ဒါတွေဖြစ်သင့်လား
မူလတန်းကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်တဲ့
ဒုတိယ သမ္မတကိုပဲ ကြိုးနဲ့တုတ်ပြီး ကျောင်းမှာ ချည်ထားရမလိုလို
သူပြန်သွားတာနဲ့ ကောက်လိုက်တဲ့ ပိုက်ဆံတွေ
ပြီးကို မပြီးနိုင်တော့ဘူး …… ကျောင်းအပ်အပ်ချင်းပဲ 1600 ပဲကုန်တယ်ဆိုပြီး တူမလေး နဲ့ အဒေါ်တို့ ဝမ်းသာလုံးဆို့နေသလောက်
နောက်ပိုင်း နေ့တိုင်းကောက်ခံနေလို့ တူမလေးခမျာမှာ သနားစရာ နေ့တိုင်း သူ့ကိုပဲ အိမ်ကလူတွေဝိုင်းဆူနေကြတယ်လေ
နင့်ဆရာမက နင့်ဆရာမကနဲ့
ဒလက အသိအမကြီးတယောက်ပြောပြတာကတော့ သူများတွေ 1600 နေတာတောင် သူတို့နေရာမှာ 1ယောက်ကို 10000 လောက်နီးပါးကုန်သွားပါတယ်တဲ့
အလကားပေးတာပါလို့ ပြောနေတဲ့ ဖတ်စာအုပ်တွေကို အတင်းဝယ်ခိုင်းလို့ ပြောပါတယ်
ဒီထက်ပိုဆိုးတာက ….ကျောင်းဖွင့်ပြီး နောက်ရက်မှာပဲ စာအုပ် 3ဒါစင် အလကားပေးသလိုလို ယူလာရတာကိုပါ
ကလေးတွေခမျာ လေးလေးနဲ့ သယ်လာရတယ်
နောက်တရက်မကောက်သေးဘူး
အလကားပေးတာလားဆိုတော့ လဲ ဘာမှ မသိကြတဲ့ကလေးတွေခမျာ ဘုမသိ ဘမသိနဲ့ မသိဘူးပဲ ပြောနေကြတယ်
အဲ…စတာပဲ…နောက်တပတ်ကျတော့ ပေးလိုက်တဲ့ စာအုပ် 3ဒါစင် ဖိုး10000တဲ့
စာအုပ်တွေက ရိုးရိုး 1800တန်းကို 3500 လောက်နဲ့ လုပ်စားသွားတာ
ရှိတဲ့ကျောင်းသားမိဘတွေက တော်ပေမဲ့
မရှိတဲ့ ကျောင်းသားမိဘတွေအတွက် သနားစရာပါ
ဟူး……….. ပြောတမျိုး လုပ်တမျိုုး လုပ်နေကြတုန်းပါလား……
နွယ်ပင် တူမလေးဆို သူကျာင်းသွားအပ်တုန်းက (10000) နီးပါးလောက်ပေးလိုက်ရတယ်
ပြီးမှ မူလတန်းကျောင်းကလေးတွေ ကျောင်းလခ ကင်းလွတ်ခွင့်ဘာညာဆိုပြီး ပြောတော့ သူတို့ ကျောင်းမှာပဲ အပ်တဲ့ သူ့သူငယ်ချင်း က 1500 ပဲ ကျသတဲ့
နောက် တစ်ယောက်ကျတော့ ကျောင်းဖွင့်ခါနှးမှ အပ်တာ (8000) ပေးရတယ်တဲ့
ဒါက တစ်ကျောင်းတည်း တစ်တန်းတည်းက ကလေးတွေရဲ့ ကျောင်းအပ်စရိတ်နော် …
Was this answer helpful?
LikeDislikeကျူရှင်မှ ဖွင့်လို ့မရတော့တဲ့အခါ လုပ်မိလုပ်ရာ ဘာညာကွကွိ
Was this answer helpful?
LikeDislikeထမင်းမစားခင် အရင် ဦးချပါ။ ဆိုပြီး ပိုစ် တင်လိုက်ပါသည်။
Was this answer helpful?
LikeDislikeဒါလေးများ…..
