Future of Myanmar :D

meengelayJuly 5, 20111min1409

“ဘာကွ… မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက
ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။”
လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား
ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား
မပီကလာ ပီကလာဖြင့် “ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့
ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။
မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။” ဟုဆိုကာ တဆယ်ကျပ်တန် နှင့်
ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။

ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း
ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။

အော်… မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့
ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။

အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက
ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။
တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။
ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ… သွားတော့။ လူဝင်မှု
အရာရှိရှေ့မှ စင်ကာပူသား

ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်
ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။
ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card
ကိုတင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသား
ဖြစ်သွားသည်။ ထိုနောက်အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့
ထည့်လိုက်လျှင် တံဆိပ်တုံး ထုပြီးသားဖြစ်သွားသည်။
လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး
တန်းစီခိုင်းခြင်းဖြစ်သည်။

အေးလေ… မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ
မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။
ဒီတော့လဲ…. ဒီလောက်တော့ စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ…
လွန်ခဲ့သော နှစ် (၅၀)ခန့်က… အိုစမာဘင်လာဒင်ဆိုသော
အကြမ်းဖက်သမားကြီးသေပြီးနောက် သူ့အဖွဲ့မှလူများက
အမေရိကန်ကိုလက်စားချေမည်ဆိုကာ အီရန်မှ ခိုးလာသော ယူရေနီယမ်များကိုသုံးကာ
အမေရိကန်ရှိ မြို့ (၁၅)မြို့ကို

အဏုမြူဗုံးခွဲလေတော့သည်။ ထိုအထဲတွင် အဏုမြူထိပ်ဖူးများသိုလှောင်သော
လက်နက်ရုံလဲ ပါသွားရာ နိုင်ငံတခြမ်း

ပြုတ်ပြုတ်ပြုန်းလေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အီရန်ကို အမေရိကန်က
ဟိုက်ဒရိုဂျင်ဗုံးကြဲချရာ အီရန်က လက်လှမ်းမှီရာ

အိမ်နီးချင်းနိုင်ငံများတွင် တပ်စွဲထားသော အမေရိကန်များနှင့် အစ္စရေးကို
အဏုမြူလက်နက်၊ ဓာတုလက်နက်များဖြင့် ပြန်တိုက်ရာ

အရှေ့အလယ်ပိုင်းတခွင် စစ်မြေပြင်ဖြစ်ကာ ပြာပုံအတိဖြစ်တော့သည်။
ထိုနောက်ပိုင်းတွင် အာရပ်နိုင်ငံများတွင် အစွန်းရောက်ဝါဒီများ တက်လာပြီး
ထိုသို့ စစ်ဖြစ်ရသည်မှာ ဥရောပကြောင့်ဟု စွပ်စွဲပြီး
အီးယူနှင့် နေတိုးကို စစ်ကြေငြာတော့သည်။ ဗြိတိန်နှင့် ရန်စရှိသော
အာဂျင်တီးနားက ဘရာဇီးကို စည်းရုံးပြီး အာရပ်နိုင်ငံများဖက်မှ

မဟာမိတ်လုပ်သည်။ စစ်တို့၏ ထုံးစံအတိုင်း ပါဝင်သူ နိုင်ငံအားလုံး
ပြာပုံသာသာ ဖြစ်ကျန်ခဲ့တော့သည်။

ထိုသို့ စစ်ကြီးပြီးစမှာပင် ငလျင် အလှုပ်များသော
အာတိတ်မီးစက်ဝန်း(Arcticring of Fire) တွင် ပြင်းအားအဆင့် ၁၈ ရှိသော

ငလျင်ကြီးလှုပ်ရာ ဆူနာမီကြောင့် ဩစတြေးလျတိုက်နှင့် အာရှ
အရှေ့ပိုင်းကုန်လေသည်။ ဂျပန်ဆိုရင် လှိုင်းလုံးကြီးသည်

