မိုးပြာ

ဆူးApril 12, 20113min68433


မိုးပြာဂိုဏ်းချူပ် ဦးဉာဏနှင့် အပေါင်းအပါ(၅)ဦးကိုသက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း ခိုင်လုံသော သတင်း
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက် (သောကြာ)နေ့က
မန္တလေးတိုင်း ရန်ကင်းတောင်ခြေရှိ
ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာခြံ) အဆောက်အအုံတွင်
မိုးပြာဂိုဏ်းချူပ် ဦးဉာဏနှင့် ပေါင်းအပါ(၅)ဦးကိုသက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း ခိုင်လုံသော သတင်းတစ်ရပ်မှ သိရှိခဲ့ရပါသည်။
လည်းကောင်းတို့၏ ပစ္စုပ္ပန်ကမ္မဝါဒ မိုးပြာသာသနာ (၂၇) နှစ်ပြည့်အထိမ်းအမှတ်အား အရေးပါသူတစ်ချို့နှင့် အကျဉ်းချုံးကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။
ဦးဉာဏနှင့် အတူဖမ်းဆီးခံခဲ့ရသူများ၏ အမည်များမှာ…
ဦးတင်ငွေ (စစ်ကိုင်း)
ဦးထွန်းရီ (လှိုင်)
ဦးစု (စစ်ကိုင်း)
ဦးကျော်မြင့် (ချောင်းရိုး)
အောင်သီဟ (စစ်ကိုင်း) တို့ဖြစ်ကြောင်းဆက်ရပ်သတင်းတစ်ခုအနေနှင့်
သိရှိခဲ့ရပြီးလတ်တလောတွင်မူ သာသနာတော်အား ညှိုးနွမ်းစေမူ ပုဒ်မ ၂၉၅ (က)အရ
အမှုဖွင့်ထားကြောင်းလည်း သိရပါသည်။

သာသနာဖျက် မိစ္ဆာဒိဌိများ

ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မဝါဒ

ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀ဝ ဖြင့် ဈေးကွက်ဝင်လာပါသည်။
ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ပိဋကတ်တွေကအမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။
အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။
၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့်
မူလဗုဒ္ဓဝင်ဒေသနာတော်ကိုဖျက်ဆီးထားမှု၊
ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို
အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါသည်။

ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ

စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။

ယင်းတို့နှင့် စပ်လျဉ်း၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ

ဆောင်းပါးရှင်ပညာဏကာရီနှင့်

သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊

စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊

ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊

နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊

ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။

ဆရာပါရဂူ၏ ဝတ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။

တန့်ကြည်တောင်ဦးသောမဗုဒိ္ဓဦးဆောင်သည့် အဓမ္မဝါဒ

ပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏ ၂၀၀၁ ခုနှစ် ဝန်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မဝါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။

ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မဝါဒ

ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်ဘုရားဟောဒေသနာတို့ကို ယူ၍ ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏ဝါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂိ္ဂုလ်၊
အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
ယင်းပုဂိ္ဂုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
ဆောင်းပါးရှင်ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က
‘ဦးကျော်(သို့မဟုတ်)အဝိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို
ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရဝါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)

ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့ သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
‘သာသနာပြုမှာလား၊
သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။

ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မဝါဒ

ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏

ဂိုဏ်းကြီးသည်လည်းတစ်နေ့တစ်ခြားကြီးထွားလာနေကြောင်းသိရပါသည်။

ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။

၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ဝိပဿနာစသည်ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင်

မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။

သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။

အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။

၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀ရ ခုနှစ်၊ ဩဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။

(ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)

မိစ္ဆာဝါဒ ကွင်းဆက်များ
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို့သော မိစ္ဆာဝါဒများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိနေသည်ကို တွေ့ရ၏။ ဥပမာ- ရှင်ဥက္ကဋ္ဌ-၏ မိစ္ဆာဝါဒအချို့နှင့် ရေတာရှည် ဦးမာလာဝရ၏ ဝါဒ၊ ဦးပညာဝံသ၏ ဓမ္မနီတိဝါဒ-တို့မှ အချို့သော မိစ္ဆာဝါဒများ တူညီနေမှု။ တဖန် ယခုနောက်ပေါ် မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန်ကမ္မဝါဒ-နှင့် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်မှ ရေးသားချက်များသည် အထက်ပါ ရှင်ဥက္ကဋ္ဌစသော အဓမ္မဝါဒများနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရ၏။

မိုးပြာဂိုဏ်းသည် လျှို့ဝှက်သောနည်းဖြင့် စည်းရုံးဟောပြောမှု ဖြန့်ချိမှု ပြုသဖြင့် သာမန်လူထု သိပ်မသိ၊ သိသောအချိန်တွင်လည်း မိစ္ဆာဝါဒ-ဟု တပြိုင်နက် သိလိုက်ရ၏။ ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒပါ အယူဝါဒများကို ကား တရားဝင်ဖြန့်ချိထားသော စာအုပ်ဖြစ်သဖြင့် မိစ္ဆာဝါဒများဟု မထင်ကြ။ ဟိုကဒီက ပြောကြသည့်တိုင် အနည်းအကျဉ်း လွဲချော်မှု-ဟု ထင်ကြ၏။ ထိုသို့ထင်သူများအတွက် ထိုစာအုပ်ပါ ဝါဒများသည် အနည်းအကျဉ်း မှားယွင်းချွတ်ချော်မှုသက်သက် မဟုတ်ကြောင်း၊ မြန်မာပြည်ရှိ ဗုဒ္ဓဝါဒီ ပညာရှိများ နှစ်လုံးစိတ်ဝမ်း မအေးချမ်းနိုင်ဘဲ စိတ်ဆင်းရဲခဲ့ရ၊ အော့နှလုံးနာခဲ့ရသော မိစ္ဆာဝါဒများကို ပြန်လည်ဖော်ထုတ်ထားခြင်းဖြစ်ကြောင်း သိသာအောင် နှိုင်းယှဉ်ပြဖို့ လိုမည်ထင်ပါသည်။ လူသိများ ထင်ရှားသော ရှင်ဥက္ကဋ္ဌ၏ ဝါဒနှင့် နှိုင်းယှဉ်ပြပါမည်။

(၁) လူသေလျှင်လူသာဖြစ်သည်ဟူသော ဝါဒ

တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ-၏ လူသေလူဖြစ်စာအုပ်မှ-

(က) လူသားဆိုတဲ့ သတ္တဝါ သေဆုံးသွားပြီးတဲ့နောက် အကယ်စင်စစ် ဖြစ်ခွင့် ဖြစ်စရာ ဖြစ်ဖို့အလားအလာများ ရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမှ ဖြစ်စရာ မရှိ။ (လူသေလူဖြစ်စာအုပ် – ၄)

(ခ) လက်ရှိကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့်ပြိတ္တာ၊ တစ္ဆေနှင့်မင်စာ၊ ငရဲကောင်နှင့် တိရစ္ဆာန်သတ္တဝါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (လူသေလူဖြစ်- ၃၃၁)

ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ- စာအုပ်မှ–

(က) တိရစ္ဆာန်ဘုံသည် မကောင်းမှုပြုသော သူတို့၏ လားရာ အပါယ်ဘုံတစ်ခု ဖြစ်သည်ဟု ဗုဒ္ဓစာပေများ၌ ပြဆိုထားရကား ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဘဝပေါင်းများစွာ တိရိစ္ဆာန်ဖြစ်ခဲ့သည် ဆိုခြင်းမှာ အကြောင်းယုတ္တိမရှိချေ။ ဤနေရာ၌ အောက်ပါ ဗုဒ္ဓဒေသနာကိုလည်း ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် လိုအပ်၏။

“ရဟန်းတို့၊ မဟာသမုဒ္ဒရာ၌ မျက်စိကန်းသော လိပ်တစ်ကောင်သည် ရှိ၏။ ထိုလိပ်ကန်းသည် အနှစ်တရာလွန်မှ တစ်ကြိမ်သာလျှင် ရေပေါ်သို့ ပေါ်တက်၏။ ထိုလိပ်ကန်းသည် လေတိုက်သောကြောင့် ထိုမှဤမှ လွင့်မျောနေသော ထမ်းပိုး၌ လည်ပင်းကို လျှင်မြန်စွာ စွပ်မိရာသေး၏။ အပါယ်ဘုံရှိ သတ္တဝါတို့သည် လူ၏အဖြစ်ကို ရခြင်းငှါ အလွန်ခဲယဉ်း၏။ အကြောင်းမူ အပါယ်ဘုံတို့၌ တရားကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း တို့သည် မရှိကုန်။ တိရစ္ဆာန်တို့သည် အချင်းချင်း စားကြကုန်၏။ အားနည်းသော သတ္တဝါကို အားကြီးသော သတ္တဝါက စားလေ့ရှိ၏။” (မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်)

ဤဒေသနာအရ တိရစ္ဆာန်သည် လူ့ဘဝသို့ ကူးပြောင်းရန် ထိုမျှခဲယဉ်းပါက ဗုဒ္ဓသည် ဘဝပေါင်းများစွာ တိရစ္ဆာန်အဖြစ်ဖြင့် ပါရမီဖြည့်ခဲ့သည်ဆိုသော စကားမှာ အခြေအမြစ် မရှိလှချေ။ (စာ-၁၅၇-၈)

(ခ) စင်စစ် သေပြီးနောက် လူကတိရစ္ဆာန်အဖြစ်သို့သော်လည်းကောင်း၊ တိရစ္ဆာန်က လူအဖြစ်သို့သော် လည်းကောင်း ပြောင်းလဲသည်ဆိုခြင်းမှာ သဘာဝနိယာမနှင့် ဖီလာဖြစ်၏။ (စာ-၁၅၈)

(၂) အဘိဓမ္မာ ဘုရားဟောမဟုတ်

အဘိဓမ္မာကိုလည်း ဘုရားဟောမဟုတ်ကြောင်း ရှင်ဥက္ကဋ္ဌတို့ အဖွဲ့က အောက်ပါအတိုင်း ဆိုကြ၏။

(က) တစ်နည်းကြည့်ပြန်လျှင် ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်။ ဒုတိယ တတိယတို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်။ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာ တင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာဟူ၍ ပေါ်လာခြင်းဖြစ်သည်။ (ဗုဒ္ဓဝါဒအခြေခံသင်တန်း၊ ၇၀)

(ခ) သီဟိုဠ်ခေတ် စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် ထေရဝါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တန့်နေချိန်မှာ တတိယသံဂါယနာ တင်ချိန် (ဘီစီ-၂၄၄)ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဝါတွင်သုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (၎င်းစာ- ၇၈)

(ဂ) ယင်းအဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကျမ်းပြု ဦးအေးမောင်ကလည်း အောက်ပါအတိုင်း သံယောင်လိုက်ကာ ထောက်ခံရေးသားခဲ့၏။

(က) အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်း ယူဆရန်အထောက်အထားများ ရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာ ပါဝင်သည်ဟု ဝိနည်းစူဠဝါနှင့် မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ-နှာ-၁၉)

(ခ) အချို့သောပါဠိတော်တို့၌ အဘိဓမ္မာဟူသော ပုဒ်ကို တွေ့ရ၏။ သို့ရာတွင် သုတ္တန်ပိဋကတ်၌လာသော ထို“အဘိဓမ္မာ”သည် လက်ရှိအဘိဓမ္မာ ခုနစ်ကျမ်းကို မရည်ညွှန်းဘဲ သုတ္တန်ဒေသနာ များမှ နက်နဲသော တရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာများကို သုတ္တ-ဂေယျ-ဂါထာ-ဇာတက စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ့ရသော အဘိဓမ္မာ သည် သုတ္တန်ဒေသနာတော်များကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ့်မည်။ (နှာ-၁၉)

(ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။-ဟု ဘယ်ပထွေးက ပြောသည်မသိ၊ “အပဏ္ဏကဇာတကာဒီနိ ပညာသာဓိကာနိ ပဉ္စဇာတကသတာနိ `ဇာတက`န္တိ ဝေဒိတဗ္ဗံ။ -“အပဏ္ဏဇာတ်အစရှိကုန်သော ငါးဆယ်အလွန်ရှိကုန်သော ငါးရာသောဇာတ်တော်တို့ကို ဇာတက-ဟူ၍ သိအပ်၏။”ဟု အဋ္ဌကထာတွင် ဆို၏။ ဥပမာပေးတာတောင် တလွဲ)

ဤသို့လျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ်သည် ရှင်ဥက္ကဋ္ဌ၏ ဝါဒများနှင့် တူညီနေပုံ၊ လူသေလူဖြစ်ဝါဒကို ပြန်လည်ဖော်ထုတ်နေပုံကို မှန်းဆနိုင်လောက်ပါပြီ။ ဆက်လက်နှိုင်းယှဉ်ပြပါဦးမည်–

(၃) သံဂါယနာခြောက်တန်ကို ပေါ့တန်သေးသိမ်စေမှု

မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာသမိုင်းတွင် သံဂါယနာ- တင်ခြင်းကိစ္စသည် အထူးအရေးပါလှ၏။ သံဂါယနာ များမရှိခဲ့လျှင် ထေရဝါဒ-ဟူ၍လည်း ရှိမည်မဟုတ်ပါ။ မှန်၏၊ ထေရဝါဒဟူသည် ပထမသံဂါယနာ တင်တော်မူသော အရှင်မဟာကဿပ-စသော မထေရ်ကြီးများ၏ လက်ခံသတ်မှတ်အတည်ပြု ထားသည့်အတိုင်း မဖြုတ်မနှုတ် မဖြည့်မစွက်ဘဲ လိုက်နာကျင့်သုံးသော ဝါဒဖြစ်၏။

သို့ရာတွင် ရှင်ဥက္ကဋ္ဌ၊ ဦးအေးမောင်-စသော မိစ္ဆာဝါဒီတို့သည် သူတို့၏ ဝါဒနှင့် ထေရဝါဒပိဋကတ်သည် ကျောချင်းကပ် ဖြောင့်ဖြောင့်ဆန့်ကျင်နေရကား ထေရဝါဒပိဋကတ်သည် ပထမသံဂါယနာတင်စဉ်ကအတိုင်း မပြုမပြင် စင်စင်ကြယ်ကြယ်ရှိသည်ဟု လက်မခံနိုင်ကြဘဲ ဗုဒ္ဓဓမ္မကို ထိခိုက်စေနိုင်သော မိစ္ဆာဝါဒများ အနှောက်အယှက်များ ပေါ်ပေါက်လာတိုင်း ဗုဒ္ဓဓမ္မကို ကာကွယ်ရန် သံဂါယနာတင်တော်မူကြသော အရိယာမထေရ်ကြီးများကိုမှ အားမနာဘဲ မိုက်ရိုင်းသူများပီပီ သံဂါယနာ-ဟူသည် ဘာမျှအရေးမပါလေဟန် အောက်ပါအတိုင်း လုပ်ကြံရေးသားကြကုန်၏။

(က) တတိယသံဂါယနာတင်ပွဲ၌ ပိဋကတ်သုံးပုံဟူ၍ ဖြစ်လာသည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် သည် သူရေးသားသော ကထာဝတ္ထုကျမ်းကို ထည့်လို၍ အဘိဓမ္မာ ၇-ကျမ်းဟု တင်သွင်း သံဂါယနာတင်ခဲ့ကြဟန် ရှိလေသည်။

ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ရှားတင်ရန်အကြောင်း မပေါ်ပေါက်တော့ချေ၊ အဘယ်ကြောင့် ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။ ပိဋကတ်မှာ ဤသံဂါယနာမှစ၍ ဗြဟ္မဏဟောနှင့် ဗုဒ္ဓဟောတို့ အတိအလင်း တရားဝင် ရောထွေးလာတော့၏။ ထေရဝါဒီဂိုဏ်းတို့က မကျေနပ်သော်လည်း မင်း၏အာဏာကိုု မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏။ ဤအမှား၏ ဒဏ်ကို အစဉ်အဆက် သာသနာသမိုင်းတစ်လျောက် အမွေခံခဲ့ရ၏။ (နိကာယ်၏ နိကာယ်သမိုင်းကျောက်တိုင်မှ)

