင့်အခက်ဝေဆာသူ။

အာရုံရ= ထင်မြင်သည်။ ယူဆသည်။

အိတ်ဇယ်လ်=ဇယား= အရှုတ်အထွေးများတဲ့ကောင်၊ မိန်းခလေး။

အကိတ်ကြီး= ကိုယ်ကာယ ထွားကျိုင်းသူများကို ထိုသို့ခေါ်၏။

အားပေး= စားမယ်။ သောက်မယ်။ တစ်ခုခုလုပ်မယ်။ (ဒီည ဒင်နာကျရင် ငါသွား
အားပေးလိုက်ဦးမယ်)

အမုန်းဆွဲ = အသားကုန် လုပ်သည်။ စားသည် (ဉာဏ်ရှိသလို ရေလဲသုံးပါ)

ဂွမ်းတယ်………

မှည် ့တယ်…………

ကင်တယ်………………..

တိုင်ပတ်တယ်………………

ရွာပျက်တယ်…………………

ခွက်ကျတယ်…………….

ကီးကြောင်တယ်……………………

ဂိန်နေတယ်………………………

ရီရလို့ သူငယ်ချင်းပေးတာကို လိုတာလေးတွေထပ်ဖြည့်ပီး Share ပေးတာ။ ကျန်နေသေးတာ များရှိခဲ့ရင် ဖြည့်ပေးကြနော်………..
🙂 🙂

51 comments

  • Moe Z

    December 26, 2011 at 4:08 pm

    မိုးစက်လည်း အခုမှမြင်တာ မမချာတူးလန်ရဲ့ (နာမည်ကခေါ်ရတာတစ်မျိုးကြီး) 😀
    ဖတ်ပြီးတော်တော်ရယ်ရတယ် တစ်ချို့စကားတွေကို မကြားဖူးဘူး

  • char too lan

    December 26, 2011 at 5:16 pm

    ချာတူးပဲလုပ်ပါ ကလေးမရယ်
    မမ ထဲ့မကြားပါရစေလား းးးးးး းးးး းးး း းးးး 😉

  • manawphyulay

    December 26, 2011 at 5:28 pm

    စာသားတွေကတော့ အလန်းပဲ…. နောက်ဆို မပိန်းတော့ဘူး။ ပြန်ပြောလိုက်လို့ ကျွတ်ကြဲသွားမယ်… အဟဲ

  • bigchef

    December 26, 2011 at 8:06 pm

    အမ်း ကုန်း ကြီး တဲ. ဟီ ဟီ။
    ရေ လျှံ့ တယ် နော်. ဇ ယား ကပ်လိုက် ပါ လား။ ပုံးမ ကြောင် တော့ ဘူး ပေါ.။အ နေ အ ထား ကြည်. ပြီး ဇယား ရွှေ့ ့ ပေါ့ ကွာ။သူ ဘဲ ကြီး ပြန် လာ ရင် ဂွိ နေ အုံး မယ်။

  • မ " တတ် ပါ့ "

    August 21, 2014 at 12:55 pm

    ခုဆို ပိုများလာပီ ။။။
    ဘာတဲ့ လက်ဖက်ရည်မှာရင်တောင် သမ္ပတကြီး ၂ ခွက် တဲ့ …။
    တိုးတက်လာတာကတော့ (Bus ကား) များပါပဲရှန်။။။။။

Leave a Reply