ကိုင်း.. ဘယ့်နှဲ့ရှိပါစ
Was this answer helpful?
LikeDislikeဒေးဗစ်ကောပါးဖီးက
မြန်မာမှာပညာသင်ယူမှုပြီးမှ
ပညာစုံတာလို့ပြောနေပါလား
Was this answer helpful?
LikeDislikeဒါလည်းပဲ အိမ်သားတွေ မစားမသောက်ပဲ စုဆောင်းပေးလိုက်ကြပေါ့ကွယ်။ ခလေး ပညာရေးကိုး။ သဂျီးပြောပြောနေတဲ့ လွှတ်တော်အမတ်ဆိုသူတွေကလည်း အားမကိုးရ။ ေဩာ် အနိစ္စ ဒုက္ခ အနတ္တ…
Was this answer helpful?
LikeDislikeဂျောက်ဂျက် သီချင်းတောင် သတိရမိတယ်
မင်းတို.အလှည်. မိုးတွေရွာထား
ငါ.အလှည်.ကျ မိုးကြိုးပါပစ်ချမယ်
ရွာဘက်ကလူတွေပြောကြသလို ပြောလိုက်မယ်
လုပ်ကြပေါ. ရှင်တို.ကရဲတွေကိုး
Was this answer helpful?
LikeDislikeသမ္မတက ပြောသာပြောတာ …သူပြောတဲ့အတိုင်းမလုပ်လျှင် ဘယ်လို အရေးယူမှူမှ မလုပ်တော့ … ဒီလိုတွေ ဖြစ်ကုန်တော့တာပေါ ့.. ။
Was this answer helpful?
LikeDislikeူမူလတန်း …. ကိုယ့်ခလေး ကျောင်းလေးတစ်ကျောင်းမှာ နေရာလေးတစ်ခုရဖို့ ကျနော်တို့မြို ့နယ်တွေမှာဆို ၁သိန်းကနေ သုံးသိန်းအထိပေးရတယ်ကြားတယ်
စိတ်ပျက်စရာကောင်းတယ် ပြုတ်လိုက်ကြတာလဲ တစ်သီကြီး ကျန်လူတွေက
တောက်မှတ်လဲမရှိဘူး တောက်ရှက်လဲမရှိဘူး ပြောလဲပြောပြောပဲ
Was this answer helpful?
LikeDislikeအင်း.. ဝင်ပြောပါရစေအုံး..
သမီးငယ်ကို သူငယ်တန်းအပ်တာ တပြားမှမပေးရဘူး..
ခုထိလဲဘာမှထပ်မကောက်သေးပါဘူး…
အ.ထ.က.(၂)ဒဂုံ.. မြို့မကျောင်းပါ….
Was this answer helpful?
LikeDislikeနဂိုထက်စာရင် အတိုင်းအတာ တခုတော့တိုးတက်လာပါတယ်။
Was this answer helpful?
LikeDislikeဘယ်ကျောင်းတွေက ပေးရတာလဲ ဘယ်နှစ်တန်းလဲ
တိတိကျကျ လုပ်လိုက်ရအောင် ပေးရတယ်ဆိုရင်……… gg ထဲထည့်ပြီး တွယ်လိုက်မယ်လေ……. ဂိုလ်ဂဲ ဂရု ကိုပြောတာပါ…။
Was this answer helpful?
LikeDisliketaunggyifamily မှာတော့ တင်ထားတာပဲ
ဒလ က ကျောင်းတော်တော်များများတော့ ပေးရတယ်
စာအုပ်ဖိုးကောက်တာကတော့ စမ်းချောင်းက ကျောင်းတော်တော် များများ ကောက်တာပဲ
Was this answer helpful?
LikeDislikeခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့ရမလား … အနဲထိုင်အောင် လေး ငါး ဆယ်နှစ်လောက်တော့ စောင့်ရမှာပေ့ါ ….
Was this answer helpful?
LikeDislikeဒီလိုကြီးပညာသင်ရပြီး တကယ်တတ်တဲ့လူက လက်ချိုးရေလို့ရတယ်
Was this answer helpful?
LikeDislike