Weebly နဲ့ ဆိုဒ်တစ်ခုလုပ်ရအောင်

ပထမဆုံးအနေနဲ့ www.Weebly.com မှာ  sign up လုပ်ရပါတယ်..

Full name မှာ ကိုကြိုက်တာထားပေါ့ ကျွန်တော်ကတော့ kokolusoe လို့ပေးထားပါတယ်

Email မှာတော့ ကို့အီးမေးကိုပေးလိုက်ပါ..muyar18@gmail.com ကိုပေးထားပါတယ်..

Password ကတော့ ဂျီမေးစကားဝှက်နဲ့မတူလည်းရပါတယ် ကိုကြိုက်တာထားပါ..တစ်ခုသတိထားရမှာပါ

Weebly မှာ log in ၀င်တဲ့အခါ ဒီ mail နဲ့ password ကို ပြန်လည်အသုံးပြရမှာဖြစ်တဲ့အတွက်  မေ့မသွားဘို့ပါ။

 

အဲဒါပီးရင် မိမိရဲ့ ဆိုဒ် ကျလာပါတယ်… sign up လုပ်ပီးသွားရင် weebly မှာ မိမိအကောင့်နဲ့

ကြိုက်သလောက်ဖွင့်လို့ရပါတယ် ပုံကိုကြည့်ပါ My Site ရဲ့ဘေးမှာ Add site ဆိုတာလေးနဲ့ ထပ်လုပ်လို့ရပါတယ်။

ကဲ ဆိုဒ်ကို စလုပ်ရအောင်.. Edit ဆိုတာလေးကိုနှိပ်လိုက်ပါ..

 

ပထမဆုံး Elements .ဆိုတဲ့ခေါင်းစဉ်အောက်မှာ  Basic / Multimedi/ Revenue/ More ဆိုတာရှိပါတယ်

Elements ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ ကျွန်တော်တို့ ဆိုဒ်အတွက် ပို့စ်ကို ထည့်တာ ပါ..

 

……………………………………………………………………………………………………………………………………………………………………………………………………………………………………………………………

Design ဆိုတဲ့ ခေါင်းစဉ်မှာတော့ လူကြီးမင်းတို့ ကြိုက်တဲ့ဒီဇိုင်းကိုရွေးချယ်နိုင်ပါတယ်။

 

Page ဆိုတာကတော့ မိမိရဲ့ ဆိုဒ်မှာ စာမျက်နှာဘယ်နှစ်ခုထားချင်တာလည်းဆိုတာကို Add ပီးထားလို့၇ပါတယ်။ ပီးရင်တော့ save လိုက်ပါ။

Editors ဆိုတာမှာတော့ ကိုယ့်ဆိုဒ်ကို ပြင်တာပါ..:P

ကဲ ဆက်လုပ်ရအောင်

 

Settings ဆိုတာမှာတော့ site ကို နာမည်ပြောင်းလို့ရသလို ပုံတွေပါချိန်းလို့ရပါတယ်။

 

Weebly ရဲ့ Basic ဆိုတာကတော့ ဆိုဒ်လုပ်တဲ့အခါ html မသိတဲ့လူတွေအတွက်အဆင်ပြေပါတယ်.

 

 

 

Title Text ဆိုတာကတော့ မိမိတင်မဲ့ ပို့စ်အတွက် ခေါင်းစဉ်နဲ့ စာပိုဒ် တစ်ပါတည်းထားပေးထားတာပါ။

Paragraph with picture ဆိုတာကတော့ ဓါတ်ပုံနဲ့တွဲတင်ချင်သူများအတွက်ပါ..တင်တဲ့အခါမှလည်း မလိုပါဘူး မောက်စ်နဲ့ ဆွဲလိုက်ယုံပါပဲ။ အဲဒီလိုလေးပဲစမ်းလုပ်သွားပါ။

Multimedia မှာတော့ သီချင်းတွေ သီချင်းတွေတင်ချင်တဲ့လူတွေအတွက်ပါ။

ကဲ သူငယ်ချင်းတို့လည်းစမ်းလုပ်ကြည့်ပါ နမူနာကြည့်ချင်ရင် www.lotaya.weebly.com

ကို ကြည့်ပါ.


ပင်မစာမျက်နှာအတွက် အလှဆင်ထားတာကတော့ ဥပမာ နာရီဆိုပါတော့ နာရီထည့်မယ်ဆိုရင်

Basic မှာ Custom HTML ဆိုတာရှိပါတယ် အဲဒါလေးကို ဆွဲယူပီး စာမျက်နှာထဲကိုထည့်လိုက်ပါ.

HTML Code မရေးတက်ရင် ကျွန်တော်ဆိုဒ် ပင်မစာမျက်နှာမှာ တင်ထားတဲ့ နာရီပုံ/ ပုံအားလုံးရဲ့အောက်မှာလင့်ခ်လေးတွေရှိပါတယ်

ဒီစာသားလေးက flash text လေးပါ

http://www.pageplugins.com/generators/flash_glitter_text/

 

http://www.pageplugins.com/generators/customclocks/

အပေါ်ကလင့်ခ်လေးက တော့ နာရီထည့်တဲ့လင့်ခ်လေးပါ

အဲဒီလင့်ခ်တွေကို ယူပီး ကိုထားချင်တဲ့ဟာကို အဲဒီလင့်ခ်တဆင့်ထားပီး Html ကုဒ်လေး ယူလိုက်ပါ ကော်ပီ/ ပေ့ ပေါ့ ပီးရင် ခုဏက Html အကွက်ထဲကို paste လုပ်လိုက်ပါ မိတ်ဆွေတို့ရဲ့ ဆိုဒ်မှာ နာရီလေး ရောက်သွားပါလိ့မ်မယ် .

လိုအပ်တာရှိရင် lotaya.weebly@gmail.com ကို အက်ပီးမေးနိုင်ပါတယ်..

မှတ်ချက်။Fwd – Mail တွေ မပို့ပါနဲ့ ဖျက်ရတာအလုပ်ရှုပ်လို့ပါ.. နောက်ပီး gtalk chat ဘို့အတွက်ဆိုရင် မအပ်ပါနဲ့..အကောင်းဆုံးကတော့    မေးပို့ပီးမေးတာပိုကောင်းပါတယ်…အကောင့်ကြေငြာမဟုတ်ပါ.. mandalaygazette ကို ဖတ်ကြတဲ့လူတွေ နည်းပညာတိုးတက်စေချင်လို့ သိသလောက်ရှဲတာပါ.

ကျွန်တော့်ထက် တက်တဲ့ ဆျာကြီးတွေရှိပါတယ်… လူဆိုး ပညာရှင်မဟုတ်ပါဘူး ၀ါသနာတူခြင်း မျှဝေတာပါ.

 

 

 

About ကိုကိုလူဆိုး

has written 22 post in this Website..

Graphic Designer http://lotaya.weebly.com

   Send article as PDF