ကျွန်းအရှေ့မှ အနောက်သို့တိုင်ဖြတ်သွားလေသည်။ အီရန် စစ်ပွဲနှင့်အတူ
နူကလီးယားလက်နက်များပြန့်ပွားသွားရာ
ချေချင်းညာရှိ ခွဲထွက်ရေး သူပုန်များက ရုရှကိုလည်းကောင်း၊ တိဘက်မှ
တရုတ်ကိုလည်းကောင်း၊ ပါကစ္စတန်နှင့် အိနိ္ဒယက
အချင်းချင်းလည်းကောင်း အသီးသီး တွယ်လိုက်ရာ ကမာ္ဘပေါ်တွင်
နိုင်ငံတော်တော်များများပြာကျကုန်သည်။ စင်ကာပူဆိုလျှင်လည်း
ဆူနာမီလှိုင်းလုံးကြီးက တကျွန်းလုံးကို ဖြတ်အုပ်သွားရာ
တနိုင်ငံလုံးဖြူကာပြာကာ ကျသွားသည်။

ထို့နောက်တွင်မတော့ အကောင်းပကိကျန်တာဆိုလို့ အာဖရိကတိုက်နှင့် အရှေ့တောင်
အာရှနိုင်ငံအနည်းငယ်ပဲကျန်တော့သည်။

အာဖရိက အနေဖြင့်လဲ အခြေခံအဆောက်အဦးပိုင်းမပြည့်စုံ။ ထိုင်းကလဲ
ကမော္ဘဒီးယားနဲ့နယ်စပ်ပြဿနာဖြေရှင်းနေရာ စစ်ပွဲဖြစ်သဖြင့်

တိုးတက်ရေးကိုအာရုံမစိုက်နိုင်။ ထိုနောက် မြန်မာနိုင်ငံမှာ အင်အားကြီးဖြစ်လာသည်။

ကမာ္ဘစစ်ဖြစ်သဖြင့် အင်တာနက်မပျက်သော်လည်း Google, Facebook Data Center
တို့မှာ စစ်ကြောင့်ပျက်စီးမှု ထဲပါသွားသဖြင့်

မြန်မာနိုင်ငံမှ လူငယ်တစ်စုက”ပေါက်ပေါက်ရှာရှာ” ဟူသော
အင်တာနက်ရှာဖွေရေးတည်ထောင်ရာ အောင်မြင်သဖြင့်