ဦးအေးမောင်၏ ပရမ်းပတာ ရေးသားချက်များကိုလည်း ရှုပါဦး။

(က) သုတ္တန်နှင့် ဝိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို့ မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီး ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ ထေရဝါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ့လာစိစစ်သော သုတေသီပညာရှင်တို့၏ အမြင်အားဖြင့် များစွာအရေးပါလှသည် မဟုတ်ချေ။

(ခ) အခြားစဉ်းစားရန်ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာ တစ်စုတစ်ဖွဲ့မျှသာဖြစ်၍ သူတို့အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို့က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။

(ဂ) ထို့အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ့ငုသေချာစွာ လေ့လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာမရှိချေ။ သို့ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို့က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသာ ပထမသင်္ဂါယနာ၌ အတည်ပြုသော ပါဠိတော်များ ဖြစ်တန်ရာသည်။ ထိုတစ်စိတ်တစ်ဒေသသည်ပင် ထိုသင်္ဂါယနာတင် ပါဠိတော်များနှင့် ထပ်တူဖြစ်သည်ဟုဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ- ၂၂-၂၃)

(၄) ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်မှု

ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါတစ်စုသည် မြတ်ဗုဒ္ဓသည် သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသည်ဟု လက်မခံနိုင်ကြ။ သာမန်ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ လက်ခံလိုကြ၏။ သာဝကတို့နှင့် ခေါင်းဆောင်နှင့်နောက်လိုက်အနေအထားမျိုးသာ ဖြစ်၏။ ထို့ထက်မပို-ဟု ဆိုကြ၏။ သူတို့၏ ရေးသားချက်အချို့ကို ကြည့်ပါဦး။

(က) အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ ဂုဏ်အကြောင်းအရာများကို ချီးမြှောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်ကတစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်တူ၏။

(ခ) ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏။ ဤသို့ ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ် တို့သည် မည်သို့ ခြားနားပါသနည်း။ (အမှန်တရား သုတေသန အမှတ် (၁) စာစောင်)

ဦးအေးမောင်ကလည်း အလားတူ ယူဆ၏။ သူ၏ ရေးသားချက်များကိုလည်း ရှုပါဦး။

(က) အဋ္ဌကထာ၌ အထူးပြဆိုထားသော ဗုဒ္ဓဂုဏ်တော်မှာ သဗ္ဗညုတဉာဏ်ဖြစ်၏။ သံယုတ္တနိကာယ်၌ ကောသလမင်းက မေးလျှောက်၍ ဗုဒ္ဓက မိမိ၌ သဗ္ဗညုတဉာဏ်ရှိသည်ဟု မိန့်ကြား၏။ သို့ရာတွင် ထိုသဗ္ဗညုတဉာဏ်သည် မည်သို့သော ဉာဏ်မျိုးဖြစ်ကြောင်း ရှင်းပြတော်မမူချေ။ အဋ္ဌကထာဆရာတို့ကမူ အမြဲထာဝရ ဘာမဆို ကြားမြင်သိရှိသော ဉာဏ်မျိုးဖြစ်သည် ဆို၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ-၃၃၁)

(ခ) ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု၊ (ဝါ) ဝိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။ ဝိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာပုဂ္ဂိုလ်တို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်။ (စာ- ၃၃၂)

(ဂ) ဤသို့ဖြင့် ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (ဝါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြားခြားနားမှုများ ရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ။ (စာ-၃၃၃)

(၅) စေတီရုပ်ပွား ကိုးကွယ်မှု

ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုစရာ အမှတ်လက္ခဏာ မကျန်တော့လောက်အောင် ပရမ်းပတာ ပြောဆိုချက်များကို ရှုပါဦး။

(က) ဝတ်ထည်ဖျင်ခင်းကို သင်္ကန်းဟူ၍ မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တသားတည်း မြင်ကြလေပြီ၊ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက်ပို၍ အနာရောဂါကို ပျောက်စေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ၊ ယခုအခါ၌ မြင့်မြတ်သော ဓာတ်တော် မွေတော်-စသည်တို့ကို ဘာသာရေးအမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ။ (လူသေလူဖြစ်-၈၁)

(ခ) ဆီမီးအခိုးတိုင် ထွန်းညှိခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်း ပတ္ထနာပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့ ဘုရားတို့ကို ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။ (လူသေလူဖြစ်-၁၂၇)

(က) မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓဓာတ်တော်များကို စေတီတည်ထိုက်ကြောင်း ၊ ဗုဒ္ဓဖွားရာ၊ ဘုရားဖြစ်ရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာနများသို့ ဘုရားဖူးသွားသော သူတို့သည် နတ်ပြည်သို့ ရောက်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ ဤစကားမှာ မိမိအား ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို ဆန့်ကျင်သော ဗုဒ္ဓ၏စကား သို့မဟုတ် သင်္ဂါယနာတင် ရဟန်းသံဃာ၏ စကားမဖြစ်နိုင်ချေ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်လောက်မှ သုတ္တန်ပိဋကတ်ကို ပြင်ဆင်တည်းဖြတ်သော ဆရာတို့၏ စကားဖြစ်ရပေမည်။ (ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ- ၃၃၄)

(ခ) ယနေ့ မြန်မာဗုဒ္ဓဝါဒီ လူထု၏ ဘာသာရေးနယ်ပယ်၌ အကျူံးဝင်သော သရဏဂုံသုံးပါး၊ ဂါထာပရိတ် ရွတ်ဖတ်မှု၊ နှစ်ကျိပ်ရှစ်ဆူ ပူဇော်မှု၊ ဘုရားစေတီ မွမ်းမံပြင်ဆင်မှု စသည်တို့သည် မူလဗုဒ္ဓဝါဒနှင့် အံမဝင်ဘဲ မဟာယာနဝါဒနှင့် ပိုမိုနီးစပ်ကြောင်း သတိပြုသင့်ပေသည်။ (စာ- ၃၆၇)

ဤမျှဆိုလျှင်ပင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ-စာအုပ်ကြီးသည် အဓမ္မဝါဒများကို ပြန်လည်ဖော်ထုတ်ထားသော စာအုပ်ကြီးဖြစ်ကြောင်း ပေါ်လွင်လောက်ပြီဟု ယူဆပါသည်။

(သူတို့၏ ရေးသားချက်များ မဟုတ်မမှန်ကြောင်း၊ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများသာဖြစ်ကြောင်း သိလိုပါက “လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ- (ထေရဝါဒစွယ်စုံကျမ်း)” စာအုပ်ကြီးကို ဖတ်ရှုပါဟု ညွှန်းလိုပါသည်။)

“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” (ဒီ။ မြန်၊ ၁။၁၁။)

ရေးသားသူ-
အရှင်ကောဝိဒ (ယော)

ပထမဦးဆုံး အွန်လိုင်းမှ မြန်မာနိုင်ငံသာသနာကို ဖျက်ဆီးနေသော ဆိုက်များ
၁။ ။ http://sayamvasi.googlepages.com/ ပစ္စုပ္ပန်ကမ္မဝါဒ

၂။ ။ http://www.yatanar.co.cc/ ရတနာ

၃။ ။ http://human-buddha.blogspot.com/ လူသားဗုဒ္ဓ

၄။ ။ http://buddhismabc.blogspot.com/ ဗုဒ္ဓဘာသာကကြီးကခွေး

၅။ ။ http://toiletwall.ning.com/ ဘာသာရေးဆွေးနွေးခန်း

၆။ ။ http://forums.myanmarcommunity.com/ ဆွေးနွေးခန်း

၇။ ။ http://www.mandalaygazette.net/ မန္တလေးဂေဇက်မဂ္ဂဇင်း

၈။ ။ http://azai.mmgenius.com/ အပါယ်ရတနာ

၉။ ။http://www.dhammaviharri.org/ဓမ္မဝိဟာရီ

ဖော်ပြပါဆိုဒ်များသည် အဓမ္မဝါဒ အဖြစ်သတ်မှတ်ထားသော
မိုးပြာဝါဒများကို ဖြန့်ဝေနေသော ဆိုဒ်များဖြစ်ပါသည်။

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ နှင့် သူတို့၏ ထုတ်ဝေပြီးသော စာအုပ်များ

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့

၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

(၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။

၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘဝလည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။

၄) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထဝီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက် ယုတိ္တမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။

၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘဝ၊ နောက်ဘဝကိုတော့ မတွေးရဘူး။ ရှေးဘဝ၊ နောက်ဘဝ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။

၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

၁၂) လေးသချေင်္၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။

၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။

၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

၁၆) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

၁၇) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

၁၈) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။

မိုးပြာဂိုဏ်းမှ တရားမဝင် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆ဝ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ –

၁။ ဝိမုတိ္တဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၂။ ဘုရား(စာမျက်နှာ ၂၂၈)၊

၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊

၄။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊

၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊

၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်စာအုပ်)၊

၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊

၈။ ဘာသာတရားကပေးသော ဆုလာဘ်
(စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ် စာအုပ်)၊

၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊

၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၁။ ဓမ္မဝိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်)

၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊

၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊

၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် – သုံးမျိုးစု)၊

၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘဝနောက်ဘဝ- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ – လေးမျိုးစု)၊

၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀ရ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊

၂၄။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊

၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊

၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊

၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊

၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊

၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊

၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊

၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊

၃၃။ ဓမ္မဝိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊

၃၄။ ဓမ္မဝိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊

၃၅။ မိလိန္ဒပဉာှဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၆။ ဝိသုဒိ္ဓမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။

ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ

– သျှင်မိုးပြာ (ခ)ရှင်မိုးပြာ
(ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ)ဉာဏ
(ခ)ဓမ္မဝိဟာရီ (ခ) ဓမ္မဝိဟာရီအရှင်ဉာဏ (ဂ) ဓမ္မဝိဟာရီရှင်ဉာဏ (ခ) ဓမ္မဝိဟာရီဉာဏ (ခ) ဓမ္မဝိဟာရီ ရှင်မိုးပြာ (ခ)
ဘကြီးဝိဟာရီ ( www.forums.myanmarcommunity.com )
(ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား)
(ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။

ပါဏာတိပါတ အရ မသတ်ရဘူးဆိုတာ လူအသက်ပဲ ဟောတာဖြစ်တယ်။ ဟူသောဟောပြောရေးသားချက်ကို ဖြေရှင်းချက်

ပါဏာတိပါတ အရ မသတ်ရဘူးဆိုတာ လူအသက်ပဲ ဟောတာဖြစ်တယ်။
ဟူသောဟောပြောရေးသားချက်နှင့်စပ်လျဉ်း၍

အရှင်ဉာဏက –
ဘုရားရဲ့ သမာတဲ့အပြုအမူထဲက အသက်ရှောင်မှုဆိုတာ လူအသက်သတ်တာ ရှောင်မှုလို့
အဓိပ္ပါယ် ထင်ရှားတယ်။
ဘုရားဟောတဲံ အသက်သတ်ရဲ့ အနက်ဟာ ရောဟိတသကို ဟောချက်လငမှုဆက်ဆံရေးနယ်ပယ်ဟောချက်
ဒီအချက်တွေကြောင့် လူ့အသက်ပဲဟောတာဖြစ်တယ် လူကတခြားဖြစ်သူတွေရဲ့
အသက်မဟုတ်ပါဘူး။
(ဘုရားစာအုပ်၊စာ-၁၃၀)

ဒါနဲ့စပ်လို့ တွေးစရာရှိပါတယ်။ ဘုရားဟော ဒီလိုမဟုတ်ဘူး ထင်တယ်လို့ပါပဲ။
လူသိများတာက ဘုရားဟာ သတ်မှုကရှောင်ရမယ်
အသက်ကိုအားလုံးရဲ့အသက်အဖြစ်ဟောတာလို့သိနေကြတယ် ဒီလိုသိမှားတာကတော့
ဟိန္ဒူနဲ့နွယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့အရာဟာ အားလုံးရဲ့အသက်ပါပဲ။
သစ်ပင်လောက်ပဲ ကျန်ပါတယ်။
(ဘုရားစာအုပ်၊စာ-၁၃၁)

ဒါတွေကြောင့်ဘုရားရဲ့ မသတ်ရမယ့်အချက်ရဲ့အနက်ဟာ လူ့အသက်ပဲဖြစ်တယ်။
အခြားအကောင်ပလောင်တွေရဲ့အသက်မဟုတ်ဘူး။ (ဘုရား၊ စာ-၁၃၅)
ဒါကြောင့်ဒီကနေ့ ဗုဒ္ဒဘာသာတွေ အသားစားရှောင်မှုဟာ ဘုရားနဲ့ လားလားမျှမဆိုင်ဘူး။
ဘုရားက အသားစားတာကိုခွင့်ပြုခဲ့တယ် ဒါကိုထောက်ရင် ရှောင်ရှားရမယ့်အသက်ဟာ
အသက်အားလုံးမဟုတ်ဘူးလို့ ပေါ်လွင်တယ်။
စားတာဟာသတ်တာမဟုတ်ပေမယ့် သတ်တာကို သွယ်ဝိုက်အားပေးတာပဲ။ မသတ်သင့်ဘူးဆိုရင်
မစားသင့်ဘူးလို့ပညတ်တန်ရာတယ်။ မပညတ်တာကိုထောက်ရင် မသတ်ရမယ့် အသက်ဟာ
အားလုံးမဟုတ်လို့ပဲ။
အဲ့သည့်အချက်တွေအရ ဘုရားရဲ့သတ်မှုက ရှောင်ကြဉ်ရမယ့်အသက်ဟာ
လူအသက်ပဲဆိုတာထင်ရှားတယ်။
(ဘုရား၊ စာ-၁၃၉)

ဒါကြောင့် ဓမ္မမှာဘုရားရဲ့ မသတ်ကောင်းတဲ့အသက် ဟောချက်ဟာ လူ့အသက်ဖြစ်တယ်။
ဒါကြောင့်ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ဘူးဆိုတဲ့အသက်ဟာ လူ့အသက်ပဲဖြစ်တယ်။
အခြားအကောင်ပလောင်တွေရဲ့ အသက်တွေ အကျုံးမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့
အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုသာဖြစ်တယ်။ မပြောပလောက်တဲ့အမှုပေါ့။ သို့မဟုတ်
အမှုမမြောက်တဲ့ အမှုဖြစ်တယ်။ (ဘုရား၊ စာ-၁၄၂)

ဘုရားဟာ ဂရုဓမ္မသီလမှာပါတဲ့ အသက်သတ်ရှောင်ရှားမှု အဓိပ္ပါယ်ကို အလွန်အချက်ကျကျ
ဟောပြောသူဖြစ်ပါတယ်။ ဒါကြောင့် ဒီဟောပြောချက်ဟာ လူလက်လှမ်းမီပါတယ်။
လူမလိုက်နိုင်အောင် မကျယ်ဝန်းပါဘူး။ ပိုးသတ်ဆေး၊သားစား တိရိစ္ဆာန် ဒါတွေဟာ လူနဲ့
မကင်းတာတွေဘဲ ဒါတွေကို လူရှောင်ရှားရမယ် ဆိုရင် လူကဏ္ဍဟာကျဉ်းမြောင်းလာလိမ့်မယ်။
ဒါကြောင့် ဒါတွေဟာ လူလက်လှမ်းမမှီတာတွေပဲ။
(ဘုရား၊ စာ-၁၄၂/၁၄၃)

…………………………………..

