ခုတစ်လော မျက်စိထဲမှာ အတော်လေး ကိုးလိုးကန့်လန့် ဖြစ်နေတဲ့ Post တွေ မကြာခဏ တက်တက်လာတာတွေ့နေရတယ်.. ကိုယ့်စိတ်ထဲရှိတာကို လွတ်လပ်စွာ ဖော်ထုတ်တာတော့ ကြိုက်ပါရဲ့.. ခုတော့ အဲလိုမဟုတ်ပါဘဲ ဒီဆိုက်လေးက လူဖတ်များတယ်ဟ၊ ဖွလိုက်ဦးမဟလို့ ရေးသားနေတဲ့သူတစ်ယောက်ကို By name မပြောလိုဘူး၊ ဘာလို့လဲဆိုတော့ အကြောင်းအရာတူ၊ အမျိုးအစားတူနေတာကို သတင်းဖြစ်စဉ်အနေနဲ့ တင်နေတာ သတင်းမဟုတ်ဘဲ အတင်းဖြစ်ဖြစ်လာတယ်။

ဒီဆိုက်ထဲမှာ ကျွန်တော်သတိထားမိသလောက်ဆို အလွှာပေါင်းစုံက လူတွေရှိတယ်၊ မျိုးချစ်မြန်မာတွေလဲရှိတယ်၊ ဆရာဝန်တွေလဲရှိတယ်၊ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ ဘုန်းကြီးတွေ၊ အလုပ်သမားတွေ.. အို တော်တော်လေးကို စုံလင်ပါပေတယ်။ ဒါပေမယ့် မှန်တာကိုပြောဖို့၊ ပြောသင့်ပြောထိုက်တာတွေကို ပြောဖို့ လူတွေက တွန့်ဆုတ်နေသလိုလိုပါပဲ။ ကျွန်တော်ဆိုလိုချင်တာက မြန်မာလူမျိုးစစ်စစ်တွေကိုသာ ဆိုလိုရင်းဖြစ်ပါတယ်၊ ဘယ်နိုင်ငံမှာပဲနေနေ၊ ဘာတွေကိုပဲလုပ်လုပ်၊ မြန်မာမိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ဘယ်သူမဆို မြန်မာပါပဲ။

သတိထားမိကြမလား၊ မသိချင်ယောင်ဆောင်နေတာပဲလားတော့ မသိဘူး၊ အစိုးရ မကောင်းကြောင်းရေးချင်သလိုလိုနဲ့ ဘာသာရေးအကြောင်း ဝင်ရောက်ရေးသားနေတာ၊ သူတို့လူမျိုးတွေ လုပ်ချင်ရာ လုပ်ခွင့်မရတော့လို့ အသံကျယ်လောင် ကျယ်လောင်နဲ့ အုပ်စုဖွဲ့ ဝိုင်းဝန်းရေးသားနေကြတာ ကျုပ်အမြင်မှာတော့ ဘယ်လိုမှ အဆင်မပြေဘူးဗျာ.. ဒါကြောင့် ဟောဒီလိုလေးတောင် ဝင်မန့်လိုက်သေးတယ်

“ဒီအမိန့်စာကတော့ ဖြစ်သင့်တယ်ထင်တယ်.. လူမျိုရင် လူမျိုးပါပြုတ်မယ်၊ လူမျိုးမပြုတ်ခင် ယဉ်ကျေးမှုအရင် ပြုတ်မယ်၊ ပြီးရင်တော့ ဘာသာရေးအရ ဝါးမျိုခြင်းပါ အရှင်လတ်လတ်ခံရပါမယ်။ စစ်တိုက်ပြီး နိုင်ငံကိုသိမ်းလိုက်တာ လူမျိုးမပြုတ်နိုင်ပါဘူး၊ လူအချင်းချင်း သွေးရောနှောစေပြီး မျိုးနွယ်ပါ အစဖျောက်ပြစ်လိုက်ကြတာ ဘာတွေလဲဆိုတာ ကိုယ့်နိုင်ငံသမိုင်းကို ပြန်လေ့လာကြည့်ကြစေလိုပါတယ်..

မြန်မာလူမျိုးတွေဟာ တစ်ချိန်တစ်ခါက မြို့အသီးသီးက အစည်ကားဆုံးနဲ့ အကောင်းဆုံးဆိုတဲ့နေရာတွေမှာ နေထိုင်၊ပိုင်ဆိုင်ခဲ့ကြဖူးပါတယ်။ ခုချိန်မှာ အဲဒီနေရာတွေမှာ ဘယ်သူတွေရောက်နေလဲ? ဝံသာနုစိတ်ဓါတ်လေး မွေးကြပါ။ မြန်မာလူမျိုးတွေက အားနာတတ်တော့ အဲဒါကကိုပဲ သူများနောက် ကျန်နေခဲ့ကြတယ်လို့မြင်ပါတယ်။

ဒီမှာ လူနဲ့ လူချင်း တူတူပဲလို့ အော်နေတဲ့သူတွေကို သူများနိုင်ငံ၊ သူများအရပ်မှာ သွားရောက်နေထိုင်ကြည့်စေလိုတယ်။ ကိုယ့်လူမျိုးတွေကို ဘယ်လောက်တောင် နှိမ့်ချဆက်ဆံနေကြတယ်ဆိုတာ သိစေလိုတယ်။ ဒါတွေကို ကိုယ်တိုင်သိရှိ၊ နားလည်မှ ဒီအကြောင်းကို ဝေဖန်စေလိုတယ်။ မြန်မာစာရေးတတ်တာနဲ့၊ မြန်မာလို ပြောတတ်တာနဲ့ မြန်မာပြည်မှာနေမယ်၊ မြန်မာလူမျိုးပါလို့ ဝင်ပြီးတော့ နာပြနေတဲ့သူတွေ၊ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော်ကတော့ မြန်မာလို့ မသတ်မှတ်ဘူးဗျာ။

အားအားရှိ ဒီအကြောင်းကိုပဲ မပြီးနိုင်၊ မစီးနိုင်ရေးတင်၊ နောက်လိုက် နောက်ပါအပေါင်းအသင်းတွေ စုံညီစွာနဲ့ လိုက်ဖွနေကြတာ။ ဘာသာရေးအကြောင်းကို ရှေ့တန်းတင်ချင်နေတာကို အစိုးရအကြောင်း မကောင်းရေးသလိုလိုနဲ့။

ပြော… မပြောချင်တော့ဘူး”

ကျုပ်မန့်တာကို မဖျက်ခင်မှာ ကိုယ့်ဖာသာ ကိုယ်ရေးလိုက်တယ်။

ကိုင်း…. ဘယ်လိုလုပ်ကြမတုန်း???
ကျုပ်ကတော့ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပဲ၊ အမြင်မတော်တာတွေ့ဝင် ဝင်ပြီးပွကြီးလုပ်မှာပဲဗျို့

About စဆရ ႀကီး

စဆရ ႀကီး has written 160 post in this Website..