နေ့ချင်းညချင်း ဘီလျံနာဖြစ်သွားသည်။

Facebook ပျောက်ဆုံးမှုနှင့် အတူ မြန်မာကျူးပစ်၊ မြန်မာဆိုက်ဘာမီဒီယာ
စသည်တို့ နာမည်ရလာကာ အပြည်ပြည်ဆိုင်ရာသုံး
ဖြစ်လာကြသည်။ ယူကျု အစား မြန်မာစုဗူးစသည်ဖြင့် ကမာ္ဘ့ဈေးကွက်လိုအပ်ချက်ကို
ဖြည့်ပေးနိုင်သဖြင့်
မြန်မာနိုင်ငံတွင် နည်းပညာသူဌေးတွေ ပေါလာသည်။
စီးပွားရေးဘက်ကိုကြည့်ဦးမလား။ တချိန်က ရေနံအများဆုံးထွက်ခဲ့တဲ့
နိုင်ငံတွေမှာ စစ်ကြောင့် ရေနံတွင်းတွေမီးလောင်တာတောင်
ကုန်အောင်မငြိမ်းနိုင်သေး။ ပိုပြီးသန့်စင်တဲ့ သဘာဝဓာတ်ငွေ့ကလဲ
မြန်မာနိုင်ငံမှာ အလျှံပယ်ထွက်နေသဖြင့် မြန်မာ့စီးပွားရေးမှာ
မိုးထိအောင်ထောင်တက်တော့သည်။ ဂျပန်နှင့် တရုတ်မှ ကားထုတ်မည်ဆိုကာ
မြန်မာနိုင်ငံတွင် စက်ရုံဆောက်ပြီးကာမှာ နှစ်နိုင်ငံစလုံးပြာကျသွားဖြင့် ကမာ္ဘ့အကြီးဆုံး ကားစက်ရုံကြီးမှာ
မြန်မာနိုင်ငံတွင်သာတည်ရှိတော့သည်။ အရင်က စက်မှုဇုန်များမှာလဲကားစက်ရုံများဖြစ်နေကြပြီ။
ကျွမ်းကျင်လုပ်သားများ လိုအပ်သဖြင့် ဂျပန်မှ
အလုပ်လက်မဲ့ဖြစ်နေသောယခင်စက်ရုံလုပ်သားဟောင်းများမှ ကျွမ်းကျင်သူများကို
မြန်မာနိုင်ငံတွင်ပြည်လည်ခေါ်ကာ ခန့်ထားရသည်။ ပထမပိုင်းတွင် ကျွမ်းကျင်လုပ်သားများလာသော်လည်း နောက်ပိုင်းအကြံအဖန်များလာသဖြင့် ဂျပန်နိုင်ငံသားများ၏ ဗီဇာကိုတင်းကျပ်ရတော့သည်။ ဒါတောင် မြန်မာနိုင်ငံမှာ အိုဗာစတေးအများစုမှာဂျပန်ဖြစ်နိုင်သည်။ဂျပန်ကို အမှီလိုက်တာက ကိုရီးယား။ ဆူနာမီပြီးတာ့သံဝေဂတွေရကာ တောင်နှင့်မြောက်ပြန်လည်ပေါင်းစည်းခဲ့သော်လည်းနှစ်နိုင်ငံစလုံးပြာဖြစ်နေသဖြင့်
ဆင်းရဲတွင်းကမတက်နိုင်ဖြစ်နေရသည်။ ဒါကြောင့် ချမ်းသာသည့်မြန်မာနိုင်ငံထဲလာချင် သည့် ကိုရီးယားတွေများလာသည်။တချိန်က မြန်မာနိုင်ငံတွင် ကိုရီးယားကားများ ခေတ်စားခဲ့သဖြင့် ကိုရီးယားသား၊ ကိုရီးယားသူ ချောချောလေးတွေဆိုရင် မြန်မာနိုင်ငံတွင် အလုပ်ရလွယ်သည်။ ဧည့်ကြို၊ အရောင်းဝန်ထမ်း စသည့် လူများနှင့် ဆက်ဆံရသော နေရာများတွင် ထိုကဲ့သို့ ချောချောလေးများ ထားလျှင် အဆင်ပြေ တတ်သဖြင့်ဖြစ်သည်။ သို့သော် မြန်မာစကားကို ကျွမ်းကျင်အောင်
တတ်မှသာလျှင် အလုပ်ရလွယ်သည်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အလုပ်လိုချင်တဲ့ ဂျပန်သူ၊ဂျပန်သားချောချောတွေ၊ ဥရောပသူ
ဥရောပသားချောချောတွေကလည်းတန်းစီနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုသူများမှာ
မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားကြရသည်။ ပညာရေးဘက်ကိုကြည့်ဦးမလား။ အထင်ကရ တက္ကသိုလ်မှန်သမျှ ပြာဖြစ်ကုန်ရာ ၁၉၂ဝ ပြည့်က စဖွင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် သာ ကမာ္ဘပေါ်တွင် နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်နေတော့သည်။အသစ်ပြန်လည်တည်ဆောက်ထားသော အောက်စဖို့၊ ကင်းဘရစ်
စသည့် အစဉ်အလာရှိသည့် တက္ကသိုလ်များမှ ထွက်မှသာလျှင် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားရန်အတွက်
အရည်အချင်းစစ် စာမေးပွဲဖြေရန် အသိအမှတ်ပြုသည်။ အစဉ်အလာမရှိသည့် တက္ကသိုလ်များမှဆိုလျှင် ဟားခါးတက္ကသိုလ်၊
မြဝတီတက္ကသိုလ်၊ တာချီလိတ်တက္ကသိုလ်စသည်ဖြင့် နယ်စွန်နယ်ဖျားမှကျောင်းများထံတွင် အရည်အချင်းစစ် စာမေးပွဲသွား
်ဖြေဆိုကြရသည်။ သို့သော် နိုင်ငံတကာမှ ကျောင်းသားများကတော့ လာတက်ကြသည်။
ရန်ကုန်တက္ကသိုလ်မှ MBA ဘွဲ့ တခုရလျှင်ပင်
ဘယ်နိုင်ငံမဆို အလုပ်သွားလျှောက်လျှင် ကုမ္ပဏီ ကြီးကြီးတွင် အနည်းဆုံး
မန်နေဂျာ ရာထူးတော့ ကျိန်းသေရနိုင်သည်မဟုတ်လား။

တချို့ကလည်း ဘွဲ့ရလျှင် မြန်မာနိုင်ငံထဲတွင် အလုပ်ပြန်လျှောက်ကြသည်။
ရသည့် လစာကလည်း ကွာတာကိုး။ မြန်မာတွင်အလုပ်ရပါက

မိခင်နိုင်ငံရှိအိမ်ကို ငွေပြန်ပို့နိုင်ပြီး ဖောဖောသီသီ သုံးစွဲနိုင်မည်ဖြစ်သည်။
တချိန်က နာမည်ကြီးခဲ့တဲ့ Microsoft, Apple ဆိုတာတွေကို မြန်မာနိုင်ငံမှ
နည်းပညာသူဌေးများက ဝယ်ယူလိုက်သည်။ အမေရိကန်တွင်
ရုံးခွဲအဆင့်လောက်သာ ဖွင့်ထားတော့သည်။ ရေမြင့်လျှင် ကြာတင့်ဆိုသလိုမြန်မာနိုင်ငံသားများလည်း မျက်နှာပွင့်တော့သည်။
ကမာ္ဘ့နိုင်ငံတိုင်းသည် မြန်မာပတ်စ်ပို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။
ဘာမှကြိုလျှောက်စရာမလို ရောက်တာနဲ့ immigration ကိုဝင်ပတ်စ်ပို့ ပြလိုက်သည်နှင့် အိုကေ။ ရှိုးမန်းနီး ဘာညာပြစရာမလို၊
နိုင်ငံသားတိုင်းတွင် ပတ်စ်ပို့ နံပါတ်တခုစီအတွက်ဘဏ်အကောင့်ရှိထားပြီသား။
ဘယ်နိုင်ငံ ဘယ်ဘဏ်မှာမဆို ပိုက်ဆံထုတ်လို့ရသည်။ ကမာ္ဘ့ဘဏ်ကလည်း
ငွေကြေးယူနစ်ကို ကျပ်ဖြင့်သာ တွက်၍ပြောတော့သည်။
ဘယ်နိုင်ငံသွားသွား ပတ်စ်ပို့ အနီရောင်လေး မြင်လိုက်တာနဲ့ အိုကေ။
မြန်မာနိုင်ငံသားများကလည်း တချိန်ကနာမည်ကြီးခဲ့သော အမေရိကန်ကို့သွားလည်လေ့ရှိသည်။ စစ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများကို
အမှတ်တရသွားကြည့်ကြခြင်းဖြစ်သည်။ အမေရိကန်များသည်
ပတ်စ်ပို့ အနီရောင်မြင်လျှင်လန့်လေ့ရှိသည်။ သူတို့စီးပွားရေးလုပ်ငန်းများ၏ သူဌေးတော်တော်များများမှာ မြန်မာနိုင်ငံမှဖြစ်ကြသောကြောင့်
ဖြစ်သည်။ တော်သေးတာတခုက မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကိုလက်ခံနေသေးတာပင်။
ဒေါ်လာ၊ ပေါင်၊ ယူရိုစသည့် တို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံ ငွေကြေးလောက်သာ မြန်မာက လက်ခံသည်။ ဒါတောင်
Currency Exchange မှာလဲပြီးသုံးရသည်။ တိုက်ရိုက်သုံး၍မရ။ မြန်မာကျပ်ကတော့ ဘယ်နိုင်ငံမဆို လဲ၍လည်းရ၊ တိုက်ရိုက်သုံး၍လည်းရသည်။
မြန်မာနိုင်ငံသားမျာ မျက်နှာပွင့်သလောက် မြန်မာနိုင်ငံထဲ
ဝင်ချင်သူများအဖို့ အတော်ခက်ခဲသည်။ နိုင်ငံအတွင်းရှိ နိုင်ငံသားတယောက်က ထောက်ခံပေးမှသာလျှင် ဗီဇာရနိုင်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူများအဖို့ ဘုန်ကြီးများဆီ အပူကပ်ကာ ဗီဇာရအောင်လျှောက်ပြီး နေလျှင်လည်း ဘုန်းကြီးကျောင်းတွင်နေလေ့ရှိသည်။ သို့သော် သူတို့ အပြောအရ မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဂျပန်၊ အမေရိကန် နှင့်အင်္ဂလန်ရှိ
ဟော်တယ်များထက် ပိုသာသည်ဟုဆိုကြသည်။ ဗီဇာက တလခန့်သာရလေ့ရှိရာ ထိုအတောအတွင်း အလုပ်လေးတခုရအောင် လျှောက်ကြရသည်။
ယခင်က ဘုန်းကြီး ကပ္ပိယလုပ်လိုသူများအတွက် ကပ္ပိယဗီဇာပေးသော်လည်း အကြံအဖန်များလာသဖြင့် ထိုဗီဇာထုတ်ပေးခြင်းကို ရပ်နားထားရသည်။ ယခင်က အာဆီယံ နိုင်ငံအဖွဲ့ဝင်များကို ဗီဇာစည်ကမ်းများလျော့ပေါ့ပေးရာ စင်ကာပူ၊မလေးမှ အကြံအဖန်များဝင်လာခြင်း၊ အိုဗာစတေးများ များလာခြင်းတို့ကြောင့်ပြန်လည်တင်းကျပ်ရသည်။ မလေးကကောင်တွေဆိုပိုဆိုး မြန်မာစကားလဲကောင်းကောင်းမတတ်၊ ရှိုးမန်းနီးလဲ မပါသလောက်၊ လာတော့ တိုးရစ်ဗီဇာ။ ဒါကြောင့် ဟိုတလောက ဂျာနယ်မှာဖတ်လိုက်ရတာ လေဆိပ်ကပြန်လွှတ်ရတာ
အယောက်၂သောင်းကျော်သွားပြီဆိုပဲ။ ခုနက စလုံးသားလောက် မြန်မာစကားပြောတတ်မှအလုပ်ရနိုင်သည်။ မဟုတ်လို့ကတော့ လာပြီး
ငွေကုန်လူမောတာပဲ အဖတ်တင်မယ်။
အားကစားဘက်ကိုကြည့်ဦးမလား။ လစာအကောင်းဆုံးရသည့် နေရာဆိုလို့ Myanmar
National League (MNL) သာရှိသဖြင့် ဘရာဇီး၊ အာဂျင်တီးနား၊ဂျာမနီစသည်တို့မှ ဘောလုံးသမားအားလုံး လာရောက်ကစားရသည်။ MNL တွင် လာမကစားဖူးလျှင် ကမာ္ဘ့အဆင့် ဘောလုံးသမားဟု မသတ်မှတ်ကြ။
့ထိုဘောလုံးသမားများကလည်း မြန်မာနိုင်ငံသားဖြစ်လိုကြသဖြင်
အလုအယက်လျှောက်ထားနေကြရာ ကမာ္ဘ့အကောင်းဆုံးဘောလုံးသမားတိုင်းသည်
မြန်မာနိုင်ငံသားများပင်ဖြစ်သည်။ ကမာ္ဘ့ဖလားပွဲကိုလည်း
အခြားနိုင်ငံများတွင် လက်ခံကျင်းပနိုင်လောက်အောင်
ပြည့်စုံခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင် လက်ခံကျင်းပရသည်မှာ (၃)ကြိမ်ဆက်ရှိပြီး
ထို(၃)ကြိမ်စလုံးဗိုလ်စွဲခဲ့သည်။ဆက်သွယ်ရေးဘက်ကိုကြည့်ဦးမလား။
တနိုင်ငံလုံးအင်တာနက်မမိတဲ့ နေရာမရှိ။ကျိုက်ထီးရိုးဘုရားမှသည် ပူတာအို ရေခဲတောင်အထိ အင်တာနက်ရသည်။
အနှေးဆုံး 1Gbs to အမြန်ဆုံး 10Gbs အထိရသည်။
ရန်ကုန်တမြို့လုံးမှာ မြေကြီးဆိုလို့ ပန်းခြံထဲ သွားကြည့်မှပဲမြင်ရမယ်။
ကျန်တဲ့နေရာက ကတ္တရာ၊ ကွန်ကရစ်အပြည့်ခင်းထားတာ။ ကော့သောင်းမှ ပူတာအိုအထိကျည်ဆန်ရထားဖောက်ထားသည်။ ရန်ကုန်မြို့ထဲတွင် မောင်းသူမဲ့ တက္ကဆီများပြေးဆွဲပေးသည်။ အခြားဘယ်နိုင်ငံမှ မရှိ။
စစ်တွေဖြစ်ပြီးနောက် နူကလီးယားကြောင့်လားမသိ။ ရာသီဥတုကတော့
အတော့ကိုပြောင်းလဲလာသည်။ အတော်လဲပူလာသည်။ ခုတောင်အတော်ပူနေသည်။ “ဟေ့ကောင်… ထ… ထ….။ မင်းကလဲ
မီးပျက်ပြီးမှောင်ကြီးထဲအိပ်နေတယ်။”
သူငယ်ချင်းဖြစ်သူ၏ လှုပ်နိုးမှုကြောင့်နိုးသွားသည်။ အော်… အင်တာနက်က 10MB
လောက်ရှိတဲ့ ဖိုင်ကြီး ဒေါင်းလုပ်ဆွဲတာ စောင့်ရင်းအိပ်ပျော်
သွားတာ အိပ်မက်တွေတောင်မက်နေတယ်။ မင်းကိုလာပြောတာ မြန်မာအသင်း
ဒီနေ့ပွဲရှုံးပြီး အုပ်စုကလှည့်ပြန်လာရပြီလို့။ ပြောပြောဆိုဆိုနဲ့ သူကပြန်သွားသည်။ အော်… မီးက ပျက်နေတယ်။ ဘောပွဲလဲရှုံးပြီ။

တော်ပြီကွာ…. အိပ်တာပဲကောင်းပါတယ်။ အိပ်မက်ပဲစိတ်ချမ်းသာတယ်……

အားလုံး အိပ်မက်လှလှမက်ပါစေ…… 😀

9 comments

  • meengelay

    July 5, 2011 at 2:30 am

    ဖတ်ကြည့်ကြပါကွယ် အနာဂတ်အဲလိုသာဆို သိပ်ကောင်းမယ်… ဟီးးးးးးးးးးးးးးး

  • pan pan

    July 5, 2011 at 2:43 am

    ဟွန့်!
    ဖတ်ပြီးသားကြီး

  • meengelay

    July 5, 2011 at 2:45 am

    မသိသေးတဲ့သူများအတွက်ပါ ရယ်ရလို့ မျှလိုက်တာပါကွယ် ဖတ်ပြီးသားဆို Sorry ပါနော်… စိတ်မရှိပါနဲ့.

  • weRone

    July 5, 2011 at 3:36 am

    တစ်နေ့တော့ တစ်နေ့တော့…. ရွှေပြည်တော် မျှော်လင့် တိုင်း.. ဝေးဟေးဟေးဟေးဟေး…….
    😀

  • weiwei

    July 5, 2011 at 3:46 am

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

    • ဆူး

      July 5, 2011 at 6:06 am

      စည်းရိုး မရှိတဲ့ ခြံ အတွက် ခြံစည်းရိုးခတ်ဖို့ ကြိုးစားတာ တယောက် အားနဲ့ မစွမ်းသာဘူး အများအားနဲ့ စွမ်းသာမယ်။
      ခေါင်းဆောင်က စိတ်မဝင်စားဘူး ဆိုရင် လှည့်ကို မကြည့်နဲ့တော့ ကော်ပီ မြင်ရင်.. ၁ဝ ရအောင်သာ မန်းပလိုက်တော့.. စေတနာ ထားစရာ မလိုတော့ဘူး။
      စာအုပ်ကြီးသမား စာအုပ်ဖြဲ ပလိုက်ပြီ လို့သာ သဘောထားလိုက်တော့။

  • windtalker

    July 5, 2011 at 1:12 pm

    သူကတော့ ခပ်တည်တည် တင်နေဦးမှာပဲ ။ ထိရောက်တဲ့ အရေးယူ မှု မရှိရင် ။ မမီးငယ်လေး ရေ ခင်ဗျား လို မေးလ် ထဲ ရောက်သမျှ ကို သာ ဒီ မန်းဂေဇက်မှာ လာတင်ရရင် ခင်ဗျား တစ်နေ ကုန် ဖတ်လို ့ကို ပြီးမှာ မဟုတ်တော့ဘူး ။

  • မင်းပြည့်ရှိန်

    July 5, 2011 at 4:00 pm

    တစ်ချိန်က အင်အားကြီး နိုင်ငံတွေ ရှိခဲ့ပါတယ်…
    ဂရိတို့ ရောမတို့..ပေါ့ဗျာ…
    အခုကတော့ American ပေါ့…
    ဒီလိုပါပဲ.. သမိုင်းစာမျက်နှာပေါ်ကြည့်လိုက်ရင်တော့…
    ဖြစ်လိုက် ပျက်လိုက်တွေ မြင်ရမှာပါ..

    လက်ရှိ စင်္ကာပူက အတော်လေး အောင်မြင်နေတယ်ပြောရမယ်..
    အဲဒီမှာ… စလုံးတွေက ပတ်ဝန်းကျင်နိုင်ငံကလူတွေကို အထင်သေး အမြင်သေး ဆက်ဆံလာတာလေးတွေရှိတယ်..
    အဲဒါကြောင့်…. ဝန်ကြီးချုပ်လီကို ဂျာနယ်လစ်တစ်ယောက်က မေးဖူးတယ်..
    စင်္ကာပူ မျိုးဆက်သစ်တွေကို သမိုင်း မသင်ပေးဘူးလားတဲ့…
    ဘာကြောင့်မေးတာလဲလို့ လီ ကပြောတော့…
    ဒီနေ့ခေတ် စင်္ကာပူ မျိုးဆက်သစ်တွေက ဝန်ကြီးချုပ်တို့လို ပင်ပန်းခဲ့တာမျိုး မရှိတော့..
    ဘေးပတ်ဝန်းကျင်နိုင်ငံက သူတွေကို နှိမ့်ချ ဆက်ဆံနေတာ တွေ့ရပါတယ်တဲ့…
    အဲဒါကြောင့် သူတို့က ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့.. ဖြစ်တည်မှုနဲ့ သမိုင်းအစဉ်အလာကို မသိတာကြောင့်လား လို့ပါတဲ့..

    ဒီလိုပါပဲ..စင်္ကာပူက လူသားအရင်းအမြစ်နဲ့… ကြီးပွားချမ်းသာနေပါတယ်..
    ဘာပဲဖြစ်ဖြစ်…သူ့ဘေးက အရှေ့တောင် အာရှနိုင်ငံတွေက လက်ရှိအချိန်မှာ သူ့လောက် စီးပွားရေး တောင့်တင်းချင်မှ တောင့်တင်းပါလိမ့်မယ်..
    ဒါပေမယ့်…ခေတ်အဆက်ဆက်.. အခက်အခဲ အမျိုးမျိုး… စစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြတာပါ…
    သမိုင်း အစဉ်အလာရှိပါတယ်…
    သူ့ခေတ် သူ့အခါ ဆိုသလို အင်အားကြီးခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်..

    မိမိတို့ နိုင်ငံလည်း.. ထို့အတူပါပဲ.. လောလောဆယ်တော့ မွဲနေပါတယ်…
    ဒါပေမယ့်… တစ်ချိန်က ချမ်းသာခဲ့ဖူးပါတယ်…
    ဘဝပျက် မပျက်ကတော့… လူငယ်တွေနဲ့ အနာဂတ် ခေါင်းဆောင်တွေ.. မျိုးဆက်သစ်တွေ အပေါ် မူတည်နေပါတယ်….

    ခေါင်းဆောင်ကောင်း တစ်ယောက်သာ နေရာရခဲ့ရင်..
    ပြည်လည် ညီညွတ်မှုရှိလာခဲ့ရင်…. အမျိုးသားရေးစိတ်ဓာတ်တွေ မြင့်မားလာခဲ့ရင်..
    ဝံသာနုရက္ခိတ တရားတွေ ထွန်းကားလာခဲ့ရင်…
    တိုင်းပြည်ဟာ…သူ့နေရာနဲ့သူ ရပ်တည်လာနိုင်မှာပါ…
    ဒါဟာ…. မကြာခင်လည်း ဖြစ်ချင်ဖြစ်မယ်… ကြာတော့လည်း ကြာနိုင်ပါတယ်..

  • nature

    July 5, 2011 at 4:32 pm

    ကျနော်တော့မဖတ်ဖူးသေးဘူး။ ကောင်းပါတယ်။ ကျနော့အလုပ်အတွက် ဂျပန်၂ ယောက်၊ စကာင်္ပူ ၂ယောက်လောက် အလုပ်ခန့်ချင်လို့။ 🙂

Leave a Reply