ဖြေရှင်းချက်……

အရှင်ဉာဏ၏ အထက်ပါဟောပြောချက်သည် ပါဏာတိပါတအရ မသတ်ရဟူသည်
လူ့အသက်ပင်ဖြစ်ကြောင်းပြောဆိုထားသောဟောပြောချက်ဖြစ်နေပါသည်။

ထေရဝါဒပိဋကတ်ကျမ်းစာတို့တွင်
ပါဏာတိပါတအရ မသတ်ရဟူသည် လူသာမက
ပိုးရွ၊ခြပုံးစသောသက်ရှိသတ္တဝါအားလုံးကို ဟောထားပါသည်။

ထေရဝါဒ ပိဋကတ်ကျမ်းစာတို့တွင် ပါဏာတိပါတဟူသော ပုဒ်ကို –

ပါဏဿ အတိပါတော ပါဏာတိပါတော၊ ပါဏဝဓေါ ပါဏဃာတောတိဝုတ္တံ ဟောတိ ၊ ပါဏောတိစေတ္ထ
ဝေါဟာရတော သတ္တော ၊ ပရမတ္ထတော ဇီဝိတိန္ဒြိယံ ။
(သံယုတ်အဌကထာ၂၊၁၃၃။
မဇ္ဇျိမပဏ္ဏာသအဌကထာ၊၁၊၂၀၁။
ပဋိသံ၊အဌကထာ၊၁၊၂၀၃။)

သတ္တဝါ ဇီဝိတိန္ဒြေကိုလျင်စွာချခြင်းကြောင့်ပါဏာတိပါတဟုခေါ်၏။
ပါဏဟူသည် ဝေါဟာရ
ပညတ်အားဖြင့် သတ္တဝါကိုရ၏။ ပရမတ်အားဖြင့် ရုပ်ဇီဝိတ၊နာမ်ဇီဝိတ နှစ်ပါးကိုရ၏။
ဟုဖွင့်ဆိုကြ၏။

သို့အတွက်ကြောင့် ပါဏာတိပါတအရ သူတပါးအသက် မသတ်ရဟုဆိုရာ၌
လူ၏ အသက်သာမက အသက်ရှိသတ္တဝါများဖြစ်ကြသော
ပိုးရွ၊ ခြပုံး၊ ကြမ်းပိုး၊ သန်းဥ၊ ခရု၊ ကျွဲ၊ နွားတိရိစ္ဆာန် စသည်တို့၏
အသက်ကိုလည်း မသတ်ရဟု မှတ်ယူရပါမည်။
သတ်လျှင် ပါဏာတိပါတ ဖြစ်ပါသည်။

ဤနေရာ၌ ပါဏာတိပါတကံ မြောက်သောတရားများကို
မြန်မာလိုသာ ရေးသား ထုတ်ပြပါမည်။

ပါဏာတိပါတကံ ၌
၁။ အသက်ရှိသတ္တဝါဖြစ်ခြင်း၊
၂။ သတ္တဝါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၄။ သတ်အံသော လုံးလ ပယောဂရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေခြင်း ဟူသော အင်္ဂါ (၅)ပါးနှင့် ပြည့်စုံလျှင်
ပါဏာတိပါတကံထိုက်၏။

သို့ဖြစ်ပါ၍ အရှင်ဉာဏ၏ ပါဏာတိပါတ အရ မသတ်ရဘူးဆိုတာ လူအသက်ပဲ ဟောတာဖြစ်တယ်။
ဟူသောဟောပြောရေးသားချက်များသည်
အဓမ္မဝါဒ တရားများသာ ဖြစ်ကြောင်း
ဗုဒ္ဓဘာသာဝင်များ သိစေရန် ဖော်ပြအပ်ပါသည်။

“ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာ ဟောပြောရေးသားချက်” နှင့် စပ်၍ တင်ပြချက်

အရှင်ဉာဏ က-
“အတွေ့မှ အထူးအားဖြင့် လိင်ဆက်ဆံမူ့၊ မေထုန်မူ အတွေ့မှ ကာမဂုဏ်မဟုတ်ဘူး။
အာရုံငါးပါးကို ကိုယ့်လိုအင်နဲ့ တွေ့ထိမူတွေဟာ ကာမဂုဏ်တွေပဲ။
ဒါတွေကို မှားယွင်းကျက်စားတာဟာ ကာမဂုဏ် မှားယွင်းကျက်စားမူပဲ”
(ဘုရား၊ စာအုပ်- စာ-၁၅၃)

“မှားယွင်းကျက်စားမူကို အဓိပ္ပါယ် နည်းနည်းဖွင့်ရမယ်။ ကာမဂုဏ် ကျက်စားတာ
မှားယွင်းကျက်စားနဲ့ မမှားမယွင်း ကျက်စား နှစ်မျိုးနှစ်စားရှိတယ်။
စားစရာတွေလဲ ကာမဂုဏ်တွေပဲ။
ဝတ်စရာတွေလဲ ကာမဂုဏ်တွေပဲ။
ကျန်တဲ့ လူအသုံးအဆောင် ပစ္စည်းတွေ အားလုံးလည်း ကာမဂုဏ်တွေပဲ။
အသုံးကို လွန်ပြီး အကြိုက် အစွဲ အလျောက် ကျက်စားတာဟာ မှားယွင်းတဲ့ ကျက်စားမူပဲ။
(ဘုရား၊ စာအုပ်- စာ-၁၅၄)

ကာမပိုင်လဲ မိစ္ဆာစာရဖြစ်
“ကာမဂုဏ် မှားယွင်းကျက်စား ရှောင်မူဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို
မေထုန်မူပြုလို့ အဓိပ္ပါယ် ရမှာမဟုတ်ဘူး။
ပစ္စည်းအသုံးအဆောင် အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မူ (ဖြုန်းတီးမှု) တွေ ဖြစ်လာမယ်။
လိုအပ်တာထက် ပိုပြီး စားတာ၊ ဝတ်တာ၊ သုံးဆောင်တာတွေဟာ ကာမဂုဏ် မှားယွင်းကျက်စားမူတွေပဲ။
ကာမပိုင် ဖို မ ပင်ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမူ ဖြစ်ရင်
ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်မယ်”
(ဘုရား၊ စာအုပ်- စာ-၁၅၄)

စားတယ်၊ ဝတ်တယ် သုံးဆောင်တယ်၊ ကြည့်တယ် အစရှိတာတွေလဲ
ကိုယ်နဲ့ပဲ လုပ်ရတာ ဖြစ်တယ်။
ဒီကိုယ်နဲ့ အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ
ကာမဂုဏ် မှားယွင်းကျက်စားတာတွေပဲ။
(ဘုရား၊ စာအုပ်- စာ-၁၅၅)

ဘယ်သူ့အာရုံ ငါးပါးဖြစ်ဖြစ် မှားယွင်းကျက်စားက ကာမေသုမိစ္ဆာစာရပဲ
“အလှအပတစ်ခုကို အပျော်သဘောသက်သက်နဲ့ ကြည့်မယ်ဆိုရင်
ကာမဂုဏ်မှားယွင်းကျက်စားမူက လွတ်ဖို့မရှိဘူး။ အဲဒီ အာရုံကို အပျော်သဘောသက်သက်
ဆွဲမြူညို့ယူလဲ ဒီလိုပဲ။ သိချင်း၊ ဂီတ ကို အကြောင်းတစုံတစ်ရာမရှိဘဲ ခံစားရဖို့အတွက်
နားထောင်သီဆိုတာလဲ အပျော်သက်သက်ပေါ့။ ဒါဆိုရင် ကာမမိစ္ဆရ ပဲ။
ကိုယ်က မွေးထားတဲ့ ခလေးကို အကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့ဖက်တာလဲ
ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်တယ်။
ခလေးရဲ့ ကျန်းမာရေး၊ ကိုယ်အနံ့၊ အငွေ့သိဖို့ နမ်းတာ၊ ပွေ့ဖက်တာတွေဟာ
အဲဒါတွေရဲ့ အကြောင်းတွေပဲ။
ကာမပိုင် လင်မယားလည်း ဒီအတိုင်းပဲ။
ကာမပိုင်ဖြစ်ပေမယ့် အပျော်သက်သက် နမ်းရှုံပွေ့ဖက်ရင် အမှားပဲ။
တစ်စုံတစ်ခုကို တွေ့သိဖို့ နမ်းရှုံ့ ပွေ့ဖက်မှ ကာမဂုဏ်မှားယွင်းကျက်စားမှုက လွတ်မယ်။” ဟု
ဟောပြောရေးသားထားပါသည်။
(ဘုရား၊ စာအုပ်- စာ-၁၅၅)

ရှင်းလင်းချက်

အရှင်ဉာဏသည် “ကာမေသုမိစ္ဆာစာရ” ၌ ကာမေသု ကို “အာရုံငါးပါး” ဟု ဘာသာပြန်၍
အာရုံငါးပါးကို ခံစားပါက ကာမေသုမိစ္တာစာရကံ” ထိုက်သည်ဟု
ဆိုထားပါသည်။
ကိုယ့်သားသမိးကို ပွေ့ဖက်နမ်းရှုံ့မူ ကိုပင် ကာမေသုမိစ္ဆာစာရ ဟု ဆိုထားပါသည်။

ကာမေသုမိစ္ဆာစာရ ၌ ကာမေသုသည် အရှင်ဉာဏ ဟောပြောသကဲ့သို့ အာရုံငါးပါးကို ဆိုလိုသည်မဟုတ်ပါ။

သံယုတ်အဌကထာ၌…

ကာမေသူတိ မေထုန သမာစာရေသု။
(သံယုတ်အဌကထာ-၂၊ ၁၃၄။)
(မဇ္ဈီမ ပဏ္ဏာသ အဌကထာ ၁၊ ၂၀၂)
(ပဋိသံ၊ ဌ၊ ၁၊၂၀၄)

ကာမေသု ဆိုတာ ရာဂအားဖြင့် တူကုန်သော သူနှစ်ယောက်တို့၏ အကျင့်တို့၌ (မေထုန်အကျင့်) တို့၌ ဟု ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ကာမ ဆိုသည်မှာ မေထုန်အကျင့်ပင်ဖြစ်၍၊ ကာမေသုမိစ္ဆာစာရ ဆိုသည်မှာ မေထုန်အကျင့်(မေထုန် ဝတ္ထု)တို့၌
တကယ်ကဲရဲ့ထိုက်စွာ ယုတ်မာသော အကျင့်ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

မေထုန်အကျင့် ဆိုသည်မှာ မိန်းမ ယောက်ျား နှစ်ဦးသားတို့၏ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက်
စပ်ယှက်ခြင်းပင် ဖြစ်ပါသည်။
ယောက်ျား တို့အဖို့ မိမိပိုင် ဇနိးမယားနှင့် ပျော်ပါးခြင်း၊
မိန်းမ တို့ အဖို့ မိမိ၏ကာမပိုင် လင်ယောက်ျားနှင့် ပျော်ပါးခြင်းတို့မှာ
လောကအလိုက် မကဲ့ရဲ့ ထိုက်သဖြင့် ယုတ်မာသည်ဟု မဆိုသာသဖြင့် ကာမေသုမိစ္ဆာစာရ မဖြစ်ပါ၊
မိမိဇနီးမောင်နှံမှ တပါး မသွားလာအပ်သူ အမျိုးသမိးနှစ်ဆယ်နှင့် ပျော်ပါးခြင်းတို့ကား
လောက အလိုက်ကဲ့ရဲ့ ထိုက်၍ ယုတ်မာသော အကျင့် ဖြစ်သောကြောင့်
ကာမေသုမိစ္ဆာစာရ ကံ ထိုက်ပါသည်။

ထို့ကြောင့် အဌကထာတို့၌..

အသဓမ္မာ ဓိပ္ပါယေန ကာယဒွါရ ပဝတ္တာ အဂမနီယဌာန ဝီတိက္ကမစေတနာ ကာမေသုမိစ္ဆာစာရရော။
(သံယုတ်အဌကထာ-၂၊ ၁၃၄။)
(မဇ္ဈီမ ပဏ္ဏာသ အဌကထာ ၁၊ ၂၀၂)
(ပဋိသံ၊ ဌ၊ ၁၊၂၀၄)
ယုတ်မာသော မသူတော်တို့၏ အလိုသဘောဖြင့် မသွားလာထိုက်သော မိန်းမတို့၌ လွန်ကျူးကြောင်း
ကာယကံ စေတနာသည် ကာမေသုမိစ္ဆာစာရ မည်၏။“ ဟု ဖွင့်ဆိုထားပါသည်။

ကာမေသုမိစ္ဆာစာရ၌ ကမ္မပထမြောက်သည့် အဂါင်္လေးပါးရှိ၏။ ဤ အဂါင်္လေးပါး တို့မှာ..
၁။ မသွားလာထိုက်သော မိန်းမဆိုသည့် အဂမနီယ ဝတ္ထုဖြစ်ခြင်း၊
၂။ ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း။
၃။ မှီဝဲမူ လုံးလမယောဂ ပြုခြင်း။
၄။ မှီဝဲ ပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း.. တို့ဖြစ်၏။

ဤ အဂါင်္လေးပါးနှင့် မညီလျှင် ကမ္မပထ မမြောက်ဘဲ လေးပါးညီမှသာလျှင် ကမ္မပထ မြောက်၏။“ဟု အဌကထာဆရာတို့
ဖွင့်ဆိုထားပါသည်။
အထက်ဖော်ပြပါ အဌကထာ အဖွင့်တို့ အရ
ငါးဖြာအာရုံ ကာမဂုဏ်ခံစားမူ။
ကလေးပွေ့မူ။
မိမိကာမပိုင်ကို မှီဝဲမူတို့သည် ကာမေသုမိစ္ဆာစာရ မထိုက်ကြောင်း ထင်ရှားပါသည်။

သို့ဖြစ်ပါ၍ အရှင်ဉာဏ ၏
ကာမေသုမိစ္ဆာစာရကို မှားယွင်းစွာ ဟောပြောရေးသားချက် များသည် အဓမ္မဝါဒ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မိုးပြာဂိုဏ်းကို တည်ထောင်သူ ရှင်ဉာဏ ၏ သမိုင်းနောက်ခံ
လွန်ခဲ့သည့်ကာလ (၂၅) နှစ်က ရှင်ဉာဏ(ခ) ရှင်မိုးပြာသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။
ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။
ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ
တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်
တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။
နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ
(၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့
စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့်
ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။
၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။
ထောင်နှစ်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်ဂိုဏ်းထူးထောင်ပြီး
မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ
အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပါသည်။

၁၉၉၁ ခုနှစ်တွင် ထေရဝါဒသာသနာတော်ကြီး စော်ကားခံခဲ့ကြရပြီးဖြစ်ပါသည်။

တစ်ဖန် ၁၉၉၈ ခုနှစ်မှ စ၍ ယခုတိုင်အောင် ဆက်တိုက်ပင် ထေရဝါဒသာသနာတော်ကြီးကို ဖျက်စီးခံနေရပါပြီ။

ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံဂိုဏ်းကြိးသည် ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား
ပုံနှိပ်ထုတ်ဝေဖြန့်ချီအင်အား အခိုင်မာဆုံး အဓမ္မဝါဒီဂိုဏ်းကြီးဖြစ်ပါသည်။
ငွေရတု ပူဇာ စာအုပ်ကို လေ့လာကြည့်လျှင် အလွန်ပင် ထင်ရှားမည်ဖြစ်ပါသည်။
ပညာတတ် အမည်ခံ အရှင်ဉာဏိန္ဒာလင်္ကာရ အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) စသူများ၊
ဥိးစိုးအောင် (သ.စ.အ- ဓမ္မာစရိယ၊သုတေသန) စသည်များ အပြင် စာရေးတတ်သူ ဟောပြောတတ်သူ
အများအပြားရှိနေကြပါသည်။
အခြေခံသင်တန်းများရော ဓမ္မဝိဟာရီ သင်တန်းများပါရှိကြကြောင်း သိရပါသည်။
ဓမ္မဝိဟာရီ သင်တန်းတို့တွင် အာသဝက္ခယဝိဟာရီစာတမ်းပြုစုရကြောင်းလဲ သိရပါသည်။

ဓမ္မဆရာ ဥိးရန်အောင်၏ ဟောပြောချက်များအရ ဩဠာရိကသုခုမ ဆေးပညာရှင်များအုပ်စုလိုက်ကြီးပင်
ထိုပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်းသားများဖြစ်သွားကြောင်း ကြားသိရပါသည်။

အင်းဝဘဏ်သူဌေး ဦးရင်စိန် တို့လို သူဌေးများကြောင့်လည်းကောင်း၊
ဦးဝင်းမြင့်မောင် လို ပုံနှိပ်တိုက်ကျွမ်းကျင်သူများကြောင့်လည်းကောင်း၊

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) လို သိန်းပေါင်း ထောင်သောင်းချီချမ်းသာသူများကြောင့်လည်းကောင်း၊
စာအုပ်များ အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။

အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) သည် စာအုပ်များစွာကို ကိုယ်တိုင်ရေးပြီး
ကိုယ်တိုင်ထုတ်ဝေလျက် ကိုယ်တိုင်ပင် နေရာများစွာသို့ လိုက်လံသွားလာကာ ပေးဝေစည်းရုံးနေကြောင်း
သိရပါသည်။

ထိုင်နိုင်ငံတွင် ပညာသင်ကျောင်းသား အဖြစ်ဖြင့်နေထိုင်လျက် ဝါဒဖြန့်နေသူ အရှင်ကုမာရာလင်္ကာရ လို(kumara@rollerboys.com) နိုင်ငံတကာ
ဆက်သွယ်ရေးကွန်ယက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊
ဓမ္မဝီဟာရီ ရှင်ဉာဏ ကိုယ်တိုင်ပင် ဝိဟာရီ အမည်ခံလျက် အင်တာနက် အသုံးပြု
ဟောပြောချက် ဆွေးနွေးချက်တို့ကိုပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊(www.forums.myanmarcommunity.com)
ထိုင်းနိုင်ငံတွင်လည်း တစ်ဘဝသာရှိသည့် ပဋိစ္စသမုပ္ပါဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္ထ လို ထိုင်းဘုန်းကြီးများ
ရှိနေခြင်းကြောင့်လည်းကောင်း၊
အင်တာနက်အားဖြစ်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့်လျက်ရှိနေကြောင်း
သိရပါသည်။

စင်္ကာပူဗုဒ္ဓဘာသာလူငယ်များ အကြားတွင် အလွန်ရေပန်းစားသော ဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာူဗုဒ္ဓဘာသာလူက
မှာယူသဖြင့် ပေးပို့ရောင်းချရသည့် စာအုပ်များ များပြားကြောင်းလည်း သိရပါသည်။

အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက် ကြီးထွားနေကြောင်း
သိရပါသည်။ ထို့ပြင် လစဉ်ထုတ် ပေးစာများကို ရောင်းချသည့် သွင်းငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့်
စာအုပ်ကြီးတို့ကို တအုပ်လျင် (၃၀၀၀) ကျပ်နုံးဖြင့် ရောင်းချသည့်အတွက် အသင်းဝင်များထံမှ
ရောင်းရငွေများကြောင့် အလွန်ပင် တိုးတက်စည်ကားနေကြောင်းလည်း သိရပါသည်။
မိုးပြာဂိုဏ်းမှ ထုတ်ဝေဖြန့်ချီနေသော စာအုပ်များမှာ သိရသလောက်တော့
လေးဆယ်ကျော် ရှိပါသည်။ နောင်သီးသန့် တင်ပြပေးပါမည်။

ဆိုခဲ့အပ်ပြီးသော အဓမ္မဝါဒီဂိုဏ်းကြီးသည် ၂၅ နှစ်သက်တမ်း ကာလအတွင်း အကြီးအကျယ်
ထွန်းကားပြန့်ပွားနေပါသည်။

ဦးဇင်း မမွေးခင်ကတည်းက တည်ထောင်လာတဲ့ အဓမ္မဝါဒီဂိုဏ်းကြီး
၂၆ နှစ်ထဲကို ဝင်ရောက်လာပါပြီ။

ထေရဝါဒ ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးအား အတိုက်စားဆုံး အစော်ကားဆုံး အဖျက်စီးဆုံး
အန္တရာယ်ကြီး ဖြစ်နေပါသဖြင့် ပြန့်ပွါးမလာအောင်
ထေရဝါဒ သာသာသနာတော်အတွက် ကာကွယ်နိုင်ရန် ဗုဒ္ဓဘာသာဝင်
သူတော်စင် သူတော်ကောင်းတို့အား တင်ပြအပ်ပါသည်။

“နိုင်ငံတော်ပိုင် အဖွဲစည်းပိုင် ပစ္စည်းခိုးတာဟာ အဒိန္နဒါနကံ မထိုက် သီလမပျက်” ဟူသော ဟောပြောရေးသားချက်နှင့် စပ်လျင်း၍ တင်ပြချက်
အရှင်ဉာဏက –
“ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါးပါး ခိုးယူမူ့ မပါဝင်ဘူး။
ဒါသိဖို့လိုတယ်။ ဒါကလေးလောက်တောင် လိုက်နာဖို့ ဖြစ်လာရင် ဒီသီလာဟာ လူတွေမလိုက်နာနိုင်ဖြစ်လာမယ်။ လူမလိုက်နာနိုင်တဲ့ ဟာကို ဘုရားက
တရားလို့ မလုပ်ဘူး။”
(ဘုရား-စာအုပ်-စာ-၁၄၅)

ဒါတွေကို ထောက်ပြီး အသေးအမွားခိုးမူ့ဟာ မဂ်သီလာဖြစ်တဲ့ “ဂရုဓမ္မသီလ မဖြစ်ဘူး”။ ဒါဟာ ဘုရားဖွင့်တဲ့
“ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်ရဲ့ အနက်ပဲ ဒါရဲ့ အနက်ကို ဘုရားဖွင့်တာ ကျန်ပါသေးတယ်
ဆက်ဖွင့်ရအောင်။
(ဘုရား-စာအုပ်-စာ-၁၄၇)
မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြား ခိုးယူခြင်း မပါဝင်ဘူး။
သူပိုင်မဟုတ်တဲ့ ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင် သီလမပျက်ဘူးလို့ ဆိုလိုတယ်။
ဒါကိုတော်တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်ပစ္စည်းခိုးမိပြီး စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။
ဒါ ဆုတ်ယုတ်ဖို့ပဲ။
(ဘုရား-စာအုပ်-စာ-၁၄၇/၈)

“နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ၊ သမဝါယမအဖွဲ့၊ ရဲအဖွဲ့ မီးသတ်တပ်ဖွဲ့၊
စစ်တပ်အဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း နတ်တွေပဲ နတ်တွေ နတ်ဖြစ်ကြောင်း
ရှင်းရင် သိပ်ရှည်သွားမယ်။ အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဥိးချင်း ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင်ပစ္စည်းတွေပဲ။
(ဘုရား-စာအုပ်-စာ-၁၄၉)
လူနဲ့ နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ ဂုဏ်ရည်က ကျော်သွားပြီ။
အဲဒီလူတွေပို်င်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကို ကျော်ပြီး နတ်ပိုင်ပစ္စည်းတွေဖြစ်သွားတယ်။
အဲဒီပစ္စည်းကို ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး သီလမပျက်သေးဘူးပေါ့။
(ဘုရား-စာအုပ်-စာ-၁၅၀)
နိုင်ငံပစ္စည်း ခိုးတာဟာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး။ ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။
မြို့ ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့ အစည်းပိုင်၊ သမဝါယမပိုင်
ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) အရ
အခိုးမမြောက်ဘူး။
(ဘုရား-စာအုပ်-စာ-၁၅၁)

ရှင်းလင်းချက်
အရှင်ဉာဏ၏ အထက်ပါ ဟောပြောချက်တို့ကို အဌကထာဆရာတို့၏ အလိုနှင့် ညှိနှိုင်းတိုက်ဆိုင်
ကြည့်သောအခါ…………….

သံယုတ်စသော အဌကထာတို့၌
“အဒိန္နဿ အာဒါနံ အဒိန္နဒါနံ။
ပရဿ ဟရဏံ ထေယျံ စောရိကာတိ ဝုတ္တံ ဟောတိ။
(သံယုတ် အဌကထာ-၂၊ ၁၃၄။
က္ကုတိဝုတ် အဌကထာ-၂၁၈။
မဇ္ဈိမ ပဏ္ဏာသ အဌကထာ-၁၊ ၂၀၂။
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)

အရှင်သည် ကိုယ်နုတ်ဖြင့် မပေးအပ်သော သူတပါး ဥစ္စာကို ခိုးယူခြင်းသည် အဒိန္နဒါန မည်၏။
သူတပါး ဥစ္စာကို ဆောင်ခြင်း၊ ခိုးခြင်း၊ ဝှက်ခြင်း ဟု ဆိုလိုခြင်းဖြစ်၏။“ ဟု ဖွင့်ဆိုထားသောကြောင့်
သူတပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။“ ဟု ဆိုရာ၌ သူတပါးဟူသည်
မိမိမှ တပါး အခြားသော သူတို့ကို သူတပါးဟု ဆိုရပါသည်။

သံယုတ် အဌကထာ စသည်တို့၌-
“အဒိန္န န္တိ ပရပရိဂ္ဂဟိတံ၊ (သံယုတ် အဌကထာ-၂၊ ၁၃၄)
အဒိန္နံ ဆိုတာ သူပါးသိမ်းဆည်းအပ်သော ဥစ္စာတည်းဟု“ ဖွင့်သလို

ကခါင်္ဝိတရဏီ အဌကထာ စာမျက်နှာ ၁၁၅ ၌လည်း
“အဒိန္နံတိ အညဿ မနုဿ ဇာတိကဿ သန္တကံ။”
အဒိန္နံ ဆိုတာ မိမိမှ တစ်ပါး အခြားလူဇာတ် ရှိသူ၏ ဥစ္စာတည်း” ဟု ဖွင့်ဆိုထား၏။

ထို့ကြောင့် မိမိမှ တပါး အခြားသူ တစ်ဥိးတစ်ယောက်ပိုင် ပစ္စည်းဖြစ်စေ၊
နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်စေ၊
ရပ်ကွက်ပိုင် ပစ္စည်း ဖြစ်စေ၊
အဖွဲ့စည်းပိုင် ပစ္စည်းဖြစ်စေ ခိုးယူပါက အဒိန္နဒါနပင် ဖြစ်ပါသည်။

အဒိန္နဒါန ကံ ၌…….
၁။ သူတပါး ဥစ္စာဖြစ်ခြင်း၊
၂။ သူတပါး ဥစ္စာဟုသိခြင်း၊
၃။ ခိုးယူလိုသော စိတ်ရှိခြင်း၊
၄။ ခိုးယူကြောင်းဖြစ်သော ကိုယ်မူ၊ နှုတ်မူ လုံးလ တစ်ခုခုကို ပြုခြင်း၊
၅။ ခိုးယူခြင်း၊
ဟူသော အင်္ဂါ (၅) ချက်နှင့်ပြည့်စုံလျှင် အဒိန္နဒါနကံ မြောက်ပါ၏။
(ခုဒ္ဒက အဌကထာ-၂၁၊
အဘိဓမ္မာ အဌကထာ-၁၊ ၁၄၁)

အရှင်ဉာဏ သည် “ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ“ ဟူ၍ နာမည်တပ်ကာ အဖွဲ့အစည်းကြီး တခု ဖွဲ့ထား၏။
ထိုအဖွဲ့အစည်းကြီး ၏ ခေါင်းဆောင်သည် အရှင်ဉာဏ ဖြစ်နေ၏။
အရှင်ဉာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေးနေ၏။

တစ်နည်းပြောရလျှင်……
သီလ သာသနာ၊
သမာဓိ သာသနာ၊
ပညာသာသနာကို ဖျက်စီးနေပါသည်။

နောက်တမျိုးပြောရလျှင်………..
ပရိယတ်သာသနာ၊
ပရိပတ်သာသနာ၊
ပဋိဝေဓ သာသနာ ကို အုပ်စုဖွဲ့၍ ဖျက်စီးနေတယ်ဆိုတဲ့ အကြောင်း
ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်း အပေါင်း သိစေရန်
နမူနာမျှ တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံသာသနာမှာ ပေါ်ပေါက်ခဲ့သော အဓမ္မဝါဒီ သမိုင်း
ပထမအကြိမ် (၅) နှစ်တာကာလ

သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အခန်း (၁၅) ၊ အပိုဒ် (၁၂၁) အရ သာသနာနှစ် ၂၅၂၄ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ် နယုန်လ ၊ ခရစ်နှစ် ၁၉၈ဝ ပြည့်နှစ် မေလ မှ စပြီး သာသနာနှစ် ၂၅၂၉ ခု ကောဇာသက္ကရာဇ် ၁၃၄ရ ခု ၊ ခရစ်နှစ် ၁၉၈၅ ခု မေလ အထိ ပထမအကြိမ် ငါးနှစ်တာကာအတွင်း
၁၉၈ဝ ပြည့်နှစ် ဝိနည်း ဓမ္မကံ ဥပဒေအခန်း(၂)၊ ပုဒ်မ-၃၊ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၅၇)အရ ဖွဲ့စည်းကာ ဝိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ပေးခဲ့သည်မှာ –

၁။ ကျောက်သဘောင်္ဝါဒ

၂။လူသေလူဖြစ်ဝါဒ

၃။ကြောင်ပန်းတောရဝါဒ

၄။ ကျောက်ပုံတောရဝါဒ

၅။ရှင်မာလာဝါဒ(ရေတာရှည်)ဝါဒ

၆။ဓမ္မနီတိဝါဒ

၇။မိုးညို(မြောက်ဥက္ကလာပ)ဝါဒ တို့ဖြစ်ကြသည်။
— ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင်ဉာဏစာဂီဝါဒကို အဓမ္မဝါဒအဖြစ်အတည်ပြုခဲ့သည်။
— ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ဆူးလေဦးမြင့်သိန်းဝါဒကို အဓမ္မဝါဒအဖြစ်အတည်ပြုခဲ့သည်။
— ၁၉၈၃-ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် ဦမြတ်သိန်းထွန်းဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း အတည်ပြုခဲ့သည်။

၈။မြောင်မြို့နယ် ကျောင်းဖြူရွာ ထွန်တုံးလက်ကျန်ဦးထင်ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်းဆုံးဖြတ်ခဲ့သည်။

၉။မင်းကွန်းရွှေမြင်တင်တောင်နေရှင်ဉာဏနှင့် ရှင်ဂုဏတို့၏သာသနာရေးလျှောက်ထားတောင်းဆိုလွှာကိုအကြောင်းပြုကာ ဈာန်အဘိညာဉ်ရ ရဟနာ္တ ဟု ဝန်ခံမှုကြေငြာမှုနှင့် သောတာပန်ဟုဝန်ခံမှုကြေညာမှုတို့ကို ၁၃၄၄-ခု၊ ပြာသိုလ ( )ရက် ၊ ၁၉၈၃ ခု ….. လ ( )ရက်နေ့တွင် အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ခဲ့သည်။

၁၀။နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၀)ဖြင့်ဆုံးဖြတ်ခဲ့သော ဝိနိစ ္ဆယမှာ ဘယ်အမှုဖြစ်ကြောင်းကို တိတိကျကျ မသိရဘဲ ရှိနေပါသည်။ ၎င်းအမှတ်(၁၀)အဖွဲဲ့့ကဆုံးဖြတ်ထားမှုရှိကြောင်းမျှသာသိရပါသည်။

ဒုတိယအကြိမ်(၅)နှစ်တာကာလ

တစ်ဖန် ၁၉၈၅-ခု၊ မေလမှစကာ ၁၉၉၀-ပြည့်နှစ်၊ မတ်လအထိ ဒုုတိယအကြိမ် (၅)နှစ်တာကာလအတွင်းမှာလည်း ဝိနိစ ္ဆယ များကို ဆောင်ရွက်ပေးတော်မူူခဲ့ကြောင်း သိရပါသည်။(၂၅၂၉-၂၅၃၃)

တတိယအကြိမ် (၅)နှစ်တာကာလ

တစ်ဖန် သာသနာနှစ် ၂၅၃၃-ခု၊ ကောဇာသက္ကရာဇ် ၁၃၅၂-ခုနှစ် ၊တပေါင်းလပြည့်ကျော်(၁)ရက် ၊ ခရစ်နှစ် ၁၉၉၀-ပြည့်နှစ် ၊ မတ်လ (၁၁) ရက် မှ စကာ သာသနာနှစ် ၂၅၃၈-ခု၊ ကောဇာသက္ကရာဇ် ၁၃၅၆-ခု ၊ ခရစ်နှစ် ၁၉၉၅-ခု ၊ မတ်လ အထိ တတိယအကြိမ် (၅)နှစ်တာကာလအတွင်းမှာလည်း ဝိနိစ္ဆယတို့ကို ဆောင်ရွ့က်တော်မူခဲ့ကြောင်းသိရပါသည်။

