ဒီဇာတ်လမ်းလေးကို သင်္ကြန်မတိုင်ခင်က ရေးထားတာပါ….. ကွန်နက်ရှင်တွေ မကောင်းလို့ မတင်လိုက်ရဘူး… အခုမှ တင်ဖြစ်တာပါ….. ဘာပဲဖြစ်ဖြစ် အားပေးတာကို ကျေးဇူးတင်ပါတယ်။

အင်း…. သင်္ကြန်နားနီးပြီဆိုတော့ ကိုသားစိုးက အမွှေ သံသရာ တစ်စခန်း ထလာပြန်ပြီ။ မန္တလေးမှာ တချို့နေရာတွေ မဏ္ဍပ်တွေတောင် ဆောက်ကုန်ကြပြီ…. ငါကကော….။
တို့နှစ်ယောက် သူငယ်ချင်းဘ၀ကနေ စခဲ့ကြတာပါ… ရင်မှာကိုယ်စီရှိတဲ့ သံယောဇဉ်ကို စိုင်းစိုင်းခမ်းလှိုင်မွေးနေ့ မရောက်ခင်တစ်ရက်မှာပဲ အပြင်းဆုံး မီးရှို့ ရင်ခုန်သံကို တံခါးဖွင့်ခဲ့ကြတယ်…..။
စိုင်းစိုင်းက သူ့မွေးနေ့မှာ ဘုရားသွားခဲ့တယ်… ကျွန်တော်လည်း သူ့မွေးနေ့မတိုင်ခင်မှာ ဘုရားသွားခဲ့တယ်… အိုး.. အရူးအမူးပဲ… ရူးရုံတင် မကပါဘူး… နတ်တွေတောင် ၀င်ပူးနေခဲ့တာ… မေ့မရနိုင်တဲ့ နေ့လေးပါချစ်သူ….. ရင်ထဲမှာအမြဲရှိနေမယ့်နေ့လေးပေါ့….
အလုပ်က မဏ္ဍပ်ထိုးမယ်ဆိုပြီး နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သင်္ကြန်ရက်လေးကို ချစ်သူနှစ်ယောက်ပုံဖေါ်…. အပျော်တွေ လွန်ကြူးခဲ့…. မူးချင်ရောင်ဆောင်ပြီး ထမင်းခွံ့ကျွေးခိုင်းခဲ့တာလေးကလည်း.. တို့နှစ်ယောက်ရင်ထဲမှာ အမြဲရှိမယ့် အမှတ်တရလေးတွေပေါ့……
ရေတွေစိုရွှဲနေတဲ့ မင်းကိုယ်လေးကို ဖက်ထားရတာ…. ကိုယ့်အတွက်တော့ ယစ်မူးခြင်း… မိန်းမောခြင်း…. ပျော်ရွှင်ခြင်း… တို့နှစ်ယောက် လုံးလက်တွေ တင်းရင်းနေတယ်….။
ဂစ်တာတီးပြီး သီချင်းတွေဆို… ငယ်ဆူးနဲ့ ချောစုခင် သီချင်းလေးက တို့နှစ်ယောက်အတွက် သီချင်းလေးပေါ့…. အိမ်ပြန်ချိန်ဆိုတာက… တို့နှစ်ယောက်ဘ၀မှာ ဝေးနေရမယ့် တစ်ညတာ… ဒါပေမယ့် ရင်မှာ အလွမ်းမီးတွေက ကုဋေကုဋာနဲ့ပေါ့……
အကြို၊ အကျ၊ အကြတ်၊ အတက်… ချစ်သူကို ပွေ့ဖက်… ဂစ်တာကိုတီးခတ်…. ဂရင်းလေးက တစ်ပက် နှစ်ပက်…. သင်္ကြန်ရေလေး ပက်လိုက်နဲ့…. ချစ်သူနှစ်ဦးရဲ့ သင်္ကြန်… ရေတွေရွှဲစိုပြီး အေးချမ်းလို့………
နှစ်ဆန်းတစ်ရက်နေ့ပေါ့….. သန်လျင်ရေလယ်ဘုရားကို အတူသွား…. သစ္စာစကားတွေ ထားခဲ့ကြသေးတယ်….

ချစ်ရေ…. အဲဒီနေ့တွေကို မောင် အခုထိ မှတ်မိနေသေးတယ်…. ဒီလိုပဲ ချစ်လည်း မှတ်မိနေမှာပဲနော်…. သင်္ကြန်ရောက်တော့မယ် ဆိုတဲ့အသိက မောင်တို့ နှစ်ယောက်လုံးအတွက်…. အိပ်မက်အသစ်.. အသစ်တွေကို ဖန်တီးပေးနေသလိုပဲနော်…..

မနှစ်ကတော့…. သင်္ကြန်မှာ ချစ်သူလေးကို ပိုပြီးဂရုစိုက်လိုက်ရတယ်…. သူ့ကို ရေမပက်ကြလို့ စိတ်စိုးနေတဲ့ ပုံလေးကို မောင်မမေ့ ဘူး။ ဘယ်ပက်ကြပါ့မလဲ….. ချစ်က ဗိုက်ကလေးနဲ့ကို…..
အဲဒီနှစ်ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံကို သွားခဲ့သေးတယ်…. မွေးလာမယ့် မောင်တို့ရဲ့ ရင်သွေးလေးအတွက် ဆုတွေတောင်း ခဲ့ကြသေးတယ်…..။
ချစ်ရေ…. ဒီနှစ်တော့ မောင်တို့သားလေးနဲ့ မောင်တို့အတွက် သင်္ကြန်ဆိုတာကြီးရောက်လာတော့မယ်…. မောင်တို့အတွက် ၂၆ ခါကြုံဖူးပေမယ့် မောင်တို့သားလေးက အခုမှ ပထမကြုံရမှာလေ….. မောင်တို့သားလေး ပျော်နေမှာပါ…..

အခုတောင် သားစိုးသီချင်းကြားတာနဲ့ က သလိုလို လှုပ်လှုပ်.. လှုပ်လှုပ်နဲ့ဖြစ်နေတာကို……

ကဲ ကိုသားစိုးလည်း ထပ်မွှေ….. မြို့မလည်းတေးသံဝေ…. သင်္ကြန်ရေတွေ အေးပါစေ….. ပိတောက်တွေလည်းမွှေးပါစေ…

About chitkay

myosithu minn has written 26 post in this Website..