ဂမုန်းပွင့်မှာ . .. ဗုံးပေါက်လို့ဆိုပဲ…

BurmaJuly 1, 20111min73

နေ့လည်က ဂမုန်းပွင့်မှာ ဗုံးပေါက်တယ်လို့ အိမ်က အကိုကြီး အပြင်က အပြန်လာ ပြောပါတယ်……

ဒါနဲ့ စိုးရိမ်တာနဲ့ Mandalaygazette မှာ လာကြည့်တော့လည်း ဗုံးပေါက်တယ်ကြားတယ်Confirm လုပ်ပေးပါလို့ တွေ့လာပါတယ်။..

အဲဒါနဲ့ ဂမုန်းပွင့်နဲ့ ပက်သက်ရာ ပက်သက်ကြောင်း အသိတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ ဂမုန်းပွင့်မှာ ဗုံးမပေါက်ကြောင်း ၊ မဟုတ်ပါကြောင်းသိရှိရပါတယ်။

သူ့ဆီကိုလည်း ဖုန်းတွေ ဆက်တိုက်လာတဲ့အကြောင်းသိရပါတယ်

ဂမုန်းပွင့်မှာ ဗုံးပေါက်တာမဟုတ်ပဲ မြေနီကုန်းဂမုန်းပွင့်ဘေးက မိုးမင်းသမီး အိတ်ဆိုင်မှာ ဘတ္တရီအိုး အဟောင်း ထပေါက်ရမှာ အသံကျယ်ကျယ်ထွက်လာတာဖြစ်ကြောင်းသိရှိရပါတယ်။