အများပြည်သူနှင့်ထိတွေ့မှုများသောနေရာများ ယခင်ကထက်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လာ

klnApril 29, 20101min711

သင်္ကြန်အကြတ်နေ့ကကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင်ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး အများပြည်သူများနှင့်ထိတွေ့မှုများသော နေရာများတွင် လုံခြုံရေးသတိ၊ လုံခြုံရေးအသိများရှိရန် ပိုမိုဆောင်ရွက် လာကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်ထားရှိရာ၌ ရှော့ပင်းစင်တာများ၊ ကစားကွင်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် တိုးမြှင့်ဆောင်ရွက်ထားရှိပြီး မသင်္ကာမှုများတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားရန်ညွှန်ကြားချက်များထုတ်ပြန်ထားရှိကြောင်းသိရသည်။ ရန်ကုန်မြို့တွင်းအနေဖြင့် ၂၀၀၅ မေရရက်တွင်ဖြစ်ပွားခဲ့သော ကုန်သွယ်မှုဗဟိုဌာန၊ ရန်ကင်းစင်တာနှင့် Junction 8တို့၌ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းလုံခြုံရေးအနေအထားအထူးတိုးမြှင့်ဆောင်ရွက်ခဲ့သည့်တိုင် ယခုဖြစ်စဉ်အားနည်းမှုများရှိနေသေးကြောင်းသိရသည်။ “အခုချိန်ထိတော့ ဘာမှလုပ်တာမရှိဘူး။ အခုမှတင်းတင်းကျပ်ကျပ်လုပ်တာမရှိသလို အရင်ကတည်းကကွင်းထဲမှာလုံခြုံရေးက စနစ်တကျလုပ်ထားတာမရှိသေးဘူး” ဟုမြန်မာနေရှင်နယ်လိဂ်ပြန်ကြားရေးအရာရှိဦးစိုးမိုးကဆိုသည်။ သို့သော်လည်း လူအများသေကျေပျက်စီးထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့ရှိလူစည်ကားရာ အထင်ကရစူပါမားကက်ကြီးများနှင့်ရုပ်ရှင်ရုံများတွင် လုံခြုံရေးအထူးတင်းကျပ်ပေးရန် ပြည်သူများကလိုလားလျက်ရှိကြောင်း ရန်ကုန်မြို့နေပြည်သူများကဆိုသည်။ မည်သို့ပင်ဆိုစေကာမှု သင်္ကြန်တွင်းကာလ၌ဖြစ်ပျက်ခဲ့သော ဗုံးပေါက်ကွဲမှုမှာ အတော့်ကိုဆိုးရွားသောဖြစ်ရပ်တစ်ရပ်ဖြစ်ခဲ့၍ အများပြည်သူများအထိတ်တလန့်ဖြစ်နေကြပြီး လူစည်ကားသောနေရာများသို့ သွားလာရန် ကြောက်ရွံ့မှုများဖြစ်ပေါ်လျက်ရှိပါသည်။ khitlunge.org.mm

One comment

  • desire !

    May 2, 2010 at 7:23 am

    တခြား supermarket တွေမှာ လုံခြုံရေးတွေရှိပေမဲ့
    ယုဇနပလာဇာ နဲ့ မင်္ဂလာဈေး လို လူများတဲ့နေရာမှာ bomb search and scanner တွေထားပေးဖို့လိုပါတယ်
    ပြည်သူအတွက်ကြည့်မယ်ဆိုရင် မယောင်ရာ ဆီသွားမလူးဘဲနဲ့ လိုအပ်တဲ့နေရာမှာ ပိုက်ဆံလေးနည်းနည်းလောက် ချသုံးပေးကျပါ ခင်ဗျာ ။

Leave a Reply