The Voice ဂျာနယ်မှာ စကာင်္ပူသွားဆောင်းပါးတခု လစဉ်ဖေါ်ပြပေးနေတာတွေ့ရပါတယ် ..။ ဖတ်တဲ့သူတွေ အတော်လေးဗဟုသုတရစေပါတယ်။
ကျနော်ရက်တိုသွားခဲ့တုန်းက သဘောကျမိတာလေး
တွေရှိခဲ့ပါတယ် ..။ ပထမဆုံးတခုက … အထပ် ၂၀
၂၅ ထပ်ရှိတဲ့တိုက် ၄ ..၅ လုံးလောက်စုထားရင် ကစားကွင်းတခုမဖြစ်မနေပါရတာရယ် … ကား ရပ်နားဖို့ ၈ ထပ် တိုက်တခု မဖြစ်မနေပါရပါတယ် ..။
ကြိုတင်ချမှတ်နိုင်စွမ်းရှိတဲ့ plan ကောင်းတခုပါ။
ပြီးတော့ အဲဒီ မှာနေသူတွေအားလုံးဟာ ကိုယ့်အခန်း
ကနေထွက်ရင် မိုးရွာနေရင် ထီးသု့းဖို့မလိုအောင် လုပ်
ထားပေးပါတယ် ..။ ဘတ်စ်ကားမှတ်တိုင်ထိ ပေါင်းကူးလျှောက်လမ်းတွေလုပ်ပေးထားလို့ပါဘဲ ..။
အဲဒါမျိုးက တနိုင်ငံလုံးလိုလိုမှာလုပ်ပေးထားတာတွေ့ရပါတယ် ..။ ကိုယ့်အခန်းနဲ့ ကားမှတ်တိုင်က အတော်လေးဝေး
နေသေးရင် ကြားမှာ နားနေဆောင်လေးတွေတောင်
ဆောက်ထားပေးပါသေးတယ် ..။

ပြီးတော့တနိုင်ငံလုံးလိုလို မျက်ခင်းကိုလှလှပပ ထိမ်း
သိမ်းထားတာတွေ့ရပါတယ် ..။ စုတ်ပြတ်သတ်နေတဲ့
မျက်ခင်းမျိုး .. ပျက်စီးယိုယွင်းနေတဲ့ မြေအနေအထားမျိုးတွေ့ရခဲပါတယ် ..။ လမ်းလျှောက်ထွက်ရင်လဲ စိတ်အေးလက်အေးထွက်နိုင်ပါတယ် .. ဆိုလိုတာက
ခလုတ်တိုက်မှာစိုးလို့ အောက်ငုံ့ကြည့်စရာမလိုဘူးပေါ့ … ဒါတွေကတော့
အချို့အချို့သာအချက်တွေပေါ့ဗျာ …။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.