အရက်သမားရဲ့ အားနည်းချက်က အရက်သောက်ပြီးအိပ်ယာဝင် အိပ်ယာကနိုးလာရင် အရက်နာကျတတ်တာပါပဲ..။ အဲဒိတော့ တန်းပြန်တယ်ဆိုပြီးပြန်သောက်တတ်ကြပါတယ်..။ အဲဒိတော့ အနားမှာရှိနေတဲ့ အရက်သမားအရင့်အမာတွေက တစ်ခွက်လောက်သောက်ပြီး တန်ပြန်လိုက်(တောင်ပြန်လိုက်)ဆိုပြီး မနက်စောစောတစ်ခွက်တစ်ဖလား သောက်ခိုင်းလိုက်ပါတယ်..။ အလုပ်အားနေတဲ့သူဆိုရင် အဲဒိအချိန်ကတည်းက အရက်ခွက်နဲ့ ပါးစပ်နဲ့မိတ်ဖွဲ့လိုက်တာ ညတိုင်ရောက်သွားတော့တာပါပဲ..။ အဲဒိလိုလုပ်တာမျိုးကိုတော့ နေ၀န်းနီအား မပေးချင်ပါဘူး…။ဘာလို့လဲဆို အဲဂလိုမနက်စောစော ပြန်ဖသာက်တတ်သူဟာ များသောအားဖြင့် တစ်သက်လုံး အရက်သမား ဘ၀နဲ့ပဲ အရိုးထုတ်သွားရတတ်ပါတယ်..။ မနက်စောစော သောက်တဲ့ အကျင့်ကို သွားမစလိုက်ပါနဲ့….။
ဒါဆိုရင်ဘယ်လိုလုပ်မလဲ…? မနက်အိပ်ယာထ ခေါင်းတွေလည်းအုံနေပြီ..။ မူးနောက်နောက်နဲ့ညည်းစီစီဖြစ်နေတာ…။ ရေချိုးချလိုက်ရမလား? မချိုးပါနဲ့ဦး…..။ ချွေးများများထွက်အောင် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်ပါ..။ နေ၀န်းနီ ကြိုက်တာကတော့ စက်ဘီးပတ်စီးတာပဲ…။ မနက်စောစော လေဆန်ကိုစက်ဘီးနင်းရတာ …။ နဖူးနဲ့နားသယ်စပ်က ကျလာတဲ့ချွေးစီးကြောင်းကို မျက်နှာချင်းဆိုင်ကလာတဲ့လေက ပွတ်တိုက်သွားတာ ပြောမယုံ ကြုံဖူးမှသိမှာပါ..။ အဲဒိလို ချွေးများများထွက်အောင် လုပ်ပြီးနားလိုက်ပါဦး..။ ချွေးတိတ်သွားအောင်လို့..။ပြီးရင်ရေဝအောင်လောင်ပြီးချိုးပါ..။ ရေကောချိုးတတ်ရဲ့လား?အဟဲ အကောင်းမေးတာပါ..။ နောက်နေတာမဟုတ်ပါဘူး..။ ရေချိုးများလို့တော့မပြောလိုက်ပါနဲ့..။ ခန္ဓာကိုယ်ထဲက အရက်ခိုး အရက်ငွေ့တွေ အပြင်ကိုပြန်ထုတ်ပစ်ဖို့လိုပါတယ်..။ နို့မို့ဆိုရင် ဒီခန္ဓာကိုယ်ကြီးဟာ အရက်ခိုးတွေနဲ့ လေးကန်ထိုင်းမှိုင်းနေပြီး ဘာမှပင်ပင်ပန်းပန်းမလုပ်နိုင်ပဲ အရက်ရဲ့ ကျွေးကျွန်ဘဝကိုရောက်သွားတတ်ပါတယ်..။ ဒါကြောင့် ရေချိုးရင် ဒီခန္ဓာကိုယ်ထဲက အခိုးအငွေ့ဆိုတွေထွက်အောင်ချိုးရပါတယ်..။ ရေကိုခြေဖဝါးကနေ စပြီးလောင်းရပါတယ်..။ ပြီးမှတစ်ဖြေးဖြေးအပေါ်ဖက်ကိုတက်လာပြီး ပေါင်းရင်းရောက်တဲ့အခါမှာ လေးငါးဖလားဆက်လောင်းရပါတယ်..။ ခေါင်းကနေစပြီးလောင်းတာ ပုခုံးလောက်ကနေစပြီးလောင်းတာက သာမာန်သူတွေအတွက်မသိသာပေမဲ့ အရက်သောက်တဲ့သူတွေကတော့အဲဒိလိုမချိုးသင့်ဘူးလို့ထင်တယ်လေ..။ ရေချိုးတာကိုလည်း ဖြေးဖြေးချင်းနဲ့များများချိုးသင့်တယ်..။ အဲ….ဆပ်ပြာမတိုက်ခင်မှာ သွားတိုက်တာကောင်းတာပေါ့..။ စောစောကပြောဖို့မေ့သွားတယ်..။ အိပ်ယာကထထချင်းရေအပြည့်တစ်ခွက်သောက်ထားဖို့ပါ..။ ပြီးတော့ ရေလောင်းချိုးနေချိန်မှာ အာလုပ်မကျင်းသင့်ဘူး..။ ရေလေးငါးဆယ်ဖလားလောက်လောင်းချိုးပြီးချိန် မှာသွားတိုက်အာလုပ်ကျင်း ဆပ်ပြာတိုက် ချေးညှော်တွန်း ရေလောင်းချိုးလိုက်ပါ..။ ဆောင်းတွင်းလည်း ဒီလိုပဲလုပ်သင့်တယ်..။ အရက်သောက်ပြီးရေချိုးပျင်းတဲ့သူ များတယ်..။ များသောအားဖြင့် အသက်ငါးဆယ်ကျော်တဲ့သူတွေက ကိုယ်လက်ဆေးရုံလောက်ပဲ..။ ဘာလို့လဲဆိုတော့ စောစောကလိုရေမချိုးခဲ့လို့ ကိုယ်ထဲအောင်းနေတဲ့ အရက်ခိုး အရက်ငွေ့တွေနဲ့ လေးကန်ထိုင်မှိုင်းပြီး ဖြစ်သွားတာပါ..။ တစ်ချို့ဆိုရင် အရက်နဲ့အသက်ဆက်နေရတာ..။ သွေးထဲမှာ အရက်ဓါတ်တွေပါနေပြီ..။ ထားပါ..။ အဲဒိလိုရေဝအောင်ချိုး ပြီးရင်..။ ညကအစာလွတ်ထားရင် အစာကို ၀င်အောင်စားသင့်တယ်..။ လ္ဘက်ရည် ကော်ဖီလောက် မုန့်လေး တစ်ခုလောက်နဲ့ မနေသင့်ဘူး..။ နေ၀န်းနီတို့တုန်းကတော့ အစားစားပြီးမှသောက်လို့လဲရတာဆိုတော့ အစာလွတ်သွားတာမျိုးမရှိတော့ဘူး..။ အဟီး ကိုယ်တွေ့ကိုပြန်ပြောနေတာနော်..။ လိုက်တော့မလုပိလောက်ဘူးထင်လို့လေ……..။
နောက်ဆုံးကျတော့…. ညနေပိုင်းအရက်ဆိုင်ရောက်ရင်… “ အရက်ဆိုင်ပြတင်းက —- ခန်းစီးစ လေနောက်လွင့်ခဲ့ရင်…. ကိုယ်ရင်မှာဘယ်သို့ရှိမယ်… မင်းမှန်းနိုင်မလား “ ဆိုတဲ့ ကိုထီး သီချင်းနဲ့ မရှိတဲ့ သခင့်ဆီ အပြေးပြန်လာမဲ့ နေ၀န်းနီဟာ… မနက်ခင်း လ္ဘက်ရည်ဆိုင်လေးထိုင်လိုက် ညနေကျတော့ ဘုံဆိုင်ရောက်လိုက်နဲ့…။ ကျင်လည်ရာ…ဆယ့်ငါးနှစ်လောက်ကို မဆုံးတဲ့သီချင်းသီဆိုခဲ့သူပါ..။ ဘာသီချင်းလည်း နားထောင်ကြမယ်ဆိုရင်တော့ ပြန်ဆိုပြမယ်လေ..။ မဆုံးတဲ့သီချင်းကို ဆက်တော့ မဆိုချင်ပါဘူး..။ အဲဒိတော့ မောရင်တော့ရပ်မှာပဲ…။ :P

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010