မင်န်ဘာ ဖိုးတွမ်တီးကတော့ https://www.ztunnel.com ကနေတဆင်.၀င်ပါ လို့မက်ဆေ့ခ်ျပေးထားပတယ်။ အီးတုံးကတော့ Google Chrome Browser ကနေ https:// နဲ့ တိုက်ရိုက်ဝင်ပြီး မဲပေးလို့ရပါပြီ တဲ့။ ရွာသားအပေါင်းတို့ခင်ဗျား..
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိနှစ်သက်ရာ စွမ်းဆောင်ရှင်တဦးဦးကို Citizenofburma.org မှာဆန္ဒပြု ရွေးချယ်ကြဖို့ ဆော်ဩပါတယ်။ လူတဦးလျင် မဲတမဲသာပေးရန်ဖြစ်ပြီး မေလ(၁၄)ရက်နေ့ဟာ မဲပေးလို့ရတဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ပထမဆုရရင် ငွေသား အမေရိကန်ဒေါ်လာ တသောင်းရမယ်ဖြစ်ပြီး ကျန်ဆန်ကာတင် လေးဦးဟာလည်း ဒေါ်လာထောင်ဂဏန်းတော့ ရမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ရင် မိမိသာမက နီးစပ်ရာများကိုလည်း အသိပေးနှိုးဆော်ကြပါလို့ မြန်မာတဦးအနေနဲ့ အလေးအနက် ပန်ကြားလိုက်ပါတယ်…
သဂျီးခင်ဗျား… အခုပို့စ်ကို မေလ(၁၄) ရက် မဲပေးနိုင်တဲ့ နောက်ဆုံးရက်အထိ sticky ပို့စ်အဖြစ် တင်ထားပေးရန် ပန်ကြားပါသည်။……

ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ခုနှစ်

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦး
ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ကိုဇာဂနာ
မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ
အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး