ဒီလိုခေါင်းစဉ်တပ်လိုက်လို. MG ရွာကသူကြီး စိတ်ဆိုးပြီး ပွိုင်.လေးတွေပြန်ယူမှာကလည်း ကြောက်ရသေးတယ်ဗျ ဒါကတော.ထုံးစံပါပဲ သူကြီးတိုင်းကိုတော.

ကြောက်နေရတာပါပဲ မြန်မာနိုင်ငံမှာလူဖြစ်နေလို.လားမသိဘူး လူကြီး သူကြီးဆိုရင် ကြောက်စရာအကောင်လို.ပဲ စိတ်ထဲစွဲနေတော.တာ  Intro တွေများနေပြီ

ပြောချင်တဲ. အရာကိုမရောက်တော.ဘူး ဆိုပြီးလည်း စိတ်မဆိုးကြပါနဲ.ဗျာ နော် ကျွန်တော်ကကိုက ကြောက်တတ်လို.ဖြစ်မှာပါ

တစ်နေ.က ကျွန်တော်အလုပ်ခွင်.ယူတာနဲ. မြောက်ဥက္ကလာက အစ်ကိုလိုခင်တဲ. သူငယ်ချင်းတစ်ယောက်စီအလည်သွားတာပေါ. ရောက်သွားတော. ကိုယ်ကသာ

အားလို.သူ.ဆီသွားလည်တာဗျ သူကကျတော.အလုပ်တွေဘာတွေလုပ်နေတာ သူ.အလုပ်က ကိုယ်ပိုင်စီးပွားရေးဗျစိတ်ချမ်းသာတယ် ကိုယ်.ထက်တော.အများကြီး

သာတယ်ဘာစိတ်ဖိစီး မှုမှမရှိဘူး စိတ်ချမ်းသာတယ် အိပ်ရေး၀၀အိပ်ရတယ်

သူစီးပွားရေးက အာလူးကြော်တို. တို.ဟူးကြော်တို. အိမ်မှာကြော်ပြီး ဆိုင်တွေလိုက်ဖြန်.တာ တနည်းအားဖြင်.တော. မာကက်တင်း ပေါ.ဗျာ

ဒါနဲ. မနက်ဘက် အထုပ်တွေထုပ်လို.ပြီးတာနဲ. နေ.လည်ဘက်ကျတော. ဖောက်သည်တွေဆီ လိုက်ပို.မယ်လို.ပြောတော.

ယောင်္ကျားသားအဖော်လည်း မရှိပဲအိမ်မှာတစ်ယောက်ထဲနေရစ်ရမှာ

ပျင်းတာနဲ. သူနဲ.လိုက်သွားတာ လိုက်ဆိုလည်း သူတို.က ကားအပြတ်ငှားပြီး လိုက်ပို.တာဆိုတော. ဇိမ်ကျပါတယ်လေ မပင်ပမ်းပါဘူးဆိုပြိးလိုက်သွားတာ

ဈေးကွက်အတွေ.ကြုံတော.ရတယ်ဗျ ဘယ်အလုပ်ပဲဖြစ်ဖြစ် သူ.ဟာနဲ.သူတော. ခက်ခဲတာပါလားဆိုတာလည်းတွေးမိတယ်

ကြိုပြောရအုံးမယ် အခုအစ်ကိုကြီးက အရင်က မြို.ထဲကနံမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှာ ကားမောင်းအလုပ်လုပ်တာဗျ မိန်းမရမှ သူများအလုပ်မလုပ်ချင်လို.ဆိုပြီး

ထွက်သွားတာ အခုကျတော.လည်း ကိုယ်ပိုင်စီးပွားနဲ.ပေါ.

ဒီလိုနဲ. လှည်းတန်းဘက်က ဆိုင်ကိုသွားမယ်ဆိုပြီး ကားပေါ်မှာစကားတပြောပြောနဲ.ပေါ.ဗျာ ဒီလိုနဲ. လှည်းတန်းမရောက်ခင် မီးပွိုင်.တစ်ခုရောက်တော. ပွိုင်.ကမိရော

သူကလည်း အိမ်ကမိန်းမနဲ. ကလေးကိုပစ်ထားခဲ.ရတော. ပွိုင်.ကို မြန်မြန်စိမ်းစေချင်တာပေါ. ပွိုင်.ကလည်းတော်တော်ကိုကြာလာတော. သူကငြီးတာဗျ

ကြာလိုက်တာကွာ ဒီပွိုင်.ကလည်း အရင်ကားမောင်းတုန်းကဆိုရင်တော.ဒီပွိုင်.မှာ ဒီလိုမစောင်.ရဘူးတဲ. ဒါနဲ.ကျွန်တော်လည်း စဉ်းစားတာပေါ.

ဒီလူကားမောင်းတာ ဒီပွို.င်မှာ တစ်ခါမှ ပွိုင်.မစောင်.ရဖူးဘူးဆိုတော. မဟုတ်သေးပါဘူး ဆိုပြီး စိတ်ထဲကလည်း ဘာ.လို.ပါလိမ်.ဆိုပြီး တွေးနေတာပေါ.

သူတို.ပန်းထိမ် စက်ရုံက အဲဒီပွိုင်.နားမှာဗျ နေ.တိုင်းဖြတ်နေရတာတောင်. ဘာ.လို.မစောင်.ရတာလည်းဆိုတာ တွေးလို.မရတာနဲ. မေးကြည်.တာပေါ.

အစ်ကိုကြီး ဒီပွိုင်.မှာ အရင်ကတစ်ခါမှ မစောင်.ရဘူးဆိုတာတကယ်လားဗျ ဘာ.လို.လည်းဆိုတော. ငါ.ညီရ ဒီပွိုင်.ကအစ်ကိုတို. သူဌေးကားလာရင်

အမြဲတောက်လျောက် စိမ်းပေးတာဟတဲ. ဒါနဲ.ကျွန်တော်လည်း အံ.သြသွားတာပေါ. ဘာ.လို.လည်းဗျ အစ်ကိုတို.သူဌေးက အကောင်လားဆိုတော. မဟုတ်ပါဘူးကွာ

လူကြီးတွေနဲ.ခင်တာပါ ဒီပွိုင်.က ချက်တွေကိုပိုက်ဆံ ပေးထားလိုက်တော.အေးဆေးပဲလေကွာတဲ. အော်ဒီလိုလားဆိုပြီး ကျွန်တော်လည်းသဘောပေါက်တော.တယ်

ဒါ.မို. အစ်ကိုကြီးက အရင်က ကားမောင်းတုန်းကဆိုရင်တော.ကွာလို. ကြိမ်းတာပါလားဆိုတာ သိရပါတော.သည်။ အဲဒီစက်ရုံနဲ.သူဌေးနံမည်ကိုတော. မပြောတော.

ပါဘူးဗျာ သိရင်လည်းသိကြမှာပါ သူတို.က မြို.ထဲမှာ မောင်နှမတစ်စု နံမည်ခပ်ဆင်ဆင်တွေနဲ. ရွှေဆိုင်တွေဖွင်.ထားတာဗျ တော်တော်ချမ်းသာတယ်

သူဌေးကြီးဆိုရင် သူ.အိမ်ကို ရွာဘက်ကကောင်မလေးတွေကို အိမ်ပေါ်ခန်. ငွေကိုင်ထားတာဆိုပဲ ပြီးမှ ပါကင်ဖောက်တာတဲ. အသက်ကတော. 76 လောက်ရှိပြီ

တော်တော် တဏှာကြီးတယ်ဆိုပဲ  လူမျိုးကတော. တရုတ်လူမျိုးဗျ ရွာဘက်က မိန်းကလေးတွေဆိုတော.လည်း ရွာပိုက်ဆံပို.နိုင်ပြီးရောဆိုပြီး

လိုက်လျောတာလို.ပြောတယ် ဘယ်မှလည်းမသွားတတ်မလာတတ် အလုပ်ထုတ်မှစိုးတော.လည်း ဒီတိုင်းပဲနေ၇တာတဲ.

တွေးမိတာပေါ.ဗျာ အင်းတရုတ်တွေလည်း တော်တော်ကိုကြောက်စရာကောင်းနေပြီပါလားလို. ဂျပန်တွေကမှ နိုင်ငံကို အာဏာပိုင်လို. တစ်ချိန်တုန်းကလုပ်ရဲတာ

ဒီတရုတ်တွေကကျတော. ဂျပန်ထက်ဆိုးတယ်ဗျာ နိုင်ငံကို လုပ်ချင်သလိုလုပ်ရုံမကဘူး မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ.အစိုးရကိုတောင်

လုပ်ချင်သလိုလုပ်လို.ရတယ်ဆိုတော. တနည်းအားဖြင်.ဂျပန်ထက်ဆရာကျတယ်ဗျာ ဒါကလည်း အစိုးရကတောင် တရုတ်ကိုဖအေလိုကြောက်နေမှတော.

ငယ်သားမော်တော်ပီကယ်လေးတွေကလည်း ပိုက်ဆံရပြီးရော ဆိုပြီးလုပ်တော.တာပေါ.

အင်းအဲလို ပိုက်ဆံပေးတာနဲ. လွယ်လွယ်လုပ်ချင်သလို လုပ်လို.ရတဲ.

နေရာတွေမြန်မာ နိုင်ငံမှာ ဘယ်လောက်တောင်များနေပြီလဲမသိပါဘူး စောစောကမှ ရွာသာတစ်ယောက်တင်ထားတဲ.အထဲမှာ ဖတ်လိုက်ရပါသေးတယ်

သတင်းစာထဲပါချင်ရင်  ပိုက်ဆံပိုပေးရတယ်ဆိုတာ ရွာပြန်လို. ရထားလက်မှတ် စီလည်း ပိုက်ဆံက အမြဲပိုပေးရ ဒီမှာလူဖြစ်ရတာလည်း အကုန်လုံးကို

သူတို.ပဲပေးနေရတာပါလားဆိုပြီးလည်းတွေးမိပါရဲ. ဟုတ်တယ်လေ ပြည်သူတွေရသင်.တဲ. အခွင်.အရေးတွေလည်း သူတို.ပဲ ၇ကြတာ

တစ်ခါက ဂျီတော.မှာ ဖတ်လိုက်ရတဲ. သရော်စာလေးကိုတောင် ပြန်သတိ၇မိပါရဲ.

သူငယ်ချင်းတစ်ယောက်တင်ထားတဲ. စာသားလေးကဒီလိုဗျ

( အရှင်ဘုးရား တပည်.တော် နောင်ဘ၀များ လူပြန်ဖြစ်ခဲ.ရင်

အင်္ဂလန်မှာဆို ဘောလုံးသမားဖြစ်ရပါလို၏

ကိုးရီးယားမှာဆို မင်းသာဖြစ်ရပါလို၏

မြန်မာနိုင်ငံမှာဆို အရာရှိ ဖြစ်ရပါလို၏) တဲ.သူဆုတောင်းတာလည်း ဟုတ်တယ်ဗျ ဒီကောင်တွေပဲ အခွင်.အရေးတွေ ရနေတာဆိုတော.လည်း မှန်တယ်လို.

ပြောလို.ရတယ်နော် လူပဲဗျာ ကိုယ်ရသင်.တဲ.အခွင်.အရေးလေးတွေတော. လိုချင်ကြတာပေါ.

ဒါကလည်း ကိုယ်တွေ.ကြုံခဲ.တာလေးနဲ. ရေးတင်တာပါ နိုင်ငံရေး နားလည်လို.တော.မဟုတ်ပါဘူး ဒါပေမဲ.တရုတ်ကို အဖေလိုကြောက်နေတာကိုတော.

ကျွန်တော်ရွာမှာနေကတည်းက သိပါတယ် ဒါကတော. မြန်မာတစ်နိုင်ငံလုံး သိတာပါပဲ

ကာတွန်းလေးကတော. မိုးမခဆိုဒ်ကနေ သဘောကျလို. ကူးယူလာတာပါ

“ပို့ကုန်” (ကာတွန်း စောငို – မိုးမခ၀က်ဘ်ဆိုက်)

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ

ချမ်းသာချင်ရင်တော. နိုင်ငံခြားလစ်ကြဗျ ဒီမှာနေလို.ကတော. မရဘူး ဟဲဟဲ

 

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