Title ကိုဖတ်ပြီး တော့ သူကြီးကို အပူနဲ့ကပ်တယ်လို့ မထင်ပါနဲ့ရှင် …
ဒီအပူရဲ့ အဓိပ္ပါယ်က အကူအညီတောင်းခြင်းဖြစ်ပါတယ် … :)

ဒီရွာရဲ့ သတင်းကို တဆင့်စကား တဆင့်နားနဲ့ ကြားဖူး ခဲ့ပြီး တော့ … စိတ်ဝင်စားမိတော့ ရွာနားကို မယောင်မလည်နဲ့ ရောက်လာခဲ့ပါတယ် ။ ရွာသားတွေ ပြောနေကျ ဆိုနေကျတာတွေ … ရေးထားတာတွေ ဖတ်ရတော့ ဒီရွာကို တဖြေးဖြေး နဲ့ ပိုပိုပြီး စိတ်ဝင်စားလာမိတယ်လေ.. ။ ဒါနဲ့ပဲ ရွာသူ သစ်အဖြစ် ကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ခံယူလိုက်မိပါတယ် ။ ဒါပေမဲ့ လည်း သူကြီးရယ် ဒီရွာသူ ဒီရွာသားတွေက စကားပြောတွေကလည်းကောင်း … ခင်ဖို့လည်း … စိတ်ထားတွေလည်း ကောင်း … ဆိုတော့ တနေ့တခြားနေရတာ အလွန်ပျော်လာတယ်လေ ။ ပြသာနာက အဲဒီ့မှာ စတာပါပဲ သူကြီးရယ် ။ ပြောချင်တာကတော့ ဒီရွာမှာပဲ အခြေချ ပြီး နေတော့မယ်လို့ ဆုံးဖြတ်လိုက်မိလို့ အားကိုးစရာတယောက်လောက်များ ရှာပေးပါလားလို့ …….. :):):)

About chitpyae

has written 5 post in this Website..