မိတ္တကဏ္ဏ….အပိုင်း(၂)

မိတ္တကဏ္ဏ

(၄)ကောင်းမကောင်းပကျွန်သူခ၊ခိုင်းမှသိမည်တည်း

ဆွေမျိုးသိရာဘေးရောက်ခါ၊မိတ်မှာဥစ္စာနည်း

မယားကိုတုံစည်းစိမ်ကုန်၊သိပုံနှစ်မျိုးနည်း။

အဓိပ္ပာယ်။။။ကျွန်အားခိုင်းမှသာလျှင်ကောင်းမကောင်းသိရာ၏ ၊ ဆွေမျိုးကိုလည်းဘေးရောက်သောအခါမှကောင်းမေကောင်းသိရာ၏

အဆွေခင်ပွန်းကိုလည်းဥစ္စာနည်းသောအခါတို့၌ကောင်းမကောင်းသိရာ၏ ၊ မယားကိုလည်းစည်းစိမ်ကုန်မှကောင်းမကောင်းသိရာ၏ ။

(၅)စီးပွားယှဉ်တတ်ဆွေမျိုးမှတ်၊ကျွေးလတ်မိဘခေါ်

ချစ်ကျွမ်းဝင်မူယင်းထိုသူ၊မှတ်ယအဆွေတော်

နှလုံးငြိမ်းစေယင်းသူပေ၊ခေါ်လေမယားနော်။

အဓိပ္ပာယ်။။။အစီးအပွားကို၌ယှဉ်စေတတ်သောသူသည်ဆွေမျိုးမည်၏ ၊ ကျွေးမွေးသောသူသည်မိဘမည်၏ ၊ ချစ်ကျွမ်းဝင်သူသည်

မိတ်ဆွေမည်၏ ၊ နှလုံးငြိမ်းစေတတ်သောသူသည်မယားမည်၏။

(၆)ရန်သူမိတ်ဆွေဤနှစ်ထွေ၊ကျွမ်းခြေမဝင်ရာ

တခါတရံမိတ်ဆွေမှန်၊ဖောက်ပြန်မျက်ထွက်ခါ

ခပ်သိမ်းအမှားအပြစ်များ၊ထင်ရှားပြတတ်လာ။

အဓိပ္ပာယ်။။။ရန်သူနှင်လည်းအကျွမ်းမဝင်ရာ ၊မိတ်ဆွေနှင်လည်းအကျွမ်းမဝင်ရာ ၊တရံတခါမိတ်ဆွေသည်အမျက်ထွက်လတ်သော်

ခပ်သိမ်းသောအပြစ်ကိုထင်ရှားပြတတ်သည်။

(၇)မိတ်ဆွေနှင့်ပတစ်ကြိမ်မျှ၊ဒေါသထွက်ဖူးသူ

ယင်သူအမှန်စေ့စပ်ရန်၊ဧကန်လိုရှိမူ

အသတိုရ်လှဖွားမြင်းမ၊သေရပမာတူ။

အဓိပ္ပာယ်။။။အကြင်သူသည်အဆွေခင်ပွန်းနှင့်တစ်ကြိမ်မျှအမျက်ထွက်ဖူး၏ ၊ထိုသူသည်အဖန်ဖန်စေစပ်ခြင်းငှာအလိုရှိမှုကိုယ်ဝန်သည်

အသတိုရ်မြင်းမကဲ့သို့သေမင်းနိုင်ငံသို့ဆောင်၏။

 

ဆက်လက်ဖေါ်ပြပါမည်။။။။။။။။။။။။။။။။။။။။။