စတုတ္ထအကြိမ် (၅)နှစ်တာကာလ

တစ်ဖန်သာသနာနှစ် ၂၅၃၉-ခု ၊ ကောဇာသက္ကရာဇ် ၁၃၅၆-ခု၊ ခရစ်နှစ် ၁၉၉၅-ခု မတ်လ မှ စကာသာသနာနှစ် ၂၅၄၃-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၀-ခု ၊ ခရစ်နှစ် ၂၀၀၀-ခု မတ်လ အထိ စတုတ္ထအကြိမ် (၅)နှစ်တာကာလအတွင်း

၁၁။၁၉၉၈-ခု၊ မတ်လ (၁၉)ရက်နေ့တွင် စန်းကလေးဝါဒကို အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ပေးတော်မူခဲ့သည်။ ဝိနည်း ဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ (၆) အရလည်းကောင်း၊ ၁၉၆၁-ခု၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေပုဒ်မ(၆)အရလည်းကောင်း၊ ပြစ်မှုတဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)အရလည်းကောင်း၊ တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့် (၁၃/၁၄) တို့အရလည်းကောင်း စန်းကလေးဝါဒကို ဟောပြောခြင်း၊ သင်ကြားပို့ချခြင်း၊ စာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ချခြင်း၊ကူးယူဖြန့်ချိခြင်းနှင် အသံဖမ်းတိတ်ခွေများဖြင့် အသံသွင်းဖြန့်ချိခြင်း တို့ကို ပိတ်ပင်ခဲ့သည်။

ပဉ္စမအကြိမ်(၅)နှစ်တာကာလ

တစ်ဖန် သာသနာနှစ် ၂၅၄၃-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၀-ခု၊ ခရစ်နှစ် ၂၀၀ဝနှစ် မတ်လမှစကာ သာသနာနှစ် ၂၅၄၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၅-ခု၊ ခရစ်နှစ် ၂၀၀၅-ခု၊ မတ်လ အထိ ပဉ္စမအကြိမ်(၅)နှစ် တာကာလအတွင်းမှာလည်း ဝိနိစ ္ဆယများကို ဆောင်ရွက်တော်မူခဲ့သည်။

ဆဌမအကြိမ်(၅)နှစ်တာကာလ

တစ်ဖန် သာသနာနှစ် ၂၅၄၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၀-ခု၊ ခရစ်နှစ် ၂၀၀၅-ခု မတ်လမှစကာ သာသနာနှစ် ၂၅၅၂-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၁၀-ခု၊ မတ်လ အထိ ဆဌမအကြိမ်(၅)နှစ်တာကာလအတွင်း-

၁၂။မိုးကုတ်ဝိနစ ္ဆယကို ဆုံးဖြတ်တော်မူသည်။(၂၀၀၅၊မေလတွင် ပုံနှိပ်စာအုပ်ထုတ်ဝေသည်)

၁၃။ဘိက္ခုနီဘာဝါဘာဝိနိစ ္ဆယကိုဆုံးဖြတ်တော်မူသည်။ (၂၀၀၄-တွင် ပုံနှိပ်စာအုပ်ထုတ်ဝေသည်)

၁၄။ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်း(၁၀)ရက်စခန်း အထူးသင်တန်းကျမ်းပါ အချက်(၂)ချက်တို့ကို ဝိနိစ ္ဆယချတော်မူသည်။(လက်နှိပ်စက်မူသာရှိသည်)

၁၅။ဦးခေမိန္ဒ(မိုးညှင်းမြို့သတိပဌာန်ရိပ်သာဆရာတော်)နှင့် ဦးဝိစိတ္တသာရာဘိဝံသ(မြစ်ကြီးနားမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်) တို့၏ဝါဒကို အဓမ္မဝါဒဟု ဝိနိစ ္ဆယချမှတ်တော်မူသည်။(၂၀၀၈)

၁၆။ဦးဝိစိတ္တသာရာဘိဝံသ ၏(မိုးပြာဝါဒနှင့်နွယ်သော)ဝါဒကို အဓမ္မဝါဒဟု ဝိနိစ ္ဆယချမှတ်တော်မူသည်။

၁၇။ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဒဘာသာအမည်ခံ မိုးပြာဂိုဏ်းဝါဒများကိုဆောင်ရွက်ရန် စာမူများ ရောက်ရှိလျက်ရှိကြောင်း သိရ…………..

သာသနာကို ဖျက်စီးမည့် အဓမ္မဝါဒီ တို့၏ လှုပ်ရှားပုံ နှင့် ၎င်းတို့၏ အမည်နာမများ
ပစ္စုပ္ပန်ကမ္မဝါဒီ တို့၏ လှုပ်ရှားပုံ နှင့် ပစ္စုပ္ပန်ကမ္မဝါဒီ ဘက်မှ နာမည်ကြီး ပုဂ္ဂိုလ် များကို ဗဟုသုတ ရရန် အလို့ငှာ တင်ပြပါအုံးမည်
ပစ္စုပ္ပန်ကမ္မဝါဒီ အဖွဲ့သည် ဗုဒ္ဓဘာသာစာပေနှင့် အသင့်အတင့် ရင်းနှီး ကျွမ်းဝင်သူများ ဖြစ်လျှင်
ဗုဒ္ဓစာပေ နှင့် မဆန့်ကျင်အောင် ဟောပြော၍ သိမ်းသွင်းကာ
ဗုဒ္ဓစာပေ ကို လုံးဝ မသိသူဖြစ်လျှင် ဗုဒ္ဓကို လုံးဝ ဆန့်ကျင်သွားအောင်
ဟောပြော၍ သိ်မ်းသွင်းကြသည်ဟု သိရပါသည်
ထိုအဖွဲ၏ လှုပ်ရှားပုံမှာ သိုသိပ်ကြပါသည်။
မြန်မာနိုင်ငံတွင် ပြန့်ပွါးနေသော မြို့ကြိးများမှာ
ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညင်း၊ မိုးကောင်း
ပဲခူတိုင်း တောင်ငူ၊ ပြည် စသည်တို့တွင် အများအပြား ပြန့်နှံ့ နေပါသည်

ပစ္စုပ္ပန်ကမ္မဝါဒီ ဘက် အဓိက ဂိုဏ်းခေါင်းဆောင်

၁။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာပုရုသျှ (ဘုရား)၊
ခေါင်ဆောင်ကြိး (ခ)သျှင်မိုးပြာ (ခ) ရှင်မိုးပြာ (ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ) ဉာဏ (ခ) ဓမ္မဝိဟာရီ (ခ) ဓမ္မဝိဟာရီ အရှင်ဉာဏ
(ခ) ဓမ္မဝိဟာရီ ရှင်ဉာဏ (ခ) ဓမ္မဝိဟာရီ ဉာဏ (ခ) ဓမ္မဝိဟာရီ ရှင်မိုးပြာ (ခ) ဘကြိး ဝိဟာရီ (www.forums.myanmarcommunity.com)
(ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ)မောင်ဉာဏ်ထက်

၎င်း အမည်များသည် ဂိုဏ်းခေါင်းဆောင်ကြီး တဥိးတည်းသာ ဖြစ်ပါသည်။

-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၂။ ဓမ္မဝိဟာရီ ရှင်ဂုဏ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၃။ ဓမ္မဝိဟာရီ ရှင်ဇဋိလ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၄။ ဓမ္မဝိဟာရီ ရှင်နာဂ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၅။ဓမ္မဝိဟာရီ ဒေါ်သီလနန္ဒီ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

(ဤငါးဥိးသား တို့သည် မူလဖြစ်သူများ၊ ဂိုဏ်းထောင်သူများ ဖြစ်ကြပါသည်)

၁။အရှင်ဉာဏိန္ဒာလင်္ကာရ (သင်္ကန်းဝတ်ဘက်က ဒုတိယခေါင်းဆောင်ကြီး)
စည်ပင်ဂိုဏ်းအုပ်ကျောင်း၊ တောင်ငူမြို့၊ ပဲခူးတိုင်း။(အနောက်ခြမ်း)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၂။အရှင်ဝိစိတ္တသာရာဘိဝံသ ((သင်္ကန်းဝတ်ဘက်က တတိယခေါင်းဆောင်ကြီး)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ က ရွေးချယ်ဖွဲ့စည်းအပ်သော
နိုင်ငံတော် သီခြားဝိနည်းဓိုလ် အဖွဲ့အမှတ် (၁၆/၂၀၀၈)၏ ဆုံးဖြတ်ချက်
ဦးဝိစိတ္တသာရာဘိဝံသ
မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြိး သင်တန်းကျောင်း၊

၁၅။ဦးခေမိန္ဒ(မိုးညှင်းမြို့သတိပဌာန်ရိပ်သာဆရာတော်)နှင့် ဦးဝိစိတ္တသာရာဘိဝံသ(မြစ်ကြီးနားမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်) တို့၏ဝါဒကို အဓမ္မဝါဒဟု ဝိနိစ ္ဆယချမှတ်တော်မူသည်။(၂၀၀၈)

၁၆။ဦးဝိစိတ္တသာရာဘိဝံသ ၏(မိုးပြာဝါဒနှင့်နွယ်သော)ဝါဒကို အဓမ္မဝါဒဟု ဝိနိစ ္ဆယချမှတ်တော်မူသည်။

ဆုံးဖြတ်ချက် ချမှတ်သည့်နေ့- ၁၃၇၀- ပြည့်နှစ်၊ တပိုတွဲ လပြည့်ကျော် ၈-ရက်(17.2.2009) အင်္ဂါနေ့

ယခုအခါ ထို ဆရာတော်ကို ဖမ်းဝရမ်းထုတ်ထားပါသည်
ထွက်ပြေးတိန်းရှောင်နေသည် ဟု သိရပါသည်

၃။အရှင်ကုမာရာလင်္ကာရ (kumara@rollerboys.com)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

သင်္ကန်းဝတ်ဘက်မှ ၁၅ ပါးရှိသည့်အနက် အဓိက အကျဆုံးပုဂ္ဂိုလ်များသာ ဖော်ပြလိုက်ပါသည်။

၁။ ဆရာဦးစိုးအောင်
(ဓမ္မနာယက+စာစုဂေါပက+ လူပုဂ္ဂိုလ် ဘက်က ပထမခေါင်းဆောင်ကြီး၊
အမှတ် ၈၅၊ ၃-လမ်း၊ မာလာမြိုင်၊ ၁၆-ရပ်ကွက်၊ အုပ်ကျင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၂။ဆရာကြီးဦးရန်အောင်
(ဓမ္မဆရာ+စာစုဂေါပက+ လူပုဂ္ဂိုလ် ဘက်က ဒုတိယခေါင်းဆောင်ကြီး၊
အမှတ် ၂၈၄၊ ဇင်္ဂမလမ်း၊ ၆-ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့၊
(ဖုံးနံပါတ်- ဝ၁-၅၄၀၉၆၀၊ 09-80-25444)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၃။ ဦးမြင့်ဝင်းမောင် (ရှင်မိုးပြာ စာအုပ်များကို ထုတ်ဝေရန် ပုံနှိပ်သည့် မူပိုင်စာပုံနှိပ်တိုက်)
အေဇက်စာပေအိမ်၊ ၃၄-လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။

၄။ဦးရင်စိန် (ဓမ္မဆရာ) (အင်းဝဘဏ်လီမီတက်)
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊ မိုးပြာခြံ။
(အရိယ ဘဏ္ဍာငွေ၊ ငွေစာရင်းအမှတ်-၈၂-၂၃၇၀၉၊ အင်းဝဘဏ်လီမီတက်၊ ရန်ကုန်မြို့။
အမှတ် – ၅၅၄/၅၅၆၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြီု့။ ပေးစာအမှတ်(၅/၂၀၀၈။ ၁၃၇၀- ခုနှစ်၊
ကဆုန်လပြည့်နေ့၊ ထုတ်ဝေသည့် စာစောင်ငယ်မှာ ကြည့်)

ထိုပုဂ္ဂိုလ်များသည် မိုးပြာဂိုဏ်း ၂၅-နှစ်ပြည့် ငွေရတုပူဇာ စာအုပ်ထဲမှ
မိုးပြာဂိုဏ်း၏ မြောက်မြားစွာသော ပုဂ္ဂိုလ် များထဲမှ ထုတ်နုတ် တင်ပြအပ်ပါသည်။

ထေရဝါဒ သာသနာတော်တွင် တည်ရှိကြကုန်သော ပိဋကတ်သုံးပုံတို့နှင့် ရှေးဆရာတော်ကြိးများ အဆက်ဆက် ပြုစုအပ်ကုန်သော ဂန္တဝင်ကျမ်းကြီးများ အားလုံးတို့ကို ပျက်ရယ်ပြုကာ ဖျက်စီးထားချက်တို့နှင့် စပ်လျင်း၍ တင်ပြချက်

ဗုဒ္ဓတရားစာအုပ်တွေကို ပြန်ဖတ်ပါတယ်။ ဟိုးအရင်က နည်းနည်းပါးပါး ဖတ်ဖူးတဲ့အတိုင်း အခုပြန်ဖတ်တော့လည်း
ကျွန်တော့် စိတ်ကို မဆွဲဆောင်နိုင်ပါဘူး။ သုတ္တန်တွေအားလုံးကို ဘုရားဟောတာ မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်။
ဒီဃနိကယ်မှာပါတဲ့ မဟာပရိနိဗ္ဗာန သုတ်မှာ ဘုရားရဲ့ ဓာတ်တော် မွေတော်တွေ အကြောင်းနဲ့ စေတီတည်တဲ့ အကြောင်းတွေ
ပါနေတယ်။ ဘုရားလွန်ပြီးမှ ဖြစ်တဲ့ အကြောင်းတွေကို ဘုရားက ဘယ်လိုဟောမှာလဲ။
နောက်ပြီးတော့ တန်ခိုးက္ကုဒ္ဓိပါဒ်တွေဟာ တရားတော်တွေအတွက် ဘေးရန်ဖြစ်တယ်လို့ သုတ္တန်တခုမှာပါပြီး
ဗုဒ္ဓကိုတိုင်က မိစ္ဆာဒိဌိတွေနဲ့ တန်ခိုးပြိုင်တာ၊ အံဖွယ်သရဲ တန်ခိုးက္ကုဒ္ဓိပါဒ်တွေ အကြီးအကျယ်ထုတ်ဖော်ပြသတဲ့
သုတ်တွေမှာလဲ ပါနေတယ်။
သေပြီးဖြစ်-မဖြစ် ငါမယူဘူးလို့ပြောခဲ့တဲ့ ဗုဒ္ဓကိုယ်တိုင်က ဘဝပေါင်းများစွာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရိစ္ဆာန်ဖြစ်လိုက်နဲ့။
ဘုရားဟာ အဲဒီလို ပါရမီဖြည့်ခဲ့တယ်ဆိုတာကို ဘယ်စာပေမှ မလေ့လာသေးတဲ့ ငယ်ငယ်ကတည်းက ကျွန်တော် မယုံကြည်ခဲ့ပါဘူး။
လူ့အစိတ်အပိုင်းတွေရဲ့ သဘာဝတွေဟာ တရားမဟုတ်ဘူး။ ရုပ်နာမ်ချုပ်တာကို နိဗ္ဗာန်လို့ ဘယ်တုံးကမှ ဗုဒ္ဓမဟောဘူး။
ဥပါဒါနက္ခန္ဓာချုပ်တာကို နိဗ္ဗာန်လို့ပဲ ပြောတာ။ ဘဝဆိုတာ လူမဟုတ်ဘူး။ ဒုက္ခဖြစ်တယ်။ အပြင်အပ ပယောဂ ဖြစ်တယ်….ဆိုတဲ့
တရားတွေကို နာကြားရတော့မှ ကျွန်တော်ဟာ အရိယသစ္စာဓမ္မကို စတင်သိမြင်ခွင့် ရခဲ့ပါတယ်။
(ဓမ္မဝိဟာရီ ငွေရတုပူဇာ စာအုပ်- နှာ ၇၃-၇၅)
ဖော်ပြပါစာတို့ကို ရေးသားဖြန့်ဝေသူသည် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ သာဝကကြီးဖြစ်သူ ကိုပေါက် (မန္တလေး)
ဖြစ်ပါသည်။
ယင်းပုဂ္ဂိုလ်က ရေးသားသည့် ဘဝမရှိတဲ့လူသား မှ ကူးယူဖော်ပြအပ်ပါသည်။

