ဒီကနေ့ ဒီ KL မြို့ ထဲမှာ လက်ရှိအစိုးရရဲ့ လက်ဆောင်ချက်အတော်များများ (ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ဝန်ထမ်းလစာမတိုးခြင်း၊ လက်ရှိအစိုးရရဲ့ အမျိုးသားပါတီ~Barisan Nasional ရဲ့ နောက်တစ်နှစ်ရွေးကောက်ပွဲအတွက် တဖက်သတ် မဲဆွယ်မှု၊ နိုင်ငံ့ဘဏ္ဍာငွေကို မဲဆွယ်တဲ့ဘက်တွေမှာအသုံးပြုတာတွေ)ကို မကြိုက်ကြလို့   မလေးလို”BERSIH” (မြန်မာလို~သန့် ရှင်းခြင်း) ဆန္ဒပြပွဲအကြီးအကျယ်ဖြစ်သွားခဲ့ပါတယ်

  ဆန္ဒပြသူတွေဘက်က Bersih စာတန်းပါ အကျီင်္ အဝါရောင်ကိုဝတ်ဆင်ပြီး Kota Raya( KL မြို့ လယ်) ဝန်းကျင်မှာ အင်အားသောင်းကျော် ခန့် အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်

  သူတို့ ရဲ့ လုပ်ရပ်ကို မထောက်ခံတဲ့အင်အားထောင်ကျော်လောက်ရှိတဲ့ အဖွဲ့ ကလည်း Bukit Bintang ဝန်းကျင်မှာ Patriot စာတန်းပါ အကျီ်င်္ အနီရောင်တွေ ဝတ်ဆင်ပြီး “Save Malaysia” လို့ အော်ဟစ်ကြပါတယ်

  Swiss Garden Hotel အနီးနားမှာ အော်ဟစ်နေတဲ့ အနီရောင်ဝတ်အဖွဲ့ ထဲကတစ်ယောက်ဟာ ဓါးရှည်ကိုင်ဆောင်ထားတဲ့အတွက်ကြောင့် ရဲတွေက သူ့ ခြေထောက်ကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်

  အဝါရောင်ဝတ်ဆင်တဲ့သူတွေကလည်း ဒီနေ့ ၉.၇.၂၀၁၁ နေ့ လယ် ၂ နာရီ မှာဆန္ဒပြမယ်ဆိုတာကို အတိအလင်း ကြေညာထားတဲ့အတွက်ကြောင့် မလေးအစိုးရအနေနဲ့  ၈.၇.၂၀၁၁ ညနေပိုင်းကတည်းက KL မြို့ ထဲလာတဲ့လမ်းတွေ ပိတ်ထားခြင်း၊ တစ်ညလုံး ဟယ်လီကော်ပတာ ကင်းလှည့်စစ်ဆေးခြင်း တွေကိုလုပ်နေကြပါတယ်

  သတင်းစာနဲ့ မီဒီယာတွေမှာတော့ အဝါရောင် အနီရောင်အကျီ်င်္တွေမဝတ်ကြဖို့ အစိုးရက အစောပိုင်းကတည်းက တားမြစ်ထားပါတယ်…

  ဒီနေ့  မနက်အစောပိုင်းကတည်းက KL မြို့ ပေါ်မှာ LRTရထားလည်းမပြေးဆွဲ၊ Bus လည်းမရှိသလို ကိုယ်ပိုင်ကားငယ်တွေရော လမ်းသွားလမ်းလာတွေရော လက်ချိုးရေလို့ ရလောက်အောင် တိတ်ဆိတ်လွန်းလှပါတယ် မွန်းတည့်ချိန်လောက်လည်းရောက်ရော လူတွေ ဟိုနေရာ ဒီနေရာကနေ စစုပြီး အော်ဟစ်နေကြပါပြီ

  မလေးရှားမိုးကလည်း အချိန်တိုက်ဆိုင်စွာ ရွာသွန်းပေးပါတယ်

  ဒီဆန္ဒပြပွဲမှာ ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေကိုဖျက်ဆီးခြင်း မတွေ့ ခဲ့ရပါဘူး

  ရဲတွေအနေနဲ့ လည်း အကျီင်္ အဝါရောင်ရော အနီရောင်ဝတ်ဆင်သူတွေကိုပါဖမ်းဆီးခြင်းလုပ်ပါတယ်

  လူထုကြားထဲ မီးသတ်ပိုက်နဲ့ ရေထိုး လူခွဲခြင်း၊ မျက်ရည်ယိုဗုံးခွဲခြင်းတို့ ကိုပြုလုပ်တဲ့အတွက်ကြောင့် အနီရောင်အဖွဲ့ က ညနေ ၅နာရီခွဲလောက်မှာ လူစုကွဲသွားပါတယ်

  အဝါရောင်အဖွဲ့ လည်း ညနေ ၆နာရီခွဲလောက်မှာ လူစုကွဲခဲ့ပါတယ်

  ညပိုင်း ၇ နာရီဝန်းကျင်လောက်ကစပြီး KL မြို့ဟာ တိတ်ဆိတ်ငြိမ်သက်စွာရှိနေပါတော့တယ်

About ကိုငြိမ်းချမ်း

ကိုငြိမ်းချမ်း has written 5 post in this Website..

တည်ငြိမ်အေချမ်းသော မိသားစုတစ်ခုကို ပျော်ရွှင်မှုများဖြင့်တည်ဆောက်နေသူ