Google Reader အသုံးပြုနည်း၊အသုံးဝင်ပုံ

Google application တွေမှာ အသုံးဝင်တဲ့ app တွေအများအပြားရှိတဲ့ အနက်က Google Reader ကိုရွေးပြီးထုတ်ပြီးတင်ပြလိုက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ Google Reader ဟာစာဖတ် ဝါသနာပါသူတွေအတွက် အလွန်အသုံးဝင်ပါလို့ပဲဖြစ်ပါတယ်..Gmail-account ရှိရုံနဲ့
အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။Google Reader အသုံးဝင်မူကိုပြောပြရရင် website ပေါင်းများစွာ ရှိတဲ့အထဲကနေ ကိုယ်ကဆိုဒ်တစ်ခုကိုကြိုက်တယ် ကိုယ်ကြိုက်တဲ့ဆိုဒ်ကနေ post တွေကို အကုန်လုံးဖတ်ချင်တယ် ။နောက်အခြားသော website တွေကိုလည်း ဖတ်ရှုချင်တယ်ဆိုပါစို့ ။သိပ်များလာတဲ့အခါ ကိုယ်နှစ်သက်တဲ့ website လိပ်စာမေ့သွားမှာဆိုးလို့ စာအုပ်ထဲမှာ မှတ်ရ Notpad ထဲထည့်သိမ်းရနဲ့ အလုပ်ရှုပ်ပါတယ် ဒီလို ကိုယ်နှစ်သက်တဲ့ website တွေကို တစ်စုတစည်းတည်း ထည့်သိမ်းပြီးဖတ်ချင်တယ်ဆိုရင်တော့ Google Reader ကို အသုံးပြုပါလို့ တိုက်တွန်းပါရစေ နောက်ပြီးတစ်ကူးတက website တွေအများကြီး ဖွင့်စရာလဲမလိုတော့ဘူးပေါ့။အဒြီ website မှာ အသစ်တင်ရင်လည်း Google Reader ထဲကို တမ်းရောက်ပါတယ် Blogspot ဆိုဒ်တွေကို Google Reader ထဲထည့်ပြီးဖတ်ချင်ရင်လည်းရပါတယ် facebook မှာ ကိုသူငယ်ချင်းတွေရေးထားတဲ့ Note တွေကိုလည်း Google Reader ထဲမှာ တစုတစ်စည်းတည်းဖတ်လို့ရပါသေးတယ် အခုလောက်ဆို Google Reader အသုံးဝင်မူ့ကို တော်တော်ကြီးသိလောက်ပြီလို့ထင်ပါတယ် ..ဆက်လက်ပြီး Google Reader အသုံးပြုနည်းကို ရှင်းပြပေးပါ့မယ်
ပထမဆုံး http:www.google.com/reader/ဆိုပြီး ရိုက်ထည့်လိုက်ပါ
add a subcription ကိုနှိပ်ပါ ကြည့်လိုတဲ့ website ကိုထည့်ပါ Google Reader ထဲရောက်ရှိလာတာ တွေ့ရလိမ့်မယ် သိပ်ကိုလွယ်ကူလွန်းပါတယ် ..။အခုပြောတဲ့အတိုင်း လိုက်လုပ်သွားမယ်ဆိုရင် ဆိုဒ်တွေကိုလိုက်ဖွင့် ရတဲ့ ဒုက္ခနေ ကင်းဝေးသွားပါလိမ့်မယ်…။
မသိသေးသူများအတွက်ရည်ရွယ်ပါတယ် …..ကျွန်တော်အသုံးပြုတာအဆင်ပြေလို့ပြန်လည်မျှဝေလိုက်တာပါ…သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်…..