အထက်ပါစကားရပ်တွင် ထေရဝါဒ သာသနာအတွင်းရှိ ပိဋကတ်ကျမ်းစာတို့ကို လူတို့က အယုံကြည်မဲ့သွားအောင်
အမျိုးမျိုး ရေးပြထားပါသည်။ ထို့ပြင် ရှင်မိုးပြာ၏ တရားများကိုနာကြားရမှ အရိယသစ္စာတို့ကို သိမြင်သွားကြောင်း
ကိုလည်း ဝန်ခံထားပါသည်။
အထက်ပါစကားရပ် အားလုံသည် မြတ်စွာဘုရား ဟောပြအပ်သော ဒေသနာတို့ကို ဖျက်ဆီးထားချက်များသာ
ဖြစ်သောကြောင့် အဓမ္မဝါဒများဖြစ်ကြပါသည်။

ထေရဝါဒဗုဒ္ဓဘာသာ တို့သည် ကိုးကွယ်နေကြသည့် ဘုရားသည် ဘုရားမှား ဘုရားတု ဖြစ်နေသောကြောင့် ယင်းဘုရားကို ကိုးကွယ်နေကြသော ထေရဝါဒီတို့သည် တရားမရနိုင်သူများ ဖြစ်ကြသည် စသည်ဖြင့် ရေးသာဖြန့်ဝေထားချက်နှင့် ပတ်သက်၍ တင်ပြချက်
“တေ,ဇ,သု,နေ,မ,ဘူ,စံ,နာ,ဝိ,ဝေ” ဆိုတဲ့ ဇာတ်ကြီးတွေနဲ့ ဇာတ်တွေထဲမှာ ဘုရားလောင်းဇာတ်လိုက်တွေ သိကြပါတယ် ဘုရား။
အဲဒါတွေကို သူတို့ တကယ်သိနိုင်ကြပါ့မလား။
ကိုယ့်ရှေ့ လူကပြောတော့ သိရတာပေါ့ဘုရား။(ပ)
ကြားနာ ဖတ်ရှူသိမှ ဘုရားဟာ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ သိရင် ဘုရားတွေ
အဲဒီလောက်ဘဝတွေ ဖြစ်ရတယ်လို့ မသိပေဘူးလား။
ဘုရားက ရှေ့ ဘဝ နောက်ဘဝ ဖြစ်မဖြစ်အယူတွေကို သူမယူဘူးလို့ ပြောပါတယ်။
အဲသည်တော့ ဘုရားက သူမယူဘူးလို့ပြောတာကို ကြားနာ ဖတ်ရှူသိနဲ့ ဘုရားသိနေသူက
ယူနေတယ်ဆိုတော့ အဲသည်လိုယူနေတဲ့ ဘုရားဟာ ဘုရားမှား ဖြစ်နေပါတယ်။
တကယ့်ဘုရားက မှားတာလား။
သူတို့အသိထဲက ဘုရားမှားတာလားဆိုတော့ သူတို့အသိထဲက ဘုရားကမှားတာပါဘုရား။
အသိမှားခံရထားရတဲ့ ဘုရားက သပ္ပုရိသလား၊ အသပ္ပုရိသလား ဆိုတော့ အသပ္ပုရိသပေါ့။
အသပ္ပုရိသ ကို ဆည်းကပ်မိသူဟာ တရားမရနိုင်ပါဘူး။
တရားမရသူဟာ လူ့တန်ဖိုးမကျအောင် ဘာနဲ့မှ တားစရာ မရှိပါဘူး။
(ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ လမ်းညွန်စာအုပ်- နှာ- ၇၆-၇၇)

အထက်ပါ စကားရပ်တွင်
ထေရဝါဒဗုဒ္ဓဘာသာတို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားသည်
လေးသချေင်္နှင့် ကမ္ဘာတသိန်းကာလတိုင်အောင် ရှေးဘဝပေါင်း မြောက်မြားစွာ ရှိခဲ့သူဖြစ်၍ ဘုရားမှားဖြစ်သည်။
အသပ္ပုရိသဘုရား( ဘုရားယုတ်မာ) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချထားပါသည်။
ယင်းသို့ပါရမီ ဖြည့်ကျင့်ခဲ့သော ဘုရားကို ကိုးကွယ်လျှင် တရားမရနိုင်သူများသာ ဖြစ်၍
ယနေ့ ထေရဝါဒဗုဒ္ဓဘာသာဝင် အားလုံးသည် တရားမရနိုင်သူများချည်း ဖြစ်သည်ဟု စွပ်စွဲထားခြင်းပင်ဖြစ်ပါသည်။

ယင်းအဆို အားလုံးသည် အဓမ္မဝါဒသာ ဖြစ်ပါသည်။

အရဟံ ဂုဏ်တော်ကို ရွတ်ဆိုသူများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပြီ ဖြစ်ကြောင်း ရေးသားချက်များနှင့် ပတ်သက်၍ တင်ပြချက်
အရဟံ- ဆိုပါတော့။ အရဟ၊ အရ-ဟ၊ အ-ရဟ လို့ သုံးပုဒ်လုပ်ပြီး ပူဇော်ခံထိုက်သူ၊ ကိလေသာဝေးသူ၊
သံသရာ စက်အကန့်ကို ချိုးဖျက်သူ။ သည်သူဟာ ဘုရားပဲလို့ ပြောတာပေါ့။
အေး အဲဒီစာတွေက သိပ်မြင့်တယ်။
တို့လူတွေနဲ့ မတန်ဘူး။
မတန်မရာတွေကို တို့က ရွတ်ဆိုနေမိကြတာပဲ။
အကျိုးထက် အပြစ်များဖို့ ရှိတယ်။
သည်စာတွေဟာ စိတ္တဇ= အပြစ်ဖြစ်စေမယ်။
ဘုရားမို့ လူကို စိတ္တဇ မပေးနိုင်ဘူးလို့ မအောက်မေ့နဲ့။
ဖန်ဆင်းရှင် ဘုရားကို ကိုးကွယ်သူတွေက ဖန်ဆင်းရှင် ဘုရားကို စိတ်ထဲမှာ ထင်သလိုမျိုး ဖြစ်သွားတာပေါ့။
အဲဒီလို စိတ္တဇ ဖြစ်သွားတော့ အပြစ်ကြီးတယ်။။
ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးလို့ ဖြစ်တယ်။
သိပ်ကြီးကျယ်သွားလိမ့်မယ်။
ဒီအကြောင်း ဒီလောက်ပဲ ပြောကြရအောင်။
ဉာဏကထာ (ပထမတွဲ) စာအုပ် (နှာ-၁၂၀-၁၂၂)

အထက်ပါ စကားရပ်သည် အရဟံ ဟု ရွတ်ဆိုသူများသည် စိတ္တဇ ဖြစ်၍ ကိလေသာ ဖြစ်နေကြသောကြောင့်
ဗုဒ္ဓဘာသာဝင် အဖြစ်မှပင် ပျက်ရကြောင်း ရေးသား၍
ဘုရား၏ စာများကို ဖျက်စီးထားပါသည်။
အဓမ္မဝါဒ ဖြစ်တယ် ဆိုတာ တင်ပြအပ်ပါသည်။

ဂေါတမ ဗုဒ္ဓကို ဘုရားတုဟု ဆိုထားခြင်း၊ ကံ၏အဓိပ္ပါယ်ကို မှားယွင်းစွာ ဆိုခြင်း၊ ဘုရား တရား သံဃာ တို့ကို မှားယွင်းစွာ ပစ်ပယ်ခြင်း စသည်တို့နှင့် ပတ်သက်၍ တင်ပြချက်
နောက်ဘဝ ဖြစ်စေတာက ကံ။ ဒါမှမဟုတ် ကံသတ္တိပဲ။ ဒါတွေဟာ ပရမတ္ထတွေပဲ။
ဒါတွေ အရှိ အဖြစ်ကနေ လျှောကျရင် နောက်ဘဝကို ဘယ်သူပို့မလဲ။
နောက်ဘဝရောက်အောင် ဘယ်သူ သယ်ဆောင်မလဲ။
သည်လိုခက်သွားတာပေါ့။
နောင်ဘဝကူးလို့ မရတော့ဘူးဆိုရင် သည်တရားတွေက ဘာလုပ်ရမှာလဲ လို့။
အဲဒီတော့ တရားဟာ မရှိတော့ဘူးလားလို့လဲ စိတ်ကူးမိတယ်။
တရားမရှိရင် ဒီတရားတွေကို ဟောတဲ့ ဘုရားဆိုတာလည်း ရှိလို့ဖြစ်ပါ့မလားလို့ စိတ်ကူးရောက်သွားတယ်။
ဘုရားမရှိဘဲ ဒီသံဃာတွေမရှိဘူး။ သည်သံဃာတွေ ဆောင်နေတဲ့တရားတွေဟာ ဘုရားဟောခဲ့တာတွေပဲ။ သည်တော့ ဘုရားရှိတာတော့ အမှန်ပဲ။
ဘုရားရှိရင် တရားလဲ ရှိရမှာ အမှန်ပဲ။ အဲသည်တရားက ဘာလဲ။ နောင်ဘဝကူးစရာ မရှိတော့ဘူးဆိုရင် အဲဒီတရားဟာ ရှိဖို့လိုသေးလို့လား။
သည်ဘဝ မှာကော တရားက ရှိဖို့ လိုအပ်ပါ့မလား။ (ပ)
စစ်ကြည့်တော့ ကံကောင်းတာတွေက တရားဖြစ်ပြီး ကံဆိုးတွေဟာ မတရားတွေပဲ။ (ပ) ကံကောင်း ကံဆိုးဟာ လူမှာပဲ ဖြစ်တယ်။
ကံကောင်း ကံဆိုးရဲ့ အကျိုး နဲ့ အပစ်ကလဲ လူမှာပဲ ဖြစ်တယ်။
သည်တော့ ကံက လူကို မလွန်ဘူး။ အရင်က သိတဲ့ ဘုရားက အခုသိတဲ့ ဘုရားနဲ့ မတူတော့ဘူး ဖြစ်သွားတယ်။
အရင်က သိတဲ့ ဘုရားက ဘဝသချေင်္ကျင်လည်ရာတွေနဲ့ သေပြီး တရားရင်ရင် မဖြစ်မှာလို့ ဟောတဲ့ ဘုရား။
အခုသိတဲ့ ဘုရားကတော့ လူမှာ ဒုက္ခ၊ ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခငြိမ်းရာနဲ့ ဒုက္ခငြိမ်းကြောင်းတွေကို ဟောတဲ့ ဘုရား။ (ပ)
ဘုန်းကြီးဘဝ ဘုရားနှစ်ဆူရှိခဲ့တာ ဖြစ်သွားတာပေါ့။
ဒါပေမယ့် တပြိုင်နက်တော့ မဟုတ်ပါဘူး။ ဘုရားမှန်ကို သိတော့ အရင်ဘုရားဟာ ကွယ်သွားပါတယ်။
ဉာဏ ကထာ (ပထမတွဲ) စာအုပ်- (နှာ-၂၇၀-၂၇၇)

အထက်ပါ စကားရပ်တို့တွင် လေးသချေင်္နှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရသော ဂေါတမဗုဒ္ဓသည် ဘုရားအတု ဖြစ်သည်ဟု ဆိုထားပါသည်။
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ အတွက် ယင်းအဆိုထက် ပို၍ကြီးမားသော အစော်ကား ခံရမူမျိုး မရှိနိုင်ကောင်းပြီ။
ထို့ကြောင့် ဂေါတမဗုဒ္ဓဟောကြားထားသည့် တရားတို့ကိုပင် ယူ၍ ဂေါတမဗုဒ္ဓကို ပင် ဘုရားအတုဟု ဆိုထားသော ရှင်မိုးပြာ၏
အဆိုအားလုံးကို အဓမ္မ ဟု ဆုံးဖြတ်ပါသည်

ကံကိုပယ်ဖို့ဟောထားပြီး ငရဲ၊ ပြိတ္တာ၊ စသည့်သတ္တဝါမရှိ၊ (၃၁)ဘုံမရှိဟု ဆိုလိုထားသောစကား…(၁၂)
ကိုယ့်အပေါ်မှာ နတ်ကောင်ကြိးဖြစ်နေမလား။
ပြိတ္တာကောင်ဖြစ်နေမလား။
တစ္တေကောင်ဖြစ်နေမလား။
သရဲကောင် ဖြစ်နေမလား။
ဘီလူးကောင် ဖြစ်နေမလား ပေါ်ပြီပေါ့။ ပေါ်ပြီဆိုရင်လည်းပဲ
ဒီအကောင်ကတော့ ငါတော့ လာပြီးနှိပ်စက်နေပြီဟေ့ ဆိုပြီးသကာလ
ဒုက္ခကိုမြင်ပြီပေါ့။ အဲဒီလို မြင်ပြီဆိုမှတော့ ခင်ဗျားတို့ အရိယသစ္စာ ဆိုတာကို
မမြင်ချင်လို့ကို မရတော့ဘူး။
(ရှင်ဉာဏ၏ ဝိမုတ္တိဒေသနာ၊ စာ-၅၁-၅၂)

လွတ်လပ်တယ် ဆိုတာ ကိုယ့်အပေါ်မှာ အကောင်တစ်ကောင်ကောင် ရှိရင်
လွတ်လပ်ပါ့မလား။
(မလွတ်လပ်ပါဘုရား)
မလွတ်လပ်ပါဘူးနော်
ကိုယ့်အပေါ် ဘာကောင်မှ မရှိဘူးဆိုလို့ကတော့ ဒီလူ လွတ်လပ်ပြီပေါ့နော်။
လွတ်လပ်အောင်ကလည်း ကံ ရှိရင် အကောင်က မရှိဘဲ နေပါ့မလား
(ရှိမှာပါ ဘုရား)
ကံရှိရင် အကောင်ကတော့ ရှိမှာပဲ ဘာကောင်မှ မရှိချင်ဘူးဆိုရင်
ဘာကံမှ မလုပ်ဘဲ နေရမှာပဲ။
((ရှင်ဉာဏ၏ ဝိမုတ္တိဒေသနာ၊ စာ-၅၇-၅၈)

လူသည် ကံအထောက်ပံ့မပါဘဲ အမေ၊ အဖေကြောင့်သာ ဖြစ်သည်ဟုဆိုထားသောစကား…..(၁၁)
ကမ္ဘာ့လူသား သတ္တဝါများအားလုံး အနန္တတန်းခိုးရှင် ဘုရားသခင်က
ဖန်ဆင်းမူ့ကြောင့်ဖြစ်ပေါ်လာကြတာမဟုတ်။
ရှေးဘဝက ပြုခဲ့ဘူးသော ကံကြောင့်ဖြစ်ပေါ်လာကြတာလဲ မဟုတ်
အကြောင်းအထောက်ပံ့ မရှိဘဲ ဖြစ်ပေါ်လာကြတာလဲ မဟုတ်။
အမှန်စင်စစ်သော်ကား အမိအဘ နှစ်ပါးတို့မှ ပေါက်ဖွားဖြစ်ပေါ်လာကြတယ်ဆိုတာကိုကမ္ဘာ့လူသားတွေအားလုံး
ကိုယ်တိုင်သိမြင်နားလည်နိုင်လောက်ပြီ။
(ဓမ္မဝိဟာရီ ရှင်ဝိစိတ္တသာရာဘိဝံသ၏ အရိယသစ္စဓမ္မပေတံ၊ စာ-၂၂၀)

ဘုရားရှင်မှာ စိတ်ဆင်းရဲမူ ဒေါမနဿ ဝေဒနာရှိဟု ဆိုထားသောစကား……..(၁၀)

ဘုရားဟာ ရဟန်းတွေဆူဆူညံညံ အသံကြောင့် စိတ်ဆင်းရဲမူ
ခံစားရတာ တွေ့ရတယ်။
ဘုရားဟာ ဒုက္ခအဆုံးကို ရောက်ပြီးပေမယ့်
ခံစားမူ ဆင်းရဲတော့ သူများလိုပဲ ခံစားရတယ်။
ခံစားမူ ဆင်းရဲဟာ ဘုရားပယ်တဲ့ ဒုက္ခမဟုတ်ဘူး ဒါကြောင့် ခံစားစရာကို
သူများလိုပဲ
ဘုရားခံစားရတယ်။
(ရှင်ဉာဏ၏ ဘုရား၊ စာ-၁၀၀-၁၀၁)

ဘုရားရှင်၌ သဗ္ဗညုတဉာဏ်မရှိဟု ဆိုထားသောစကား……….(၉)
ဘုရားကို လူတွေက အားလုံးကို သိတဲ့သူ (သဗ္ဗညုတ)ဖြစ်တယ်လို့
ပြောနေကြပါတယ်။
အဲဒါမေးပါရစေ
လူတွေပြောတာ အမှန်လား။
အမှားလားလို့ဖြစ်တယ်။
ဘုရားက အမှားဖြစ်တယ်လို့ ဖြေတယ်။
(ရှင်ဉာဏ၏ ဘုရား၊ စာ- ၁၁၃)

မာနတ်ဆိုတာတကယ်မရှိ၊ ဘုရားမှာ ဖိုမဆက်ဆံလိုတဲ့ စိတ်တွေဖြစ်ဟုဆိုထားပြီး ဘုရားရှင်အားရင့်ရင့်သီသီး စော်ကားထားသောစကား….၈

“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ
ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော်
ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ
ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။
ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး
ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊
ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”
“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား”
“ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဉာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ဝိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”

(အရှင်ဉာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊ဩဂုတ်လထုတ်)

ဘာသတရားကို အပိုဟု စွပ်စွဲထားသောစကား…၇
လောက်ကြိးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။
ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊လျှာ၊ ကိုယ် ဆိုတဲ့အရာတွေနဲ့သာ
နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။
မြတ်စွာဘုရားက ဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊လျှာ၊ ကိုယ် ဆိုတဲ့အရာတွေကိုပဲ
ပြောခဲ့တာပါ။ ဟိုလိုလုပ် ဒီလိုလုပ် ဆိုတာတွေကို တားမြစ်ခဲ့တာပါ။

(ဓမ္မဝိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ-၃၊ ၁၉၉၀-ခုနှစ်)

သူရာမေရယ သိက္ခာပုဒ်အရ အရက်နှင့်မူးယစ်ဆေးများကို မမေ့တဲ့အထိ သုံးစွဲကောင်းဟု ဆိုသောစကား…..၆
သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှ ရှောင်မယ်ဆိုတာမျိုး
အဓိပ္ပါယ်ရှိတယ်။
ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပါယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ
အဓိပ္ပါယ်မရဘူး။
မေ့လျော့တဲ့ အထိ ဒါတွေမသောက်သုံးရဘူးလို့ အဓိပ္ပါယ်ရတယ်။
အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။
သူတို့ဟာ ဘာမှ မမှားဘူး။ အပြုမူလည်း မမှားဘူး။
အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။

(ဘုရား၊ စာ-၁၅၁၊ ၁၆၉-၁၇၀)


မခိုးရဟု ဆိုရာ တစ်ဦးတစ်ယောက်ပိုင်သာ မခိုးရဟု ဆို၍၊ နိုင်ငံတော်ပိုင်၊ အဖွဲ့အစည်းပိုင် ပစ္စည်းများ ခိုး၍ရသည်ဆိုသောစကား…..၅

နိုင်ငံပိုင် ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) မပျက်ဘူး။
မြို့ ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့ အစည်းပိုင်၊ သမဝါယမပိုင်
ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရ သိက္ခာပုဒ်) အရ
အခိုးမမြောက်ဘူး (ခိုးကောင်းတယ် ဟူလို)


ပါဏာတိပါတအရ မသတ်ရဆိုတာ လူသာပြောခြင်းဖြစ်၊ တိရိစ္ဆာန်တွေ သတ်လို့ရဟု ဆိုသောစကား…၄

လူသိများတာက ဘုရားဟာ သတ်မူက ရှောင်ရမယ် အသက်ကို အားလုံးရဲ့ အသက်အဖြစ်
ဟောတာလို့ သိနေကြတယ်။
ဒီလို သိမှားတာကတော့ ဟိန္ဒူနဲ့နွယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့ အသက်ပါပဲ။
သစ်ပင်လောက်ပဲကျန်ပါတယ်။
(ဘုရား၊ စာ-၁၃၁)

ဒါတွေကြောင့် ဘုရားရဲ့ မသတ်ရမယ့် အချက်ရဲ့ အနက်ဟာ လူ့အသက်ပဲ ဖြစ်တယ်
အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။
(ဘုရား၊ စာ-၁၃၅)

ရှေးဘဝနောက်ဘဝနှင့် (၃၁)ဘုံကို လက်မခံသောစကား-၃
ဗုဒ္ဓဘုရား ရဲ့ တရားဟာ ကြံဆချက် သက်သက်တွေမပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့
(အဲဒီ ဗုဒ္ဓဘုရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊
အထက်ဘဝက် အောက်အဝီစိတို့..မပါဘူး။
(ဓမ္မဝိဟာရီ ဗုဒ္ဓသာသနာနှင့်မြန်မာပြည်၊ စာ-၁၀၊၂၀၀၆)
0 comments share

ရှေးဘဝနောက်ဘဝ လက်ခံပါက အကျိုးမရှိဟု ဆိုသောစကား..၂
တို့..နောက်ဘဝသိသလား။(မသိဘူး) အေး…မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။
နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။
မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူး ဆိုရင်ဖြစ်ဖြစ်၊ သို့မဟုတ် မသိတာကို
မသိစာရင်းထဲ ထည့်ပေမယ့် ခေါင်းထောင်လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့ အမူတော်တွေကို ထမ်းထမ်း
ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ် ဆည်းကပ်
ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။

(ရှင်မိုးပြာ၏ ဘာသာတရားက ပေးသောဆုလာဘ်၊ စာ-၁၁-၁၃၊)

ရှေးဘဝနောက်ဘဝ လက်မခံသောစကား–၁

၁…..ကျုပ်တို့က သူတို့ကို အဓိက ဆိုဆုံးမတာမှာ..ဘယ်တရားမှ မရချင်နေ..ရ.ချင်ရ
ရှေ့ ဘဝ နောက်ဘဝတော့ မတွေ့ရဘူးနော်လို့ ဆိုတာလောက်ကတော့ ကျုပ်တို့ကို
ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ထင်တယ်။
အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။
ကျုပ်တို့ ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်းဖြစ်တယ်။
အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့. (ရှေးဘဝ နောက်ဘဝ မတွေ့ရဘူးလို့ ဆိုတဲ့)
ဟာကို ( လာလျှောက်တယ်။)
ရှေ့ဘဝ နောက်ဘဝကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ
ရှေးဘဝနောက်ဘဝကို လုံးဝမဟောကြားဘူး။
ရှေးဘဝ နောက်ဘဝ ကို ယူဆတဲ့သူ..ဆိုရင်ဖြင့်. မိစ္ဆာဒိဌိဆိုပြီးသကာလ… ကျုပ်တို့နဲ့ ပဋိပက္ခ
အနေအထားမှာ ရှိတယ်။
(ရှင်မိုးပြာ၏ ဘာသာတရားက ပေးသောဆုလာဘ်၊စာ ၂၊၁၉၉၆)

33 comments

  • ဆူး

    April 12, 2011 at 3:12 pm

    ဦးကြောင်ကြီး တောင့်တ လို့ ရေးပေးလိုက်ပါသည်။
    http: //dhammaanalysis.multiply.com/reviews?&page_start=0

    မှ မှီငြမ်း ကိုးကား အကုန် ကူးချ ပေးထားပါသည်။

  • nigimi77

    April 12, 2011 at 3:52 pm

    ကျေးဇူးတင်ပါတယ်။ သေသေချာချာ ဖတ်ကြည့်လိုက်ဦးမယ်။

  • ငှက်ကြီး

    April 12, 2011 at 3:56 pm

    ကျေးဇူးတင်လိုက်တာအန်တီဆူးရေ…
    ဒီလိုလူမျိုးတွေရှိမှန်းမထင်ခဲ့မိဘူး။ တော်တော်ယုတ်မာတဲ့ဒေဝဒတ်သားသမီးတွေ။
    ယုံမှားပြီးလိုက်သွားတဲ့သူတွေကလဲများသေး။ သာသနာတော်အတွက်စိုးရိမ်ရပါပကောလား။
    ”’ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့”’ အန်တီဆူးရေ။

  • ငှက်ကြီး

    April 12, 2011 at 4:16 pm

    အဒီထဲပါတဲ့ ကိုပေါက်(မန္တလေး) က .. မန္တလေးဂေဇက်က ကိုပေါက်လား။

    “”ဘဝမရှိတဲ့လူသား”” ကိုရေး တာ ကျွန်တော်တို့ကိုပေါက်ဖြစ်နေမလား။
    သိချင်လို့ပါ။

  • kopauk mandalay

    April 12, 2011 at 4:26 pm

    အဒီထဲပါတဲ့ ကိုပေါက်(မန္တလေး) က .. မန္တလေးဂေဇက်က ကိုပေါက်လား။

    “”ဘဝမရှိတဲ့လူသား”” ကိုရေး တာ ကျွန်တော်တို့ကိုပေါက်ဖြစ်နေမလား။
    သိချင်လို့ပါ။

    မောင်မောင်ငှက်ကလေးရေ မှားနေပါမယ်ကွယ်
    ကိုပေါက် မန်းလေး က လူမှု့ဆက်ဆံရေး အလုပ်အကိုင်နဲ့ ရသနွယ်တဲ့စာတွေကိုသာရေးပါတယ်ကွယ်။
    ဘာသာရေးနဲ့ပါတ်သက်တာကိုမရေးပါဘူးကွယ်။
    ဘာလိုလဲဆိုတော့ သူကိုယ်တိုင် ဂ ဃ နဏ မသိတဲ့အကြောင်းတွေကို သူမရေးလို့ပါကွယ်
    မောင်မောင်ငှက်ပြောတဲ့ စာအုပ်ရေးသူကို အခြားသောကိုပေါက်ပါကွယ်။
    အဲလောက် အထင်မကြီးလိုက်ပါနဲ့ကွယ်

    • ငှက်ကြီး

      April 12, 2011 at 4:58 pm

      ကျွန်တော်လဲ ကိုပေါက်ကိုမထင်မိပါဘူး။
      နာမည်ရော နေရာရောတူနေတာမို့မေးကြည့်တာပါ။
      ရေးတဲ့ပို့စ်တွေရော ကွန်မန့်တွေရော ဖက်ကြည့်ပြီးတော့ ကျွန်တော်တို့ကိုပေါက်က ဒီလိုစိတ်ဓါတ်မျိုးမရှိဘူးဆိုတာ သိနိုင်ပါတယ်နော်။

  • Oo Oo

    April 12, 2011 at 4:48 pm

    မကွယ်သေးတဲ့သာသနာ..ထေရဝါဒထွန်းကားနေတဲ့တိုင်းပြည်မှာ
    ထေရဝါဒကိုဖျက်လိုဖျက်စီးလုပ်လိုသူတွေလည်း..ရှိနေသေးတာကိုးး
    အသချေင်္ကမ ္ဘာနဲ့ချီပြီးပြန်ဆပ်ရမယ့်အပြစ်တွေကို..မကြောက်တတ်ကြတာ..အံ့ပါရဲ့

  • nigimi77

    April 12, 2011 at 4:48 pm

    အဲဒါတွေ အခုမှပဲ ဖတ်ဖူးတော့တယ်။ မှန်တာတွေရှိသလို မှားတာတွေလည်း တွေ ့ရတယ်။
    အတွေးအခေါ်ပိုင်း နဲ ့ သဘာဝကျမှု အပိုင်းကတော့ သဘောကျလောက်စရာ ဖြစ်ပေမဲ့ အားပေးထောက်ခံသူ
    တွေရှိလာတဲ့ အခါကျတော့ လူ ့သဘာဝအတိုင်း ကိုယ့်ကိုယ်ကို အရမ်းထင်မြင်စိတ် အားကြီးလာပြီး
    ဗုဒ္ဓဘုရား နဲ ့ တန်းတူယှဉ်ဖို ့ကြိုးစားလာတယ်လို ့ ထင်ပါတယ်။
    အဲဒီဂုဏ်းတွေရဲ ့ အယူအဆတွေက ကျုပ်ယုံကြည်ချက်နဲ ့တော့ ရာနှုံးပြည့် မကိုက်ညီဘူး။

  • kai

    April 12, 2011 at 4:53 pm

    မန္တလေးဂေဇက်ပါ, ပါနေတယ်..။.. 🙂

    ထားပါတော့…
    အဲဒီစာအုပ်စာရင်းထဲက.. စာအုပ်တွေက ဖတ်ချင်တဲ့စာအုပ်တွေချည်းပဲ..။
    ဘယ်မှာ Down လို့ရလည်း.. သိသူတင်လင့်ခ်ပေးပါဦး…။

  • ဆူး

    April 12, 2011 at 5:08 pm

    စိတ်ဝင်စားသူများ http ://dhammaanalysis.multiply.com/market/item/8
    လင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။
    ဗုဒ္ဓဂါယာ သမိုင်း အချို့ပါဝင်သည်။
    လင့်ကိုတော့ စပန်းထဲ မရောက်သွားအောင် စပေ့ခံပြီး လုပ်ထားတဲ့ အတွက်.. ကူးပြီး စပေ့နေရာ ဖျက်လိုက်မှ လိပ်စာ အမှန် ရပါမည်။

  • weiwei

    April 12, 2011 at 5:55 pm

    ဒီဂိုဏ်းအကြောင်း ဖတ်ဖူးတာတော့ ကြာပြီ … တရုတ်ပြည်မှာ မိုးပြာဂိုဏ်းရှိတယ် … ဗမာပြည်က မိုးပြာဂိုဏ်းနဲ့ ဘယ်သူက အရင်ပေါ်ပြီး ဘယ်သူက ဆရာလဲတော့ မသိဘူး …

  • parlayar46

    April 12, 2011 at 6:54 pm

    “ဆူး” ကို အထူးကျေးဇူးတင်ပါတယ်။

    ဗုဒ္ဓသာသနာဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမ လို့ဆိုလိုတာပါ။

    ဘုရားရှင်ရဲ့အဆုံးအမကို တည်အောင်ပြုသူဟာ သာသနာတည်အောင်ပြုသူ တနည်းအားဖြင့် သာသနာပြုသူဖြစ်ပါတယ်။

    ဘုရားရှင်ရဲ့အဆုံးအမကို ဖဲ့ထုတ်ခြင်း၊ ပေါင်းထည့်ခြင်း၊ တမျိုးတမြည်ပြုခြင်း၊ ဆန့်ကျင်ဖယ်ရှားခြင်း စသောနည်းတို့ဖြင့် မူရင်းအဆုံးအမမှ ပျက်ယွင်းစေတာကို သာသနာဖျက်တယ်လို့ခေါ်ရပါမယ်။

    သာသနာဖျက် အယူအဆများကို တတ်နိုင်သလောက်ဖေါ်ထုတ်ဖယ်ရှားတာဟာ ဘုရားသာသနာ ကိုကျေးဇူးများလှပါတယ်။

  • bigcat

    April 13, 2011 at 12:13 am

    ကျေးဇူးပါ အန်တီဆူး။ နှစ်ဖက်အမြင်ကို သိရရင် ပိုကောင်းမှာမို့ မိုးပြာဂိုဏ်းဖက်က သိသူများ ရှိရင်လည်း တုံ့ပြန်ချက်များ ဖတ်လိုပါသည်။
    ယခုပို့စ်ကို ဖတ်ပြီးအမြင်ကတော့ ကြိုက်တာလည်းရှိ၊ မကြိုက်တာလည်းရှိသည်။ (သဘောတူသည်၊ မတူသည်ဟု မဆိုလိုပါ)။ မိုးပြာဂိုဏ်း၏ ချဉ်းကပ်ပုံချဉ်းကပ်နည်း ဆန်းသစ်သောကြောင့်ကြိုက်သည်။ မကြိုက်ခြင်းကတော့ သီလ၊ သမာဓိ၊ ပညာသုံးပါးတွင်တွင် ပညာယိုင်လွန်းပြီး လူမှုအတွေးအခေါ် ဆန်သောကြောင့်ဖြစ်သည်။
    ဘာပဲဖြစ်ဖြစ် လေ့လာဆွေးနွေးသင့်သည် ထင်ပါသည်။ သဘောမတူတိုင်း အဓမ္မဝါဒီသတ်မှတ်ပြီး ဖမ်းဆီးထောင်ချသော အစဉ်အလာကြောင့် ၂၀၀ရခုနှစ် သံဃာအရေးအခင်းတွင် ဘုရားသားတော်များ ရက်ရက်စက်စက် နှိပ်ကွပ်ခံခဲ့ရသည်။ ဒါမျိုးကြတော့ အဓမ္မဝါဒီ ဟုတ်မဟုတ် ဆုံးဖြတ်ပေးသော သံဃာအဖွဲ့ကြီးလည်း ဘာလုပ်ပေးခဲ့လည်း မသိရ။ ရာပေါင်းများစွာသော သံဃာတော်များ ထောင်ထဲတွင်ရှိဆဲပါ။ နိုင်ရာဖိထောင်းတဲ့ ပုံစံမျိုးဆိုရင်တော့ ဘယ်သူမှန်လို့ ဘယ်သူမှားလည်း သိရန်ခက်ပါမည်။
    အမှန်တရားဆိုတာ တခုပဲရှိလို့၊ အားလုံးပဲမှားနေသလား၊ ဒါမှမဟုတ် အမှန်၊အမှား ရောနေကုန်ပြီးလား သိချင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဘုရားအဆုံးအမ အနှစ်သာရ သစ္စာလေးပါးတရားကို မိမိပါရမီအလျောက် လိုက်နာကျင့်ကြံသ၍ မဂ်တရား ဖိုလ်တရားတို့ တည်နေဆဲ၊ အရိယာသူတော်ကောင်းများ ရှိနေဆဲ၊ နိဗ္ဗာန်တံခါး ပွင့်နေဆဲဟု ယုံကြည်ပါသည်။

  • ogre

    April 13, 2011 at 2:09 am

    ဗုဒ္ဓဘာသာမှာတော့..ကိုးကွယ်စရာရတနာသုံးပါး
    ဘုရား…တရား….သံဃာ
    ပွားများအားထုတ်စရာ…
    ဒါန..သီလ..ဘာဝနာ
    လွတ်မြောက်ရာလမ်းအတွက်တည့်မတ်ပေးနိုင်မယ့်
    သီလ…သမာဓိ..ပညာ
    တွေကိုပဲသတိတရားနဲ့မပြတ်ပွားများနေပါမယ်ဗျာ……

  • winkyawaung

    April 13, 2011 at 3:03 am

    နှစ်သစ်ကူး သင်္ကြန်တွင်းမှာ သာသနာဖျက်များ အကြောင်းကို ဖတ်ရတာ အထူးကျေးဇူးတင်ပါတယ်ဗျာ..။ လက်ဆင့်ကမ်းဝေငှ လိုုက်ပါမည်..။

  • sniper2011

    April 13, 2011 at 4:27 am

    တော်တော်တန်ဖိုးရှိတဲ့postပါ။နှစ်သစ်ကူးမှာအတွေးထူးတွေပေါ်အောင်လုပ်နိုင်
    တယ်။သာသနာဖျက်တွေတော်တော်များမှန်းခုမှသိရတယ်။ဒီမိုကရေစီခေတ်မှာ
    လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အားကောင်းလာခဲ့ရင်ဘယ်လိုဖြစ်မှာလဲ။ကိုယ်
    ခံအားကောင်းနေဖို့လိုမယ်ထင်တယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 13, 2011 at 12:41 pm

    မန်းချင်လိုက်တာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 13, 2011 at 1:40 pm

    ဥုံဖွ
    ဂျပိ ဂျပန်
    ဂျပန် ဂျပိ
    ကြွိကြွမ်
    ကြွမ်ကြွိ

  • Ko Ko Aung

    April 13, 2011 at 3:22 pm

    ဝင်ပြောချင်လိုက်တာဗျာ။ ဆရာကြီးတွေချည်းပဲထင်လို့ sniper2011 ကိုပဲထောက်ခံလိုက်ပါရစေ။ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေအနေနဲ့ ကိုယ်နဲ့စပ်သမျှ တပြည့် သားသမီး ဆွေမျိုးသားချင်း တူသားနောင်မယ်တွေကအစ ဘာသာရေးအခြေခံကောင်းအောင် လုပ်ပေးထားကြဘို့လိုနေပါပြီ။ သာသနာဖျက်တွေ အုံနဲ့ကျင်းနဲ့ကို အားကောင်းနေပါပြီ။

  • nigimi77

    April 13, 2011 at 3:29 pm

    အင်း….သာသနာဖျက်တွေ……။

    ဒီနေ ့ တနေ ့တာကို Agora ဆိုတဲ့ ဇာတ်ကားကို ကြည့်ပြီး အချိန်ကုန်ရတာ အရသာ……

  • kopauk mandalay

    April 13, 2011 at 4:02 pm

    ရှေးနှစ်ပေါင်းများစွာကပေါ်ထွန်းလာခဲ့တဲ့ သာသနာတစ်ခုဖြစ်တဲ့အတွက်
    အဆင့်ဆင့်ကူးယူဖော်ပြတာ ပြောဆိုကြတာတွေ ခပ်တည်တည်နဲ့ မိမိအတွေးအခေါ်ကို ရောထည့်တာတွေကြောင့် တဖြည်းဖြည်းနည်းနည်းခြင်းတော့လွဲမယ်ဆိုရင် လွဲနိုင်ပါတယ်။
    ဒါပေမဲ့ အဓိကကျတဲ့အချက်အလက်များကတော့ ထူးထူးခြားခြားပြောင်းလွဲသွားစရာမရှိနိုင်ပါဘူး။
    အဓိကကျတဲ့အချက် လွဲရင်လဲ ဒီသာသာနာမဟုတ်လို့ပါဘဲ။

  • maungmoenyo

    April 14, 2011 at 1:02 am

    ဒိဌိ ဆိုတဲ့ အပြစ်က အသိအမြင်နဲပါးသူတွေ/ချို့တဲ့သူတွေအတွက်ဖြစ်ဘို့ အလားအလာများပါတယ်။ မူလထေရဝါဒ ဗုဒ္ဓ အယူကို နားလည်ဘို့ကခက်ခဲလွန်းလှတော့ ဖြတ်လမ်းနည်းလိုက်တဲ့ လိုတိုရှင်းဒါဒီတွေ ခေတ်စားလာပါတယ်။ မိုက်သမျှအမှောင်ထဲမှာ အမြင်မှားတာကကြောက်စရာအကောင်းဆုံးပါဘဲ။ ခေါင်းထဲစွဲမိရင်ပြန်ထုတ်ရခက်တယ်နော။

  • weiwei

    April 14, 2011 at 3:53 am

    အသိဉာဏ်ရှိပြီး ပညာတတ်သူတွေ မိုက်မိရင် ပိုဆိုးတယ် … အခု ဝါဒဂိုဏ်းတွေကို လေ့လာကြည့်ရင် အသိတွေလွန်ပြီး လွဲကုန်ကြတာပဲ …

    • bigcat

      April 14, 2011 at 4:12 am

      အန်တီဆူးပေးတဲ့ လင့်ခ်မှာ ဆူနာမီဆရာတော်ကို အုပ်ထားတာလည်းတွေ့တယ်။ သူ့ရိပ်သာစခန်းမှာ မိုးကုတ်ဆရာတော်ရဲ့ ပဋိစ္စသမုပ္ပစက်ဝန်း ပလပ်စစ်အကာကို ယောဂီတရားထိုင်တဲ့အခင်းလုပ်ထားလို့ ဓာတ်ပုံနဲ့သက်သေထူပြီး ပြောထားတာ။ ထုံးစံအတိုင်း အဓမ္မဝါဒီတပ်ပြီး မဟနကို တိုင်ပုံရတယ်။ တဖက်သားရဲ့စကားကို လိုရာဆွဲ ပြောတာတွေက ကိုယ်ဝေဖန်ချက်တွေကို တန်ဖိုးလျော့စေပါတယ်။ အန်တီဆူးဖြစ်ဖြစ်၊ အန်တီဝေဖြစ်ဖြစ် ရွာသားတယောက်ယောက်ဖြစ်ဖြစ် ဆူနာမီဆရာတော် နောက်ဆက်တွဲ သတင်းလေး သိရင်လုပ်ပါအုံး။ ချစ်ငယ် (ဒဿန)ကိုလည်း အဓမ္မဝါဒီတပ်တာတွေ့တယ်။ သူစာကိုတော မဖတ်ဖူးပါဘူး။ ပုံကြည့်ရတာ မတူတိုင်း အဓမ္မဝါဒီတပ်တော့မယ်နဲ့တူတယ်။
      မကြောက်ဖူးဗျို့၊ မြန်မာပြည်အပြင်ဖက်မှာနေပြီး ပြောနေတာမိုလို့ :p

  • kai

    April 14, 2011 at 8:44 am

    တကယ်တော့ ဒီပို့စ်ဟာ .. .မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အမည်တတ်ထားတဲ့ဝါဒကြီးတခုနဲ့မတူသူတွေကို စွတ်စွဲစော်ကားထားတာလို့မြင်မိပါတယ်..။
    ဗုဒ္ဓဘာသာ.. ဗုဒ္ဓဝါဒဟာ ..မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဝင်တွေရဲ့ မူပိုင်သီးသန့်ဝါဒမဟုတ်ရပါဘူး..။ .မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာကပဲ..ဘုရားဟောတွေ အတိအကျဆုတ်ကိုင်ထားလို့.. မှန်ကန်နေပါတယ်လို့လည်း.. ယူဆလို့မရပါဘူး..။
    ကမ္ဘာမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေ..ကိုးကွယ်ယုံကြည်သူတွေ.. သန်းရာပေါင်းများစွာရှိပါတယ်..။
    ၂၀၀ရ ဝိကီကစာရင်းမှာကို သန်း၆ရာကျော်(6,671,226,000) ရှိပါတယ်..။ မြန်မာပြည်ရဲ့ထေရဝါဒကိုးကွယ်သူက သန်း ၅ဝလောက်ပဲရှိပါတယ်..။

    ဗုဒ္ဓဘာသာမှာ အဓိက ဂိုဏ်းကွဲကြီး ၂ခုဖြစ်တဲ့.. မဟာယာနနဲ့..ဟိနယာနအောက်မှာတင်.. ..ဂိုဏ်းခွဲတွေမရေမတွက်နိုင်အောင်ကို ရှိပါတယ်…။
    အခုတေ့ာ .. ကွယ်လွန်သွားပြီးဖြစ်တဲ့..ဦးအေးမောင်လဲ စွတ်စွဲခံရ..။ တလောကလေးတင်ကွယ်လွန်သွားတဲ့.. ဆရာကြီးပါရဂူလဲစွတ်စွဲခံရ..။ ဓမ္မစေတီဆရာတော် ဦးကောသလ္လလဲစွတ်စွဲခံရ..။ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
    (ငါးဘွဲ့ရဓမ္မာစရိယ၊ ဝိသိဋ္ဌပါကဋ၊မဟာဂန္ထဝါစကပဏ္ဍိတ ကျောင်းအုပ်ဆရာတော်)လည်းစွတ်စွဲခံရနဲ့.. ကိုယ်နဲ့မတူ… အဓမ္မဝါဒီကောက်တတ်လေတော့ .. အင်း..

    ( ဘာသာ..ဝါဒ မတူတာအချင်းချင်းပုတ်ခတ်ယုံမက.. အစိုးရနဲ့ပေါင်းပြီး အာဏာစက်နဲ့.. လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ..နှိပ်ကွပ်ခဲ့တာမို ့.. ဒီပို့စ်ကို ဖျက်လိုက်ဖို့ စဉ်းစားတာအကြိမ်ကြိမ်ပါ..။
    တော်ကြာ မန္တလေးဂေဇက် မီဒီယာကိုပါ. ငါနဲ့မတူရန်သူစိတ်နဲ့…တိုက်ခိုက်လာဦးမှာ စိုးသမို့ .. သက်ပြင်းချရင်း.. ဒီအတိုင်းပဲထားလိုက်ပါမယ်..။ ယခုကဲ့သို့… ပြုပြူသမျှသော.. အကျိုးတရား..အကြောင်းတရားတို့.. မြန်မာ့သာသနာသမိုင်းတွင်.. မော်ကွန်းကျန်ရစ်ပါစေသတည်း…)

  • weiwei

    April 14, 2011 at 10:36 am

    ဒီတစ်ခါ သူကြီးပြောတာကို ကျွန်မလဲ ထောက်ခံချင်ပါတယ် … ဝါဒမတူတိုင်း အဓမ္မလို့ပြောတာကိုတော့ ကျွန်မလဲ မကြိုက်ပါဘူး …

  • maungmoenyo

    April 15, 2011 at 1:25 am

    ဗုဒ္ဓမိန့်ခဲ့တာရှိပါတယ်…”ဧဟိပဿိကော၊ဩပါနေရိကော” တဲ့။ ငါပြောတိုင်းမယုံ၊ ကိုယ်တိုင်ကြည့်လှည့်ကျင့်ကြံလှည့်လော့ တဲ့။ အရိယာလမ်းကိုလိုက်ရင်း ကိုယ်ထင်တဲ့ဘက်လမ်းခွဲကြပြီးကိုယ်လုပ်တာဟုတ်နိုးနိုးသမားတွေရှိသလို၊ တကယ်ဘဲ အရိယာဆိုက်သွားကြသူတွေလဲရှိကြပါတယ်။ ဓမ္မ နဲ့ အဓမ္မ ..ကိုယ်ဘယ်မှာလဲ….ကိုယ့်ကိုယ်ကိုအသိကြဆုံးပါ။ သေချာတာတခုတော့ရှိပါတယ်။ ဖြတ်လမ်းလိုက်လို့ရတဲ့ကျင့်စဉ်မဟုတ်ပါဘူး။ ကိုယ်လုပ်မှကိုယ်ရတာပါ။ ပါဋကတ်မှာ လဲရှိပြီး အဘိဓမ္မာမှာလည်းသက်သေထူထားပါတယ်။ ဘယ်သူစုံးပြူးလဲ ဇာတ်ကတဲ့သူကမသိပေမဲ့/မသိချင်ယောင်ဆောင်ပေမဲ့ ပွဲကြည့်ရိသတ်ကကောင်းကောင်းကြီးသိပါတယ်…။

  • nature

    April 18, 2011 at 3:35 pm

    ကျေးဇူးတင်ပါတယ်ဆူးရေ၊ သူကြီးကိုလည်း post မဖျက်တဲ့အတွက်ကျေးဇူးတင်ပါတယ်၊ တော်တော်များများ comment ,like,dislike ပေးကြစိတ်ဝင်စားတာတွေ့ရပါတယ်၊ ရေးသားသူအများစုရဲ့ ဗုဒ္ဓဘာသာအတိမ်အနက်ကို သိရှိရလို့အားရမိပါတယ်။ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ထွမ်းစေသော်။

  • bigchef

    June 6, 2011 at 1:51 am

    ဘာသာ အ သစ် ထွင် ချင် ရင် လည်း ကိုယ့်ပုံ စံ နဲ. ကို အသစ် ထွင် ပေါ့ ။ဘာ လို. ဗုဒ္ဓဘာသာ ကို စော် ကား နေ ကြ လဲ မ သိ ဘူး..ပြည် သူ ပိုင် စ္စည်းတွေကို ခိုးတာဟာလည်း
    အခိုး မ မြောက် ဘူး လို . ပြော တာ နဲ . တင် အဲ ဒီ ဘာ သာ ကို လက် ဖျား ခါ တယ်

Leave a Reply